Premier League

လက်စတာကို လက်စားချေကာ EPL ဗိုလ်ဝင်ခံပြီး ဖလား ၄ လုံး အိပ်မက်ကို စတင်အကောင်အထည်ဖော်တော့မယ့် မန်စီးတီး

မန်စီးတီးရဲ့ အလှည့်အပြောင်းဖြစ်ရပ်က ပြောစရာလေးတွေ ရှိနေတယ်။ ပရီးမီးယားလိဂ် ရာသီအဖွင့်ကို ပြန်ကြည့်ရင် ဂွာဒီယိုလာက ပွဲစဉ် ၃မှာ ရော့ဂျားစ်ရဲ့ လက်စတာစီးတီးအသင်းကို ၂-၅ ရလဒ်နဲ့ အီတီဟက်အိမ်ကွင်းမှာ အရှက်ရဖွယ် အရေးနိမ့်ခဲ့တယ်။ ဒါက ဂွာဒီယိုလာလက်ထဲက မန်စီးတီးသမိုင်းမှာ အဆိုးရွားဆုံး ရလဒ်ဖြစ်ခဲ့တယ်။

ဗာဒီရဲ့ ဟက်ထရစ်က ဂွာဒီယိုလာကို အဆုံးစွန်အဆင့်ထိ ခါးသီးသွားစေခဲ့တယ်။ ဂွာဒီယိုလာရဲ့ နည်းပြဘဝသမိုင်း ၆၈၆ ပွဲမှာ အိမ်ကွင်း ၅ ဂိုးပေးခဲ့ရတဲ့ ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ မန်စီးတီးအသင်းရဲ့သမိုင်း ၄၃၈ ပွဲမှာလည်း အိမ်ကွင်း ၅ ဂိုးပေးခဲ့ရတဲ့ ပထမဆုံးအကြိမ်အဖြစ် အကျည်းတန်ခဲ့တယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တယ်။

လက်စတာက ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲဆက်တိုက်အနိုင်ယူလို့ အရှိန်တက်ပြီး အမြင့်ပျံချိန်မှာ မန်စီးတီးအသင်းက ဇယားအလယ်နားမှာ ရုန်းကန်သွားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ မန်စီးတီးမှာ ဘာတွေပြောင်းလဲသွားခဲ့လဲ မေးရင်တော့ လက်စတာကို သမိုင်းဝင်ရှုံးနိမ့်ခဲ့တဲ့ပွဲက အဲရစ် ဂါစီယာ နဲ့ နာသန် အကီတို့ရဲ့ ဗဟိုခံစစ်အတွဲ၊ ဘယ်ခံစစ်အစွန်က ဘန်ဂျမင် မန်ဒီတို့က ဂျေမီ ဗာဒီရဲ့ ဝါးမျိုခြင်းခံခဲ့ရတဲ့ သမိုင်းတရားခံတွေလို့တောင် ဆိုရပါမယ်။

မန်စီးတီးကို အပမှီစေခဲ့တဲ့ သူတို့ကို ၂ ရက်အကြာမှာပဲ အသင်းကထုတ်တယ်။ ရူဘင် ဒီယာ့စ်ကို ၆၅ သန်း ပုံပေးပြီး ဝယ်တယ်။ မှန်ကန်တဲ့ အလျော်အစားဖြစ်ခဲ့တယ်။ ဒီယာ့စ်က မန်စီးတီးရဲ့ ခံစစ်ကျောက်ဆောင်အဖြစ် ကွန်ပနီလက်သစ်လို့ တင်စားခံခဲ့ရတဲ့အထိ စွမ်းရည်ကို ပြသတယ်။ ပြန်လည်တောက်ပလာတဲ့ ဂျွန်စတုန်းစ်နဲ့ အတွဲညီညီ အလုပ်လုပ်ပြသွားတယ်။

ဒီကနေ တဟုန်ထိုး ထောင်ထက်လာတဲ့ မန်စီးတီးဟာ ဖလား ၄ လုံးလမ်းကြောင်းပေါ်ကအသင်းဖြစ်လာတယ်။ ပရီးမီးယားလိဂ်ဖလားက အနီးစပ်ဆုံး လက်တကမ်းအလိုကို ရောက်လာတယ်။ အိပ်မက်တွေ တဆင့်ထက်တဆင့် မြင့်တက်လာတယ်။ လက်စတာကို ပေးခဲ့ရတဲ့ သမိုင်းဝင် ဂိုး ၅ဂိုး၊ ပင်နယ်တီ ၃ ဂိုးဟာ ဂွာဒီယိုလာရဲ့ မန်စီးတီးမိုးကုပ်စက်ဝိုင်းကို ပုံပြောင်းသွားစေခဲ့တယ်။

လက်စတာပေးခဲ့တဲ့ သင်ခန်းစာက ထိရောက်ခဲ့တယ်။ ပြည်တွင်းဖလား ၃ လုံးကို အိပ်မက်ခွင့်ရှိနေပြီ။ လိဂ်ဖလားဖိုင်နယ်ကို ကစားရမယ်။ FA ဖလား ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်ဖို့ လက်နက်အပြည့်အစုံတပ်ဆင်ပြီးသား အခြေအနေဖြစ််တယ်။ ပြီးရင်တော့ ချန်ပီယံလိဂ်ဖလားဟာလည်း ရေပန်အစားဆုံးအဆင့်မှာ ရပ်တည်နေတဲ့ မန်စီးတီးက တွင်းဝကနေ အသင့်စားသုံးဖို့ စောင့်ဆိုင်းနေတယ်။

မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အနေအထားကနေ အင်္ဂလန်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရာသီတွင်း အအောင်မြင်ဆုံးနဲ့ အကောင်းဆုံးအသင်းဖြစ်လာဖို့ မန်စီးတီးက ဦးတည်လာနေတယ်။ ဒီနေ့မှာတော့ မန်စီးတီးဟာ လက်စတာပေးတဲ့သင်ခန်းစာနဲ့ လက်စတာကို လက်စတာကို လက်စားချေပြီး ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံဖို့ ဒေါင်းတင်မောင်းတင် ပြင်ဆင်နေမယ်ဆိုတာ ဧကန်မုချဖြစ်တယ်။ မေးနေစရာမလိုတဲ့ မေးခွန်းဖြစ်တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္စီးတီးရဲ႕ အလွည့္အေျပာင္းျဖစ္ရပ္က ေျပာစရာေလးေတြ ရွိေနတယ္။ ပရီးမီးယားလိဂ္ ရာသီအဖြင့္ကို ျပန္ၾကည့္ရင္ ဂြာဒီယိုလာက ပြဲစဥ္ ၃မွာ ေရာ့ဂ်ားစ္ရဲ႕ လက္စတာစီးတီးအသင္းကို ၂-၅ ရလဒ္နဲ႔ အီတီဟက္အိမ္ကြင္းမွာ အရွက္ရဖြယ္ အေရးနိမ့္ခဲ့တယ္။ ဒါက ဂြာဒီယိုလာလက္ထဲက မန္စီးတီးသမိုင္းမွာ အဆိုး႐ြားဆုံး ရလဒ္ျဖစ္ခဲ့တယ္။

ဗာဒီရဲ႕ ဟက္ထရစ္က ဂြာဒီယိုလာကို အဆုံးစြန္အဆင့္ထိ ခါးသီးသြားေစခဲ့တယ္။ ဂြာဒီယိုလာရဲ႕ နည္းျပဘဝသမိုင္း ၆၈၆ ပြဲမွာ အိမ္ကြင္း ၅ ဂိုးေပးခဲ့ရတဲ့ ပထမဦးဆုံးအႀကိမ္ျဖစ္တယ္။ မန္စီးတီးအသင္းရဲ႕သမိုင္း ၄၃၈ ပြဲမွာလည္း အိမ္ကြင္း ၅ ဂိုးေပးခဲ့ရတဲ့ ပထမဆုံးအႀကိမ္အျဖစ္ အက်ည္းတန္ခဲ့တယ္။ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့တယ္။

လက္စတာက ပရီးမီးယားလိဂ္ အဖြင့္ ၃ ပြဲဆက္တိုက္အႏိုင္ယူလို႔ အရွိန္တက္ၿပီး အျမင့္ပ်ံခ်ိန္မွာ မန္စီးတီးအသင္းက ဇယားအလယ္နားမွာ ႐ုန္းကန္သြားခဲ့ရတယ္။ အဲဒီအခ်ိန္ကစလို႔ မန္စီးတီးမွာ ဘာေတြေျပာင္းလဲသြားခဲ့လဲ ေမးရင္ေတာ့ လက္စတာကို သမိုင္းဝင္ရႈံးနိမ့္ခဲ့တဲ့ပြဲက အဲရစ္ ဂါစီယာ နဲ႔ နာသန္ အကီတို႔ရဲ႕ ဗဟိုခံစစ္အတြဲ၊ ဘယ္ခံစစ္အစြန္က ဘန္ဂ်မင္ မန္ဒီတို႔က ေဂ်မီ ဗာဒီရဲ႕ ဝါးမ်ိဳျခင္းခံခဲ့ရတဲ့ သမိုင္းတရားခံေတြလို႔ေတာင္ ဆိုရပါမယ္။

မန္စီးတီးကို အပမွီေစခဲ့တဲ့ သူတို႔ကို ၂ ရက္အၾကာမွာပဲ အသင္းကထုတ္တယ္။ ႐ူဘင္ ဒီယာ့စ္ကို ၆၅ သန္း ပုံေပးၿပီး ဝယ္တယ္။ မွန္ကန္တဲ့ အေလ်ာ္အစားျဖစ္ခဲ့တယ္။ ဒီယာ့စ္က မန္စီးတီးရဲ႕ ခံစစ္ေက်ာက္ေဆာင္အျဖစ္ ကြန္ပနီလက္သစ္လို႔ တင္စားခံခဲ့ရတဲ့အထိ စြမ္းရည္ကို ျပသတယ္။ ျပန္လည္ေတာက္ပလာတဲ့ ဂြၽန္စတုန္းစ္နဲ႔ အတြဲညီညီ အလုပ္လုပ္ျပသြားတယ္။

ဒီကေန တဟုန္ထိုး ေထာင္ထက္လာတဲ့ မန္စီးတီးဟာ ဖလား ၄ လုံးလမ္းေၾကာင္းေပၚကအသင္းျဖစ္လာတယ္။ ပရီးမီးယားလိဂ္ဖလားက အနီးစပ္ဆုံး လက္တကမ္းအလိုကို ေရာက္လာတယ္။ အိပ္မက္ေတြ တဆင့္ထက္တဆင့္ ျမင့္တက္လာတယ္။ လက္စတာကို ေပးခဲ့ရတဲ့ သမိုင္းဝင္ ဂိုး ၅ဂိုး၊ ပင္နယ္တီ ၃ ဂိုးဟာ ဂြာဒီယိုလာရဲ႕ မန္စီးတီးမိုးကုပ္စက္ဝိုင္းကို ပုံေျပာင္းသြားေစခဲ့တယ္။

လက္စတာေပးခဲ့တဲ့ သင္ခန္းစာက ထိေရာက္ခဲ့တယ္။ ျပည္တြင္းဖလား ၃ လုံးကို အိပ္မက္ခြင့္ရွိေနၿပီ။ လိဂ္ဖလားဖိုင္နယ္ကို ကစားရမယ္။ FA ဖလား ဆီမီးဖိုင္နယ္ကို ေက်ာ္ျဖတ္ဖို႔ လက္နက္အျပည့္အစုံတပ္ဆင္ၿပီးသား အေျခအေနျဖစ္္တယ္။ ၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္ဖလားဟာလည္း ေရပန္အစားဆုံးအဆင့္မွာ ရပ္တည္ေနတဲ့ မန္စီးတီးက တြင္းဝကေန အသင့္စားသုံးဖို႔ ေစာင့္ဆိုင္းေနတယ္။

ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေနတဲ့ အေနအထားကေန အဂၤလန္သမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ တရာသီတြင္း အေအာင္ျမင္ဆုံးနဲ႔ အေကာင္းဆုံးအသင္းျဖစ္လာဖို႔ မန္စီးတီးက ဦးတည္လာေနတယ္။ ဒီေန႔မွာေတာ့ မန္စီးတီးဟာ လက္စတာေပးတဲ့သင္ခန္းစာနဲ႔ လက္စတာကို လက္စတာကို လက္စားေခ်ၿပီး ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံဖို႔ ေဒါင္းတင္ေမာင္းတင္ ျပင္ဆင္ေနမယ္ဆိုတာ ဧကန္မုခ်ျဖစ္တယ္။ ေမးေနစရာမလိုတဲ့ ေမးခြန္းျဖစ္တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.