Premier League

လီဗာပူးလ်နဲ့ပွဲအတွက် ဒဏ်ရာပြသနာတွေကြုံနေရတာကို ဖြေရှင်းပြီး အနိုင်ကန်ဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ အာတီတာ

အမ်းမရိတ်မြေမှာ ပရီးမီးယားလိဂ်ရာသီသိမ်းခရီးလမ်းကို ပြန်လည်စတင်ပြီး ဒီညမှာ လီဗာပူးလ်ကို လက်ခံကစားမယ့် အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် လီဗာပူးလ်ကို အနိုင်ရဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

အာဆင်နယ်အသင်းသာ ဒီပွဲမှာ အနိုင်ရခဲ့ရင် လီဗာပူးလ်ကို တမှတ်အကွာကနေ ဖိအားပေးနိုင်ပြီး မျှော်လင့်ချက်တွေ ရှင်သန်သွားတော့မှာဖြစ်လို့ ဒီပွဲစဉ်ရဲ့ ခရီးလမ်းဖြောင့်ဖြူးမှုက အာဆင်နယ်အတွက် အတော်လေးအရေးကြီးနေတာဖြစ်တယ်။

ဒေးဗစ် လူးဝစ်ဇ်ကတော့ ဒီပွဲကို သေချာပေါက်လွဲချော်မယ်လို့ အာဆင်နယ်အသင်းရဲ့ အတည်ပြုမှုက ပရိသတ်တွေ စိတ်ပျက်စရာအခြေအနေတခုကို ယူဆောင်လာခဲ့သလို သူက ဒူးဒဏ်ရာရဲ့ နှိပ်စက်မှုကို ခံစားနေရတာဖြစ်တယ်။ အာဆင်နယ်ရဲ့ ဝင်ရိုးတွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ စမစ်ရိုးတို့ဟာလည်း ဒဏ်ရာကြောင့် မကစားနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။

အာတီတာကိုတော့ ချွေးပြန်သွားစေတယ်ဆိုရမယ် နောက်တချက်က အာဆင်နယ်ရဲ့ ခံစစ်လုံခြုံမှုအပိုင်းမှာ အထူးအားထားလာရတဲ့ ချာကာကလည်း နေထိုင်မကောင်းဖြစ်ထားလို့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ထားပြီး ဒီပွဲကို ဝင်ကစားနိုင်မလားလို့ သံသယတချို့ရှိနေဆဲပါ။

ချာကာ ပါဝင်လာဖို့သာ အာတီတာအနေနဲ့ မျှော်လင့်နေမှာဖြစ်ပြီး သူ့ကို ချန်ထားဖို့က မလွယ်ကူလှပါဘူး။ အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲမှာ လီဗာပူးလ်ကို အနိုင်တိုက်ဖို့ ၄-၂-၃-၁ ကစားကွက်ကို အာတီတာက စီစဉ်လာဖွယ်ရှိပြီး ဂိုး ဘန်းဒ် လီနို၊ ဗဟိုခံစစ်မှာ ရော့ဘ် ဟိုးလ်ဒင်း နဲ့ ဂါဘရီယယ်လ်အတွဲ၊ ဘယ်ညာခံစစ်တောင်ပံမှာ တီယာနေးနဲ့ ဘယ်လာရင်တို့ကို တာဝန်ပေးလာဖို့ သေချာသလောက် ရှိနေတယ်။

ခံစစ် ၄ ဦးရဲ့ တံတိုင်းရှေ့က ကွင်းလယ်ထောက်တိုင်နေရာမှာတော့ ပါတေး နဲ့ ချာကာအတွဲအဖက်နဲ့အတူ (ချာကာ မပါဝင်နိုင်ရင်တော့ အယ်လ်နန်နီ သို့ စီဘာယော့စ်က တာဝန်ယူသွားဖို့ ရှိနေပါတယ်) No 10 Role မှာ အိုဒီဂါ့တ်၊ တိုက်စစ်မှာတော့ အူဘာမီယန်းကို လာကာဇက်နဲ့ နစ်ကလပ်စ် ပေပေတို့ကို ဝန်းရံပြီး တောင့်တင်းတဲ့လူစာရင်းကို ထုတ်သုံးလာဖွယ်ရှိနေပါတယ်။

ဒီပွဲကိုသာ အနိုင်ယူပြီး ရမှတ် ၃ မှတ် သိမ်းနိုင်ခဲ့ရင် အာဆင်နယ်က ဒီတရာသီလုံး ပွဲချောင်သွားပြီဖြစ်လို့ တန်းဆင်းဇုန်ဝန်းကျင်က အသင်းတွေနဲ့သာ အဓိကရင်ဆိုင်ရတော့မှာဖြစ်လို့ ဒီရာသီအသိမ်းဟာ အာဆင်နယ်ရဲ့ ပန်းခင်းလမ်းသဖွယ် လျှောက်လှမ်းသွားဖို့သာ ကျန်ရှိတော့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အမ္းမရိတ္ေျမမွာ ပရီးမီးယားလိဂ္ရာသီသိမ္းခရီးလမ္းကို ျပန္လည္စတင္ၿပီး ဒီညမွာ လီဗာပူးလ္ကို လက္ခံကစားမယ့္ အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ဝင္ခြင့္တိုက္ပြဲအတြက္ လီဗာပူးလ္ကို အႏိုင္ရဖို႔ မျဖစ္မေန လိုအပ္ေနပါတယ္။

အာဆင္နယ္အသင္းသာ ဒီပြဲမွာ အႏိုင္ရခဲ့ရင္ လီဗာပူးလ္ကို တမွတ္အကြာကေန ဖိအားေပးႏိုင္ၿပီး ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္သြားေတာ့မွာျဖစ္လို႔ ဒီပြဲစဥ္ရဲ႕ ခရီးလမ္းေျဖာင့္ျဖဴးမႈက အာဆင္နယ္အတြက္ အေတာ္ေလးအေရးႀကီးေနတာျဖစ္တယ္။

ေဒးဗစ္ လူးဝစ္ဇ္ကေတာ့ ဒီပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မယ္လို႔ အာဆင္နယ္အသင္းရဲ႕ အတည္ျပဳမႈက ပရိသတ္ေတြ စိတ္ပ်က္စရာအေျခအေနတခုကို ယူေဆာင္လာခဲ့သလို သူက ဒူးဒဏ္ရာရဲ႕ ႏွိပ္စက္မႈကို ခံစားေနရတာျဖစ္တယ္။ အာဆင္နယ္ရဲ႕ ဝင္႐ိုးေတြျဖစ္တဲ့ ဘူကာယို ဆာကာနဲ႔ စမစ္႐ိုးတို႔ဟာလည္း ဒဏ္ရာေၾကာင့္ မကစားႏိုင္မယ့္ အေနအထားမွာ ရွိေနပါတယ္။

အာတီတာကိုေတာ့ ေခြၽးျပန္သြားေစတယ္ဆိုရမယ္ ေနာက္တခ်က္က အာဆင္နယ္ရဲ႕ ခံစစ္လုံၿခဳံမႈအပိုင္းမွာ အထူးအားထားလာရတဲ့ ခ်ာကာကလည္း ေနထိုင္မေကာင္းျဖစ္ထားလို႔ ေလ့က်င့္ေရးအစီအစဥ္ကို လြဲေခ်ာ္ထားၿပီး ဒီပြဲကို ဝင္ကစားႏိုင္မလားလို႔ သံသယတခ်ိဳ႕ရွိေနဆဲပါ။

ခ်ာကာ ပါဝင္လာဖို႔သာ အာတီတာအေနနဲ႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး သူ႔ကို ခ်န္ထားဖို႔က မလြယ္ကူလွပါဘူး။ အာဆင္နယ္အသင္းအေနနဲ႔ ဒီပြဲမွာ လီဗာပူးလ္ကို အႏိုင္တိုက္ဖို႔ ၄-၂-၃-၁ ကစားကြက္ကို အာတီတာက စီစဥ္လာဖြယ္ရွိၿပီး ဂိုး ဘန္းဒ္ လီႏို၊ ဗဟိုခံစစ္မွာ ေရာ့ဘ္ ဟိုးလ္ဒင္း နဲ႔ ဂါဘရီယယ္လ္အတြဲ၊ ဘယ္ညာခံစစ္ေတာင္ပံမွာ တီယာေနးနဲ႔ ဘယ္လာရင္တို႔ကို တာဝန္ေပးလာဖို႔ ေသခ်ာသေလာက္ ရွိေနတယ္။

ခံစစ္ ၄ ဦးရဲ႕ တံတိုင္းေရွ႕က ကြင္းလယ္ေထာက္တိုင္ေနရာမွာေတာ့ ပါေတး နဲ႔ ခ်ာကာအတြဲအဖက္နဲ႔အတူ (ခ်ာကာ မပါဝင္ႏိုင္ရင္ေတာ့ အယ္လ္နန္နီ သို႔ စီဘာေယာ့စ္က တာဝန္ယူသြားဖို႔ ရွိေနပါတယ္) No 10 Role မွာ အိုဒီဂါ့တ္၊ တိုက္စစ္မွာေတာ့ အူဘာမီယန္းကို လာကာဇက္နဲ႔ နစ္ကလပ္စ္ ေပေပတို႔ကို ဝန္းရံၿပီး ေတာင့္တင္းတဲ့လူစာရင္းကို ထုတ္သုံးလာဖြယ္ရွိေနပါတယ္။

ဒီပြဲကိုသာ အႏိုင္ယူၿပီး ရမွတ္ ၃ မွတ္ သိမ္းႏိုင္ခဲ့ရင္ အာဆင္နယ္က ဒီတရာသီလုံး ပြဲေခ်ာင္သြားၿပီျဖစ္လို႔ တန္းဆင္းဇုန္ဝန္းက်င္က အသင္းေတြနဲ႔သာ အဓိကရင္ဆိုင္ရေတာ့မွာျဖစ္လို႔ ဒီရာသီအသိမ္းဟာ အာဆင္နယ္ရဲ႕ ပန္းခင္းလမ္းသဖြယ္ ေလွ်ာက္လွမ္းသြားဖို႔သာ က်န္ရွိေတာ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.