Premier League

လီဗာပူးလ်ရှေ့မှာ အမှားတချက်လုပ်ရင် ကျားရှေ့လည်စင်းသလိုဖြစ်သွားမယ်လို့ အာတီတာသတိပေး

ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ရာသီအဆုံးသတ်ပိုင်းကာလဟာ ပြန်လည်အသက်ဝင်လာတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မြေမှာ လီဗာပူးလ်အသင်းကို လက်ခံကစားသွားရဖို့ ရှိနေတာဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့် အားပြိုင်မှုအတွက် ​ခြေကုန်သုတ်တော့မယ့် အသင်းကြီးနှစ်သင်းရဲ့ ပွဲကြီးပွဲကောင်းက အတော်လေး စိတ်ဝင်စားစရာပါ။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ အဆင့် ၁ က မန်စီးတီးအသင်းနဲ့ ၂၅ မှတ်ကွာဟသွားခဲ့ပြီဖြစ်သလို ချန်ပီယံဆုကို ကာကွယ်ခွင့်ဟာလည်း ပျက်ပြယ်ခဲ့ပြီးဖြစ်ပါတယ်။

ဗာဂျီးလ် ဗန်ဒိုက်၊ မာတစ်ပ်၊ ဟန်ဒါဆန်၊ ဂျိုတာ၊ ဂျိုးဂိုးမက်ဇ်တို့လို အဓိက ကစားသမားတွေရဲ့ ဒဏ်ရာအကျပ်အတည်းက အခုအခြေအနေအထိ လီဗာပူးလ်ရဲ့ရလဒ်ကို ဆိုးရွားသွားစေခဲ့တာဖြစ်သလို တဖက်မှာလည်း ဒီအသင်းက မတောင့်တင်းလှတဲ့ လူစာရင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်လာခဲ့တာက ဥရောပအဆိပ်ပြင်းအသင်းအနေနဲ့ သက်သေပြနေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ အန်ဖီးလ်ခံတပ်အသင်းဟာ ဘယ်လိုခြေစွမ်းမျိုးအထိ ကျဆင်းနေသည်ဖြစ်စေ လီဗာပူးလ်နဲ့ပွဲဟာ တကယ့်ပွဲကျပ်စစ်စစ်ဖြစ်တယ်လို့ ပွဲကြိုမှာ ထုတ်ပြောသွားခဲ့ပြီး လီဗာပူးလ်ကို လျှော့တွက်ရင် ခံစားသွားရမယ်လို့ သတိပေးသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

” လီဗာပူးလ်အသင်းမှာ ဘယ်လိုအဖြစ်အပျက်ဆိုးတွေ ရှိခဲ့သလဲဆိုတာကို ကျွန်တော်မဝေဖန်လိုပါဘူး။ ကျွန်တော်တို့နည်းပြတွေရဲ့အမြင်မှာတော့ ဒီအသင်းက ဒုတိယအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေဆဲပါ”

” မန်စီးတီးနဲ့ လီဗာပူးလ်အားပြိုင်မှုဟာ ပရီးမီးယားလိဂ်တခေတ်မှာ ကျွန်တော်တို့မြင်ဖူးသမျှထဲက အကောင်းဆုံးတိုက်ပွဲလို့ တောင် ဆိုနိုင်ပါတယ်။ တသင်းနဲ့တသင်းက ခြားနားတဲ့နောက်တဆင့်ကို အပြန်အလှန်တွန်းပို့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ကြပါတယ်။ ကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ ဒီလိုအဆင့်အတန်းမျိုးအထိ ရောက်အောင် လျှောက်လှမ်းရမှာဖြစ်တယ်။”

” လီဗာပူးလ်လို အရည်အသွေးရှိတဲ့ အသင်းမျိုးနဲ့ ကစားရင် ကျွန်တော်တို့ အမှားတချက်လုပ်မိတာနဲ့ ကျားရှေ့လည်စင်းသလို ဖြစ်သွားပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ အမှားတချက်မှ မလုပ်ဘဲ ပြီးပြည်စုံအောင် ကစားရင်တောင်မှ သူတို့က ခင်ဗျားကိုဖြိုဖျက်ပြီး တကိုယ်တော်​ခြေစွမ်းတွေနဲ့ ဂိုးသွင်းသွားနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအသင်းနဲ့ကစားရင်တော့ အမှားတချက်မှ အဖြစ်ခံလို့မရပါဘူး” လို့ အာတီတာက လီဗာပူးလ်နဲ့ပွဲ​ကြိုမှာ ဖွင့်ဟသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီတပတ္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ရာသီအဆုံးသတ္ပိုင္းကာလဟာ ျပန္လည္အသက္ဝင္လာေတာ့မွာျဖစ္ၿပီး အာဆင္နယ္အသင္းဟာ အမ္းမရိတ္စ္ေျမမွာ လီဗာပူးလ္အသင္းကို လက္ခံကစားသြားရဖို႔ ရွိေနတာျဖစ္သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ အားၿပိဳင္မႈအတြက္ ​ေျခကုန္သုတ္ေတာ့မယ့္ အသင္းႀကီးႏွစ္သင္းရဲ႕ ပြဲႀကီးပြဲေကာင္းက အေတာ္ေလး စိတ္ဝင္စားစရာပါ။

လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးလ္အသင္းဟာ အဆင့္ ၁ က မန္စီးတီးအသင္းနဲ႔ ၂၅ မွတ္ကြာဟသြားခဲ့ၿပီျဖစ္သလို ခ်န္ပီယံဆုကို ကာကြယ္ခြင့္ဟာလည္း ပ်က္ျပယ္ခဲ့ၿပီးျဖစ္ပါတယ္။

ဗာဂ်ီးလ္ ဗန္ဒိုက္၊ မာတစ္ပ္၊ ဟန္ဒါဆန္၊ ဂ်ိဳတာ၊ ဂ်ိဳးဂိုးမက္ဇ္တို႔လို အဓိက ကစားသမားေတြရဲ႕ ဒဏ္ရာအက်ပ္အတည္းက အခုအေျခအေနအထိ လီဗာပူးလ္ရဲ႕ရလဒ္ကို ဆိုး႐ြားသြားေစခဲ့တာျဖစ္သလို တဖက္မွာလည္း ဒီအသင္းက မေတာင့္တင္းလွတဲ့ လူစာရင္းနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္အထိ တက္ေရာက္လာခဲ့တာက ဥေရာပအဆိပ္ျပင္းအသင္းအေနနဲ႔ သက္ေသျပေနတာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာကေတာ့ အန္ဖီးလ္ခံတပ္အသင္းဟာ ဘယ္လိုေျခစြမ္းမ်ိဳးအထိ က်ဆင္းေနသည္ျဖစ္ေစ လီဗာပူးလ္နဲ႔ပြဲဟာ တကယ့္ပြဲက်ပ္စစ္စစ္ျဖစ္တယ္လို႔ ပြဲႀကိဳမွာ ထုတ္ေျပာသြားခဲ့ၿပီး လီဗာပူးလ္ကို ေလွ်ာ့တြက္ရင္ ခံစားသြားရမယ္လို႔ သတိေပးသြားခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

” လီဗာပူးလ္အသင္းမွာ ဘယ္လိုအျဖစ္အပ်က္ဆိုးေတြ ရွိခဲ့သလဲဆိုတာကို ကြၽန္ေတာ္မေဝဖန္လိုပါဘူး။ ကြၽန္ေတာ္တို႔နည္းျပေတြရဲ႕အျမင္မွာေတာ့ ဒီအသင္းက ဒုတိယအေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ေနဆဲပါ”

” မန္စီးတီးနဲ႔ လီဗာပူးလ္အားၿပိဳင္မႈဟာ ပရီးမီးယားလိဂ္တေခတ္မွာ ကြၽန္ေတာ္တို႔ျမင္ဖူးသမွ်ထဲက အေကာင္းဆုံးတိုက္ပြဲလို႔ ေတာင္ ဆိုႏိုင္ပါတယ္။ တသင္းနဲ႔တသင္းက ျခားနားတဲ့ေနာက္တဆင့္ကို အျပန္အလွန္တြန္းပို႔ၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္ၾကပါတယ္။ ကြၽန္ေတာ္တို႔အာဆင္နယ္အသင္းအေနနဲ႔ ဒီလိုအဆင့္အတန္းမ်ိဳးအထိ ေရာက္ေအာင္ ေလွ်ာက္လွမ္းရမွာျဖစ္တယ္။”

” လီဗာပူးလ္လို အရည္အေသြးရွိတဲ့ အသင္းမ်ိဳးနဲ႔ ကစားရင္ ကြၽန္ေတာ္တို႔ အမွားတခ်က္လုပ္မိတာနဲ႔ က်ားေရွ႕လည္စင္းသလို ျဖစ္သြားပါလိမ့္မယ္။ ခင္ဗ်ားအေနနဲ႔ အမွားတခ်က္မွ မလုပ္ဘဲ ၿပီးျပည္စုံေအာင္ ကစားရင္ေတာင္မွ သူတို႔က ခင္ဗ်ားကိုၿဖိဳဖ်က္ၿပီး တကိုယ္ေတာ္​ေျခစြမ္းေတြနဲ႔ ဂိုးသြင္းသြားႏိုင္ပါေသးတယ္။ ဒါေၾကာင့္ ဒီအသင္းနဲ႔ကစားရင္ေတာ့ အမွားတခ်က္မွ အျဖစ္ခံလို႔မရပါဘူး” လို႔ အာတီတာက လီဗာပူးလ္နဲ႔ပြဲ​ႀကိဳမွာ ဖြင့္ဟသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.