Premier League

ဂိုးသွင်းပြီး အရေးပေါ် အသက်ကယ်ဆယ်ပေးနိုင်မယ်ဆိုရင် အဲဒီလူဟာ အဂွယ်ရိုပဲလို့ မီကာ ရစ်ချတ်ချီးကျူး

” အကယ်၍ ဆိုပါစို့ဗျာ။ အရေးပေါ် အခြေအနေမှာ ကျွန်တော့်အသက်ကို ကယ်တင်ပေးဖို့ ဂိုးတဂိုးသွင်းပေးမယ့်သူကို ရွေးချယ်ပါဆိုရင် တခြားလူမရှိပါဘူး။ ကျွန်တော်ကတော့ တရေးနိုးထရွေးချယ်ရင်တောင် ဆာဂျီယို အဂွယ်ရိုကိုသာ ချွင်းချက်မရှိ ရွေးပါတယ်။ ”

ဒီလိုစကားမျိုးကို ထုတ်ပြောခဲ့တဲ့ မန်စီတီးခံစစ်မှူးဟောင်း မီကာ ရစ်ချတ်ပါ။ ဒီလောက်ဆိုရင် သူ့ရဲ့အသင်းဖော်ဟောင်း အဂွယ်ရိုဟာ မန်စီးတီးအတွက် ဂိုးသွင်းစွမ်းရည်အားဖြင့် ဘယ်လောက်ထိ အကျိုးပြုခဲ့သလဲဆိုတာကို ထင်သာမြင်သာရှိစေမှာဖြစ်ပါတယ်။

ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲတော့မယ့်် အဂွယ်ရိုဟာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်လို့ နှစ်ဦးသဘောတူ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း မန်စီးတီးအသင်းက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ မီကာ ရစ်ချတ်က အသက် ၃၃ နှစ်သားဟာ လက်ရှိအသက်အရွယ်နဲ့ ခြေစွမ်းပြနေနိုင်ဦးမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဆက်ကစားနေရင်တောင် ရာသီတိုင်းမှာ ဂိုး ၂၀ အောက်ထစ်သွင်းပြနိုင်ဦးမယ်လို့ ယုံကြည်ထားကြောင်း Daily Mail သတင်းမှာ အခုလို ကိုယ်တိုင် ဆောင်းပါးရေးသား ဖော်ပြသွားခဲ့ပါတယ်။

” တနင်္လာနေ့ညတုန်းက ကျွန်တော့်အတွက် အားလုံးအေးဆေးပါပဲ။ ပြီးတော့ အဂွယ်ရိုနဲ့ မန်စီးတီးရဲ့ သတင်းကို ကြားသိရပြီး ကျွန်တော့်အတွက် ကြေကွဲစရာတွေဖြစ်လာတော့တာပါပဲ။ မန်စီးတီးအသင်းကို ချစ်မြတ်နိုးပြီး အဂွယ်ရိုနဲ့ အတူတွဲဖက်ကစားခဲ့ရတာကို ပျော်ရွှင်စွာ ဂုဏ်ယူခဲ့ရတဲ့ ကျွန်တော့်မှာ အတော်ခံစားရပါတယ်။ အဂွယ်ရိုက မယုံကြည်နိုင်စရာကောင်းတဲ့ ဘောလုံးသမားတဦးတင်မက၊ ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ် ”

” သိပ်ကို နှိမ့်ချတတ်တဲ့ ကစားသမားလည်း ဖြစ်သလို သူ့အပေါ်မှာ ကျွန်တော် ကျေးဇူးဆပ်စရာတွေ မကုန်နိုင်ပါဘူး။ ပရီးမီးယားလိဂ်မှာ တည်ဆောက်ခါစ ကျွန်တော်နဲ့ မန်စီးတီးအသင်းအနေနဲ့ သူမပါဝင်ဘဲ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး”

” ဇွန်လမှာ သူက အသက် ၃၃ ပြည့်မယ်။ ဒါပေမယ့် ကြံ့ခိုင်နေတဲ့ အဂွယ်ရိုဟာ ဘယ်အချိန်မှာမဆို တရာသီကို ဂိုး ၂၀ လောက်က အသာလေး ကောက်ခနဲ ထသွင်းနိုင်ပါတယ်။ ဒါကြောင့် ဒီလိုကစားသမားမျိုးကို ဆုံးရှုံးရမှာကို ကျွန်တော့်အတွက် ပိုပြီး လက်ခံရခက်ခဲစေတာပါ။ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး တိုက်စစ်မှူးအဖြစ် အလန် ရှီးယားရား၊ သီယာရီ အွန်နရီတို့နဲ့အတူ အဂွယ်ရိုကို တတန်းတည်း ထည့်သွင်းသတ်မှတ်လို့ရပါတယ်”

” ၂၀၁၁ ခုနှစ်တုန်းက ဆွမ်ဆီးအသင်းကို သွင်းယူခဲ့တဲ့ သူ့ရဲ့ မန်စီးတီးပွဲဦးထွက်ဂိုးဟာ ကျွန်တော် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ပြန်စဉ်းစားကြည့်ရင် ကျွန်တော်က အရမ်းကံကောင်းတဲ့လူပါ။ အခုချိန်မှာ အဂွယ်ရို့ကို လက်လွှတ်ရတော့မယ်ဆိုတာ အတော့်ကို ဝမ်းနည်းနာကျင်စေပါတယ်ဗျာ။”

” အကယ်၍ ဆိုပါစို့ဗျာ။ အရေးပေါ် အခြေအနေတခုမှာ ကျွန်တော့်အသက်ကို ကယ်တင်ပေးဖို့ ဂိုးတဂိုးသွင်းပေးမယ့်သူကို ရွေးချယ်ပါဆိုရင် တခြားလူမရှိပါဘူး။ ကျွန်တော်ကတော့ တရေးနိုးထရွေးချယ်ရင်တောင် ဆာဂျီယို အဂွယ်ရိုကိုသာ ချွင်းချက်မရှိ ရွေးပါတယ်။” လို့ မီကာ ရစ်ချတ်က Daily Mail သတင်းမှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
” အကယ္၍ ဆိုပါစို႔ဗ်ာ။ အေရးေပၚ အေျခအေနမွာ ကြၽန္ေတာ့္အသက္ကို ကယ္တင္ေပးဖို႔ ဂိုးတဂိုးသြင္းေပးမယ့္သူကို ေ႐ြးခ်ယ္ပါဆိုရင္ တျခားလူမရွိပါဘူး။ ကြၽန္ေတာ္ကေတာ့ တေရးႏိုးထေ႐ြးခ်ယ္ရင္ေတာင္ ဆာဂ်ီယို အဂြယ္႐ိုကိုသာ ခြၽင္းခ်က္မရွိ ေ႐ြးပါတယ္။ ”

ဒီလိုစကားမ်ိဳးကို ထုတ္ေျပာခဲ့တဲ့ မန္စီတီးခံစစ္မႉးေဟာင္း မီကာ ရစ္ခ်တ္ပါ။ ဒီေလာက္ဆိုရင္ သူ႔ရဲ႕အသင္းေဖာ္ေဟာင္း အဂြယ္႐ိုဟာ မန္စီးတီးအတြက္ ဂိုးသြင္းစြမ္းရည္အားျဖင့္ ဘယ္ေလာက္ထိ အက်ိဳးျပဳခဲ့သလဲဆိုတာကို ထင္သာျမင္သာရွိေစမွာျဖစ္ပါတယ္။

ဒီရာသီအကုန္မွာ မန္စီးတီးအသင္းနဲ႔ လမ္းခြဲေတာ့မယ့္္ အဂြယ္႐ိုဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီျဖစ္လို႔ ႏွစ္ဦးသေဘာတူ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း မန္စီးတီးအသင္းက အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ မီကာ ရစ္ခ်တ္က အသက္ ၃၃ ႏွစ္သားဟာ လက္ရွိအသက္အ႐ြယ္နဲ႔ ေျခစြမ္းျပေနႏိုင္ဦးမွာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ဆက္ကစားေနရင္ေတာင္ ရာသီတိုင္းမွာ ဂိုး ၂၀ ေအာက္ထစ္သြင္းျပႏိုင္ဦးမယ္လို႔ ယုံၾကည္ထားေၾကာင္း Daily Mail သတင္းမွာ အခုလို ကိုယ္တိုင္ ေဆာင္းပါးေရးသား ေဖာ္ျပသြားခဲ့ပါတယ္။

” တနလၤာေန႔ညတုန္းက ကြၽန္ေတာ့္အတြက္ အားလုံးေအးေဆးပါပဲ။ ၿပီးေတာ့ အဂြယ္႐ိုနဲ႔ မန္စီးတီးရဲ႕ သတင္းကို ၾကားသိရၿပီး ကြၽန္ေတာ့္အတြက္ ေၾကကြဲစရာေတြျဖစ္လာေတာ့တာပါပဲ။ မန္စီးတီးအသင္းကို ခ်စ္ျမတ္ႏိုးၿပီး အဂြယ္႐ိုနဲ႔ အတူတြဲဖက္ကစားခဲ့ရတာကို ေပ်ာ္႐ႊင္စြာ ဂုဏ္ယူခဲ့ရတဲ့ ကြၽန္ေတာ့္မွာ အေတာ္ခံစားရပါတယ္။ အဂြယ္႐ိုက မယုံၾကည္ႏိုင္စရာေကာင္းတဲ့ ေဘာလုံးသမားတဦးတင္မက၊ ႀကီးျမတ္တဲ့ လူပုဂၢိဳလ္တဦးလည္း ျဖစ္ပါတယ္ ”

” သိပ္ကို ႏွိမ့္ခ်တတ္တဲ့ ကစားသမားလည္း ျဖစ္သလို သူ႔အေပၚမွာ ကြၽန္ေတာ္ ေက်းဇူးဆပ္စရာေတြ မကုန္ႏိုင္ပါဘူး။ ပရီးမီးယားလိဂ္မွာ တည္ေဆာက္ခါစ ကြၽန္ေတာ္နဲ႔ မန္စီးတီးအသင္းအေနနဲ႔ သူမပါဝင္ဘဲ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ႏိုင္ခဲ့မွာ မဟုတ္ပါဘူး”

” ဇြန္လမွာ သူက အသက္ ၃၃ ျပည့္မယ္။ ဒါေပမယ့္ ႀကံ့ခိုင္ေနတဲ့ အဂြယ္႐ိုဟာ ဘယ္အခ်ိန္မွာမဆို တရာသီကို ဂိုး ၂၀ ေလာက္က အသာေလး ေကာက္ခနဲ ထသြင္းႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီလိုကစားသမားမ်ိဳးကို ဆုံးရႈံးရမွာကို ကြၽန္ေတာ့္အတြက္ ပိုၿပီး လက္ခံရခက္ခဲေစတာပါ။ ပရီးမီးယားလိဂ္ရဲ႕ ထာဝရအေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ အလန္ ရွီးယားရား၊ သီယာရီ အြန္နရီတို႔နဲ႔အတူ အဂြယ္႐ိုကို တတန္းတည္း ထည့္သြင္းသတ္မွတ္လို႔ရပါတယ္”

” ၂၀၁၁ ခုႏွစ္တုန္းက ဆြမ္ဆီးအသင္းကို သြင္းယူခဲ့တဲ့ သူ႔ရဲ႕ မန္စီးတီးပြဲဦးထြက္ဂိုးဟာ ကြၽန္ေတာ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး ျပန္စဥ္းစားၾကည့္ရင္ ကြၽန္ေတာ္က အရမ္းကံေကာင္းတဲ့လူပါ။ အခုခ်ိန္မွာ အဂြယ္႐ို႕ကို လက္လႊတ္ရေတာ့မယ္ဆိုတာ အေတာ့္ကို ဝမ္းနည္းနာက်င္ေစပါတယ္ဗ်ာ။”

” အကယ္၍ ဆိုပါစို႔ဗ်ာ။ အေရးေပၚ အေျခအေနတခုမွာ ကြၽန္ေတာ့္အသက္ကို ကယ္တင္ေပးဖို႔ ဂိုးတဂိုးသြင္းေပးမယ့္သူကို ေ႐ြးခ်ယ္ပါဆိုရင္ တျခားလူမရွိပါဘူး။ ကြၽန္ေတာ္ကေတာ့ တေရးႏိုးထေ႐ြးခ်ယ္ရင္ေတာင္ ဆာဂ်ီယို အဂြယ္႐ိုကိုသာ ခြၽင္းခ်က္မရွိ ေ႐ြးပါတယ္။” လို႔ မီကာ ရစ္ခ်တ္က Daily Mail သတင္းမွာ ေရးသားေဖာ္ျပသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.