Premier League

၂၀၂၁ ခုနှစ်ရဲ့ ထိပ်တန်းခြေစွမ်းရှင် ၁၀ဦးထဲမှာ ရော်နယ်ဒိုကို အပြတ်အသတ် ဦးဆောင်နေတဲ့ မက်ဆီ

ဥရောပထိပ်သီးလိဂ် ၅ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်လီဂါ၊ ပြင်သစ်လီဂူးမှာ ၂၀၂၁ ခုနှစ်အတွင်း အမြင့်ဆုံးခြေစွမ်းပြနေတဲ့ အကောင်းဆုံး ထိပ်တန်းခြေစွမ်းရှင် ၁၀ ဦးအဖြစ် CIES အဖွဲ့က ရွေးချယ်ခဲ့ရာမှာ ဘာဆာအသင်းရဲ့ လီယွန်နယ်မက်ဆီက အဆင့် ၁ အဖြစ် ထိပ်ဆုံးက ဦးဆောင်လာခဲ့ပါတယ်။

ဘောလုံးသမားတွေရဲ့ ယခုနှစ်အတွင်း စွမ်းဆောင်ရည်မှတ်တမ်းကို အသေးစိတ်ရယူကာ တွက်ချက်ထားတာဖြစ်ပြီး မိမိကလပ်အသင်းရဲ့ ပွဲချိန်မှာ အနည်းဆုံး ၆၆ ရာခိုင်နှုန်း ပါဝင်ကစားထားသူတွေကိုသာ ရွေးချယ်ပြီး ရမှတ်ပေး သတ်မှတ်တာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ တွေ့ခဲ့ရတာက ဒီနှစ်မှာ ခြေစွမ်းပြန်ရလာခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက နာမည်ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ၈၉.၅ ရမှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်သွားခဲ့တာပါ။

ကိန်းညွှန်းအရ ရမှတ် ၁၀၀ မှာ မက်ဆီက ၉၂.၅ မှတ်နဲဲ့ အဆင့် ၁၊ လီဝန်ဒေါစကီးက ၈၉.၅ မှတ်နဲ့ အဆင့် ၂ နေရာမှာ အသီးသီးရပ်တည်နေတာပါ။ အဆင့် ၄ နေရာက ရူဘင် ဒီယာ့စ်က ရမှတ် ၈၉.၄၊ အဆင့် ၅ မှာ ရော်နယ်လ်ဒိုက ၈၉.၃ အဖြစ် အစဥ်လိုက်ရပ်တည်သွားကြပါတယ်။

ရီးယဲလ် ဘက်တစ်အသင်းရဲ့ နာဘီ ဖကီယာနဲ့ ရီးယဲလ် မက်ဒရစ်က တိုနီကရူးစ်တို့က ၈၇.၆ ရမှတ်ကိုယ်စီနဲ့ အဆင့် ၆ နေရာကို ပူးတွဲရယူခဲ့ပြီး ဖရန့်ဖတ်အသင်းတိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗား၊ နာပိုလီရဲ့ လော်ရန်ဇို အင်ဆစ်ဂ်ညေ နဲ့ ​ဒေါ့မန်ကစားသမား ဂျေဒင် ဆန်ချိုတို့ကတော့ အဆင့် ၈၊ ၉၊ ၁၀ နေရာမှာ အစဥ်လိုက် ပါဝင်လာခဲ့ကြပါတယ်။

ဟာလန်း၊ ဘရူနို ဖာနန်ဒက်စ်၊ ဆွာရက်ဇ်၊ နဲ့ ဘန်ဇီမာတို့လို နာမည်ကြီးကစားသမားတွေက အဆင့် ၁၀ အတွင်း ပါဝင်လာခဲ့ခြင်း မရှိတာကို တွေ့ခဲ့ရသလို ပြင်သစ်လီဂူးမှာ အဆင့် ၁၁ အတွင်း တဦးတည်းသော ကစားသမားအဖြစ် မိုနာကိုအသင်းရဲ့ ဗဟိုခံစစ်မှူး ဂွီလာမို မာရီပန်က အဆင့် ၁၁ နေရာမှာ နေရာယူခဲ့ပြီး ရပ်တည်သွားခဲ့ကိုလည်း တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES and Marca
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဥေရာပထိပ္သီးလိဂ္ ၅ ခုျဖစ္တဲ့ ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒက္လီဂါ၊ ျပင္သစ္လီဂူးမွာ ၂၀၂၁ ခုႏွစ္အတြင္း အျမင့္ဆုံးေျခစြမ္းျပေနတဲ့ အေကာင္းဆုံး ထိပ္တန္းေျခစြမ္းရွင္ ၁၀ ဦးအျဖစ္ CIES အဖြဲ႕က ေ႐ြးခ်ယ္ခဲ့ရာမွာ ဘာဆာအသင္းရဲ႕ လီယြန္နယ္မက္ဆီက အဆင့္ ၁ အျဖစ္ ထိပ္ဆုံးက ဦးေဆာင္လာခဲ့ပါတယ္။

ေဘာလုံးသမားေတြရဲ႕ ယခုႏွစ္အတြင္း စြမ္းေဆာင္ရည္မွတ္တမ္းကို အေသးစိတ္ရယူကာ တြက္ခ်က္ထားတာျဖစ္ၿပီး မိမိကလပ္အသင္းရဲ႕ ပြဲခ်ိန္မွာ အနည္းဆုံး ၆၆ ရာခိုင္ႏႈန္း ပါဝင္ကစားထားသူေတြကိုသာ ေ႐ြးခ်ယ္ၿပီး ရမွတ္ေပး သတ္မွတ္တာျဖစ္ပါတယ္။

ထူးျခားခ်က္အေနနဲ႔ ေတြ႕ခဲ့ရတာက ဒီႏွစ္မွာ ေျခစြမ္းျပန္ရလာခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုက နာမည္ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေက်ာ္ျဖတ္ၿပီး ၈၉.၅ ရမွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္သြားခဲ့တာပါ။

ကိန္းၫႊန္းအရ ရမွတ္ ၁၀၀ မွာ မက္ဆီက ၉၂.၅ မွတ္နဲဲ့ အဆင့္ ၁၊ လီဝန္ေဒါစကီးက ၈၉.၅ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ အသီးသီးရပ္တည္ေနတာပါ။ အဆင့္ ၄ ေနရာက ႐ူဘင္ ဒီယာ့စ္က ရမွတ္ ၈၉.၄၊ အဆင့္ ၅ မွာ ေရာ္နယ္လ္ဒိုက ၈၉.၃ အျဖစ္ အစဥ္လိုက္ရပ္တည္သြားၾကပါတယ္။

ရီးယဲလ္ ဘက္တစ္အသင္းရဲ႕ နာဘီ ဖကီယာနဲ႔ ရီးယဲလ္ မက္ဒရစ္က တိုနီက႐ူးစ္တို႔က ၈၇.၆ ရမွတ္ကိုယ္စီနဲ႔ အဆင့္ ၆ ေနရာကို ပူးတြဲရယူခဲ့ၿပီး ဖရန္႔ဖတ္အသင္းတိုက္စစ္မႉး အန္ဒေရ ေဆးလ္ဗား၊ နာပိုလီရဲ႕ ေလာ္ရန္ဇို အင္ဆစ္ဂ္ေည နဲ႔ ​ေဒါ့မန္ကစားသမား ေဂ်ဒင္ ဆန္ခ်ိဳတို႔ကေတာ့ အဆင့္ ၈၊ ၉၊ ၁၀ ေနရာမွာ အစဥ္လိုက္ ပါဝင္လာခဲ့ၾကပါတယ္။

ဟာလန္း၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဆြာရက္ဇ္၊ နဲ႔ ဘန္ဇီမာတို႔လို နာမည္ႀကီးကစားသမားေတြက အဆင့္ ၁၀ အတြင္း ပါဝင္လာခဲ့ျခင္း မရွိတာကို ေတြ႕ခဲ့ရသလို ျပင္သစ္လီဂူးမွာ အဆင့္ ၁၁ အတြင္း တဦးတည္းေသာ ကစားသမားအျဖစ္ မိုနာကိုအသင္းရဲ႕ ဗဟိုခံစစ္မႉး ဂြီလာမို မာရီပန္က အဆင့္ ၁၁ ေနရာမွာ ေနရာယူခဲ့ၿပီး ရပ္တည္သြားခဲ့ကိုလည္း ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES and Marca
PHOTOS CREDIT TO OWNERS
SPORTS A2Z.