Premier League

ယူနိုက်တက်နဲ့ မိမိကို ပစ်ပစ်နှစ်နှစ် ဝေဖန်နေတဲ့ ရွိုင်ကိန်းနဲ့ နဗီးလ်တို့ အပေါ် ထားတဲ့ သဘောထားကို ထုတ်ပြောသွားတဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားက မိမိတို့အသင်းကို တရာသီလုံး မရပ်မနား ဝေဖန်လက်ညှိုးထိုးပြီး တောက်လျှောက် အပြစ်တင်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီ နဗီးလ်တို့အပေါ် နည်းပြတယောက်အနေနဲ့ အာဃာတတရား မထားရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့သလို မိမိအနေနဲ့ ရွိုင်ကိန်းလို ခေါင်းဆောင်စစ်စစ်မျိုးကို ယူနိုက်တက်အတွက် ပြန်လည်လိုချင်ကြောင်း လေသံပစ်သွားခဲ့ကြောင်း သိရပါတယ်။

Sky Sports ဘောလုံးဝေဖန်ရေးအစီအစဥ်ကနေဆင့် ဆိုးလ်ရှားရဲ့ လက်အောက်မှာ တနေ့ရွှေ တနေ့ငွေ​​ခြေစွမ်းနဲ့အတူ ယူနိုက်တက်ဟာ မတည်မငြိမ်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတယ်လို့ မညှာမတာ ထိုးနှက်ခဲ့တဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီ နဗီးလ်တို့နှစ်ဦးဟာ နည်းပြအဖြစ် လုပ်ကိုင်ဖူးသလို ​ဘောလုံးလောက အတွေ့အကြုံရင့်ကြသူတွေ ဖြစ်ပေမယ့် ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့နဂိုထုံးစံအတိုင်း ပါးစပ်ဖွာသူဖြစ်ပြီး ရွိုင်ကိန်းရဲ့ စကားတွေကိုတော့ မိမိအနေနဲ့ မဆန့်ကျင်ရဲဘူးလို့ ဆိုးလ်ရှားက ဝန်ခံသွားခဲ့ပါတယ်။

ကျွန်တော်ကတော့ ရွိုင်းရဲ့စကားတွေကို ပိုပြီးနားဝင်ပါတယ်။ ဂယ်ရီမှာ အယူအဆကောင်းတွေ ရှိပေမယ့် ပါးစပ်အရမ်းဖွာသူဆိုတာ ကျွန်တော်တို့က အတွင်းသိ အဆင်းသိပါ။ နှစ်​ယောက်စလုံးက လေပေါပါတယ်။

ဒါပေမယ့် ရွိုင်းကိုတော့ ကျွန်တော်တို့က ပြန်မလှန်ရဲပါဘူး လို့ ဆိုးလ်ရှားက နောက်ပြောင်သွားခဲ့သလို ယူနိုက်တက်ရဲ့ အဆင့်အတန်းကို ဒီကစားသမားတွေက သိရှိထားပြီးဖြစ်လို့ အခုလို အားမလိုအားမရ အသံထုတ်ဝေဖန်နေတာကိုလည်း နားလည်ကြောင်း ပြောသွားခဲ့ပါတယ်။

နည်းပြတယောက်အနေနဲ့ ရွိင်ကိန်းနဲ့ နဗီးလ်မှာ ဘယ်သူ့ကို ကိုယ့်အသင်းကစားသမားအဖြစ် ခေါ်ယူချင်လဲဆိုတဲ့ မေးခွန်းကိုတော့ ဆိုးလ်ရှားက “ရွိုင်ကိန်းပေါ့ဗျာ။ သူက ခေါင်းဆောင်စစ်စစ်ပါ။ နည်းပြတယောက်အနေနဲ့ အလိုချင်ဆုံး ကစားသမားတဦးဆိုရင် သူပါပဲ။ သူ့ရဲ့ ကစားပုံနဲ့ ဦးဆောင်နိုင်စွမ်းက တသင်းလုံးကို လှုံ့ဆော်ပေးနိုင်ပြီး တွန်းအားပေးနိုင်တယ်။ သူလုပ်ခဲ့သမျှ အရာတိုင်းက ကျွန်တော့်အဖို့ အထင်ကြီးစရာပါ” လို့ ပြောပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားက မိမိတို႔အသင္းကို တရာသီလုံး မရပ္မနား ေဝဖန္လက္ညႇိဳးထိုးၿပီး ေတာက္ေလွ်ာက္ အျပစ္တင္ေနတဲ့ ယူႏိုက္တက္ကစားသမားေဟာင္းႀကီးေတြျဖစ္တဲ့ ႐ြိဳင္ကိန္းနဲ႔ ဂယ္ရီ နဗီးလ္တို႔အေပၚ နည္းျပတေယာက္အေနနဲ႔ အာဃာတတရား မထားရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့သလို မိမိအေနနဲ႔ ႐ြိဳင္ကိန္းလို ေခါင္းေဆာင္စစ္စစ္မ်ိဳးကို ယူႏိုက္တက္အတြက္ ျပန္လည္လိုခ်င္ေၾကာင္း ေလသံပစ္သြားခဲ့ေၾကာင္း သိရပါတယ္။

Sky Sports ေဘာလုံးေဝဖန္ေရးအစီအစဥ္ကေနဆင့္ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာ တေန႔ေ႐ႊ တေန႔ေငြ​​ေျခစြမ္းနဲ႔အတူ ယူႏိုက္တက္ဟာ မတည္မၿငိမ္နဲ႔ ျဖစ္ခ်င္တိုင္းျဖစ္ေနတယ္လို႔ မညႇာမတာ ထိုးႏွက္ခဲ့တဲ့ ႐ြိဳင္ကိန္းနဲ႔ ဂယ္ရီ နဗီးလ္တို႔ႏွစ္ဦးဟာ နည္းျပအျဖစ္ လုပ္ကိုင္ဖူးသလို ​ေဘာလုံးေလာက အေတြ႕အႀကဳံရင့္ၾကသူေတြ ျဖစ္ေပမယ့္ ဂယ္ရီနဗီးလ္ကေတာ့ သူ႔ရဲ႕နဂိုထုံးစံအတိုင္း ပါးစပ္ဖြာသူျဖစ္ၿပီး ႐ြိဳင္ကိန္းရဲ႕ စကားေတြကိုေတာ့ မိမိအေနနဲ႔ မဆန္႔က်င္ရဲဘူးလို႔ ဆိုးလ္ရွားက ဝန္ခံသြားခဲ့ပါတယ္။

ကြၽန္ေတာ္ကေတာ့ ႐ြိဳင္းရဲ႕စကားေတြကို ပိုၿပီးနားဝင္ပါတယ္။ ဂယ္ရီမွာ အယူအဆေကာင္းေတြ ရွိေပမယ့္ ပါးစပ္အရမ္းဖြာသူဆိုတာ ကြၽန္ေတာ္တို႔က အတြင္းသိ အဆင္းသိပါ။ ႏွစ္​ေယာက္စလုံးက ေလေပါပါတယ္။

ဒါေပမယ့္ ႐ြိဳင္းကိုေတာ့ ကြၽန္ေတာ္တို႔က ျပန္မလွန္ရဲပါဘူး လို႔ ဆိုးလ္ရွားက ေနာက္ေျပာင္သြားခဲ့သလို ယူႏိုက္တက္ရဲ႕ အဆင့္အတန္းကို ဒီကစားသမားေတြက သိရွိထားၿပီးျဖစ္လို႔ အခုလို အားမလိုအားမရ အသံထုတ္ေဝဖန္ေနတာကိုလည္း နားလည္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

နည္းျပတေယာက္အေနနဲ႔ ႐ြိင္ကိန္းနဲ႔ နဗီးလ္မွာ ဘယ္သူ႔ကို ကိုယ့္အသင္းကစားသမားအျဖစ္ ေခၚယူခ်င္လဲဆိုတဲ့ ေမးခြန္းကိုေတာ့ ဆိုးလ္ရွားက “႐ြိဳင္ကိန္းေပါ့ဗ်ာ။ သူက ေခါင္းေဆာင္စစ္စစ္ပါ။ နည္းျပတေယာက္အေနနဲ႔ အလိုခ်င္ဆုံး ကစားသမားတဦးဆိုရင္ သူပါပဲ။ သူ႔ရဲ႕ ကစားပုံနဲ႔ ဦးေဆာင္ႏိုင္စြမ္းက တသင္းလုံးကို လႈံ႕ေဆာ္ေပးႏိုင္ၿပီး တြန္းအားေပးႏိုင္တယ္။ သူလုပ္ခဲ့သမွ် အရာတိုင္းက ကြၽန္ေတာ့္အဖို႔ အထင္ႀကီးစရာပါ” လို႔ ေျပာျပသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.