Premier League Transfer News

31 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းမှာ ကစားလာတာ ငါးရာသီမြောက်ကို ရောက်ရှိနေပေမယ့် ပရိသတ်တွေ သဘောကျတဲ့ တည်တည်ငြိမ်ငြိမ်ပုံစံကို မပြသနိုင်သေးသလို အမှားအကျူးလွန်ဆုံး ကစားသမားလည်းဖြစ်နေတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအနေနဲ့ သူနဲ့ အသားအကျဆုံး ဂျာမန်ဘွန်ဒက်စ်လီဂါကိုပဲ နွေရာသီမှာ ပြန်ဖို့ရှိနေ။

– မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံသမား ဘူကာယို ဆာကာကို ချီးကျူးလိုက်ပြီး အသက် ၁၉ နှစ်အရွယ် ဟေးလ်အန့်ဒ်အကယ်ဒမီထွက်ဟာ မြင့်မားတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားကြောင်းဆို။

– ဥရုဂွေးအသင်းကနေ ခွင့်ယူပြီး မိခင်ရဲ့ ကျန်းမာရေးမကောင်းလို့ အိမ်ပြန်သွားခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအတွက်တော့ ဝမ်းနည်းစရာနဲ့ ကြုံတွေ့ခဲ့ရပြီး အသက် ၅၃ နှစ်အရွယ် ဗီဗီယာနာ ဒီပက်စ်ကွာဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း သတင်းတွေ ဖော်ပြ။

– စုတ်ပြတ်သတ်နေတဲ့ စွမ်းဆောင်ရည်တွေကို ပြသနေပြီး နှစ်ပွဲကစား နှစ်ပွဲရှုံးထားတဲ့ အင်္ဂလန် ယူ-၂၁ အသင်းမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို ချက်ချင်း လေယာဉ်ငှားပြီး ပြန်လည်ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေက တောင်းဆို နေကြပြီး အမြန်ဆုံးဆေးကုသစေဖို့ အလိုရှိနေကြ။

– အာဆင်နယ်အသင်းကနေ စာချုပ်ဖျက်သိမ်းပေးလိုက်ပြီး ရှော်လ်ကာအသင်းကို ပြောင်းရွှေ့ခွင့်ပေးခဲ့တဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီအနေနဲ့ လာမယ့်ရာသီမှာ ကစားသမားဘဝကို ပြန်လည်မြင့်မားအောင်လုပ်ဆောင်နိုင်ခြေရှိနေပြီး အင်တာမီလန်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– စကော့တလန်နဲ့ ရိန်းဂျားစ်ကစားသမားဟောင်း ဘယ်ရီ ဖာဂူဆန်က အာဆင်နယ်အသင်းအနေနဲ့ ကီရန် တီယာနီကို နှစ်ရှည်စာချုပ်သစ် ပေးအပ်ဖို့နဲ့ မဟုတ်ရင် ဥရောပအသင်းကြီးတွေဆီ လက်လွှတ်ဆုံးရှုံးရဖို့ များနေတယ်လို့ သတိပေးလိုက်ပြီး အသင်းမှာ ပျော်ရွှင်အောင် ဆွဲဆောင်စည်းရုံးထားဖို့ သတိပေး။

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းကနေ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ခေါ်ယူဖို့ အလိုရှိနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်တို့နဲ့ ပြိုင်ဆိုင်ခေါ်ယူရဖွယ်ရှိနေ။

– လာမယ့်နွေရာသီမှာ ကိုလာစီနက်ချ်ရော ဘယ်လာရင်ပါ ထွက်ခွာသွားမယ့် အာဆင်နယ်အသင်းအနေနဲ့ ဘယ်နောက်ခံလူတစ်ယောက်နဲ့ ညာနောက်ခံလူတစ်ယောက်ကို အသစ်ခေါ်ယူရမှာဖြစ်ပြီး ဘယ်ရောညာပါ ကစားနိုင်တဲ့ အင်တာမီလန်ရဲ့ အက်ရှ်ရက်ဖ် ဟာကီမီကို တစ်ဦးတည်း ချွေတာခေါ်ယူသွားမလားတော့ စောင့်ကြည့်ရဖွယ်ရှိနေ။

– အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဗဟိုနောက်ခံလူသစ် ရှာဖွေနေရာမှာ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အူပါမီကာနိုလက်သစ်လို့ ပြင်သစ် လီဂူးတူးမှာ အမည်ရနေတဲ့ အသက် ၁၇ နှစ်အရွယ် ဗာလွန်စီယန်စ်အသင်းနောက်ခံလူ အိစ်မဲလ် ဒူကူယေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းမွာ ကစားလာတာ ငါးရာသီေျမာက္ကို ေရာက္ရွိေနေပမယ့္ ပရိသတ္ေတြ သေဘာက်တဲ့ တည္တည္ၿငိမ္ၿငိမ္ပုံစံကို မျပသႏိုင္ေသးသလို အမွားအက်ဴးလြန္ဆုံး ကစားသမားလည္းျဖစ္ေနတဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအေနနဲ႔ သူနဲ႔ အသားအက်ဆုံး ဂ်ာမန္ဘြန္ဒက္စ္လီဂါကိုပဲ ေႏြရာသီမွာ ျပန္ဖို႔ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံသမား ဘူကာယို ဆာကာကို ခ်ီးက်ဴးလိုက္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ဟာ ျမင့္မားတဲ့ အရည္အေသြးကို ပိုင္ဆိုင္ထားေၾကာင္းဆို။

– ဥ႐ုေဂြးအသင္းကေန ခြင့္ယူၿပီး မိခင္ရဲ႕ က်န္းမာေရးမေကာင္းလို႔ အိမ္ျပန္သြားခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအတြက္ေတာ့ ဝမ္းနည္းစရာနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး အသက္ ၅၃ ႏွစ္အ႐ြယ္ ဗီဗီယာနာ ဒီပက္စ္ကြာဟာ ကိုဗစ္-၁၉ ေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ေၾကာင္း သတင္းေတြ ေဖာ္ျပ။

– စုတ္ျပတ္သတ္ေနတဲ့ စြမ္းေဆာင္ရည္ေတြကို ျပသေနၿပီး ႏွစ္ပြဲကစား ႏွစ္ပြဲရႈံးထားတဲ့ အဂၤလန္ ယူ-၂၁ အသင္းမွာ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို ခ်က္ခ်င္း ေလယာဥ္ငွားၿပီး ျပန္လည္ေခၚယူဖို႔ အာဆင္နယ္ပရိသတ္ေတြက ေတာင္းဆို ေနၾကၿပီး အျမန္ဆုံးေဆးကုသေစဖို႔ အလိုရွိေနၾက။

– အာဆင္နယ္အသင္းကေန စာခ်ဳပ္ဖ်က္သိမ္းေပးလိုက္ၿပီး ေရွာ္လ္ကာအသင္းကို ေျပာင္းေ႐ႊ႕ခြင့္ေပးခဲ့တဲ့ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီအေနနဲ႔ လာမယ့္ရာသီမွာ ကစားသမားဘဝကို ျပန္လည္ျမင့္မားေအာင္လုပ္ေဆာင္ႏိုင္ေျခရွိေနၿပီး အင္တာမီလန္အသင္းက သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေန။

– စေကာ့တလန္နဲ႔ ရိန္းဂ်ားစ္ကစားသမားေဟာင္း ဘယ္ရီ ဖာဂူဆန္က အာဆင္နယ္အသင္းအေနနဲ႔ ကီရန္ တီယာနီကို ႏွစ္ရွည္စာခ်ဳပ္သစ္ ေပးအပ္ဖို႔နဲ႔ မဟုတ္ရင္ ဥေရာပအသင္းႀကီးေတြဆီ လက္လႊတ္ဆုံးရႈံးရဖို႔ မ်ားေနတယ္လို႔ သတိေပးလိုက္ၿပီး အသင္းမွာ ေပ်ာ္႐ႊင္ေအာင္ ဆြဲေဆာင္စည္း႐ုံးထားဖို႔ သတိေပး။

– အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းကေန ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ေခၚယူဖို႔ အလိုရွိေနတဲ့ အသင္းေတြထဲမွာ ပါဝင္လာခဲ့ၿပီး ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔နဲ႔ ၿပိဳင္ဆိုင္ေခၚယူရဖြယ္ရွိေန။

– လာမယ့္ေႏြရာသီမွာ ကိုလာစီနက္ခ်္ေရာ ဘယ္လာရင္ပါ ထြက္ခြာသြားမယ့္ အာဆင္နယ္အသင္းအေနနဲ႔ ဘယ္ေနာက္ခံလူတစ္ေယာက္နဲ႔ ညာေနာက္ခံလူတစ္ေယာက္ကို အသစ္ေခၚယူရမွာျဖစ္ၿပီး ဘယ္ေရာညာပါ ကစားႏိုင္တဲ့ အင္တာမီလန္ရဲ႕ အက္ရွ္ရက္ဖ္ ဟာကီမီကို တစ္ဦးတည္း ေခြၽတာေခၚယူသြားမလားေတာ့ ေစာင့္ၾကည့္ရဖြယ္ရွိေန။

– အသင္းရဲ႕ ခံစစ္ပိုင္းအတြက္ ဗဟိုေနာက္ခံလူသစ္ ရွာေဖြေနရာမွာ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အူပါမီကာႏိုလက္သစ္လို႔ ျပင္သစ္ လီဂူးတူးမွာ အမည္ရေနတဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ ဗာလြန္စီယန္စ္အသင္းေနာက္ခံလူ အိစ္မဲလ္ ဒူကူေယးကို ေခၚယူဖို႔ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.