Premier League Transfer News

30 Mar နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


– လီဗာပူးလ်အသင်းကနေ ထွက်ခွာလာခဲ့အပြီး ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းဆီမှာ ကစားနေခဲ့တဲ့ ကွင်းလယ်လူ အဒမ် လယ်လာနာက သူ့ရဲ့ လက်ရှိအသင်းဖော် နောက်ခံလူ ဘန်ဝှိုက်အနေနဲ့ အန်းဖီးလ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်သွားခဲ့။


– အသင်းရဲ့ အားမကိုးရတဲ့ ဗဟိုခံစစ်သမားတွေကို ရောင်းထုတ်လိုက်ရင် ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ နှစ်ယောက်ပဲ ကျန်မှာ ဖြစ်တဲ့အတွက် ဒီနေရာအတွက် နာပိုလီက အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ခါလီဒူး ကူလီဘေလီကို ခေါ်ယူဖို့ လီဗာပူးလ်တို့ ဦးဆောင်နေပြီး တိုက်စစ်မှူး ဆာဒီယို မာနေးနဲ့ ဆီနီဂေါသားချင်း ဆုံဆည်းဖို့ရှိနေ။


– လာမယ့်ရာသီကုန်မှာ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးနဲ့ အပြိုင် လီဗာပူးလ်အသင်းအနေနဲ့ စောင့်ကြည့်နေပြီး တိုက်စစ်မှာ ဝါရင့်သမ္ဘာရင့် အတွေ့အကြုံတွေကို ပေါင်းစပ်သွားနိုင်ဖို့ စဉ်းစားနေ။


– ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်တွေ့ဆုံမှုအတွက် တိုက်စစ်မှူး မိုဟာမက် ဆားလားကို မီဒီယာသမားတွေက မေးခွန်းတွေ မေးမြန်းခဲ့ရာမှာ ဘယ်ပြိုင်ဘက်ကစားသမားက လီဗာပူးလ်အသင်းကို ရောက်လာရင် အသင်းအနေနဲ့ ပိုမိုတိုးတက်လာနိုင်သလဲဆိုတဲ့ မေးခွန်းကို ဘယ်သူကမှ လက်ရှိကစားသမားတွေလောက် မကောင်းဘူးလို့ တုံ့ပြန်သွားခဲ့။


– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်ရဲ့ နွေရာသီပစ်မှတ်တွေထဲမှာ စပိန်လာလီဂါရဲ့ အမြန်ဆုံးနောက်ခံလူလို့ နာမည်ကြီးနေတဲ့ ဗီလာရီးရဲလ်ခံစစ်မှူး ပေါ်တောရက်စ်လည်း ပါဝင်နေပြီး ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့အပြိုင် ခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေ။


– ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက RB လိုက်ပ်ဇစ်နောက်ခံလူ အီဘရာဟီမာ ကိုနာတေကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်း ထွက်ပေါ်နေမှုအပေါ် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အသင်းကြီးလေးငါးသင်းဆီက ကမ်းလှမ်းမှု ရရှိထားတယ်လို့ ဆိုသလိုက်သလို နောက်ဆက်တွဲသတင်းတွေမှာတော့ ပြင်သစ်သားကို ဆေးစစ်မှု အောင်မြင်ထားတယ်လို့ ဆိုနေ။


– လီဗာပူးလ်အသင်းနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းတို့ရဲ့ ဆုံစည်းနိုင်ခြေက ဖြစ်နိုင်ခြေ အလွန်နည်းနေပြီး မာဆေးဆိုက် အသင်းအနေနဲ့ လက်ရှိသတ်မှတ်ဈေး ပေါင်သန်း ၁၅၀ လောက်ကို သုံးမှာ မဟုတ်သလို လာမယ့်နွေရာသီအထိ စောင့်ဆိုင်းရင်လည်း တခြားအသင်းတွေက ကြားဖြတ်ခေါ်ယူသွားတာပဲ ပိုဖြစ်နိုင်ကြောင်း ဖာဘရီဇီယို ရိုမာနို ထောက်ပြသွား။


– လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားက ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်တွေ့ဆုံပြီး ဆာဂျီယို ရာမို့စ်ကို အနိုင်ယူဖို့ဟာ ပွဲအတွက် ပိုမို စိတ်အားထက်သန်စေတဲ့ တွန်းအားဖြစ်စေပြီး ဒီတစ်ကြိမ်မှာ စပိန်ကလပ်ကို ဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းမယ်လို့ ဆိုသွားခဲ့။


– လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတဲ့ ဆီဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား လူးကပ်စ် အိုကမ်ပို့စ်က သူ့အနေနဲ့ ဒီအသင်းမှာ ပျော်ရွှင်နေပြီး ဒီအသင်းနဲ့ အနာတ်ကို ရှေ့ဆက်သွားဖို့ကို သဘောကျကြောင်း ပြောကြားသွားခဲ့ပြီး အာဂျင်တီးနားသားအနေနဲ့ ပေါင် ၆၂ သန်းတန် လျော်ကြေးစာချုပ်ရှိနေတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
– လီဗာပူးလ္အသင္းကေန ထြက္ခြာလာခဲ့အၿပီး ပရီးမီးယားလိဂ္ကလပ္ ဘ႐ိုက္တန္အသင္းဆီမွာ ကစားေနခဲ့တဲ့ ကြင္းလယ္လူ အဒမ္ လယ္လာနာက သူ႔ရဲ႕ လက္ရွိအသင္းေဖာ္ ေနာက္ခံလူ ဘန္ဝႈိက္အေနနဲ႔ အန္းဖီးလ္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနတယ္လို႔ ထုတ္ေဖာ္သြားခဲ့။


– အသင္းရဲ႕ အားမကိုးရတဲ့ ဗဟိုခံစစ္သမားေတြကို ေရာင္းထုတ္လိုက္ရင္ ဗန္ဒိုက္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ ႏွစ္ေယာက္ပဲ က်န္မွာ ျဖစ္တဲ့အတြက္ ဒီေနရာအတြက္ နာပိုလီက အေကာင္းဆုံးအခ်ိန္ကို ေရာက္ေနတဲ့ ခါလီဒူး ကူလီေဘလီကို ေခၚယူဖို႔ လီဗာပူးလ္တို႔ ဦးေဆာင္ေနၿပီး တိုက္စစ္မႉး ဆာဒီယို မာေနးနဲ႔ ဆီနီေဂါသားခ်င္း ဆုံဆည္းဖို႔ရွိေန။


– လာမယ့္ရာသီကုန္မွာ မန္ခ်က္စတာစီးတီးအသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ေခၚယူႏိုင္ဖို႔ ခ်ဲလ္ဆီးနဲ႔ အၿပိဳင္ လီဗာပူးလ္အသင္းအေနနဲ႔ ေစာင့္ၾကည့္ေနၿပီး တိုက္စစ္မွာ ဝါရင့္သမာၻရင့္ အေတြ႕အႀကဳံေတြကို ေပါင္းစပ္သြားႏိုင္ဖို႔ စဥ္းစားေန။


– ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ ကြာတားဖိုင္နယ္ေတြ႕ဆုံမႈအတြက္ တိုက္စစ္မႉး မိုဟာမက္ ဆားလားကို မီဒီယာသမားေတြက ေမးခြန္းေတြ ေမးျမန္းခဲ့ရာမွာ ဘယ္ၿပိဳင္ဘက္ကစားသမားက လီဗာပူးလ္အသင္းကို ေရာက္လာရင္ အသင္းအေနနဲ႔ ပိုမိုတိုးတက္လာႏိုင္သလဲဆိုတဲ့ ေမးခြန္းကို ဘယ္သူကမွ လက္ရွိကစားသမားေတြေလာက္ မေကာင္းဘူးလို႔ တုံ႔ျပန္သြားခဲ့။


– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ေႏြရာသီပစ္မွတ္ေတြထဲမွာ စပိန္လာလီဂါရဲ႕ အျမန္ဆုံးေနာက္ခံလူလို႔ နာမည္ႀကီးေနတဲ့ ဗီလာရီးရဲလ္ခံစစ္မႉး ေပၚေတာရက္စ္လည္း ပါဝင္ေနၿပီး ဘာစီလိုနာ၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔အၿပိဳင္ ေခၚယူသြားႏိုင္ဖို႔ ေစာင့္ၾကည့္ေန။


– ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းက RB လိုက္ပ္ဇစ္ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကို ေပါင္ ၃၃ သန္းနဲ႔ ေခၚယူႏိုင္ေတာ့မယ္လို႔ သတင္း ထြက္ေပၚေနမႈအေပၚ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူက အသင္းႀကီးေလးငါးသင္းဆီက ကမ္းလွမ္းမႈ ရရွိထားတယ္လို႔ ဆိုသလိုက္သလို ေနာက္ဆက္တြဲသတင္းေတြမွာေတာ့ ျပင္သစ္သားကို ေဆးစစ္မႈ ေအာင္ျမင္ထားတယ္လို႔ ဆိုေန။


– လီဗာပူးလ္အသင္းနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းတို႔ရဲ႕ ဆုံစည္းႏိုင္ေျခက ျဖစ္ႏိုင္ေျခ အလြန္နည္းေနၿပီး မာေဆးဆိုက္ အသင္းအေနနဲ႔ လက္ရွိသတ္မွတ္ေဈး ေပါင္သန္း ၁၅၀ ေလာက္ကို သုံးမွာ မဟုတ္သလို လာမယ့္ေႏြရာသီအထိ ေစာင့္ဆိုင္းရင္လည္း တျခားအသင္းေတြက ၾကားျဖတ္ေခၚယူသြားတာပဲ ပိုျဖစ္ႏိုင္ေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ေထာက္ျပသြား။


– လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားက ရီးရဲလ္မက္ဒရစ္နဲ႔ ျပန္လည္ေတြ႕ဆုံၿပီး ဆာဂ်ီယို ရာမို႔စ္ကို အႏိုင္ယူဖို႔ဟာ ပြဲအတြက္ ပိုမို စိတ္အားထက္သန္ေစတဲ့ တြန္းအားျဖစ္ေစၿပီး ဒီတစ္ႀကိမ္မွာ စပိန္ကလပ္ကို ျဖတ္ေက်ာ္ၿပီး ဆီမီးဖိုင္နယ္ကို တက္လွမ္းမယ္လို႔ ဆိုသြားခဲ့။


– လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတဲ့ ဆီဗီလာအသင္းရဲ႕ ကြင္းလယ္ကစားသမား လူးကပ္စ္ အိုကမ္ပို႔စ္က သူ႔အေနနဲ႔ ဒီအသင္းမွာ ေပ်ာ္႐ႊင္ေနၿပီး ဒီအသင္းနဲ႔ အနာတ္ကို ေရွ႕ဆက္သြားဖို႔ကို သေဘာက်ေၾကာင္း ေျပာၾကားသြားခဲ့ၿပီး အာဂ်င္တီးနားသားအေနနဲ႔ ေပါင္ ၆၂ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ရွိေနတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.