Premier League Transfer News

30 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– သူ့ရဲ့ ကစားသမားဘဝမှာ ဇလာတန် အီဘရာမိုဗစ်ချ်က သင်ကြားပေးခဲ့တာမျိုး မရှိပေမယ့် သူ့ရဲ့ ဘာကိုမှ ဂရုမစိုက်ဘဲ ကိုယ့်အလုပ် ကိုယ်လုပ်တတ်တဲ့ စိတ်နေစိတ်ထားကိုတော့ မြင်ဆရာအဖြစ် သတ်မှတ်ခဲ့ရပြီး ဂျိုဆေး မော်ရင်ညိုလို နည်းပြလက်အောက်မှာ အေးအေးဆေးဆေးနေနိုင်တာကို အားကျမိခဲ့ရတယ်လို့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပြောကြား။


– မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို အသင်းကနေ စာချုပ်သက်တမ်း မတိုးဘဲ ထွက်ခွင့်ပေးလိုက်တာဟာ အာလင်း ဟားလန်းကို ခေါ်ယူတော့မယ်လို့ စစ်ကြေငြာလိုက်တဲ့ သဘောဖြစ်ပြီး ဒီပွဲမှာ အပြိုင်မခေါ်ယူနိုင်ဘဲ ရှုံးခဲ့ရင် လာမယ့်ရာသီမှာ ပြိုင်ပွဲအားလုံးက ထွက်ထားတာက ပိုကောင်းမှာဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက အသင်းတာဝန်ရှိသူတွေကို ဆွပေးခဲ့ကြ။


– တူရင်ကလပ် ဂျူဗင်တပ်စ်အနေနဲ့ နွေရာသီမှာ ယူနိုက်တက်ဆီကို သူတို့ရဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ရောင်းချပေးဖို့ စိတ်အား ထက်သန်စွာ ကမ်းလှမ်းပေးနိုင်ပြီး ဒါမှလည်း သူတို့လိုချင်တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက် ပေါင်သန်းဆယ်ဂဏန်းအနည်းငယ်နဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ဆိုနေကြ။


– မန်ချက်စတာယူနိုက်တက်ရဲ့ မသိဘူး ပြေးမယ်ဆိုတဲ့ တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ဟာ လီဗာပူးလ်ပရိသတ်တစ်ယောက် ဖြစ်ကြောင်း စကိုင်းပို့စ်တင်ဆက်သူ ဂျင်မ် ဝှိုက်ရဲ့ ထုတ်ဖော်မှုကို ကာယကံရှင်က မဟုတ်ကြောင်း ငြင်းဆန်လိုက်ပြီး ဖြစ်ချင်းဖြစ်ရင် ဒီဒီယေး ဒရော့ဘာ၊ အီဒင် ဟာဇတ်နဲ့ ဟွမ်မာတာတို့ကို ကြိုက်နှစ်သက်တဲ့ ချဲလ်ဆီးက ပိုဖြစ်နိုင်ကြောင်း တုံ့ပြန်သွားခဲ့။


– ယူနိုက်တက်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာရဲ့ မိခင်ဖြစ်သူ မာတာ ဂါစီယာဟာ ကာလကြာရှည် ကျန်းမာရေးချို့ယွင်းခဲ့အပြီး မနေ့က စပိန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး စပိန်သားရဲ့ အသင်းဖော်တွေနဲ့ ကစားဖော်ဟောင်းများစွာက ဆုတောင်းစကားနဲ့ ဝမ်းနည်းစကားတွေ ပြောကြားခဲ့ကြ။


– ပြင်သစ်အသင်းနဲ့ ကာဇက်စတန်အသင်းတို့ပွဲမှာ ဘယ်ဘက်ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်အနေနဲ့ ဘော့စနီးယားနဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပြန်ကစားရမယ့် ဘရိုက်တန်နဲ့ပွဲအမီ ပါဝင်နိုင်အောင်ကိုတော့ ကြိုးစားရမှာဖြစ်ကြောင်း သိရ။


– ပြီးခဲ့တဲ့ နှစ်တွေအတွင်းက အင်္ဂလန်အသင်းက ခေါ်ယူမယ်လုပ်တိုင်း ဒဏ်ရာကို စိတ်မချလို့ အခေါ်မခံဘဲ သတင်းမပို့ခဲ့တာနဲ့ တာဝန်ရှိသူတွေကို စိတ်ပျက်စေမိခဲ့တာအတွက် နောင်တရမိကြောင်းနဲ့ သဘောထားကြီးတဲ့ နည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်ပေးတဲ့ ဒုတိယအကြိမ် အခွင့်အရေးမှာ ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ယူနိုက်တက်နောက်ခံလူ လုခ်ရှော ပြောကြား။


– အသင်းရဲ့ အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့ကို လာမယ့်ရာသီမှာ အသင်းမှာ ကစားခွင့် မပေးနိုင်သေးဘူးဆိုရင်လည်း တစ်ရာသီ ထပ်မံအငှားချသွားဖို့ကိုပဲ စဉ်းစားမှာဖြစ်ပြီး အပြီးသတ်ရောင်းချသွားမှာ မဟုတ်ကြောင်း သိရ။


– အာလင်း ဟားလန်းကို ဂဏန်းငြိမ်မယ့် ဒေါ့မွန်ဆီ ပို့ဆောင်ခဲ့တာဟာ မိမိရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာ သူ့ကို လူငယ်တစ်ယောက်မို့လို့ မယုံကြည်ခဲ့ကြသူတွေအနေနဲ့ ငွေကြေးများစွာ ကုန်ကျရလိမ့်မယ်လို့ အေးဂျင့် မီနို ရိုင်ယိုလာက မန်ချက်စတာယူနိုက်တက်ကို ပစ်မှတ်ထားပြီး တူးဆွသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
– သူ႔ရဲ႕ ကစားသမားဘဝမွာ ဇလာတန္ အီဘရာမိုဗစ္ခ်္က သင္ၾကားေပးခဲ့တာမ်ိဳး မရွိေပမယ့္ သူ႔ရဲ႕ ဘာကိုမွ ဂ႐ုမစိုက္ဘဲ ကိုယ့္အလုပ္ ကိုယ္လုပ္တတ္တဲ့ စိတ္ေနစိတ္ထားကိုေတာ့ ျမင္ဆရာအျဖစ္ သတ္မွတ္ခဲ့ရၿပီး ဂ်ိဳေဆး ေမာ္ရင္ညိဳလို နည္းျပလက္ေအာက္မွာ ေအးေအးေဆးေဆးေနႏိုင္တာကို အားက်မိခဲ့ရတယ္လို႔ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ေျပာၾကား။


– ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို အသင္းကေန စာခ်ဳပ္သက္တမ္း မတိုးဘဲ ထြက္ခြင့္ေပးလိုက္တာဟာ အာလင္း ဟားလန္းကို ေခၚယူေတာ့မယ္လို႔ စစ္ေၾကျငာလိုက္တဲ့ သေဘာျဖစ္ၿပီး ဒီပြဲမွာ အၿပိဳင္မေခၚယူႏိုင္ဘဲ ရႈံးခဲ့ရင္ လာမယ့္ရာသီမွာ ၿပိဳင္ပြဲအားလုံးက ထြက္ထားတာက ပိုေကာင္းမွာျဖစ္ေၾကာင္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက အသင္းတာဝန္ရွိသူေတြကို ဆြေပးခဲ့ၾက။


– တူရင္ကလပ္ ဂ်ဴဗင္တပ္စ္အေနနဲ႔ ေႏြရာသီမွာ ယူႏိုက္တက္ဆီကို သူတို႔ရဲ႕ တိုက္စစ္မႉး ေပၚလို ဒီဘားလားကို ေရာင္းခ်ေပးဖို႔ စိတ္အား ထက္သန္စြာ ကမ္းလွမ္းေပးႏိုင္ၿပီး ဒါမွလည္း သူတို႔လိုခ်င္တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ ေပါင္သန္းဆယ္ဂဏန္းအနည္းငယ္နဲ႔ ေခၚယူႏိုင္မွာျဖစ္တယ္လို႔ဆိုေနၾက။


– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ မသိဘူး ေျပးမယ္ဆိုတဲ့ ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ဟာ လီဗာပူးလ္ပရိသတ္တစ္ေယာက္ ျဖစ္ေၾကာင္း စကိုင္းပို႔စ္တင္ဆက္သူ ဂ်င္မ္ ဝႈိက္ရဲ႕ ထုတ္ေဖာ္မႈကို ကာယကံရွင္က မဟုတ္ေၾကာင္း ျငင္းဆန္လိုက္ၿပီး ျဖစ္ခ်င္းျဖစ္ရင္ ဒီဒီေယး ဒေရာ့ဘာ၊ အီဒင္ ဟာဇတ္နဲ႔ ဟြမ္မာတာတို႔ကို ႀကိဳက္ႏွစ္သက္တဲ့ ခ်ဲလ္ဆီးက ပိုျဖစ္ႏိုင္ေၾကာင္း တုံ႔ျပန္သြားခဲ့။


– ယူႏိုက္တက္အသင္းရဲ႕ ဝါရင့္ကြင္းလယ္လူ ဟြမ္မာတာရဲ႕ မိခင္ျဖစ္သူ မာတာ ဂါစီယာဟာ ကာလၾကာရွည္ က်န္းမာေရးခ်ိဳ႕ယြင္းခဲ့အၿပီး မေန႔က စပိန္ႏိုင္ငံမွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ၿပီး စပိန္သားရဲ႕ အသင္းေဖာ္ေတြနဲ႔ ကစားေဖာ္ေဟာင္းမ်ားစြာက ဆုေတာင္းစကားနဲ႔ ဝမ္းနည္းစကားေတြ ေျပာၾကားခဲ့ၾက။


– ျပင္သစ္အသင္းနဲ႔ ကာဇက္စတန္အသင္းတို႔ပြဲမွာ ဘယ္ဘက္ဒူးဒဏ္ရာ ရရွိသြားခဲ့တဲ့ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္အေနနဲ႔ ေဘာ့စနီးယားနဲ႔ပြဲကို လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ျပန္ကစားရမယ့္ ဘ႐ိုက္တန္နဲ႔ပြဲအမီ ပါဝင္ႏိုင္ေအာင္ကိုေတာ့ ႀကိဳးစားရမွာျဖစ္ေၾကာင္း သိရ။


– ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းက အဂၤလန္အသင္းက ေခၚယူမယ္လုပ္တိုင္း ဒဏ္ရာကို စိတ္မခ်လို႔ အေခၚမခံဘဲ သတင္းမပို႔ခဲ့တာနဲ႔ တာဝန္ရွိသူေတြကို စိတ္ပ်က္ေစမိခဲ့တာအတြက္ ေနာင္တရမိေၾကာင္းနဲ႔ သေဘာထားႀကီးတဲ့ နည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္ေပးတဲ့ ဒုတိယအႀကိမ္ အခြင့္အေရးမွာ ေက်းဇူးဆပ္ႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ ယူႏိုက္တက္ေနာက္ခံလူ လုခ္ေရွာ ေျပာၾကား။


– အသင္းရဲ႕ အမႈေဆာင္ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္အေနနဲ႔ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကို လာမယ့္ရာသီမွာ အသင္းမွာ ကစားခြင့္ မေပးႏိုင္ေသးဘူးဆိုရင္လည္း တစ္ရာသီ ထပ္မံအငွားခ်သြားဖို႔ကိုပဲ စဥ္းစားမွာျဖစ္ၿပီး အၿပီးသတ္ေရာင္းခ်သြားမွာ မဟုတ္ေၾကာင္း သိရ။


– အာလင္း ဟားလန္းကို ဂဏန္းၿငိမ္မယ့္ ေဒါ့မြန္ဆီ ပို႔ေဆာင္ခဲ့တာဟာ မိမိရဲ႕ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္းနဲ႔ လက္ရွိအခ်ိန္မွာ သူ႔ကို လူငယ္တစ္ေယာက္မို႔လို႔ မယုံၾကည္ခဲ့ၾကသူေတြအေနနဲ႔ ေငြေၾကးမ်ားစြာ ကုန္က်ရလိမ့္မယ္လို႔ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာက မန္ခ်က္စတာယူႏိုက္တက္ကို ပစ္မွတ္ထားၿပီး တူးဆြသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.