Premier League Transfer News

29 Mar နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ သွားရောက်ကစားနေခဲ့တဲ့ လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းရဲ့ ကြံ့ခိုင်မှုအတွက် စိတ်ပူစရာဖြစ်လာခဲ့ပြီး အုပ်စုက ပြုတ်ဖို့ နီးစပ်နေတဲ့ အသင်းအတွက် ခရိုအေးရှား ယူ-၂၁ နဲ့ ကစားမယ့် ပွဲမှာလည်း ပါဝင်ပေးနိုင်ခြေ နည်းပါးနေ။

– ပြီးခဲ့တဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကို ပြန်မတွေးချင်တော့ကြောင်းနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ပြီး ရုန်းကန်ခဲ့ရတာ မှန်ပေမယ့် လက်ရှိအချိန်ကစပြီး အနာဂတ်အတွက် အကောင်းတွေချည်း လာတော့မယ်ဆိုတာ ယုံကြည်ထားချင်ကြောင်း ကွင်းလယ်လူ ဟာဗတ်ဇ် ပြောကြား။

– ချဲလ်ဆီးအသင်းအနေနဲ့ လီဗာပူးလ်အသင်းနဲ့အပြိုင် အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ရီးရဲလ်မက်ဒရစ်ကနေ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး နော်ဝေအသင်းခေါင်းဆောင်ကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ပစ်မှတ်ထားနေ။

– နော်ဝေသားချင်းမို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရှိရာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေအပေါ် ဖခင်ဖြစ်သူ အယ်လ်ဖင်း ဟားလန်းက ပယ်ချသွားခဲ့ပြီး သူ့ရဲ့သား အာလင်းအနေနဲ့ အသင်းတစ်သင်းရဲ့ ပုံစံကောင်းနဲ့ ရည်မှန်းချက်တွေကိုပဲ ကြည့်မှာဖြစ်တယ်လို့ ချဲလ်ဆီးအတွက် အလေးသာစေမယ့် စကားကို ဆိုခဲ့။

– ဖီကာယို တိုမိုရီဟာ အလားအလာရှိတဲ့ အငှားခေါ်ယူမှု်အဖြစ်ကနေ ဆန်စီရိုမှာ ပထမပွဲထွက်နောက်ခံလူနေရာက ဘာအကြောင်းနဲ့မှ ပယ်ချလို့မရတဲ့ အရေးပါသူတစ်ဦးဖြစ်လာခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းအနေနဲ့တော့ သူ့ကို ပြန်ရနိုင်ဖို့ မလွယ်ဘဲ ယူရို ၂၈ သန်းကိုပဲ ပြန်ရနိုင်တယ်လို့ ကယ်လ်စီယို မာကာတိုရေးသား။

– ဝတ်ဖို့ဒ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေပေမယ့် အသက်အရွယ်အရ ပွဲများများ ကစားခွင့် မရတော့ဘဲ ဘောလုံး ဝေဖန်သူအဖြစ် အချိန်ပိုင်းလုပ်ကိုင်နေတဲ့ ထရွိုင် ဒီးနီက အင်္ဂလန်အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် အာရွန် ဝန်ဘစ်ဆာကာက ရီးစ် ဂျိမ်းစ်ထက် ပိုကောင်းတယ်လို့ သုံးသပ်သွားခဲ့။

– ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်နဲ့ အက်စ်တန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်တို့အနေနဲ့ ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ သွင်းဂိုးအတွက် အင်စတာဂရမ်မှာ ချီးကျူးခဲ့ကြပြီး ပရိသတ်တွေကတော့ သူတို့နှစ်ဦးစလုံး စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာတာကို မြင်တွေ့လိုနေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူး တီမို ဗာနာကို အားလင်း ဟားလန်းအတွက် အလိုက်ပေးမှုအဖြစ် အသုံးပြုသွားဖို့ စီစဉ်နေတာ မဟုတ်ကြောင်းနဲ့ ဒေါ့မွန်တိုက်စစ်မှူးကို မရရင် အင်တာမီလန်ရဲ့ ရိုမီလူ လူကာကူးကိုသာ ခေါ်ယူဖို့ ရှိနေပြီး ဂျာမန်သားအတွက် နည်းပြ သောမတ်စ် တူဟယ်လ်မှာ အစီစဉ်တွေ ရှိနေသေးကြောင်း တယ်လီဂရပ်ဖ်ထုတ်ဖော်။

– ချဲလ်ဆီးအသင်းရဲ့ ခံစစ်သုံးယောက်တန်းကစားပုံမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်လာစေနိုင်တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖိုနိုင်ဖို့ နီးစပ်လာနေပြီး ဩစတြီးယားကစားသမားရဲ့ အေးဂျင့်ဖြစ်သူဘက်က မီးစိမ်းပြလိုက်ပြီလို့ သတင်း ထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အဂၤလန္ ယူ-၂၁ အသင္းနဲ႔အတူ သြားေရာက္ကစားေနခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ ႀကံ့ခိုင္မႈအတြက္ စိတ္ပူစရာျဖစ္လာခဲ့ၿပီး အုပ္စုက ျပဳတ္ဖို႔ နီးစပ္ေနတဲ့ အသင္းအတြက္ ခ႐ိုေအးရွား ယူ-၂၁ နဲ႔ ကစားမယ့္ ပြဲမွာလည္း ပါဝင္ေပးႏိုင္ေျခ နည္းပါးေန။

– ၿပီးခဲ့တဲ့ ဆိုး႐ြားတဲ့ အေတြ႕အႀကဳံေတြကို ျပန္မေတြးခ်င္ေတာ့ေၾကာင္းနဲ႔ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ၿပီး ႐ုန္းကန္ခဲ့ရတာ မွန္ေပမယ့္ လက္ရွိအခ်ိန္ကစၿပီး အနာဂတ္အတြက္ အေကာင္းေတြခ်ည္း လာေတာ့မယ္ဆိုတာ ယုံၾကည္ထားခ်င္ေၾကာင္း ကြင္းလယ္လူ ဟာဗတ္ဇ္ ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ လီဗာပူးလ္အသင္းနဲ႔အၿပိဳင္ အာဆင္နယ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ရီးရဲလ္မက္ဒရစ္ကေန အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ေနာ္ေဝအသင္းေခါင္းေဆာင္ကို ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ ပစ္မွတ္ထားေန။

– ေနာ္ေဝသားခ်င္းမို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရွိရာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ႏိုင္တယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြအေပၚ ဖခင္ျဖစ္သူ အယ္လ္ဖင္း ဟားလန္းက ပယ္ခ်သြားခဲ့ၿပီး သူ႔ရဲ႕သား အာလင္းအေနနဲ႔ အသင္းတစ္သင္းရဲ႕ ပုံစံေကာင္းနဲ႔ ရည္မွန္းခ်က္ေတြကိုပဲ ၾကည့္မွာျဖစ္တယ္လို႔ ခ်ဲလ္ဆီးအတြက္ အေလးသာေစမယ့္ စကားကို ဆိုခဲ့။

– ဖီကာယို တိုမိုရီဟာ အလားအလာရွိတဲ့ အငွားေခၚယူမႈ္အျဖစ္ကေန ဆန္စီ႐ိုမွာ ပထမပြဲထြက္ေနာက္ခံလူေနရာက ဘာအေၾကာင္းနဲ႔မွ ပယ္ခ်လို႔မရတဲ့ အေရးပါသူတစ္ဦးျဖစ္လာခဲ့တဲ့အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ သူ႔ကို ျပန္ရႏိုင္ဖို႔ မလြယ္ဘဲ ယူ႐ို ၂၈ သန္းကိုပဲ ျပန္ရႏိုင္တယ္လို႔ ကယ္လ္စီယို မာကာတိုေရးသား။

– ဝတ္ဖို႔ဒ္အသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ရွိေနေပမယ့္ အသက္အ႐ြယ္အရ ပြဲမ်ားမ်ား ကစားခြင့္ မရေတာ့ဘဲ ေဘာလုံး ေဝဖန္သူအျဖစ္ အခ်ိန္ပိုင္းလုပ္ကိုင္ေနတဲ့ ထ႐ြိဳင္ ဒီးနီက အဂၤလန္အသင္းရဲ႕ ညာေနာက္ခံလူေနရာအတြက္ အာ႐ြန္ ဝန္ဘစ္ဆာကာက ရီးစ္ ဂ်ိမ္းစ္ထက္ ပိုေကာင္းတယ္လို႔ သုံးသပ္သြားခဲ့။

– ဝက္စ္ဟမ္းအသင္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္နဲ႔ အက္စ္တန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္တို႔အေနနဲ႔ ခ်ဲလ္ဆီး ကြင္းလယ္လူ ေမဆန္ေမာင့္ကို အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႔ သြင္းဂိုးအတြက္ အင္စတာဂရမ္မွာ ခ်ီးက်ဴးခဲ့ၾကၿပီး ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ဦးစလုံး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာတာကို ျမင္ေတြ႕လိုေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ တိုက္စစ္မႉး တီမို ဗာနာကို အားလင္း ဟားလန္းအတြက္ အလိုက္ေပးမႈအျဖစ္ အသုံးျပဳသြားဖို႔ စီစဥ္ေနတာ မဟုတ္ေၾကာင္းနဲ႔ ေဒါ့မြန္တိုက္စစ္မႉးကို မရရင္ အင္တာမီလန္ရဲ႕ ႐ိုမီလူ လူကာကူးကိုသာ ေခၚယူဖို႔ ရွိေနၿပီး ဂ်ာမန္သားအတြက္ နည္းျပ ေသာမတ္စ္ တူဟယ္လ္မွာ အစီစဥ္ေတြ ရွိေနေသးေၾကာင္း တယ္လီဂရပ္ဖ္ထုတ္ေဖာ္။

– ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္သုံးေယာက္တန္းကစားပုံမွာ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈကို ျဖစ္လာေစႏိုင္တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူဖိုႏိုင္ဖို႔ နီးစပ္လာေနၿပီး ဩစႀတီးယားကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူဘက္က မီးစိမ္းျပလိုက္ၿပီလို႔ သတင္း ထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.