Premier League

ငါးနှစ်အတွင်း ဘယ်လွန်ဒေါဆုရှင်အဖြစ် မက်ဆီလို အောင်မြင်မယ့်သူလို့ ချီးကျူးခံလိုက်ရတဲ့ ဂျယ်လို

အတ္တလန်တာအကယ်ဒမီကနေ ထွက်ပေါ်လာပြီး မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အာဖရိကန်လူငယ်ကြယ်ပွင့် အာမက် ဂျယ်လိုဟာ သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ မြင့်မားတဲ့ ဘောလုံးခံယူချက်ကြောင့် လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ နေ့စဉ် ချီးကျူးခံနေရသူဖြစ်ပြီး ပါရမီသန်လှတဲ့ ခြေစွမ်းကြောင့် ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားကြီးဖြစ်လာမယ်လို့ သူ့ရဲ့အနာဂတ်ကို အထင်ကြီးခံရသူဖြစ်ပါတယ်။

ယူနိုက်တက်မှာ အသင်းကြီးနဲ့အတူ ပွဲထွက်ခွင့်အနည်းငယ်သာ ရရှိထားပေမယ့် အဆိပ်ရှိတဲ့ ခြေစွမ်းနဲ့ မာကျောမှုက ထင်းခနဲဖြစ်နေပြီး အခုလတွင်းမှာပဲ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းကြီးရဲ့ ရွေးချယ်တော်ကောက်ခြင်းကို ခံထားရတာဖြစ်ပါတယ်။

သူ့ရဲ့ အနေအထားကို စင်တင်ပေးခဲ့သူဖြစ်တဲ့ စီးရီးစီ လူခီးစီအသင်းရဲ့ အားကစားဒါရိုက်တာ၊ အေစီမီလန်နဲ့ အီတလီဂိုးသမားဟောင်းကြီး ဂျိုဗန်နီ ဂယ်လီက အာမက် ဂျယ်လိုအနေနဲ့ ရှေ့လာမယ့် ၅ နှစ်အတွင်းမှာ ဘယ်လွန်ဒေါဆုရှင်ဖြစ်လာမယ့်သူလို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ဂယ်လီဟာ အာမက်ကို ဘိုကာဘာကိုအသင်းကနေ စီးရီးအေ အတ္တလန်တာအသင်းထံ ပို့ဆောင်ပေးခဲ့ပြီးနောက် စီးရီးအေရဲ့ အတောက်ပဆုံး အနာဂတ်ကြယ်ပွင့်အဖြစ် ကျော်ကြားစေခဲ့သလို လက်ရှိမှာလည်း ပရီးမီးယားလိဂ်ရဲ့ လူငယ်ကြယ်ပွင့်ဖြစ်လာစေခဲ့သူလို့ သတ်မှတ်ရမှာပါ။

“အာမက်က သူမတူတဲ့ခြေစွမ်းနဲ့ သိပ်ကို ထူးခြားတဲ့ ကစားသမားပါ။ တခြားကစားသမားတွေထက် ထူးခြားစေတဲ့ အရည်အသွေးက သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့ လျင်မြန်မှုပါပဲ။ ဒီလျင်မြန်မှုကို အထိခိုက်မခံဘဲ ဆက်လက်ထိန်းသိမ်းထားနိုင်ရင် သူ့မှာ ရှေ့လာမယ့် ၅ နှစ်အတွင်း ဘယ်လွန်ဒေါဆုရှင်ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အသွေးတွေအားလုံးကို ပိုင်ဆိုင်ထားပါတယ်”

“သူ့ကစားပုံကို ပြောရရင် သူက မက်ဆီလို ကစားသမားမျိုးပါ။ ပြိုင်ဘက်ခံစစ်မှူးတွေက သူ့ကို ဝိုင်းကန်ကျောက်မှသာ ရပ်တန့်လိုက်နိုင်ကြလိမ့်မယ်။ ပါရမီတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကိုတော့ အာမက်အနေနဲ့ နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ကြိုးစားအားထုတ်စရာမှု အများကြီးလုပ်သွားရမယ်။ ဘောလုံးကစားရင်လည်း အသင်းလိုက်ကစားနိုင်ဖို့ ကြိုးစားသွားရပါမယ်”လို့ ဂယ်လီက အာမက် ဂျယ်လိုနဲ့ ပတ်သက်ပြီး မှတ်ချက်နဲ့ အကြံပေးစကား ပြောဆိုသွားခဲ့ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တဲ့ ဂျယ်လိုဟာ ဒီမှတ်တမ်းကို ရရှိဖို့ သူ့ရဲ့ အစ်ကိုဖြစ်သူ ဆာဆူအိုလိုကစားသမား ဟာမက် ဂျူနီယာ ထရာအိုရေးရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အမည်ကိုတော့ ၂၀၂၀ စက်တင်ဘာလမှာ “အာမက် ဂျယ်လို”လို့ ထရာအိုရေးအမည်ကို ဖြုတ်ချပြီး တရားဝင် မှတ်ပုံတင်ထားခဲ့တာကြောင့် ပရိသတ်တွေ သိရှိနိုင်ကြဖို့ ဖော်ပြအသိပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အတၱလန္တာအကယ္ဒမီကေန ထြက္ေပၚလာၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ အာဖရိကန္လူငယ္ၾကယ္ပြင့္ အာမက္ ဂ်ယ္လိုဟာ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈ၊ ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ ျမင့္မားတဲ့ ေဘာလုံးခံယူခ်က္ေၾကာင့္ ေလ့က်င့္ေရးအစီအစဥ္တိုင္းမွာ ေန႔စဥ္ ခ်ီးက်ဴးခံေနရသူျဖစ္ၿပီး ပါရမီသန္လွတဲ့ ေျခစြမ္းေၾကာင့္ ေဘာလုံးေလာကရဲ႕ အထင္ကရ ကစားသမားႀကီးျဖစ္လာမယ္လို႔ သူ႔ရဲ႕အနာဂတ္ကို အထင္ႀကီးခံရသူျဖစ္ပါတယ္။

ယူႏိုက္တက္မွာ အသင္းႀကီးနဲ႔အတူ ပြဲထြက္ခြင့္အနည္းငယ္သာ ရရွိထားေပမယ့္ အဆိပ္ရွိတဲ့ ေျခစြမ္းနဲ႔ မာေက်ာမႈက ထင္းခနဲျဖစ္ေနၿပီး အခုလတြင္းမွာပဲ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္အသင္းႀကီးရဲ႕ ေ႐ြးခ်ယ္ေတာ္ေကာက္ျခင္းကို ခံထားရတာျဖစ္ပါတယ္။

သူ႔ရဲ႕ အေနအထားကို စင္တင္ေပးခဲ့သူျဖစ္တဲ့ စီးရီးစီ လူခီးစီအသင္းရဲ႕ အားကစားဒါ႐ိုက္တာ၊ ေအစီမီလန္နဲ႔ အီတလီဂိုးသမားေဟာင္းႀကီး ဂ်ိဳဗန္နီ ဂယ္လီက အာမက္ ဂ်ယ္လိုအေနနဲ႔ ေရွ႕လာမယ့္ ၅ ႏွစ္အတြင္းမွာ ဘယ္လြန္ေဒါဆုရွင္ျဖစ္လာမယ့္သူလို႔ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

ဂယ္လီဟာ အာမက္ကို ဘိုကာဘာကိုအသင္းကေန စီးရီးေအ အတၱလန္တာအသင္းထံ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ စီးရီးေအရဲ႕ အေတာက္ပဆုံး အနာဂတ္ၾကယ္ပြင့္အျဖစ္ ေက်ာ္ၾကားေစခဲ့သလို လက္ရွိမွာလည္း ပရီးမီးယားလိဂ္ရဲ႕ လူငယ္ၾကယ္ပြင့္ျဖစ္လာေစခဲ့သူလို႔ သတ္မွတ္ရမွာပါ။

“အာမက္က သူမတူတဲ့ေျခစြမ္းနဲ႔ သိပ္ကို ထူးျခားတဲ့ ကစားသမားပါ။ တျခားကစားသမားေတြထက္ ထူးျခားေစတဲ့ အရည္အေသြးက သူ႔ရဲ႕ နည္းစနစ္ပိုင္း ကြၽမ္းက်င္မႈနဲ႔ လ်င္ျမန္မႈပါပဲ။ ဒီလ်င္ျမန္မႈကို အထိခိုက္မခံဘဲ ဆက္လက္ထိန္းသိမ္းထားႏိုင္ရင္ သူ႔မွာ ေရွ႕လာမယ့္ ၅ ႏွစ္အတြင္း ဘယ္လြန္ေဒါဆုရွင္ျဖစ္လာဖို႔ လိုအပ္တဲ့ အရည္အေသြးေတြအားလုံးကို ပိုင္ဆိုင္ထားပါတယ္”

“သူ႔ကစားပုံကို ေျပာရရင္ သူက မက္ဆီလို ကစားသမားမ်ိဳးပါ။ ၿပိဳင္ဘက္ခံစစ္မႉးေတြက သူ႔ကို ဝိုင္းကန္ေက်ာက္မွသာ ရပ္တန႔္လိုက္ႏိုင္ၾကလိမ့္မယ္။ ပါရမီတစ္ခုတည္းနဲ႔ မလုံေလာက္ဘူးဆိုတာကိုေတာ့ အာမက္အေနနဲ႔ နားလည္သေဘာေပါက္ထားဖို႔ လိုအပ္ပါတယ္။ ႀကိဳးစားအားထုတ္စရာမႈ အမ်ားႀကီးလုပ္သြားရမယ္။ ေဘာလုံးကစားရင္လည္း အသင္းလိုက္ကစားႏိုင္ဖို႔ ႀကိဳးစားသြားရပါမယ္”လို႔ ဂယ္လီက အာမက္ ဂ်ယ္လိုနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္နဲ႔ အႀကံေပးစကား ေျပာဆိုသြားခဲ့ပါတယ္။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္အသင္းရဲ႕ အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့တဲ့ ဂ်ယ္လိုဟာ ဒီမွတ္တမ္းကို ရရွိဖို႔ သူ႔ရဲ႕ အစ္ကိုျဖစ္သူ ဆာဆူအိုလိုကစားသမား ဟာမက္ ဂ်ဴနီယာ ထရာအိုေရးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အမည္ကိုေတာ့ ၂၀၂၀ စက္တင္ဘာလမွာ “အာမက္ ဂ်ယ္လို”လို႔ ထရာအိုေရးအမည္ကို ျဖဳတ္ခ်ၿပီး တရားဝင္ မွတ္ပုံတင္ထားခဲ့တာေၾကာင့္ ပရိသတ္ေတြ သိရွိႏိုင္ၾကဖို႔ ေဖာ္ျပအသိေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.