Premier League Transfer News

29 Mar နောက်ဆုံးရ နေ့လယ်ခင်း မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အားလင်း ဟားလန်း၊ ဒါမှမဟုတ် သူ့လိုမျိုး စွမ်းရည်ရှိတဲ့ တိုက်စစ်မှူးတစ်ဦးကို ရရှိအောင် ခေါ်ယူဖို့ပဲ ကျန်တော့ပြီး အထောင်ကစားသမားအတွက် ကောင်းကောင်းပံ့ပိုးပေးနိုင်မယ့် ဘရူနို ဖာနန်ဒက်စ်ကို ပိုင်ဆိုင်ထားပြီးပြီလို့ Express ရေးသား။

– ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို နံပါတ် ၉ စစ်စစ် တစ်ယောက်နဲ့ အစားထိုးရမယ်ဆိုတဲ့ မန်ချက်တာယူနိုက်တက် နည်းစနစ်ဒါရိုက်တာ ဒါရင်း ဖလက်ချာရဲ့ စကားအတွက် ပရိသတ်တွေ ရင်ခုန်ခဲ့ကြရပေမယ့် သူပြောတာက လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဖြစ်နေ။

– ဂရိ၊ ဂျော်ဂျီယာတို့နဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ စပိန်အသင်းရဲ့ ပွဲထွက်ဂိုးသမားနေရာကို ဘီလ်ဘာအိုရဲ့ အူနိုင်း ဆီမွန်ကို ပေးခဲ့ရအပြီးမှာ ဒေးဗစ် ဒဟေးယားအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးပေါက်မှာ ပြန်လည်နေရာယူနိုင်ဖို့က အဓိက လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာနေ။

– ဂျူဗင်တပ်စ်အသင်းနည်းပြ အန်ဒရီယာ ပီယာလိုအနေနဲ့ ပေါလ် ပေါ့ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် နွေရာသီမှာ အရှိန်မြှင့်ကြိုးစားဖွယ်ရှိပြီး အာဂျင်တီးနား တိုက်စစ်မှူး ပေါ်လို ဒီဘားလားနဲ့ ငွေကြေးတစ်ရပ်ကို အလိုက်ပေးကမ်းလှမ်းဖို့ ရှိနေသလို မန်ချက်စတာယူနိုက်တက်ဘက်ကလည်း စိတ်ဝင်စားဖွယ်ရှိနေ။

– ဗီလာရီးရဲလ်နောက်ခံလူ ပေါ်တောရက်စ်အနေနဲ့ ပြည်တွင်းအင်အားကြီး ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးထက် မန်ချက်စတာယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ဖို့ အလိုရှိနေတယ်လို့ သိရပြီး သူနဲ့ ပိုမိုကိုက်ညီမယ်လို့ ယူဆထား။

– ကာဇက်စတန်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး မာစီယယ်လ်အနေနဲ့ ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ရဲ့ ချီးကျူးမှုကို ရရှိခဲ့ပေမယ့် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်သွားခဲ့ရပြီး ၂၅ နှစ်သားရဲ့ ကြံ့ခိုင်မှုအခြေအနေက ဘယ်လိုရှိမယ်ဆိုတာကိုတော့ ဆေးစစ်မှု ပြုလုပ်နေတယ်လို့ သိရ။

– ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အေစီမီလန်အသင်းအနေနဲ့ သူတို့ရဲ့ အငှားနောက်ခံလူ ဒီယိုဂို ဒါလော့ကို လက်လျှော့ပြီလို့ ဆိုခဲ့ပေမယ့် ဒီနေ့မှာတော့ ပေါင် ၁၂ သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး ဆက်လက်ညှိနှိုင်းမှုတွေလည်း လုပ်ဆောင်မယ်လို့ သတင်းတွေ ထွက်လာ။

– လာမယ့်နွေရာသီမှာ ပေါင်သန်းရာကျော်ပေးချေရနိုင်ပြီး ခြေစွမ်းပြနိုင်မယ်လို့ အာမခံချက် မပေးနိုင်တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအစား ဘာစီလိုနာတောင်ပံကစားသမား အူစမန် ဒမ်ဘီလီကိုပဲ ခေါ်ယူသွားဖို့ ယူနိုက်တက်တို့ စီစဉ်နေပြီး ပြင်သစ်သားရဲ့ ကြံ့ခိုင်မှု တိုးတက်လာပုံကလည်း အားရစရာဖြစ်နေ။

– အင်္ဂလန်အသင်းရဲ့ အကောင်းဆုံးဘယ်နောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး ပွဲပေါင်းရာကျော်ကစားပေးခဲ့တဲ့ အက်ရှ်လီ ကိုးလ်က လက်ရှိလက်ရွေးစင်အသင်းမှာ သူ့နေရာကို ဆက်ခံနိုင်မယ့်သူအဖြစ် အလားအလာအကောင်းဆုံးဟာ လုခ်ရှောသာဖြစ်ပြီး ဘန်ချေးလ်ဝဲလ်နဲ့ တခြားသူတွေက အလှမ်းကွာနေသေးကြောင်း ဆိုခဲ့သလို ရွိုင်းကီးန်က ထောက်ခံဆွေးနွေးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.