La Liga Ligue1 Transfer News

အသက္ ၁၇ ႏွစ္အရြယ္ ျပင္သစ္သားကို အရေခၚယူသြားဖို႔ ရွိေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ နည္းျပ ဇီနီဒန္း ဇီဒန္းအႀကဳိက္ေတြ႕ေနတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ရင္းေနးကြင္းလယ္လူ အက္ဒူရာဒို ကာမာဗင္ဂါကို လာမယ့္ေႏြရာသီမွာ ေခၚယူသြားဖို႔ ရွိေနၿပီး အားနည္းစျပဳလာေနတဲ့ ကြင္းလယ္ကို ျပန္လည္အင္အားျဖည့္တင္းသြားဖို႔ ရွိေနပါတယ္။

ဒီရာသီမွာမွ ျပင္သစ္လီဂူးဝမ္းမွာ စတင္ကစားခြင့္ရရွိၿပီး အသင္းအတြက္ ေျခစြမ္းျပႏိုင္ေနတဲ့ ကာမာဗင္ဂါဟာ အသင္းအတြက္ ၿပဳိင္ပြဲစုံ ၃၆ ပြဲမွာ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးအျဖစ္ ကစားရင္း ၁ ဂိုးသြင္းယူၿပီး ၂ ဂိုး ဖန္တီးေပးထားႏုိင္ခဲ့တာဟာ ၁၇ ႏွစ္သားတစ္ေယာက္အတြက္ေတာ့ ေလွ်ာ့တြက္လုိ႔ မရတဲ့ အေနအထားလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ တျခားဥေရာပအသင္းေတြအတြက္ေတာ့ တစ္ႏွစ္သာ ထိပ္တန္းအမွတ္ေပးၿပဳိင္ပြဲမွာ ကစားဖူးေသးတဲ့ လူငယ္မ်ဳိးကို ရင္းေနးအသင္းဘက္က သတ္မွတ္ထားတဲ့ ယူ႐ိုသန္း ၅၀ ေလာက္ ေပးေခ်သြားဖုိ႔ေတာ့ မက္ဒရစ္အေျခစိုက္ ခ်န္ပီယံလိဂ္မွာ အေအာင္ျမင္ဆုံးအသင္းလိုမ်ဳိး ရင္းႏွီးျမႇဳပ္ႏွံဖို႔ မရဲတဲ့ အေျခအေနမ်ဳိးလည္းျဖစ္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ ျပင္သစ္လူငယ္ေတြနဲ႔ ကံစပ္တဲ့အသင္းျဖစ္ၿပီး ဟီဂူအင္၊ ဘန္ဇီးမားတို႔ကို ေခၚယူရာမွာ ေျခစြမ္းျပႏုိင္ခဲ့သလို ၂၀၁၁ ခုႏွစ္က ၁၈ ႏွစ္သား ေနာက္ခံလူ ဗာရန္းကို လန္းစ္အသင္းကေန ေခၚယူခဲ့ရာမွာလည္း ေအာင္ျမင္ခဲ့လို႔ ကာမာဗင္ဂါအတြက္ေတာ့ သူတို႔ေတြအေနနဲ႔ လက္တြန္႔ဖို႔ မရွိႏုိင္ဘူးလို႔လည္း သုံးသပ္ႏုိင္ပါတယ္။

နည္းျပ ဇီဒန္းအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ရွိစဥ္ကနဲ႔ မတူေတာ့တဲ့ အသင္းကို အေျပာင္းအလဲေတြ မ်ားစြာျပဳလုပ္ေနရာမွာ ကြင္းလယ္လူ ေလးငါးဦးကိုလည္း ေရာင္းထုတ္ဖို႔ စီစဥ္ေနၿပီး ကာမာဗင္ဂါကိုေတာ့ ကာစီမီ႐ိုရဲ႕ Backup အျဖစ္ စတင္သုံးစြဲေနရာေပးဖို႔ ေခၚယူလိုေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ နည်းပြ ဇီနီဒန်း ဇီဒန်းအကြိုက်တွေ့နေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ရင်းနေးကွင်းလယ်လူ အက်ဒူရာဒို ကာမာဗင်ဂါကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ ရှိနေပြီး အားနည်းစပြုလာနေတဲ့ ကွင်းလယ်ကို ပြန်လည်အင်အားဖြည့်တင်းသွားဖို့ ရှိနေပါတယ်။

ဒီရာသီမှာမှ ပြင်သစ်လီဂူးဝမ်းမှာ စတင်ကစားခွင့်ရရှိပြီး အသင်းအတွက် ခြေစွမ်းပြနိုင်နေတဲ့ ကာမာဗင်ဂါဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ကွင်းလယ်အဖျက်ကစားသမားတစ်ဦးအဖြစ် ကစားရင်း ၁ ဂိုးသွင်းယူပြီး ၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာဟာ ၁၇ နှစ်သားတစ်ယောက်အတွက်တော့ လျှော့တွက်လို့ မရတဲ့ အနေအထားလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ တခြားဥရောပအသင်းတွေအတွက်တော့ တစ်နှစ်သာ ထိပ်တန်းအမှတ်ပေးပြိုင်ပွဲမှာ ကစားဖူးသေးတဲ့ လူငယ်မျိုးကို ရင်းနေးအသင်းဘက်က သတ်မှတ်ထားတဲ့ ယူရိုသန်း ၅၀ လောက် ပေးချေသွားဖို့တော့ မက်ဒရစ်အခြေစိုက် ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်းလိုမျိုး ရင်းနှီးမြှုပ်နှံဖို့ မရဲတဲ့ အခြေအနေမျိုးလည်းဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ပြင်သစ်လူငယ်တွေနဲ့ ကံစပ်တဲ့အသင်းဖြစ်ပြီး ဟီဂူအင်၊ ဘန်ဇီးမားတို့ကို ခေါ်ယူရာမှာ ခြေစွမ်းပြနိုင်ခဲ့သလို ၂၀၁၁ ခုနှစ်က ၁၈ နှစ်သား နောက်ခံလူ ဗာရန်းကို လန်းစ်အသင်းကနေ ခေါ်ယူခဲ့ရာမှာလည်း အောင်မြင်ခဲ့လို့ ကာမာဗင်ဂါအတွက်တော့ သူတို့တွေအနေနဲ့ လက်တွန့်ဖို့ မရှိနိုင်ဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။

နည်းပြ ဇီဒန်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ရှိစဉ်ကနဲ့ မတူတော့တဲ့ အသင်းကို အပြောင်းအလဲတွေ များစွာပြုလုပ်နေရာမှာ ကွင်းလယ်လူ လေးငါးဦးကိုလည်း ရောင်းထုတ်ဖို့ စီစဉ်နေပြီး ကာမာဗင်ဂါကိုတော့ ကာစီမီရိုရဲ့ Backup အဖြစ် စတင်သုံးစွဲနေရာပေးဖို့ ခေါ်ယူလိုနေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.