Premier League Transfer News

28 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဈေးတောင်းကြမ်းပြီး အကောင်အထည်မပေါ်တဲ့ ကစားသမားတွေနဲ့ ဈေးကွက်ထဲမှာ အလုပ်ရှုပ်နေမယ့်အစား အသင်းအတွက် တကယ်လိုအပ်နေတဲ့ ပစ်မှတ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ပေါင် ၅၉.၇ သန်း (ယူရိုသန်း ၇၀)နဲ့ ရရှိနိုင်ဖို့ အရှိန်မြှင့်ကြိုးစားနေ။

– ယူနိုက်တက်ဘက်က ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်လူ မားကို့စ် ယော်ရန်တေးအတွက် တုံ့ပြန်ခြင်း မရှိသေးဘဲ ဆိုရှယ်မီဒီယာတွေမှာတော့ ကစားသမားကို သူ့ရဲ့ စာချုပ်လျော်ကြေး ပေါင် ၁၀၂ သန်း(ယူရိုသန်း ၁၂၀)နဲ့ နီးစပ်တဲ့ကြေးအထိ စောင့်မျှော်နေတယ်လို့ ဆိုနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ရောင်းထုတ်သွားပြီး အသင်းအတွက် ကွင်းလယ်မှာ ဖန်တီးမှုတွေနဲ့ ချိတ်ဆက်ကစားပုံတွေကို ယူဆောင်လာမယ့် ဒွန်နီ ဗန်ဒဘိခ်ကို နေရာပေးသွားဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– အသင်းရဲ့ ကျဆင်းနေတဲ့ ရလဒ်တွေနဲ့ ပရီးမီးယားလိဂ်မှာ ရည်မှန်းချက်မရှိတဲ့ ပုံစံတွေကို ပြသနေမှုကြောင့် တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်ဘက်က ကမ်းလှမ်းတဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းပယ်ထားချိန်မှာ ယူနိုက်တက်တို့အနေနဲ့ ကြိုးစားသွားနိုင်ဖို့ရှိနေ။

– အင်္ဂလန်အသင်းရဲ့ နေရာတစ်နေရာအတွက် ပြိုင်ဆိုင်နေရပေမယ့် သူနဲ့ မန်ချက်စတာစီးတီးနောက်ခံလူ ဂျွန်စတုန်းစ်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေပြီး တစ်ယောက်နဲ့တစ်ယောက် ကလပ်အသင်းကစားသမားဘဝ ခက်ခဲတဲ့ အချိန်တွေမှာ အပြန်အလှန် အားပေးခဲ့ရဖူးကြောင်း ဟာရီ မက်ဂွိုင်းယားက ထုတ်ဖော်သွားခဲ့။

– အေစီမီလန်အသင်းအနေနဲ့ အငှားခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့ကို အပြီးသတ်ခေါ်ယူဖို့အတွက် စုံစမ်းခဲ့ပေမယ့် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ရောင်းဖို့ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့မှုကြောင့် လက်လျှော့သွားခဲ့ပြီး နာပိုလီနောက်ခံလူ အယ်လ်ဆိဒ် ဟူဆိုင်ကိုပဲ ပြောင်းလဲပစ်မှတ်ထားနေ။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်တောင်ပံကစားသမား ပက်ဒရို နီတိုကို ခေါ်ယူဖို့ မန်ချက်စတာမြို့ခံ နှစ်သင်းစလုံးက စိတ်ဝင်စားနေပြီး နွေရာသီမှာ ပေါ်တူဂီသားအတွက် ပေါင်သန်း ၅၀ ကျော်နဲ့ အပြိုင်ကမ်းလှမ်းသွားကြဖို့ ပြင်ဆင်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်တွေထဲက တစ်ခုဖြစ်တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းက တရားဝင် မဟုတ်ဘဲ ယူရိုသန်း ၄၀ ပေးမယ်လို့ ချိတ်ဆက်ခဲ့တာကို သတင်းတွေက ဖော်ပြခဲ့ကြပြီး တာဝန်ရှိသူတွေအနေနဲ့ ယှဉ်ပြိုင်သွားမလား စောင့်ကြည့်ရဖွယ်ရှိနေ။

– ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒီဒီယေး ဒေးရွှမ့်စ်က သူ့ရဲ့ အဓိကကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ အိုးလ်ထရက်ဖို့ဒ်က ကစားခွင့် နည်းပါးမှုအပေါ် စိတ်ပျက်နေပြီး လာမယ့်ပွဲစဉ်တွေမှာ ပိုမိုကစားခွင့်ပေးဖို့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေကို တောင်းဆိုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဈးေတာင္းၾကမ္းၿပီး အေကာင္အထည္မေပၚတဲ့ ကစားသမားေတြနဲ႔ ေဈးကြက္ထဲမွာ အလုပ္ရႈပ္ေနမယ့္အစား အသင္းအတြက္ တကယ္လိုအပ္ေနတဲ့ ပစ္မွတ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို ေပါင္ ၅၉.၇ သန္း (ယူ႐ိုသန္း ၇၀)နဲ႔ ရရွိႏိုင္ဖို႔ အရွိန္ျမႇင့္ႀကိဳးစားေန။

– ယူႏိုက္တက္ဘက္က ယူ႐ိုသန္း ၈၀ နဲ႔ ကမ္းလွမ္းထားခဲ့ေပမယ့္ အက္သလက္တီကို မက္ဒရစ္အသင္းကေတာ့ သူတို႔ရဲ႕ ကြင္းလယ္လူ မားကို႔စ္ ေယာ္ရန္ေတးအတြက္ တုံ႔ျပန္ျခင္း မရွိေသးဘဲ ဆိုရွယ္မီဒီယာေတြမွာေတာ့ ကစားသမားကို သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၀၂ သန္း(ယူ႐ိုသန္း ၁၂၀)နဲ႔ နီးစပ္တဲ့ေၾကးအထိ ေစာင့္ေမွ်ာ္ေနတယ္လို႔ ဆိုေနၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ေရာင္းထုတ္သြားၿပီး အသင္းအတြက္ ကြင္းလယ္မွာ ဖန္တီးမႈေတြနဲ႔ ခ်ိတ္ဆက္ကစားပုံေတြကို ယူေဆာင္လာမယ့္ ဒြန္နီ ဗန္ဒဘိခ္ကို ေနရာေပးသြားဖြယ္ရွိေနတယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– အသင္းရဲ႕ က်ဆင္းေနတဲ့ ရလဒ္ေတြနဲ႔ ပရီးမီးယားလိဂ္မွာ ရည္မွန္းခ်က္မရွိတဲ့ ပုံစံေတြကို ျပသေနမႈေၾကာင့္ တိုက္စစ္မႉး ဟာရီကိန္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္ဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ကို ျငင္းပယ္ထားခ်ိန္မွာ ယူႏိုက္တက္တို႔အေနနဲ႔ ႀကိဳးစားသြားႏိုင္ဖို႔ရွိေန။

– အဂၤလန္အသင္းရဲ႕ ေနရာတစ္ေနရာအတြက္ ၿပိဳင္ဆိုင္ေနရေပမယ့္ သူနဲ႔ မန္ခ်က္စတာစီးတီးေနာက္ခံလူ ဂြၽန္စတုန္းစ္တို႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြ ရွိေနၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ကလပ္အသင္းကစားသမားဘဝ ခက္ခဲတဲ့ အခ်ိန္ေတြမွာ အျပန္အလွန္ အားေပးခဲ့ရဖူးေၾကာင္း ဟာရီ မက္ဂြိဳင္းယားက ထုတ္ေဖာ္သြားခဲ့။

– ေအစီမီလန္အသင္းအေနနဲ႔ အငွားေခၚယူထားခဲ့တဲ့ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကို အၿပီးသတ္ေခၚယူဖို႔အတြက္ စုံစမ္းခဲ့ေပမယ့္ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက ေရာင္းဖို႔ မဟုတ္ဘူးလို႔ ျငင္းဆန္ခဲ့မႈေၾကာင့္ လက္ေလွ်ာ့သြားခဲ့ၿပီး နာပိုလီေနာက္ခံလူ အယ္လ္ဆိဒ္ ဟူဆိုင္ကိုပဲ ေျပာင္းလဲပစ္မွတ္ထားေန။

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ပက္ဒ႐ို နီတိုကို ေခၚယူဖို႔ မန္ခ်က္စတာၿမိဳ႕ခံ ႏွစ္သင္းစလုံးက စိတ္ဝင္စားေနၿပီး ေႏြရာသီမွာ ေပၚတူဂီသားအတြက္ ေပါင္သန္း ၅၀ ေက်ာ္နဲ႔ အၿပိဳင္ကမ္းလွမ္းသြားၾကဖို႔ ျပင္ဆင္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္ေတြထဲက တစ္ခုျဖစ္တဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းက တရားဝင္ မဟုတ္ဘဲ ယူ႐ိုသန္း ၄၀ ေပးမယ္လို႔ ခ်ိတ္ဆက္ခဲ့တာကို သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး တာဝန္ရွိသူေတြအေနနဲ႔ ယွဥ္ၿပိဳင္သြားမလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– ျပင္သစ္လက္ေ႐ြးစင္အသင္းနည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္က သူ႔ရဲ႕ အဓိကကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ အိုးလ္ထရက္ဖို႔ဒ္က ကစားခြင့္ နည္းပါးမႈအေပၚ စိတ္ပ်က္ေနၿပီး လာမယ့္ပြဲစဥ္ေတြမွာ ပိုမိုကစားခြင့္ေပးဖို႔ မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြကို ေတာင္းဆိုသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.