Premier League Transfer News

28 Mar နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ ပေါ်တိုညာနောက်ခံလူ ဟေဆူးစ် ကိုရိုနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ကွင်းလယ်ညာခြမ်းမှာ အံဝင်ဖွယ်ရှိနေတဲ့ မက္ကဆီကန်ကို ယူရို ၂၅ သန်း (ပေါင် ၂၂ သန်းခန့်)နဲ့ နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေ။

– နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကို အသင်းရဲ့တိုက်စစ်မှူး တီမို ဗာနာကို အလိုက်ပေးပြီး သူလိုချင်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူနိုင်ဖို့ အကြံပေးထားကြောင်း သတင်းထွက်ပေါ်လာ။

– နည်းပြဟောင်း ဖရန့် လမ်းပတ်ဆီကနေ ဆက်ခံရရှိခဲ့တဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး တီမို ဗာနာနဲ့ တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်တို့ဟာ သူ့ရဲ့ နည်းစနစ်နဲ့ အံမဝင်ကြောင်း နည်းပြ တူဟယ်လ်က ချဲလ်ဆီးတာဝန်ရှိသူတွေကို အသိပေးထားပြီး နွေရာသီမှာ ရောင်းချသွားဖို့ တိုက်တွန်းထား။

– အေစီမီလန်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဖရန်ကို ဘာရီစီက အသင်းအနေနဲ့ အငှားခေါ်ယူထားတဲ့ နောက်ခံလူ ဖီကာယို တိုမိုရီ အမြန်ဆုံး အပြီးသတ်ခေါ်ယူဖို့ တိုက်တွန်းလိုက်ပြီး ချဲလ်ဆီးအသင်းက လိုချင်နေတဲ့ ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကိုတော့ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် မြင်တွေ့ချင်တယ်လို့ ပြောကြားသွား။

– ချဲလ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ညိုက သူ့အနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ ရာသီဥတုမှာ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရပြီး အီတလီနိုင်ငံနဲ့ နေပယ်လ်မြို့ကို လွမ်းမိကြောင်း ဝန်ခံသွားခဲ့သလို နွေရာသီမှာ ပြောင်းရွှေ့မယ့်သတင်းတွေကို ငြင်းဆိုခြင်း မရှိခဲ့။

– ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီနွေရာသီမှာ အာလင်း ဟားလန်းကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်ကျော်က အသင်းကနေ ရောင်းချလိုက်တဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ခေါ်ယူဖို့ ပြောင်းလဲလုပ်ဆောင်သွားမှာဖြစ်ကြောင်းဆို။

– နာပိုလီအသင်းကို အငှားချထားခဲ့တဲ့ ကွင်းလယ်လူ တီးမူး ဘာကာယိုကိုအနေနဲ့ နေပယ်လ်မြို့မှာ ပျော်ရွှင်နေပြီး နည်းပြ ဂျန်နာရို ဂတ်တူဆို ဆက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆန်ပေါ်လိုမှာ ဆက်လက်ကစားပြီး အပြီးသတ် ပြောင်းရွှေ့ခွင့်ရဖို့ အလိုရှိနေ။

– ပြင်သစ်အသင်းရဲ့ ယူကရိန်းအသင်းနဲ့ သရေကျတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါင်နောက်ကြောဒဏ်ရာ ရရှိသွားခဲ့တဲ့ ချဲလ်ဆီးအသင်း ကွင်းလယ်လူ အန်ဂိုလို ကွန်တေအနေနဲ့ လက်ရွေးစင်အသင်းက နုတ်ထွက်ပြီး မိခင်အသင်းကို ဆေးကုသမှုခံယူဖို့ ပြန်လည်ပူးပေါင်းခဲ့။

– ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထက်မှာ တွေဝေနေခဲ့ပြီး စာအုပ်ကြီးအတိုင်း ရိုးရှင်းလွန်းပြီး ဖန်တီးမှု နည်းတဲ့ ကစားဟန်နဲ့အတူ ရလဒ်တွေ ဆိုးရွားခဲ့ရတာဖြစ်သလို စိတ်ညစ်ခဲ့ရမှုတွေဟာ နည်းပြ တူဟယ်လ်လက်ထက်မှာတော့ ကင်းစင်လွတ်မြောက်ခဲ့ရပြီဖြစ်ကြောင်း ဝါရင့်ဂိုးသမား ဝီလီ ကာဘယ်လာရို ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပၚတိုညာေနာက္ခံလူ ေဟဆူးစ္ ကို႐ိုနာကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ကြင္းလယ္ညာျခမ္းမွာ အံဝင္ဖြယ္ရွိေနတဲ့ မကၠဆီကန္ကို ယူ႐ို ၂၅ သန္း (ေပါင္ ၂၂ သန္းခန႔္)နဲ႔ ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေန။

– နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြကို အသင္းရဲ႕တိုက္စစ္မႉး တီမို ဗာနာကို အလိုက္ေပးၿပီး သူလိုခ်င္တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ေခၚယူႏိုင္ဖို႔ အႀကံေပးထားေၾကာင္း သတင္းထြက္ေပၚလာ။

– နည္းျပေဟာင္း ဖရန႔္ လမ္းပတ္ဆီကေန ဆက္ခံရရွိခဲ့တဲ့ ကစားသမားႏွစ္ဦးျဖစ္တဲ့ တိုက္စစ္မႉး တီမို ဗာနာနဲ႔ ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္တို႔ဟာ သူ႔ရဲ႕ နည္းစနစ္နဲ႔ အံမဝင္ေၾကာင္း နည္းျပ တူဟယ္လ္က ခ်ဲလ္ဆီးတာဝန္ရွိသူေတြကို အသိေပးထားၿပီး ေႏြရာသီမွာ ေရာင္းခ်သြားဖို႔ တိုက္တြန္းထား။

– ေအစီမီလန္အသင္းရဲ႕ ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဖရန္ကို ဘာရီစီက အသင္းအေနနဲ႔ အငွားေခၚယူထားတဲ့ ေနာက္ခံလူ ဖီကာယို တိုမိုရီ အျမန္ဆုံး အၿပီးသတ္ေခၚယူဖို႔ တိုက္တြန္းလိုက္ၿပီး ခ်ဲလ္ဆီးအသင္းက လိုခ်င္ေနတဲ့ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကိုေတာ့ အသင္းေခါင္းေဆာင္တစ္ဦးအျဖစ္ ျမင္ေတြ႕ခ်င္တယ္လို႔ ေျပာၾကားသြား။

– ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳက သူ႔အေနနဲ႔ အဂၤလန္ႏိုင္ငံရဲ႕ ရာသီဥတုမွာ ခက္ခက္ခဲခဲ ေနထိုင္ခဲ့ရၿပီး အီတလီႏိုင္ငံနဲ႔ ေနပယ္လ္ၿမိဳ႕ကို လြမ္းမိေၾကာင္း ဝန္ခံသြားခဲ့သလို ေႏြရာသီမွာ ေျပာင္းေ႐ႊ႕မယ့္သတင္းေတြကို ျငင္းဆိုျခင္း မရွိခဲ့။

– ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ ဒီေႏြရာသီမွာ အာလင္း ဟားလန္းကို မေခၚယူႏိုင္ခဲ့ဘူးဆိုရင္ လြန္ခဲ့တဲ့ ၆ ႏွစ္ေက်ာ္က အသင္းကေန ေရာင္းခ်လိုက္တဲ့ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ေခၚယူဖို႔ ေျပာင္းလဲလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းဆို။

– နာပိုလီအသင္းကို အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ တီးမူး ဘာကာယိုကိုအေနနဲ႔ ေနပယ္လ္ၿမိဳ႕မွာ ေပ်ာ္႐ႊင္ေနၿပီး နည္းျပ ဂ်န္နာ႐ို ဂတ္တူဆို ဆက္ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ဆန္ေပၚလိုမွာ ဆက္လက္ကစားၿပီး အၿပီးသတ္ ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ အလိုရွိေန။

– ျပင္သစ္အသင္းရဲ႕ ယူကရိန္းအသင္းနဲ႔ သေရက်တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ေပါင္ေနာက္ေၾကာဒဏ္ရာ ရရွိသြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္း ကြင္းလယ္လူ အန္ဂိုလို ကြန္ေတအေနနဲ႔ လက္ေ႐ြးစင္အသင္းက ႏုတ္ထြက္ၿပီး မိခင္အသင္းကို ေဆးကုသမႈခံယူဖို႔ ျပန္လည္ပူးေပါင္းခဲ့။

– ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ နည္းျပေဟာင္း ဖရန႔္ လမ္းပတ္လက္ထက္မွာ ေတြေဝေနခဲ့ၿပီး စာအုပ္ႀကီးအတိုင္း ႐ိုးရွင္းလြန္းၿပီး ဖန္တီးမႈ နည္းတဲ့ ကစားဟန္နဲ႔အတူ ရလဒ္ေတြ ဆိုး႐ြားခဲ့ရတာျဖစ္သလို စိတ္ညစ္ခဲ့ရမႈေတြဟာ နည္းျပ တူဟယ္လ္လက္ထက္မွာေတာ့ ကင္းစင္လြတ္ေျမာက္ခဲ့ရၿပီျဖစ္ေၾကာင္း ဝါရင့္ဂိုးသမား ဝီလီ ကာဘယ္လာ႐ို ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.