Premier League Transfer News

28 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်ဘက်တစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်သမား နာဘီလ် ဖီကီယာကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကလည်း အသင်းပြောင်းဖို့ တိုက်တွန်းလှုံ့ဆော်နေတဲ့အတွက် နွေရာသီမှာ ယူရို ၂၅ သန်းနဲ့ လက်ဦးမှု ရယူနိုင်ဖို့ ပြင်ဆင်နေ။

– အာဆင်နယ်အသင်းကို စိုးမိုးနိုင်ခြင်း မရှိတော့တဲ့အတွက် သူ့ရဲ့ ရှယ်ယာတွေကို ခရိုယန်ကီအုပ်စုဆီ လွှဲပြောင်းရောင်းချပြီး အမ်းမရိတ်ကနေ ထွက်ခွာသွားခဲ့တဲ့ ရုရှားဘီလီယံနာ အလီရှာ အူစမာနော့ဗ်အနေနဲ့ အသင်းဟောင်းရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်လာတဲ့ အဲဗာတန်အသင်းဆီ ရင်းနှီးမြှုပ်နှံသွားဖို့ ပြင်ဆင်နေ။

– ပရီးမီးယားလိဂ်ရဲ့ ယူကျုချန်နယ်ကနေ အမေးအဖြေပြုလုပ်တဲ့ အစီအစဉ်မှာ ဖြေကြားခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကြောင့် အာဆင်နယ်ရဲ့ အမြန်ဆုံးကစားသမားဟာ ဟက်တာ ဘယ်လာရင် မဟုတ်ကြောင်း သိခဲ့ရပြီး အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းဖြစ်ကြောင်း သိရ။

– အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို မကွယ်မဝှက်ဘဲ ထုတ်ဖော်ပြသခဲ့တာကြောင့် ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အမျက်သင့်ခြင်းကို ခံရနိုင်ပြီး ပြောင်းရွှေ့ခွင့်ရရင်တောင်မှ အသင်းနှစ်သင်းကြားမှာ ညှိနှိုင်းဈေး ပိုမြင့်လာနိုင်။

– အီတလီမှာ ဆက်မနေဘဲ အပြောင်းအရွှေ့အမှားတွေကို ဆက်တိုက်ကျူးလွန်သလိုဖြစ်ခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ အက်သလက်တီကို မက်ဒရစ်မှာ လက်ရှိအချိန်အထိ သုံးပွဲသာ ပွဲထွက်ခွင့်ရခဲ့အပြီးမှာ အာဆင်နယ်အသင်းကို ကစားခွင့် အာမခံချက် မရရင် မပြန်တော့ဘူးလို့ဆိုနေ။

– အသင်းရဲ့ ထရိန်နင် ဗီဒီယိုမှတ်တမ်းတွေကို တွေ့မြင်ခဲ့ရတဲ့ ပရိသတ်တွေအနေနဲ့ လူငယ်တောင်ပံကစားသမား ဂါဘရီယယ်လ် မာတီနယ်လီရဲ့ ဂိုးသွင်းစွမ်းရည်တွေကို သဘောကျနေပြီး ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ရဲ့ လီဗာပူးလ်နေ့ရက်တွေနဲ့ နှိုင်းယှဉ်နေကြ။

– ချဲလ်ဆီးအသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီး မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့သလို ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေရဆဲဖြစ်တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယန်က ဒီရာသီဟာ သူ့ရဲ့ ကစားသမားဘဝမှာ အဆိုးရွားဆုံး ရာသီတစ်ခုဖြစ်ကြောင်း ဝန်ခံသွား။

– အာဂျင်တီးနားကွင်းလယ်လူ ဂီဒို ရိုဒရီးရက်ဇ်ဟာ ကစားသမားကောင်းတစ်ဦးဖြစ်လို့ အာဆင်နယ်အသင်းအနေနဲ့ ရမလားဆိုတဲ့ သဘောမျိုးနဲ့ စိတ်ဝင်စားမှု ပြသခဲ့တာဖြစ်ပြီး သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် ခေါ်ယူနိုင်ပေမယ့် ဘက်တစ်ဘက်က လျော်ကြေး ပေါင် ၆၈ သန်းကိုတော့ မပေးလောက်ဘူးလို့ Goal ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်ဆို။

– စပါးစ်အသင်းရဲ့ ပရိသတ်တွေက သေလောက်အောင် မုန်းတီးနေတဲ့ ဒီနာမို ဇာဂရက်ဘ်ကွင်းလယ်တိုက်စစ်သမား မီဆပ်လဗ် အော်ဆစ်ချ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရနိုင်ပြီး ပေါင် ၁၅ သန်းဝန်းကျင် ပေးချေရဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္ဘက္တစ္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္သမား နာဘီလ္ ဖီကီယာကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကလည္း အသင္းေျပာင္းဖို႔ တိုက္တြန္းလႈံ႕ေဆာ္ေနတဲ့အတြက္ ေႏြရာသီမွာ ယူ႐ို ၂၅ သန္းနဲ႔ လက္ဦးမႈ ရယူႏိုင္ဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္အသင္းကို စိုးမိုးႏိုင္ျခင္း မရွိေတာ့တဲ့အတြက္ သူ႔ရဲ႕ ရွယ္ယာေတြကို ခ႐ိုယန္ကီအုပ္စုဆီ လႊဲေျပာင္းေရာင္းခ်ၿပီး အမ္းမရိတ္ကေန ထြက္ခြာသြားခဲ့တဲ့ ႐ုရွားဘီလီယံနာ အလီရွာ အူစမာေနာ့ဗ္အေနနဲ႔ အသင္းေဟာင္းရဲ႕ အနီးဆုံးၿပိဳင္ဘက္ျဖစ္လာတဲ့ အဲဗာတန္အသင္းဆီ ရင္းႏွီးျမႇဳပ္ႏွံသြားဖို႔ ျပင္ဆင္ေန။

– ပရီးမီးယားလိဂ္ရဲ႕ ယူက်ဳခ်န္နယ္ကေန အေမးအေျဖျပဳလုပ္တဲ့ အစီအစဥ္မွာ ေျဖၾကားခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ေၾကာင့္ အာဆင္နယ္ရဲ႕ အျမန္ဆုံးကစားသမားဟာ ဟက္တာ ဘယ္လာရင္ မဟုတ္ေၾကာင္း သိခဲ့ရၿပီး အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းျဖစ္ေၾကာင္း သိရ။

– အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ ဆႏၵကို မကြယ္မဝွက္ဘဲ ထုတ္ေဖာ္ျပသခဲ့တာေၾကာင့္ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အမ်က္သင့္ျခင္းကို ခံရႏိုင္ၿပီး ေျပာင္းေ႐ႊ႕ခြင့္ရရင္ေတာင္မွ အသင္းႏွစ္သင္းၾကားမွာ ညႇိႏႈိင္းေဈး ပိုျမင့္လာႏိုင္။

– အီတလီမွာ ဆက္မေနဘဲ အေျပာင္းအေ႐ႊ႕အမွားေတြကို ဆက္တိုက္က်ဴးလြန္သလိုျဖစ္ခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ အက္သလက္တီကို မက္ဒရစ္မွာ လက္ရွိအခ်ိန္အထိ သုံးပြဲသာ ပြဲထြက္ခြင့္ရခဲ့အၿပီးမွာ အာဆင္နယ္အသင္းကို ကစားခြင့္ အာမခံခ်က္ မရရင္ မျပန္ေတာ့ဘူးလို႔ဆိုေန။

– အသင္းရဲ႕ ထရိန္နင္ ဗီဒီယိုမွတ္တမ္းေတြကို ေတြ႕ျမင္ခဲ့ရတဲ့ ပရိသတ္ေတြအေနနဲ႔ လူငယ္ေတာင္ပံကစားသမား ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ဂိုးသြင္းစြမ္းရည္ေတြကို သေဘာက်ေနၿပီး ဥ႐ုေဂြးတိုက္စစ္မႉး လူးဝစ္ ဆြာရက္ဇ္ရဲ႕ လီဗာပူးလ္ေန႔ရက္ေတြနဲ႔ ႏႈိင္းယွဥ္ေနၾက။

– ခ်ဲလ္ဆီးအသင္းကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ေတြကို မျဖည့္ဆည္းႏိုင္ခဲ့သလို ေျခစြမ္းျပႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနရဆဲျဖစ္တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဝီလီယန္က ဒီရာသီဟာ သူ႔ရဲ႕ ကစားသမားဘဝမွာ အဆိုး႐ြားဆုံး ရာသီတစ္ခုျဖစ္ေၾကာင္း ဝန္ခံသြား။

– အာဂ်င္တီးနားကြင္းလယ္လူ ဂီဒို ႐ိုဒရီးရက္ဇ္ဟာ ကစားသမားေကာင္းတစ္ဦးျဖစ္လို႔ အာဆင္နယ္အသင္းအေနနဲ႔ ရမလားဆိုတဲ့ သေဘာမ်ိဳးနဲ႔ စိတ္ဝင္စားမႈ ျပသခဲ့တာျဖစ္ၿပီး သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးရရင္ ေခၚယူႏိုင္ေပမယ့္ ဘက္တစ္ဘက္က ေလ်ာ္ေၾကး ေပါင္ ၆၈ သန္းကိုေတာ့ မေပးေလာက္ဘူးလို႔ Goal ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္ဆို။

– စပါးစ္အသင္းရဲ႕ ပရိသတ္ေတြက ေသေလာက္ေအာင္ မုန္းတီးေနတဲ့ ဒီနာမို ဇာဂရက္ဘ္ကြင္းလယ္တိုက္စစ္သမား မီဆပ္လဗ္ ေအာ္ဆစ္ခ်္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ လန္ဒန္ၿပိဳင္ဘက္ ဝက္စ္ဟမ္းအသင္းနဲ႔ ယွဥ္ၿပိဳင္ရႏိုင္ၿပီး ေပါင္ ၁၅ သန္းဝန္းက်င္ ေပးေခ်ရဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.