Premier League Transfer News

27 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းကို အလွတ်ပြောင်းရွှေ့ကြေး၊ တစ်ရာသီစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာပြီး တောင်အမေရိကကို ပြန်တော့မှာဖြစ်ကြောင်း ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးက ထုတ်ဖော်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပေါင်သန်း ၁၂၀ လောက် ကျသင့်နိုင်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို မေ့ပစ်ပြီး သူနဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြသနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး အန်ဒရေး ဆေးလ်ဗားကိုပဲ ခေါ်ယူသွားသင့်ကြောင်း ကျွမ်းကျင်သူတွေ တိုက်တွန်း။

– အသင်းရဲ့ အားကစားဒါရိုက်တာသစ်ဖြစ်လာတဲ့ ဂျွန်မာတပ်ဖ်နဲ့ ပထမအသင်းလေ့ကျင့်ရေးမှူး နစ်ကီဘတ်တို့ လေ့ကျင့်ရေးကွင်းမှာ လက်သီးလက်မောင်းတန်းခဲ့ကြပြီးမှ ကွင်းလယ်လူဟောင်းက နုတ်ထွက်ခဲ့တာဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့အပြီး ရန်ပွဲအထိ မရောက်ခဲ့တာ ကံကောင်းကြောင်းနဲ့ မဟုတ်ရင် နစ်ကီဘတ်က အသေသတ်မှာဖြစ်ကြောင်း အတွင်းသတင်းတွေက ဖော်ပြ။

– ယူနိုက်တက်အားကစားဒါရိုက်တာသစ် ဂျွန်မာတပ်ဖ်ကို အသင်းတွင်းမှာ အလိုမရှိသူတွေက များပြားနေပြီး အရည်အသွေးကို သက်သေ မပြရသေးခင်မှာ အမှုဆောင်ဒုက္ကဌ အက်ဒ် ဝုဒ်ဝဒ်ရဲ့ သစ္စာခံ ဒလန်အဖြစ် ရှုမြင်နေကြပြီး ကွင်းလယ်လူဟောင်း နစ်ကီဘတ်ရဲ့ အသင်းက ထွက်ခွာမှုက အသင်းရဲ့ စီမံခန့်ခွဲမှုပိုင်းကို မေးခွန်းထုတ်စရာဖြစ်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝက်စ်ဟမ်းယူနိုက်တက်ကို အငှားချထားပြီး ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို အပြီးသတ်ရောင်းချသွားဖို့ထက် အသင်းမှာ စာချုပ်သက်တမ်းတိုးပြီး ဆက်လက်ထိန်းသိမ်းသွားဖို့ဘက်ကို စိတ်ပြောင်းလဲလာ။

– အသင်းရဲ့ ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေများနေချိန်မှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ ကြိုးစားကစားနေပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်အသင်းက ပွဲထွက်နေရာတစ်နေရာကိုတော့ ဒီအတွက် ပျောက်ဆုံးရဖွယ်များနေကြောင်း ရွိုင်းကီးန် သုံးသပ်။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နွေရာသီအတွက် ကွင်းလယ်ပိုင်းကို ကြိုတင်ပြင်ဆင်မှုအဖြစ် အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ မားကို့စ် ယော်ရန်တေးကို ယူရိုသန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း Four Four Two ဖော်ပြသွားခဲ့။

– ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ အသင်းအတွက် အကျိုးပြုနေခဲ့ပေမယ့် အောင်မြင်မှုတွေကို ရယူနိုင်မယ့် လမ်းကြောင်းပေါ်ကို တွန်းတင်နိုင်မှုမှာတော့ မြို့ခံပြိုင်ဘက်နောက်ခံလူ ရူဘင် ဒီယက်စ်လောက် စွမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကိုတော့ မရနိုင်ကြောင်း ယူနိုက်တက်နဲ့ ဘလက်ဘန်းကွင်းလယ်လူဟောင်း ရော်ဘီ ဆားဗေ့ချ်ဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကး၊ တစ္ရာသီစာခ်ဳပ္နဲ႔ ေခၚယူထားခဲ့တဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ လာမယ့္ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ခြာၿပီး ေတာင္အေမရိကကို ျပန္ေတာ့မွာျဖစ္ေၾကာင္း ရင္းႏွီးတဲ့ မိတ္ေဆြတစ္ဦးက ထုတ္ေဖာ္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေပါင္သန္း ၁၂၀ ေလာက္ က်သင့္ႏိုင္တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေမ့ပစ္ၿပီး သူနဲ႔အတူ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပသေနတဲ့ ဖရန႔္ဖတ္တိုက္စစ္မႉး အန္ဒေရး ေဆးလ္ဗားကိုပဲ ေခၚယူသြားသင့္ေၾကာင္း ကြၽမ္းက်င္သူေတြ တိုက္တြန္း။

– အသင္းရဲ႕ အားကစားဒါ႐ိုက္တာသစ္ျဖစ္လာတဲ့ ဂြၽန္မာတပ္ဖ္နဲ႔ ပထမအသင္းေလ့က်င့္ေရးမႉး နစ္ကီဘတ္တို႔ ေလ့က်င့္ေရးကြင္းမွာ လက္သီးလက္ေမာင္းတန္းခဲ့ၾကၿပီးမွ ကြင္းလယ္လူေဟာင္းက ႏုတ္ထြက္ခဲ့တာျဖစ္ေၾကာင္း သတင္းထြက္ေပၚလာခဲ့အၿပီး ရန္ပြဲအထိ မေရာက္ခဲ့တာ ကံေကာင္းေၾကာင္းနဲ႔ မဟုတ္ရင္ နစ္ကီဘတ္က အေသသတ္မွာျဖစ္ေၾကာင္း အတြင္းသတင္းေတြက ေဖာ္ျပ။

– ယူႏိုက္တက္အားကစားဒါ႐ိုက္တာသစ္ ဂြၽန္မာတပ္ဖ္ကို အသင္းတြင္းမွာ အလိုမရွိသူေတြက မ်ားျပားေနၿပီး အရည္အေသြးကို သက္ေသ မျပရေသးခင္မွာ အမႈေဆာင္ဒုကၠဌ အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ သစၥာခံ ဒလန္အျဖစ္ ရႈျမင္ေနၾကၿပီး ကြင္းလယ္လူေဟာင္း နစ္ကီဘတ္ရဲ႕ အသင္းက ထြက္ခြာမႈက အသင္းရဲ႕ စီမံခန႔္ခြဲမႈပိုင္းကို ေမးခြန္းထုတ္စရာျဖစ္လာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္ကို အငွားခ်ထားၿပီး ေျခစြမ္းျပသေနတဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို အၿပီးသတ္ေရာင္းခ်သြားဖို႔ထက္ အသင္းမွာ စာခ်ဳပ္သက္တမ္းတိုးၿပီး ဆက္လက္ထိန္းသိမ္းသြားဖို႔ဘက္ကို စိတ္ေျပာင္းလဲလာ။

– အသင္းရဲ႕ ခံစစ္ပိုင္းမွာ လိုအပ္ခ်က္ေတြမ်ားေနခ်ိန္မွာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ ႀကိဳးစားကစားေနေပမယ့္လည္း အဂၤလန္လက္ေ႐ြးစင္အသင္းက ပြဲထြက္ေနရာတစ္ေနရာကိုေတာ့ ဒီအတြက္ ေပ်ာက္ဆုံးရဖြယ္မ်ားေနေၾကာင္း ႐ြိဳင္းကီးန္ သုံးသပ္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေႏြရာသီအတြက္ ကြင္းလယ္ပိုင္းကို ႀကိဳတင္ျပင္ဆင္မႈအျဖစ္ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ မားကို႔စ္ ေယာ္ရန္ေတးကို ယူ႐ိုသန္း ၈၀ နဲ႔ စတင္ကမ္းလွမ္းလိုက္ၿပီျဖစ္ေၾကာင္း Four Four Two ေဖာ္ျပသြားခဲ့။

– ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ အသင္းအတြက္ အက်ိဳးျပဳေနခဲ့ေပမယ့္ ေအာင္ျမင္မႈေတြကို ရယူႏိုင္မယ့္ လမ္းေၾကာင္းေပၚကို တြန္းတင္ႏိုင္မႈမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ေလာက္ စြမ္းေဆာင္ႏိုင္ျခင္းမရွိတာေၾကာင့္ တစ္ႏွစ္တာအေကာင္းဆုံး ပရီးမီးယားလိဂ္ကစားသမားဆုကိုေတာ့ မရႏိုင္ေၾကာင္း ယူႏိုက္တက္နဲ႔ ဘလက္ဘန္းကြင္းလယ္လူေဟာင္း ေရာ္ဘီ ဆားေဗ့ခ်္ေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.