Premier League Transfer News

27 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အသင်းခေါင်းဆောင်ဟောင်း လော့ရင့် ကိုစီယယ်လ်နီရဲ့ အကြိုက်ဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ နာဘီလ် ဖီကီယာကို ခေါ်ယူဖို့ အာဆင်နယ်တို့ စောင့်ကြည့်နေပြီး မာတင် အော်ဒီဂွါဒ်အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ညှိနှိုင်းလို့ အဆင်မပြေတာနဲ့ ကြိုးစားသွားဖို့ ရှိနေ။

– ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားဖို့ အလားအလာအကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကတော့ သူတို့ဆီကနေ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ အချောင်နှိုက်ချင်နေတဲ့ ကွင်းလယ်လူ ဆန်ဒါ ဘာဂါကို ပေါင် ၃၅ သန်း မရရင် ရောင်းချမှာ မဟုတ်ဘူးလို့ သတိပေး။

– ဘူကာယို ဆာကာနဲ့ အီမီးလ် စမစ်ရိုးတို့ကို ဦးစားပေး သုံးစွဲနေလို့ နေရာမရတဲ့ ကစားသမားတွေကြားထဲမှာ ကစားခွင့်ရဖို့အတွက် အထိုက်တန်ဆုံးသူဟာ ဂါဘရီယယ်လ် မာတီနယ်လီဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ ကြိုးစားမှုက မြင့်မားကြောင်း ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ် ချီးကျူးသွား။

– လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာရဲ့ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးခဲ့ရာမှာ အယ်လ်ဘေးနီးယား၊ ပိုလန်တို့နဲ့ ကစားမယ့် ပွဲစဉ်တွေအတွက် အသုံးပြုဖို့ မသင့်ဘူးလို့ ယူဆတာကြောင့် အာဆင်နယ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အင်္ဂလန်အသင်း ကြေငြာ။

– နွေရာသီမှာ အမ်းမရိတ်ကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ခေါ်ယူဖို့အတွက် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ လာလီဂါပြိုင်ဘက် ဆီဗီလာနဲ့ စီးရီးအေကလပ် ရိုးမားတို့ ပြိုင်ဆိုင်သွားဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ မာတင် အော်ဒီဂွါဒ်ကို မခေါ်ယူနိုင်ခဲ့ရင် အရန်အစီအစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့ နည်းပြ မီခယ်လ် အာတီတာက စဉ်းစားနေပြီး ကစားပုံနဲ့ နေရာချင်း မတူညီတဲ့ ကစားသမားတစ်ဦးကို ဘာဖြစ်လို့ ပစ်မှတ်ထားတာလဲဆိုတာကိုတော့ ပရိသတ်တွေ နားမလည်နိုင်အောင်ဖြစ်နေကြ။

– အာဆင်နယ်အသင်းရဲ့ ခံစစ်နဲ့ ကွင်းလယ်အဖျက်အထိ နေရာစုံကစားနိုင်ပြီး နောက်ပိုင်းပွဲတွေမှာ နေရာပြန်ရလာခဲ့တဲ့ နောက်ခံလူ ကယ်လမ် ချိမ်းဘားစ်ကို ပရိသတ်တွေက ဂျိမ်းစ် မီလ်နာ 2.0 လို့ ချီးကျူးခဲ့ကြပြီး အသင်းကို ငွေကြေးများစွာ ချွေတာပေးမယ့်သူလို့ ဆိုနေကြ။

– ဂါဘရီယယ်လ် မာတီနယ်လီကို အာတီတာအနေနဲ့ ဘယ်တောင်ပံမှာ နေရာမပေးနိုင်ဘူးဆိုရင် နံပါတ် ၉ အထောင်တိုက်စစ်မှူးနေရာအတွက် ပြောင်းလဲသုံးစွဲသင့်ပြီဖြစ်ကြောင်းနဲ့ ဘရာဇီးလ်သားဟာ ပွဲကစားခွင့် ပိုရလာတာနဲ့အမျှ တိုးတက်လာမယ့်သူလို့ ကီဗင် ကမ်းဘဲလ် တိုက်တွန်းသွား။

– တိုက်စစ်ပိုင်းမှာ နေရာစုံကစားနိုင်တဲ့ ဒီနာမို ဇာဂရက်ဘ်ကြယ်ပွင့် မီဆလပ်ဗ် အော်ဆစ်ချ်ဟာ အသင်းရဲ့ လက်ရှိကစားသမား နီကိုလာ ပေပေထက်တောင် ဘောလုံးကျွမ်းကျင်မှုကောင်းပြီး ဂိုးတွေလည်း သွင်းယူနိုင်တာကြောင့် မဖြစ်မနေ ခေါ်ယူသွားဖို့ ပရိသတ်တွေ တိုက်တွန်းခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းေခါင္းေဆာင္ေဟာင္း ေလာ့ရင့္ ကိုစီယယ္လ္နီရဲ႕ အႀကိဳက္ဆုံး ကစားသမားတစ္ေယာက္ျဖစ္တဲ့ နာဘီလ္ ဖီကီယာကို ေခၚယူဖို႔ အာဆင္နယ္တို႔ ေစာင့္ၾကည့္ေနၿပီး မာတင္ ေအာ္ဒီဂြါဒ္အတြက္ ရီးရဲလ္မက္ဒရစ္နဲ႔ ညႇိႏႈိင္းလို႔ အဆင္မေျပတာနဲ႔ ႀကိဳးစားသြားဖို႔ ရွိေန။

– ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားဖို႔ အလားအလာအေကာင္းဆုံးအေနအထားမွာ ရွိေနတဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းကေတာ့ သူတို႔ဆီကေန အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ အေခ်ာင္ႏႈိက္ခ်င္ေနတဲ့ ကြင္းလယ္လူ ဆန္ဒါ ဘာဂါကို ေပါင္ ၃၅ သန္း မရရင္ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ သတိေပး။

– ဘူကာယို ဆာကာနဲ႔ အီမီးလ္ စမစ္႐ိုးတို႔ကို ဦးစားေပး သုံးစြဲေနလို႔ ေနရာမရတဲ့ ကစားသမားေတြၾကားထဲမွာ ကစားခြင့္ရဖို႔အတြက္ အထိုက္တန္ဆုံးသူဟာ ဂါဘရီယယ္လ္ မာတီနယ္လီျဖစ္ၿပီး သူ႔ရဲ႕ ေျခစြမ္းနဲ႔ ႀကိဳးစားမႈက ျမင့္မားေၾကာင္း ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ ခ်ီးက်ဴးသြား။

– လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို စစ္ေဆးခဲ့ရာမွာ အယ္လ္ေဘးနီးယား၊ ပိုလန္တို႔နဲ႔ ကစားမယ့္ ပြဲစဥ္ေတြအတြက္ အသုံးျပဳဖို႔ မသင့္ဘူးလို႔ ယူဆတာေၾကာင့္ အာဆင္နယ္အသင္းနဲ႔ ျပန္လည္ပူးေပါင္းခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း အဂၤလန္အသင္း ေၾကျငာ။

– ေႏြရာသီမွာ အမ္းမရိတ္ကေန ထြက္ခြာဖို႔ သတင္းႀကီးေနတဲ့ အာဆင္နယ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေခၚယူဖို႔အတြက္ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔အတူ လာလီဂါၿပိဳင္ဘက္ ဆီဗီလာနဲ႔ စီးရီးေအကလပ္ ႐ိုးမားတို႔ ၿပိဳင္ဆိုင္သြားဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီမွာ မာတင္ ေအာ္ဒီဂြါဒ္ကို မေခၚယူႏိုင္ခဲ့ရင္ အရန္အစီအစဥ္အျဖစ္ ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မႉး ေပၚလို ဒီဘားလားကို ေခၚယူဖို႔ နည္းျပ မီခယ္လ္ အာတီတာက စဥ္းစားေနၿပီး ကစားပုံနဲ႔ ေနရာခ်င္း မတူညီတဲ့ ကစားသမားတစ္ဦးကို ဘာျဖစ္လို႔ ပစ္မွတ္ထားတာလဲဆိုတာကိုေတာ့ ပရိသတ္ေတြ နားမလည္ႏိုင္ေအာင္ျဖစ္ေနၾက။

– အာဆင္နယ္အသင္းရဲ႕ ခံစစ္နဲ႔ ကြင္းလယ္အဖ်က္အထိ ေနရာစုံကစားႏိုင္ၿပီး ေနာက္ပိုင္းပြဲေတြမွာ ေနရာျပန္ရလာခဲ့တဲ့ ေနာက္ခံလူ ကယ္လမ္ ခ်ိမ္းဘားစ္ကို ပရိသတ္ေတြက ဂ်ိမ္းစ္ မီလ္နာ 2.0 လို႔ ခ်ီးက်ဴးခဲ့ၾကၿပီး အသင္းကို ေငြေၾကးမ်ားစြာ ေခြၽတာေပးမယ့္သူလို႔ ဆိုေနၾက။

– ဂါဘရီယယ္လ္ မာတီနယ္လီကို အာတီတာအေနနဲ႔ ဘယ္ေတာင္ပံမွာ ေနရာမေပးႏိုင္ဘူးဆိုရင္ နံပါတ္ ၉ အေထာင္တိုက္စစ္မႉးေနရာအတြက္ ေျပာင္းလဲသုံးစြဲသင့္ၿပီျဖစ္ေၾကာင္းနဲ႔ ဘရာဇီးလ္သားဟာ ပြဲကစားခြင့္ ပိုရလာတာနဲ႔အမွ် တိုးတက္လာမယ့္သူလို႔ ကီဗင္ ကမ္းဘဲလ္ တိုက္တြန္းသြား။

– တိုက္စစ္ပိုင္းမွာ ေနရာစုံကစားႏိုင္တဲ့ ဒီနာမို ဇာဂရက္ဘ္ၾကယ္ပြင့္ မီဆလပ္ဗ္ ေအာ္ဆစ္ခ်္ဟာ အသင္းရဲ႕ လက္ရွိကစားသမား နီကိုလာ ေပေပထက္ေတာင္ ေဘာလုံးကြၽမ္းက်င္မႈေကာင္းၿပီး ဂိုးေတြလည္း သြင္းယူႏိုင္တာေၾကာင့္ မျဖစ္မေန ေခၚယူသြားဖို႔ ပရိသတ္ေတြ တိုက္တြန္းခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.