La Liga Premier League Transfer News

ဆာလားရဲ့ အနာဂတ် မတည်ငြိမ်ချိန်မှာ ဆွာရက်ဇ်နဲ့ လီဗာပူးလ် တစ်ဖန်ပေါင်းစည်းဦးမလား

လက်ရှိ ပရီးမီးယားလိဂ်ရာသီမှာ ခြေစွမ်းကျဆင်းနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မနည်းရုန်းကန်နေရတဲ့ လီဗာပူးလ်အသင်းဟာ ဥရောပပြိုင်ပွဲဝင်ခွင့်သာ လွဲချော်ခဲ့ရင် အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဆာလားကို လာမယ့်နွေရာသီမှာ လက်လွှတ်ရဖွယ်ရှိကြောင်း သိရပါတယ်။

လီဗာပူးလ်ရဲ့အသင်းလိုက်စွမ်းဆောင်ရည်က ညံ့ဖျင်းနေပေမယ့် မိုဆာလားဟာ အသင်းအတွက် ၁၇ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ဟာရီကိန်းနဲ့ အပြိုင်ရပ်တည်ကာ ခြေစွမ်းပြသနေတာဖြစ်သလို သူ့အနေနဲ့ ဘာဆာ၊ ရီးယဲလ်မက်ဒရစ်တို့လို စပိန်ဘီလူးအသင်းတွေဆီ ပြောင်းရွှေ့ကစားလိုကြောင်း ဝန်ခံထားပြီးဖြစ်ကာ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအသင်းတွေကလည်း စိတ်ဝင်စားတွေ ရှိနေပါတယ်။

ယာဂင် ကလော့ပ်အနေနဲ့ ဆာလားကို ရောင်းထုတ်လိုစိတ်အလျဥ်း မရှိပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ရင်တော့ မိုဆာလားကို ဆုံးရှုံးရမယ့် အန္တရာယ်က စောင့်ကြိုနေတာဖြစ်ပြီး သူ့နေရာက ကြီးမားတဲ့ ကွက်လပ်အနေနဲ့ အသင်းကို ထိုးနှက်လာမှာပါ။

ဒါကြောင့် အသင်းရဲ့တိုက်စစ်မှူးဟောင်းဖြစ်သူ လူးဝစ်ဇ် ဆွာရက်ဇ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုပြုလုပ်လာတာဖြစ်သလို ဆွာရက်ဇ်ဟာ အသက်အရွယ်ပိုင်းအရ ၃၄ နှစ် ရှိလာပေမယ့် လက်ရှိ အေတီကိုအသင်းကို လာလီဂါချန်ပီယံဆု စိန်ခေါ်ရေးအတွက် အဓိက အခန်းကဏ္ဍမှာ ဦးဆောင်ပေးနေတာကို တွေ့ရတယ်။

လာလီဂါပြေးလမ်းကြောင်းမှာ ၂၅ပွဲကစား၊ ၁၉ဂိုးသွင်းယူပြီး သွင်းဂိုးတွေနဲ့ သက်သေပြနေသလို ဒီရာသီမှာ ​ခြေစွမ်းတောက်ပနေဆဲ ဂိုးမုဆိုးအဖြစ် မျက်စိကျချင်စရာဖြစ်နေတာက အသင်းဟောင်း လီဗာပူးလ်အတွက် ဆွဲဆောင်မှုတခုအနေနဲ့ အန်ဖီးလ်မြေက သူ့ကို ပြန်လည်ကြိုဆိုသွားဖို့ ရှိပါတယ်။

ဆွာရက်ဇ်ဟာ လီဗာပူးလ်မှာ ၁၃၃ပွဲကစားပြီး ၈၂ ဂိုးသွင်းယူပေးခဲ့သလို အသင်းရဲ့အချစ်တော်ကစားသမားလည်း ဖြစ်ခဲ့ဖူးတာပါ။ ဒါဟာ လီဗာပူးလ်အတွက် ချိန်ဆစရာ အခြေအနေတရပ်ဖြစ်လာပြီး ဘာစီလိုနာမှာ ရရှိခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေက အန်ဖီးလ်မြေအတွက် ကောင်းခြင်းတွေကို ယူဆောင်လာဖို့လည်း ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္ရွိ ပရီးမီးယားလိဂ္ရာသီမွာ ေျခစြမ္းက်ဆင္းေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မနည္း႐ုန္းကန္ေနရတဲ့ လီဗာပူးလ္အသင္းဟာ ဥေရာပၿပိဳင္ပြဲဝင္ခြင့္သာ လြဲေခ်ာ္ခဲ့ရင္ အသင္းရဲ႕ အဓိကတိုက္စစ္မႉး မိုဆာလားကို လာမယ့္ေႏြရာသီမွာ လက္လႊတ္ရဖြယ္ရွိေၾကာင္း သိရပါတယ္။

လီဗာပူးလ္ရဲ႕အသင္းလိုက္စြမ္းေဆာင္ရည္က ညံ့ဖ်င္းေနေပမယ့္ မိုဆာလားဟာ အသင္းအတြက္ ၁၇ဂိုးသြင္းယူထားၿပီး ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုအတြက္ ဟာရီကိန္းနဲ႔ အၿပိဳင္ရပ္တည္ကာ ေျခစြမ္းျပသေနတာျဖစ္သလို သူ႔အေနနဲ႔ ဘာဆာ၊ ရီးယဲလ္မက္ဒရစ္တို႔လို စပိန္ဘီလူးအသင္းေတြဆီ ေျပာင္းေ႐ႊ႕ကစားလိုေၾကာင္း ဝန္ခံထားၿပီးျဖစ္ကာ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီအသင္းေတြကလည္း စိတ္ဝင္စားေတြ ရွိေနပါတယ္။

ယာဂင္ ကေလာ့ပ္အေနနဲ႔ ဆာလားကို ေရာင္းထုတ္လိုစိတ္အလ်ဥ္း မရွိေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ခဲ့ရင္ေတာ့ မိုဆာလားကို ဆုံးရႈံးရမယ့္ အႏၲရာယ္က ေစာင့္ႀကိဳေနတာျဖစ္ၿပီး သူ႔ေနရာက ႀကီးမားတဲ့ ကြက္လပ္အေနနဲ႔ အသင္းကို ထိုးႏွက္လာမွာပါ။

ဒါေၾကာင့္ အသင္းရဲ႕တိုက္စစ္မႉးေဟာင္းျဖစ္သူ လူးဝစ္ဇ္ ဆြာရက္ဇ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈျပဳလုပ္လာတာျဖစ္သလို ဆြာရက္ဇ္ဟာ အသက္အ႐ြယ္ပိုင္းအရ ၃၄ ႏွစ္ ရွိလာေပမယ့္ လက္ရွိ ေအတီကိုအသင္းကို လာလီဂါခ်န္ပီယံဆု စိန္ေခၚေရးအတြက္ အဓိက အခန္းက႑မွာ ဦးေဆာင္ေပးေနတာကို ေတြ႕ရတယ္။

လာလီဂါေျပးလမ္းေၾကာင္းမွာ ၂၅ပြဲကစား၊ ၁၉ဂိုးသြင္းယူၿပီး သြင္းဂိုးေတြနဲ႔ သက္ေသျပေနသလို ဒီရာသီမွာ ​ေျခစြမ္းေတာက္ပေနဆဲ ဂိုးမုဆိုးအျဖစ္ မ်က္စိက်ခ်င္စရာျဖစ္ေနတာက အသင္းေဟာင္း လီဗာပူးလ္အတြက္ ဆြဲေဆာင္မႈတခုအေနနဲ႔ အန္ဖီးလ္ေျမက သူ႔ကို ျပန္လည္ႀကိဳဆိုသြားဖို႔ ရွိပါတယ္။

ဆြာရက္ဇ္ဟာ လီဗာပူးလ္မွာ ၁၃၃ပြဲကစားၿပီး ၈၂ ဂိုးသြင္းယူေပးခဲ့သလို အသင္းရဲ႕အခ်စ္ေတာ္ကစားသမားလည္း ျဖစ္ခဲ့ဖူးတာပါ။ ဒါဟာ လီဗာပူးလ္အတြက္ ခ်ိန္ဆစရာ အေျခအေနတရပ္ျဖစ္လာၿပီး ဘာစီလိုနာမွာ ရရွိခဲ့တဲ့ သူ႔ရဲ႕အေတြ႕အႀကဳံေတြက အန္ဖီးလ္ေျမအတြက္ ေကာင္းျခင္းေတြကို ယူေဆာင္လာဖို႔လည္း ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.