Analysis Article Bundesliga La Liga Ligue1 Premier League Serie A Transfer News

ဂျူဗီနဲ့ အဆင်မပြေတော့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ဘာလဲ၊ ဘယ်လဲ?

ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဂိုးတွေ သွင်းယူထားနိုင်ခဲ့ပေမယ့် ခြေစွမ်းကတော့ တချို့ပွဲတွေမှာ အရင်လို မဟုတ်ဘဲ လျော့ကျနေခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပုံစံဟာ အရင်လို မဟုတ်တော့ဘူးလို့ ဝေဖန်မှုတွေ ရှိနေခဲ့ပြီး ဒါကို နောက်ဆုံး ရှုံးနိမ့်ထားခဲ့တဲ့ ဘီနီဗန်တိုနဲ့ ပွဲစဉ်က ပြောစရာတစ်ခုအဖြစ် သက်သေဖြစ်လာခဲ့ပါတယ်။

အိမ်ကွင်းမှာ တန်းတက်အသင်းငယ်လေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို မချေပနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို၊ မိုရာတာ၊ ခီယေဆာ၊ ဘာနာဒက်စ်ခီ၊ ကူလူဆက်ဗ်စကီးတို့လို တိုက်စစ်ကစားသမားတွေရဲ့ နာမည်ဂုဏ်သတင်းက ညှိုးမှိန်ခဲ့ရသလို နည်းပြ အန်ဒရီယာ ပီယာလိုရဲ့ အရည်အသွေးကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပေမယ့် လူတွေက ပေါ်တူဂီသားကြီးကိုပဲ ပိုပြီး ပစ်မှတ်ထားခဲ့ကြတာပါ။

အသက် ၃၆ နှစ်အရွယ်ဆိုတာ တခြားတိုက်စစ်မှူးတွေဆိုရင် ဘောလုံးလောကက အနားယူတတ်တဲ့ အရွယ်ဖြစ်ပေမယ့် ရော်နယ်လ်ဒိုကတော့ ရှားပါးတဲ့ အစုအဖွဲ့ထဲမှာ ပါဝင်နေပြီး တစ်ရာသီကို သွင်းဂိုး ၂၀ အောက်မကျအောင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သလို ဒီရာသီ စီးရီးအေမှာလည်း ၂၃ ဂိုး သွင်းယူထားခဲ့ပါတယ်။

ပရိသတ်တွေကတော့ G.O.A.T – Greatest of All Time လို့ ခေါ်တဲ့ ကစားသမားတွေဆီက ပိုမိုမျှော်လင့်လေ့ရှိပြီး လီယွန်နယ် မက်ဆီဟာ သူ့ကို ချစ်ကြတဲ့ ငယ်ဘဝကတည်းက ကစားလာခဲ့တဲ့ အသင်းပရိသတ်တွေကြားမှာ ပြဿနာ မရှိပေမယ့် ရော်နယ်လ်ဒိုကတော့ အသက်ကြီးမှာ ရောက်လာခဲ့တဲ့ အသင်းမှာ တူရင်သားပရိသတ်တွေဆီက ပိုမိုတောင်းဆိုခံနေရတာပဲဖြစ်ပါတယ်။

ဟောလီးဝုဒ် ရုပ်ရှင်ကားတွေထဲမှာတော့ ဒီလိုအခြေအနေမျိုးဟာ Don you want a piece of me? လို့ ပြန်လှန်ပေါက်ကွဲရမယ့် အခြေအနေ ဖြစ်ပေမယ့် ဘောလုံးလောကရဲ့ ထုတ်ပြောမထားတဲ့ စည်းမျဉ်းတွေအရ ပရိသတ်ကို ပြန်ငြိုငြင်လို့ မဖြစ်သလို ပါးနပ်ဖို့လည်း လိုနေတာကြောင့်သာ Ballon d’Or ဘယ်လွန်ဒေါ ၅ ဆုရှင်ရဲ့ ဒေါသကို မမြင်ရတာလည်းဖြစ်နိုင်ပါတယ်။

ဘယ်နောက်ခံလူ မပါဘဲ ဗဟိုခံစစ်မှူးနှစ်ယောက်နဲ့ ညာနောက်လူတစ်ယောက်ကိုပဲ သုံးခဲ့တဲ့ နည်းပြ ပီယာလို၊ လိုအပ်နေဆဲ တိုက်စစ်မှူး မိုရာတာ၊ ဘာစီလိုနာကနေ ဂျင်းမိခဲ့ပြီး ရှုံးစေမယ့် ဂိုးကို တာဝန်ရှိခဲ့တဲ့ အာသာ၊ ရော်နယ်လ်ဒိုရဲ့ ပြင်းထန်တဲ့ ကန်ချက်တွေကို ကာကွယ်ရလို့ တစ်ဖက်ဂိုးသမား လဲကျနေချိန်မှာတောင် ငှက်ပစ်တဲ့ အသင်းဖော်တွေနဲ့ ဂျူဗင်တပ်စ်ဟာ လက်ရှိမှာတော့ စီးရီးအေချန်ပီယံဆုအတွက် အင်တာမီလန်အသင်းနဲ့ ၁၀ မှတ်တောင် ကွာဟသွားခဲ့တာလည်းဖြစ်ပါတယ်။

ဖြစ်သမျှအကြောင်း အဆိုးချည်းပဲ ဖြစ်နေချိန်မှာ ၂၃ ဂိုးကိုတောင် မမြင်နိုင်တော့တဲ့ ပရိသတ်တွေနဲ့ ဝေဖန်သူတွေကိုတော့ ရော်နယ်လ်ဒိုအနေနဲ့ စိတ်ပျက်နေမှာ အသေအချာပဲဖြစ်ပြီး လာမယ့်ရာသီကုန်မှာတော့ ဂျူဗင်တပ်စ်ဘက်ကလည်း ယူရို ၂၅ သန်း ရရင်တောင် လက်လွှတ်နိုင်တယ်လို့ လေသံပစ်လာခဲ့ပါတယ်။

ဒါက လက်ရှိအချိန်အထိ ဆူပါလူသားတစ်ဦးဖြစ်ကြောင်း သက်သေပြနေဆဲဖြစ်တဲ့ ပေါ်တူဂီသားကြီးရဲ့ မာနကို ထိခိုက်စေမှာလည်းဖြစ်ပြီး သတင်းတွေအရတော့ သူ့ကို ပီအက်စ်ဂျီ၊ အင်တာမိုင်ယာမီ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက စောင့်ကြည့်နေရကြတယ်လို့လည်း ဆိုပါတယ်။

ဘိုင်ယန်မှာတော့ သူနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ အရေးပါမှုကို ခွဲဝေယူရမှာဖြစ်တာကြောင့် သိပ်ပြီး မဖြစ်နိုင်သလို ပီအက်စ်ဂျီမှာလည်း နေမာ၊ အမ်ဘာပေတို့နဲ့ ပုံရိပ်ရော ခြေစွမ်းချင်းပါ ပြိုင်ရဦးမှာဖြစ်တာကြောင့် သူ့အတွက် ရွေးချယ်ဖို့ နှစ်ခါထက်မနည်း ပြန်လည်စဉ်းစားရနိုင်ပြီး အမြင်ဆုံးအဆင့်မှာ အသုံးတော်ခံနိုင်ဆဲဖြစ်သူ G.O.A.T တစ်ဦးအနေနဲ့ အင်တာမိုင်ယာမီနဲ့ MLS ကိုတော့ ခြေချဖို့ မရှိနိုင်တာပါ။

ဒီအထဲမှာ အသင်းဟောင်းတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကသာ လိုအပ်ချက်တွေအတွက် တံခါးဖွင့်ကြိုဆိုဖို့ ရှိနိုင်သလို သူ့ကိုလည်း ပစားပေးမယ့် အနေအထားမှာရှိတာကြောင့် အနီးစပ်ဆုံးအသင်းတွေအဖြစ် ထင်မြင်ယူဆမိပြီး ဇီနီဒန်း ဇီဒန်းနဲ့ ဆာအဲလက်စ် ဖာဂူဆန်တို့လို ဒီနှစ်သင်းရဲ့ Decision Maker တွေအနေနဲ့ ဘယ်လိုတွေးမယ်ဆိုတာကိုပဲ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

သေချာတာကတော့ အကောင်းဆုံးအဆင့်မှာ မက်ဆီနဲ့ နှစ်ဦးတည်းသာ ပြိုင်စရာရှိတဲ့ ဒီကစားသမားကြီးဟာ ကျေးဇူးမတင်တတ်တဲ့ တူရင်နဲ့ အီတလီမြေကနေ ထွက်ခွာတော့မှာပဲဖြစ်ပြီး လာမယ့်နွေရာသီမှာ ဘယ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းပေးဦးမလဲဆိုတာပဲ စဉ်းစားရဖို့နဲ့ ဘာတွေဖြစ်လာမလဲ၊ ဘယ်ကိုသွားမလဲဆိုတာပဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ ဂိုးေတြ သြင္းယူထားႏိုင္ခဲ့ေပမယ့္ ေျခစြမ္းကေတာ့ တခ်ိဳ႕ပြဲေတြမွာ အရင္လို မဟုတ္ဘဲ ေလ်ာ့က်ေနခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ပုံစံဟာ အရင္လို မဟုတ္ေတာ့ဘူးလို႔ ေဝဖန္မႈေတြ ရွိေနခဲ့ၿပီး ဒါကို ေနာက္ဆုံး ရႈံးနိမ့္ထားခဲ့တဲ့ ဘီနီဗန္တိုနဲ႔ ပြဲစဥ္က ေျပာစရာတစ္ခုအျဖစ္ သက္ေသျဖစ္လာခဲ့ပါတယ္။

အိမ္ကြင္းမွာ တန္းတက္အသင္းငယ္ေလးရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးကို မေခ်ပႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒို၊ မိုရာတာ၊ ခီေယဆာ၊ ဘာနာဒက္စ္ခီ၊ ကူလူဆက္ဗ္စကီးတို႔လို တိုက္စစ္ကစားသမားေတြရဲ႕ နာမည္ဂုဏ္သတင္းက ညႇိဳးမွိန္ခဲ့ရသလို နည္းျပ အန္ဒရီယာ ပီယာလိုရဲ႕ အရည္အေသြးကလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့ေပမယ့္ လူေတြက ေပၚတူဂီသားႀကီးကိုပဲ ပိုၿပီး ပစ္မွတ္ထားခဲ့ၾကတာပါ။

အသက္ ၃၆ ႏွစ္အ႐ြယ္ဆိုတာ တျခားတိုက္စစ္မႉးေတြဆိုရင္ ေဘာလုံးေလာကက အနားယူတတ္တဲ့ အ႐ြယ္ျဖစ္ေပမယ့္ ေရာ္နယ္လ္ဒိုကေတာ့ ရွားပါးတဲ့ အစုအဖြဲ႕ထဲမွာ ပါဝင္ေနၿပီး တစ္ရာသီကို သြင္းဂိုး ၂၀ ေအာက္မက်ေအာင္ ထိန္းသိမ္းထားႏိုင္ဆဲျဖစ္သလို ဒီရာသီ စီးရီးေအမွာလည္း ၂၃ ဂိုး သြင္းယူထားခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ G.O.A.T – Greatest of All Time လို႔ ေခၚတဲ့ ကစားသမားေတြဆီက ပိုမိုေမွ်ာ္လင့္ေလ့ရွိၿပီး လီယြန္နယ္ မက္ဆီဟာ သူ႔ကို ခ်စ္ၾကတဲ့ ငယ္ဘဝကတည္းက ကစားလာခဲ့တဲ့ အသင္းပရိသတ္ေတြၾကားမွာ ျပႆနာ မရွိေပမယ့္ ေရာ္နယ္လ္ဒိုကေတာ့ အသက္ႀကီးမွာ ေရာက္လာခဲ့တဲ့ အသင္းမွာ တူရင္သားပရိသတ္ေတြဆီက ပိုမိုေတာင္းဆိုခံေနရတာပဲျဖစ္ပါတယ္။

ေဟာလီးဝုဒ္ ႐ုပ္ရွင္ကားေတြထဲမွာေတာ့ ဒီလိုအေျခအေနမ်ိဳးဟာ Don you want a piece of me? လို႔ ျပန္လွန္ေပါက္ကြဲရမယ့္ အေျခအေနျဖစ္ေပမယ့္ ေဘာလုံးေလာကရဲ႕ ထုတ္ေျပာမထားတဲ့ စည္းမ်ဥ္းေတြအရ ပရိသတ္ကို ျပန္ၿငိဳျငင္လို႔ မျဖစ္သလို ပါးနပ္ဖို႔လည္း လိုေနတာေၾကာင့္သာ Ballon d’Or ဘယ္လြန္ေဒါ ၅ ဆုရွင္ရဲ႕ ေဒါသကို မျမင္ရတာလည္းျဖစ္ႏိုင္ပါတယ္။

ဘယ္ေနာက္ခံလူ မပါဘဲ ဗဟိုခံစစ္မႉးႏွစ္ေယာက္နဲ႔ ညာေနာက္လူတစ္ေယာက္ကိုပဲ သုံးခဲ့တဲ့ နည္းျပ ပီယာလို၊ လိုအပ္ေနဆဲ တိုက္စစ္မႉး မိုရာတာ၊ ဘာစီလိုနာကေန ဂ်င္းမိခဲ့ၿပီး ရႈံးေစမယ့္ ဂိုးကို တာဝန္ရွိခဲ့တဲ့ အာသာ၊ ေရာ္နယ္လ္ဒိုရဲ႕ ျပင္းထန္တဲ့ ကန္ခ်က္ေတြကို ကာကြယ္ရလို႔ တစ္ဖက္ဂိုးသမား လဲက်ေနခ်ိန္မွာေတာင္ ငွက္ပစ္တဲ့ အသင္းေဖာ္ေတြနဲ႔ ဂ်ဴဗင္တပ္စ္ဟာ လက္ရွိမွာေတာ့ စီးရီးေအခ်န္ပီယံဆုအတြက္ အင္တာမီလန္အသင္းနဲ႔ ၁၀ မွတ္ေတာင္ ကြာဟသြားခဲ့တာလည္းျဖစ္ပါတယ္။

ျဖစ္သမွ်အေၾကာင္း အဆိုးခ်ည္းပဲ ျဖစ္ေနခ်ိန္မွာ ၂၃ ဂိုးကိုေတာင္ မျမင္ႏိုင္ေတာ့တဲ့ ပရိသတ္ေတြနဲ႔ ေဝဖန္သူေတြကိုေတာ့ ေရာ္နယ္လ္ဒိုအေနနဲ႔ စိတ္ပ်က္ေနမွာ အေသအခ်ာပဲျဖစ္ၿပီး လာမယ့္ရာသီကုန္မွာေတာ့ ဂ်ဴဗင္တပ္စ္ဘက္ကလည္း ယူ႐ို ၂၅ သန္း ရရင္ေတာင္ လက္လႊတ္ႏိုင္တယ္လို႔ ေလသံပစ္လာခဲ့ပါတယ္။

ဒါက လက္ရွိအခ်ိန္အထိ ဆူပါလူသားတစ္ဦးျဖစ္ေၾကာင္း သက္ေသျပေနဆဲျဖစ္တဲ့ ေပၚတူဂီသားႀကီးရဲ႕ မာနကို ထိခိုက္ေစမွာလည္းျဖစ္ၿပီး သတင္းေတြအရေတာ့ သူ႔ကို ပီအက္စ္ဂ်ီ၊ အင္တာမိုင္ယာမီ၊ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြက ေစာင့္ၾကည့္ေနရၾကတယ္လို႔လည္း ဆိုပါတယ္။

ဘိုင္ယန္မွာေတာ့ သူနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ အေရးပါမႈကို ခြဲေဝယူရမွာျဖစ္တာေၾကာင့္ သိပ္ၿပီး မျဖစ္ႏိုင္သလို ပီအက္စ္ဂ်ီမွာလည္း ေနမာ၊ အမ္ဘာေပတို႔နဲ႔ ပုံရိပ္ေရာ ေျခစြမ္းခ်င္းပါ ၿပိဳင္ရဦးမွာျဖစ္တာေၾကာင့္ သူ႔အတြက္ ေ႐ြးခ်ယ္ဖို႔ ႏွစ္ခါထက္မနည္း ျပန္လည္စဥ္းစားရႏိုင္ၿပီး အျမင္ဆုံးအဆင့္မွာ အသုံးေတာ္ခံႏိုင္ဆဲျဖစ္သူ G.O.A.T တစ္ဦးအေနနဲ႔ အင္တာမိုင္ယာမီနဲ႔ MLS ကိုေတာ့ ေျခခ်ဖို႔ မရွိႏိုင္တာပါ။

ဒီအထဲမွာ အသင္းေဟာင္းေတြျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကသာ လိုအပ္ခ်က္ေတြအတြက္ တံခါးဖြင့္ႀကိဳဆိုဖို႔ ရွိႏိုင္သလို သူ႔ကိုလည္း ပစားေပးမယ့္ အေနအထားမွာရွိတာေၾကာင့္ အနီးစပ္ဆုံးအသင္းေတြအျဖစ္ ထင္ျမင္ယူဆမိၿပီး ဇီနီဒန္း ဇီဒန္းနဲ႔ ဆာအဲလက္စ္ ဖာဂူဆန္တို႔လို ဒီႏွစ္သင္းရဲ႕ Decision Maker ေတြအေနနဲ႔ ဘယ္လိုေတြးမယ္ဆိုတာကိုပဲ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။

ေသခ်ာတာကေတာ့ အေကာင္းဆုံးအဆင့္မွာ မက္ဆီနဲ႔ ႏွစ္ဦးတည္းသာ ၿပိဳင္စရာရွိတဲ့ ဒီကစားသမားႀကီးဟာ ေက်းဇူးမတင္တတ္တဲ့ တူရင္နဲ႔ အီတလီေျမကေန ထြက္ခြာေတာ့မွာပဲျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ ဘယ္အသင္းအတြက္ ေျခစြမ္းျပၿပီး ဂိုးေတြ သြင္းေပးဦးမလဲဆိုတာပဲ စဥ္းစားရဖို႔နဲ႔ ဘာေတြျဖစ္လာမလဲ၊ ဘယ္ကိုသြားမလဲဆိုတာပဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.