Analysis La Liga Premier League Transfer News

ဝက်စ်ဟမ်းနဲ့ ခြေစွမ်းကြောင့် အော်ဒီဂွါဒ်ကို အိုဇေးလ်နေရာ အစားထိုးနိုင်ဖို့ရှိလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပလေးမိတ်ကာနဲ့ ဖန်တီးမှုဘုရင် မီဆွတ် အိုဇေးလ်ကို ဆုံးရှုံးရအပြီးမှာ သူ့ရဲ့ တန်ဖိုးရှိမှုတွေကိုပါ နှမြောတသနေခဲ့ကြတာကို ရပ်တန့်နိုင်တော့မှာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲက ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ရဲ့ ခြေစွမ်းကတော့ ရိုးရိုးလေးနဲ့ အကောင်းဆုံး ဖြစ်နေခဲ့တာပါ။

အိုဇေးလ်လို ရင်သပ်ရှုမောရတဲ့ အလှအပတွေနဲ့ အသင်းဖော်တွေဆီ ရောက်ဖို့ထက် ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ထိထိရောက်ရောက် ပံ့ပိုးနိုင်ဖို့ပဲ စိတ်ထဲထားတဲ့ နော်ဝေအသင်းခေါင်းဆောင်ဟာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း ဖိအားတွေကို ထမ်းပိုးဖို့နဲ့ ကိုယ့်အသင်းကိုယ် ဆွဲတင်ဖို့ အဆင်သင့်ပဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ သုံးဂိုးစလုံးကို ညာခြမ်းကနေ ဖြတ်တင်နိုင်အောင် ကွက်တိနီးပါး တူညီတဲ့ ဘောလုံးခင်းကျင်းမှု သုံးခုကို ပြုလုပ်သွားနိုင်ခဲ့တဲ့ ပုံစံက ပရိသတ်တွေအနေနဲ့ အိုဇေးလ်ကို မလွမ်းလောက်တော့ဘူးလို့ ယူဆနိုင်ပြီး နောက်ပိုင်းနှစ်တွေမှာ စိတ်ကျေနပ်စရာ ခေါ်ယူမှုလည်းဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်အစုအဖွဲ့ကို နံပါတ် ၆ ရော နံပါတ် ၈ ပုံစံကိုပါ ကစားနိုင်တဲ့သူနှစ်ဦးဖြစ်တဲ့ ပါတေးနဲ့ ချာကာကို ခင်းကျင်းလေ့ရှိပြီး ဒီရှေ့မှာမှ အခန်းကဏ္ဍနှစ်ခုကို တာဝန်ယူနိုင်တဲ့သူကို နံပါတ် ၁၀/နံပါတ် ၈၊ နံပါတ် ၁၀/၁၁ ပုံစံတွေနဲ့ နေရာချတတ်ပြီး ဒါက အာတီတာလိုချင်တဲ့ အရှင်ကစားကွက်လည်းဖြစ်ပါတယ်။

နံပါတ် ၁၀/၁၁ အဖြစ် သုံးမယ်ဆိုရင် စမစ်ရိုးကို နေရာချတတ်ပြီး အော်ဒီဂွါဒ်ကတော့ နံပါတ် ၁၀/၈ အဖြစ် အသုံးပြုတာဖြစ်သလို သူတို့ရဲ့ တစ်နေရာ၊ တာဝန်တစ်ခုထက် ပိုမိုကစားနိုင်မှုဟာ ဒါကြောင့်ပဲ နံပါတ် ၁၀ တစ်နေရာပဲရပြီး လုပ်အားနှုန်းနည်းတဲ့ အိုဇေးလ်ကို ဖယ်ထုတ်ခဲ့တာပဲဆိုတဲ့ အဖြေကိုလည်း ရစေပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးကြား ကွာဟချက်က ခံယူချက်ဖြစ်ပြီး အသင်းလိုက်ပူးပေါင်းပြီး ခံစစ်ကစားချိန်တွေမှာလည်း သိသာခဲ့ပါတယ်။

လက်ရှိမှာတော့ အော်ဒီဂွါဒ်ဟာ အံဝင်ပါ့မလား၊ လုပ်အားနှုန်းနဲ့ အဆင်ပြေပါ့မလားဆိုတဲ့ သံသယမေးခွန်းတွေကို ချေဖျက်ပြနိုင်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ တန်ဖိုးကို ပြသနိုင်ခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်ဘက်ကလည်း ငွေဖော်ဖို့အတွက် အာဆင်နယ်အသင်းဆီ ရောင်းချလိုနေပြီး လက်ခံနိုင်တဲ့ ပမာဏကို ရရှိဖို့အတွက်သာ အနာဂတ်အစီအစဉ်ရှိသလိုလို ဟန်ဆောင်နေခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ဇီဒန်းနည်းပြနေသမျှ ကစားကွက်နဲ့ သိပ်မဆိုင်ဘဲ နေရာရဖို့ မလွယ်တဲ့ အော်ဒီဂွါဒ်အနေနဲ့လည်း အမ်းမရိတ်ကို ပြောင်းရွှေ့ကစားလိုနေပြီး ဒီအသင်းကို အိမ်လို ခံစားရတယ်လို့ ထုတ်ဖော်သွားခဲ့တာက နည်းပြ အာတီတာအတွက်တော့ အားတက်စရာအကွက်ဖြစ်နေပြီး လာမယ့်နွေရာသီမှာ အိုဇေးလ်ကို မေ့ပစ်စေနိုင်တဲ့ သူ့ကို ခေါ်ယူဖို့တွက်တော့ ပေါင်သန်း ၄၀ အထက် ပေးချရမယ်လို့ ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပေလးမိတ္ကာနဲ႔ ဖန္တီးမႈဘုရင္ မီဆြတ္ အိုေဇးလ္ကို ဆုံးရႈံးရအၿပီးမွာ သူ႔ရဲ႕ တန္ဖိုးရွိမႈေတြကိုပါ ႏွေျမာတသေနခဲ့ၾကတာကို ရပ္တန႔္ႏိုင္ေတာ့မွာျဖစ္ၿပီး ဝက္စ္ဟမ္းနဲ႔ပြဲက ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေျခစြမ္းကေတာ့ ႐ိုး႐ိုးေလးနဲ႔ အေကာင္းဆုံး ျဖစ္ေနခဲ့တာပါ။

အိုေဇးလ္လို ရင္သပ္ရႈေမာရတဲ့ အလွအပေတြနဲ႔ အသင္းေဖာ္ေတြဆီ ေရာက္ဖို႔ထက္ ဘယ္လိုပုံစံနဲ႔ျဖစ္ျဖစ္ ထိထိေရာက္ေရာက္ ပံ့ပိုးႏိုင္ဖို႔ပဲ စိတ္ထဲထားတဲ့ ေနာ္ေဝအသင္းေခါင္းေဆာင္ဟာ အသက္ ၂၂ ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္လည္း ဖိအားေတြကို ထမ္းပိုးဖို႔နဲ႔ ကိုယ့္အသင္းကိုယ္ ဆြဲတင္ဖို႔ အဆင္သင့္ပဲဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ အာဆင္နယ္အသင္းရဲ႕ သုံးဂိုးစလုံးကို ညာျခမ္းကေန ျဖတ္တင္ႏိုင္ေအာင္ ကြက္တိနီးပါး တူညီတဲ့ ေဘာလုံးခင္းက်င္းမႈ သုံးခုကို ျပဳလုပ္သြားႏိုင္ခဲ့တဲ့ ပုံစံက ပရိသတ္ေတြအေနနဲ႔ အိုေဇးလ္ကို မလြမ္းေလာက္ေတာ့ဘူးလို႔ ယူဆႏိုင္ၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ စိတ္ေက်နပ္စရာ ေခၚယူမႈလည္းျဖစ္လာခဲ့တာပါ။

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္အစုအဖြဲ႕ကို နံပါတ္ ၆ ေရာ နံပါတ္ ၈ ပုံစံကိုပါ ကစားႏိုင္တဲ့သူႏွစ္ဦးျဖစ္တဲ့ ပါေတးနဲ႔ ခ်ာကာကို ခင္းက်င္းေလ့ရွိၿပီး ဒီေရွ႕မွာမွ အခန္းက႑ႏွစ္ခုကို တာဝန္ယူႏိုင္တဲ့သူကို နံပါတ္ ၁၀/နံပါတ္ ၈၊ နံပါတ္ ၁၀/၁၁ ပုံစံေတြနဲ႔ ေနရာခ်တတ္ၿပီး ဒါက အာတီတာလိုခ်င္တဲ့ အရွင္ကစားကြက္လည္းျဖစ္ပါတယ္။

နံပါတ္ ၁၀/၁၁ အျဖစ္ သုံးမယ္ဆိုရင္ စမစ္႐ိုးကို ေနရာခ်တတ္ၿပီး ေအာ္ဒီဂြါဒ္ကေတာ့ နံပါတ္ ၁၀/၈ အျဖစ္ အသုံးျပဳတာျဖစ္သလို သူတို႔ရဲ႕ တစ္ေနရာ၊ တာဝန္တစ္ခုထက္ ပိုမိုကစားႏိုင္မႈဟာ ဒါေၾကာင့္ပဲ နံပါတ္ ၁၀ တစ္ေနရာပဲရၿပီး လုပ္အားႏႈန္းနည္းတဲ့ အိုေဇးလ္ကို ဖယ္ထုတ္ခဲ့တာပဲဆိုတဲ့ အေျဖကိုလည္း ရေစပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ဦးၾကား ကြာဟခ်က္က ခံယူခ်က္ျဖစ္ၿပီး အသင္းလိုက္ပူးေပါင္းၿပီး ခံစစ္ကစားခ်ိန္ေတြမွာလည္း သိသာခဲ့ပါတယ္။

လက္ရွိမွာေတာ့ ေအာ္ဒီဂြါဒ္ဟာ အံဝင္ပါ့မလား၊ လုပ္အားႏႈန္းနဲ႔ အဆင္ေျပပါ့မလားဆိုတဲ့ သံသယေမးခြန္းေတြကို ေခ်ဖ်က္ျပႏိုင္ခဲ့ၿပီျဖစ္ၿပီး သူ႔ရဲ႕ တန္ဖိုးကို ျပသႏိုင္ခဲ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ဘက္ကလည္း ေငြေဖာ္ဖို႔အတြက္ အာဆင္နယ္အသင္းဆီ ေရာင္းခ်လိုေနၿပီး လက္ခံႏိုင္တဲ့ ပမာဏကို ရရွိဖို႔အတြက္သာ အနာဂတ္အစီအစဥ္ရွိသလိုလို ဟန္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ဇီဒန္းနည္းျပေနသမွ် ကစားကြက္နဲ႔ သိပ္မဆိုင္ဘဲ ေနရာရဖို႔ မလြယ္တဲ့ ေအာ္ဒီဂြါဒ္အေနနဲ႔လည္း အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕ကစားလိုေနၿပီး ဒီအသင္းကို အိမ္လို ခံစားရတယ္လို႔ ထုတ္ေဖာ္သြားခဲ့တာက နည္းျပ အာတီတာအတြက္ေတာ့ အားတက္စရာအကြက္ျဖစ္ေနၿပီး လာမယ့္ေႏြရာသီမွာ အိုေဇးလ္ကို ေမ့ပစ္ေစႏိုင္တဲ့ သူ႔ကို ေခၚယူဖို႔တြက္ေတာ့ ေပါင္သန္း ၄၀ အထက္ ေပးခ်ရမယ္လို႔ ခန႔္မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.