Premier League Transfer News

လီဗာပူးလ်၊ မန်ယူတို့ရဲ့ ပစ်မှတ်ကို အန်ဆယ်လော့တီတစ်ယောက် စည်းရုံးသိမ်းသွင်းသွားမလား

အဲဗာတန်နည်းပြ အန်ဆယ်လော့တီဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲကို ငွေထုပ်ပိုက်ပြီး ဝင်လာဖို့ အသင်းရဲ့ထောက်ခံမှုကို ရရှိထားချိန်မှာ နာပိုလီအသင်းမှာ အလုပ်တွဲလုပ်ခဲ့တဲ့ တပည့်ဟောင်း ခါလီဒူး ကူလီဘာလီနဲ့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားလာပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းအနေနဲ့ ဆီနီဂေါသား ဗဟိုခံစစ်မှူးကို လျှော့ဈေး ခပ်တန်တန်နဲ့ ရရှိဖို့ အခြေအနေကောင်းနေတယ်လို့ သိရပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်တကဲကဲ သတင်းတွေ ဖောင်းပွနေခဲ့တဲ့ ကူလီဘာလီရဲ့ ကောလဟလတွေဟာ အဲဗာတန်နဲ့ အဆုံးသတ်ဖွယ် ရှိလာနေတာပါ။

ကူလီဘာလီဟာ လက်ရှိမှာ အဲဗာတန်ရဲ့ နံပါတ် ၁ ပစ်မှတ်အဖြစ် ဆက်သွယ်ခြင်းခံထားရပြီး နာပိုလီမှာ ၁၈ လကြာ လက်တွဲခဲ့တဲ့ အန်ဆယ်လော့တီနဲ့ သံယောဇဉ်တွေဟာ အခုအပြောင်းအရွှေ့မှာ ပြန်ပေါင်းထုပ်ဖို့ သူ့ကို ပိုပြီးစိတ်အားထက်သန်စေတယ်လို့ Talk Sport သတင်းက ဆိုပါတယ်။

၂၉ နှစ်သားဟာ လီဗာပူးလ်၊ မန်စီးတီး၊ မန်ချက်စတာ ယူနိုက်တက်အသင်းတို့နဲ့ တနေ့တမျိုး မရိုးရအောင် သတင်းတွေထွက်ခဲ့ပေမယ့် နာပိုလီအသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဟာ အဓိကအတားအဆီးအဖြစ် ပိတ်ပင်ခဲ့ပြီး ဥရောပအသင်းကြီးတွေကို လက်လျှော့သွားစေခဲ့တာပါ။

ဒါပေမယ့် လက်ရှိမှာတော့ ဒီအခြေအနေတွေဟာ ပြောင်းပြန်လန်သွားခဲ့ပြီဖြစ်ပြီး နာပိုလီမှာ ၂ နှစ်သာ စာချုပ်သက်တမ်းကျန်ရှိတော့တဲ့ သူ့ကို အသင်းဘက်က ငွေဖော်ဖို့ လျှော့ဈေးနဲ့ ထုတ်ရောင်းလာတော့မှာဖြစ်ကြောင်း သိရပါတယ်။

Talk Sport သတင်းထောက်ရဲ့ဖော်ပြချက်အရ အန်ဆလော့တီဟာ လာမယ့်ရာသီမှာ အဲဗာတန်အသင်းကို အသင်းအဆင့်အတန်း နောက်တဆင့်မြှင့် ပြင်ဆင်သွားမှာဖြစ်ပြီး လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာလုတိုက်ပွဲမှာ ယိမ်းယိုင်နေတဲ့ အသင်းရဲ့လူအင်အားကို အခုထက်ပိုပြီး တောင့်တင်းအောင် ကြိုးပမ်းနေသလို ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းစာရင်းဝင်ဖို့ ရည်ရွယ်ထားတဲ့ အသင်းရဲ့စီမံကိန်းအရ ကူလီဘာလီကိုလည်း စည်းရုံးသိမ်းသွင်းမယ်လို့ အခိုင်အမာ ယုံကြည်နေတာဖြစ်ကြောင်း သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီဟာ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲကို ေငြထုပ္ပိုက္ၿပီး ဝင္လာဖို႔ အသင္းရဲ႕ေထာက္ခံမႈကို ရရွိထားခ်ိန္မွာ နာပိုလီအသင္းမွာ အလုပ္တြဲလုပ္ခဲ့တဲ့ တပည့္ေဟာင္း ခါလီဒူး ကူလီဘာလီနဲ႔ ျပန္ေပါင္းထုပ္ဖို႔ ႀကိဳးစားလာၿပီျဖစ္တယ္လို႔ သိရပါတယ္။

အဲဗာတန္အသင္းအေနနဲ႔ ဆီနီေဂါသား ဗဟိုခံစစ္မႉးကို ေလွ်ာ့ေစ်း ခပ္တန္တန္နဲ႔ ရရွိဖို႔ အေျခအေနေကာင္းေနတယ္လို႔ သိရၿပီး ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕မယ္တကဲကဲ သတင္းေတြ ေဖာင္းပြေနခဲ့တဲ့ ကူလီဘာလီရဲ႕ ေကာလဟလေတြဟာ အဲဗာတန္နဲ႔ အဆုံးသတ္ဖြယ္ ရွိလာေနတာပါ။

ကူလီဘာလီဟာ လက္ရွိမွာ အဲဗာတန္ရဲ႕ နံပါတ္ ၁ ပစ္မွတ္အျဖစ္ ဆက္သြယ္ျခင္းခံထားရၿပီး နာပိုလီမွာ ၁၈ လၾကာ လက္တြဲခဲ့တဲ့ အန္ဆယ္ေလာ့တီနဲ႔ သံေယာဇဥ္ေတြဟာ အခုအေျပာင္းအေ႐ႊ႕မွာ ျပန္ေပါင္းထုပ္ဖို႔ သူ႔ကို ပိုၿပီးစိတ္အားထက္သန္ေစတယ္လို႔ Talk Sport သတင္းက ဆိုပါတယ္။

၂၉ ႏွစ္သားဟာ လီဗာပူးလ္၊ မန္စီးတီး၊ မန္ခ်က္စတာ ယူႏိုက္တက္အသင္းတို႔နဲ႔ တေန႔တမ်ိဳး မ႐ိုးရေအာင္ သတင္းေတြထြက္ခဲ့ေပမယ့္ နာပိုလီအသင္းက ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၉ သန္းဟာ အဓိကအတားအဆီးအျဖစ္ ပိတ္ပင္ခဲ့ၿပီး ဥေရာပအသင္းႀကီးေတြကို လက္ေလွ်ာ့သြားေစခဲ့တာပါ။

ဒါေပမယ့္ လက္ရွိမွာေတာ့ ဒီအေျခအေနေတြဟာ ေျပာင္းျပန္လန္သြားခဲ့ၿပီျဖစ္ၿပီး နာပိုလီမွာ ၂ ႏွစ္သာ စာခ်ဳပ္သက္တမ္းက်န္ရွိေတာ့တဲ့ သူ႔ကို အသင္းဘက္က ေငြေဖာ္ဖို႔ ေလွ်ာ့ေစ်းနဲ႔ ထုတ္ေရာင္းလာေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

Talk Sport သတင္းေထာက္ရဲ႕ေဖာ္ျပခ်က္အရ အန္ဆေလာ့တီဟာ လာမယ့္ရာသီမွာ အဲဗာတန္အသင္းကို အသင္းအဆင့္အတန္း ေနာက္တဆင့္ျမႇင့္ ျပင္ဆင္သြားမွာျဖစ္ၿပီး လက္ရွိမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေနရာလုတိုက္ပြဲမွာ ယိမ္းယိုင္ေနတဲ့ အသင္းရဲ႕လူအင္အားကို အခုထက္ပိုၿပီး ေတာင့္တင္းေအာင္ ႀကိဳးပမ္းေနသလို ပရီးမီးယားလိဂ္ ထိပ္သီး ၄ သင္းစာရင္းဝင္ဖို႔ ရည္႐ြယ္ထားတဲ့ အသင္းရဲ႕စီမံကိန္းအရ ကူလီဘာလီကိုလည္း စည္း႐ုံးသိမ္းသြင္းမယ္လို႔ အခိုင္အမာ ယုံၾကည္ေနတာျဖစ္ေၾကာင္း သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.