Premier League

လီဗာပူးနည်းပြကလော့ပ်နဲ့ ဟော်လန်နည်းပြကြားက ‘ဗန်ဒိုက်လွန်ဆွဲပွဲ’

ဟော်လန်အသင်းနည်းပြ ဖရန့် ဒီဘိုအာက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီး တရာသီလုံးလွဲချော်တော့မယ်လို့ သတ်မှတ်ခံထားရပေမယ့် ဒီနှစ်အစောပိုင်းမှာ အပေါ့စား ဘောလုံးလေ့ကျင့်ရေးတွေကို ပြန်လည်လုပ်ဆောင်နေသလို အခုအချိန်မှာ ပြန်လည်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို ပြုလုပ်လာပြီဖြစ်တဲ့ ဗန်ဒိုက်ဟာ လာမယ့် အချိန် ၈ပတ်အတွင်းမှာ ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ ယူဆထားကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်အနေနဲ့ ဗန်ဒိုက်ဟာ အလုံးစုံကျန်းမာကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ သူ့အတွက် အကန့်အသတ်မရှိ လိုသလောက် အချိန်ပေးထားရမှာဖြစ်တယ်လို့ ဆိုထားခဲ့ဖူးတာ ဖြစ်ပြီး ဒီဘိုအာကတော့ ဒါကို ဆန့်ကျင်သွားခဲ့တာပါ။

ဟော်လန်သားအနေနဲ့ လာမယ့် ယူရိုပြိုင်ပွဲကို ဝင်နွှဲနိုင်မယ်လို့ ဟော်လန်လက်ရွေးစင်နည်းပြက မျှော်လင့်နေတာဖြစ်သလို တဖက်မှာလည်း ကလော့ပ်ဟာ ဗန်ဒိုက်ကို အလောတကြီး စွန့်စားပြီး ဘောလုံးပြန်ကစားခိုင်းတာဟာ အဓိပ္ပာယ်မဲ့တယ်လို့ ယူဆနေသူအဖြစ် ကလပ်အသင်းနည်းပြ နဲ့ လက်ရွေးစင်နည်းပြတို့ရဲ့ ‘ဗန်ဒိုက်လွန်ဆွဲပွဲ’ ကို မြင်တွေ့လာရပါတယ်။

“ကျွန်တော်တို့ နားလည်ထားတာကတော့ ဗန်ဒိုက်ရဲ့ အနားယူချိန်က ရှေ့လာမယ့် ၈ ပတ်သာ ​ကျန်ရှိတော့တာဖြစ်တယ်။ ဒါက သူ့အတွက် လုံလောက်ရဲ့လားဆိုတာတော့ မသိရှိပါဘူး။”

“ကျွန်တော်တို့နှစ်ယောက် စကားပြောဆိုခဲ့ပြီးပါပြီ။ သူလည်း ကွင်းထဲမှာ ပြန်လေ့ကျင့်နေပြီ။ အခု ၈ ပတ်လို့ ပြောတာထက်ပိုပြီး နားရရင်တော့လည်း နောက်ထပ် တပတ် နှစ်ပတ် အလွန်ဆုံးပေါ့ဗျာ။ ဒါဆိုရင်တော့ လီဗာပူးလ်ရဲ့ ရာသီလက်ကျန်မှာလည်း ဗန်ဒိုက်လုံးဝ ဝင်မကစားနိုင်တော့ဘူးပေါ့။ ကလပ်အသင်းကလည်း သူ့ကို နောက်ရာသီအတွက်သာ အာရုံစိုက်ဖို့ မှာကြားထားတယ်လို့ ကြားသိထားပါတယ်”

“အဆုံးစွန်မှာတော့ ဗန်ဒိုက်ကိုယ်တိုင်ကပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ သူပြန်ကစားဖို့ အားပြည့်ပြီလားပေါ့လေ။ ကွင်းထဲပြန်လာဖို့ အားအင်အပြည့်နဲ့ သူ့ကိုယ်သူခံစားမှုကောင်းတွေ ရရှိနေဖို့ လိုပါတယ်။ ဒါဆိုရင်တော့ လီဗာပူးလ်အတွက် အပိုဆုလို့ ပြောရမှာပေါ့။ ကျွန်တော်တို့လက်ရွေးစင်အတွက်ပါ သူပြန်လာနိုင်ပြီပေါ့ ”

“သူ့ကို ကျွန်တော်ဖိအားမပေးပါဘူး။ ဒါပေမယ့် သူသာ မြန်မြန်ပြန်ကစားမယ်လို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ရင် ကျွန်တော်တို့အတွက် တကယ့်ကို လူအင်အားတောင့်တင်းမှု ဖြစ်လာမှာပါ။ အဲဒီအချိန်ရောက်လာရင်တော့ သူဘာလုပ်နိုင်မလဲဆိုတာ သူနဲ့ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” လိို့ ဟော်လန်နည်းပြက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဗန်ဒိုက်အနေနဲ့ ရှေ့လာမယ့် ၈ ပတ်အတွင်းမှာ ပြန်ကစားနိုင်ခဲ့ရင်တော့ လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဥ်တွေဖြစ်တဲ့ ဘန်လေ၊ ခရစ္စတယ်လ်ပဲလေ့စ်တို့နဲ့ပွဲတွေမှာ ပူးပေါင်းလာနိုင်မှာဖြစ်ပြီး ယူရိုဖလားကိုလည်း နိုင်ငံအသင်းအတွက် ကစားပေးနိုင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဟာ္လန္အသင္းနည္းျပ ဖရန္႔ ဒီဘိုအာက ဒူးဒဏ္ရာေၾကာင့္ အနားယူခဲ့ရၿပီး တရာသီလုံးလြဲေခ်ာ္ေတာ့မယ္လို႔ သတ္မွတ္ခံထားရေပမယ့္ ဒီႏွစ္အေစာပိုင္းမွာ အေပါ့စား ေဘာလုံးေလ့က်င့္ေရးေတြကို ျပန္လည္လုပ္ေဆာင္ေနသလို အခုအခ်ိန္မွာ ျပန္လည္ႀကံ့ခိုင္ေရးေလ့က်င့္ခန္းေတြကို ျပဳလုပ္လာၿပီျဖစ္တဲ့ ဗန္ဒိုက္ဟာ လာမယ့္ အခ်ိန္ ၈ပတ္အတြင္းမွာ ေဘာလုံးျပန္ကစားႏိုင္ေတာ့မယ္လို႔ ယူဆထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္အေနနဲ႔ ဗန္ဒိုက္ဟာ အလုံးစုံက်န္းမာႀကံ့ခိုင္မႈ ျပန္လည္ရရွိဖို႔ သူ႔အတြက္ အကန္႔အသတ္မရွိ လိုသေလာက္ အခ်ိန္ေပးထားရမွာျဖစ္တယ္လို႔ ဆိုထားခဲ့ဖူးတာ ျဖစ္ၿပီး ဒီဘိုအာကေတာ့ ဒါကို ဆန္႔က်င္သြားခဲ့တာပါ။

ေဟာ္လန္သားအေနနဲ႔ လာမယ့္ ယူ႐ိုၿပိဳင္ပြဲကို ဝင္ႏႊဲႏိုင္မယ္လို႔ ေဟာ္လန္လက္ေ႐ြးစင္နည္းျပက ေမွ်ာ္လင့္ေနတာျဖစ္သလို တဖက္မွာလည္း ကေလာ့ပ္ဟာ ဗန္ဒိုက္ကို အေလာတႀကီး စြန္႔စားၿပီး ေဘာလုံးျပန္ကစားခိုင္းတာဟာ အဓိပၸာယ္မဲ့တယ္လို႔ ယူဆေနသူအျဖစ္ ကလပ္အသင္းနည္းျပ နဲ႔ လက္ေ႐ြးစင္နည္းျပတို႔ရဲ႕ ‘ဗန္ဒိုက္လြန္ဆြဲပြဲ’ ကို ျမင္ေတြ႕လာရပါတယ္။

“ကြၽန္ေတာ္တို႔ နားလည္ထားတာကေတာ့ ဗန္ဒိုက္ရဲ႕ အနားယူခ်ိန္က ေရွ႕လာမယ့္ ၈ ပတ္သာ ​က်န္ရွိေတာ့တာျဖစ္တယ္။ ဒါက သူ႔အတြက္ လုံေလာက္ရဲ႕လားဆိုတာေတာ့ မသိရွိပါဘူး။”

“ကြၽန္ေတာ္တို႔ႏွစ္ေယာက္ စကားေျပာဆိုခဲ့ၿပီးပါၿပီ။ သူလည္း ကြင္းထဲမွာ ျပန္ေလ့က်င့္ေနၿပီ။ အခု ၈ ပတ္လို႔ ေျပာတာထက္ပိုၿပီး နားရရင္ေတာ့လည္း ေနာက္ထပ္ တပတ္ ႏွစ္ပတ္ အလြန္ဆုံးေပါ့ဗ်ာ။ ဒါဆိုရင္ေတာ့ လီဗာပူးလ္ရဲ႕ ရာသီလက္က်န္မွာလည္း ဗန္ဒိုက္လုံးဝ ဝင္မကစားႏိုင္ေတာ့ဘူးေပါ့။ ကလပ္အသင္းကလည္း သူ႔ကို ေနာက္ရာသီအတြက္သာ အာ႐ုံစိုက္ဖို႔ မွာၾကားထားတယ္လို႔ ၾကားသိထားပါတယ္”

“အဆုံးစြန္မွာေတာ့ ဗန္ဒိုက္ကိုယ္တိုင္ကပဲ ဆုံးျဖတ္ရပါလိမ့္မယ္။ သူျပန္ကစားဖို႔ အားျပည့္ၿပီလားေပါ့ေလ။ ကြင္းထဲျပန္လာဖို႔ အားအင္အျပည့္နဲ႔ သူ႔ကိုယ္သူခံစားမႈေကာင္းေတြ ရရွိေနဖို႔ လိုပါတယ္။ ဒါဆိုရင္ေတာ့ လီဗာပူးလ္အတြက္ အပိုဆုလို႔ ေျပာရမွာေပါ့။ ကြၽန္ေတာ္တို႔လက္ေ႐ြးစင္အတြက္ပါ သူျပန္လာႏိုင္ၿပီေပါ့ ”

“သူ႔ကို ကြၽန္ေတာ္ဖိအားမေပးပါဘူး။ ဒါေပမယ့္ သူသာ ျမန္ျမန္ျပန္ကစားမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္ခဲ့ရင္ ကြၽန္ေတာ္တို႔အတြက္ တကယ့္ကို လူအင္အားေတာင့္တင္းမႈ ျဖစ္လာမွာပါ။ အဲဒီအခ်ိန္ေရာက္လာရင္ေတာ့ သူဘာလုပ္ႏိုင္မလဲဆိုတာ သူနဲ႔ကြၽန္ေတာ္တို႔ ေဆြးေႏြးသြားမွာပါ” လိို႔ ေဟာ္လန္နည္းျပက ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

ဗန္ဒိုက္အေနနဲ႔ ေရွ႕လာမယ့္ ၈ ပတ္အတြင္းမွာ ျပန္ကစားႏိုင္ခဲ့ရင္ေတာ့ လီဗာပူးလ္ရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆုံးပြဲစဥ္ေတြျဖစ္တဲ့ ဘန္ေလ၊ ခရစၥတယ္လ္ပဲေလ့စ္တို႔နဲ႔ပြဲေတြမွာ ပူးေပါင္းလာႏိုင္မွာျဖစ္ၿပီး ယူ႐ိုဖလားကိုလည္း ႏိုင္ငံအသင္းအတြက္ ကစားေပးႏိုင္သြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.