Premier League

VAR တိုးတက်ရေး လှုပ်ရှားမှုရဲ့ ကြော်ငြာမော်ဒယ်ဖြစ်လာတဲ့ မက်ဂွိုင်းယား

ပရီးမီးယားလိဂ်မှာ VAR ရဲ့ လိုအပ်ချက်တွေက လူပြောများနေကြပြီး မလိုအပ်တဲ့ နေရာတွေမှာ ဒသမ မီလီမီတာကလေးတွေအထိ တိကျပေမယ့် လိုအပ်တဲ့ နေရာတွေမှာ ဆုံးဖြတ်ချက်ချဖို့ မရဲဘဲ မျက်နှာလိုက်တာတွေ သက်ညှာတွေဟာ ဒီနည်းပညာရဲ့ အားသာချက်ကို အသုံးချရာ မရောက်ဘူးလို့ ဝေဖန်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ စတော့ခ်လီပါ့ခ် VAR ခန်းထဲကလူတွေ အိပ်ပျော်နေသလားလို့ မေးခွန်းထုတ်ခဲ့ဖူးပြီး ကော်ဖီသောက်ဖို့ လိုနေပြီလို့ လှောင်ပြောင်ခဲ့ဖူးသလို အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ ဘာဟာ ပင်နယ်တီလဲဆိုတာ ရှင်းပြဖို့ အတိအလင်း တောင်းဆိုခဲ့ဖူးပြီး မကျေနပ်မှုတွေကတော့ မြင့်တက်လာခဲ့ပါတယ်။

VAR ရဲ့ ဆုံးဖြတ်ချက်တွေမှာ ပထမဆုံးရာသီက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ၈၂ ရာခိုင်နှုန်းကနေ ဒုတိယရာသီမှာ ၉၄ ရာခိုင်နှုန်းကို တိုးတက်လာခဲ့ပေမယ့် ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေကြားမှာ ဒီနည်းပညာဟာ ပရီးမီးယားလိဂ်ကို လိုသလို ကြိုးဆွဲပြီး Match Fixing လုပ်ဖို့ပဲလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိနေပြီး လက်ကျွံတာနဲ့ လူကျွံဘောဆိုတာကိုလည်း ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာပါ။

ပင်နယ်တီရသင့်တဲ့ အခိုက်အတန့်တွေမှာ ဆုံးဖြတ်ချက် မမှန်ခဲ့တာတွေက VAR ရဲ့ ဆိုးရွားမှုတွေဖြစ်နေချိန်မှာ အိုးလ်ထရက်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားရဲ့ ပေါ်တင်ကြီး ပြစ်ဒဏ်ကျူးလွန်မှုက ဘာအရေးယူမှုမှ မရှိခဲ့တာဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ပိုမိုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ မက်ဂွိုင်းယားဟာ ချဲလ်ဆီးအသင်း ခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွေတာကို WWE နပမ်းပွဲက ချုပ်ကွက်မျိုးနဲ့ လည်ပင်းကို ဖက်သိုင်းပြီး ပင်နယ်တီဧရိယာထဲမှာ လှဲချခဲ့တာကို ဒိုင်လူကြီး မာတင် အက်ကင်ဆန်နဲ့ VAR ရဲ့ လျစ်လျူရှုမှုခံခဲ့ရတာက အားလုံးရဲ့ သဘောထားတွေကို တစ်သားတည်း စုစည်းစေခဲ့တာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပရီးမီးယားလိဂ်အသင်းတွေရဲ့ အစည်းအဝေးမှာ VAR အကြောင်းကို အလေးပေး ဆွေးနွေးခဲ့ကြပြီး VAR ရဲ့ ပွဲတွေကို ဖျက်ဆီးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေကိုလည်း ပြန်လည်ကြည့်ရှုဝေဖန်ခဲ့ကြရာမှာ မက်ဂွိုင်းယား-အက်ဇ်ပီလီကွေတာဖြစ်ရပ်ကတော့ လုံးဝကို မလွဲချော်သင့်တာလို့ သဘောတူညီခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အပေါ် အခြေတည်ပြီး ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ VAR တာဝန်ရှိသူတွေကို ဖိအားပေးတောင်းဆိုသွားဖို့ စီစဉ်နေကြသလို သူတို့ဆီကနေ ဘာက ပြစ်ဒဏ်ဘော၊ လက်ထိဘော၊ လူကျွံဘောနဲ့ ပင်နယ်တီဆိုတာကို ရှင်းရှင်းလင်းလင်း ဖြေရှင်းချက်ပေးဖို့ တောင်းဆိုသွားမှာဖြစ်ပြီး ဒီစုစည်းမှုမှာ အသင်းတွေရဲ့ ဒါရိုက်တာတွေ၊ နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေရဲ့ အမြင်တွေကိုပါ စုစည်းသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္မွာ VAR ရဲ႕ လိုအပ္ခ်က္ေတြက လူေျပာမ်ားေနၾကၿပီး မလိုအပ္တဲ့ ေနရာေတြမွာ ဒသမ မီလီမီတာကေလးေတြအထိ တိက်ေပမယ့္ လိုအပ္တဲ့ ေနရာေတြမွာ ဆုံးျဖတ္ခ်က္ခ်ဖို႔ မရဲဘဲ မ်က္ႏွာလိုက္တာေတြ သက္ညႇာေတြဟာ ဒီနည္းပညာရဲ႕ အားသာခ်က္ကို အသုံးခ်ရာ မေရာက္ဘူးလို႔ ေဝဖန္ေနၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကေတာ့ စေတာ့ခ္လီပါ့ခ္ VAR ခန္းထဲကလူေတြ အိပ္ေပ်ာ္ေနသလားလို႔ ေမးခြန္းထုတ္ခဲ့ဖူးၿပီး ေကာ္ဖီေသာက္ဖို႔ လိုေနၿပီလို႔ ေလွာင္ေျပာင္ခဲ့ဖူးသလို အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ ဘာဟာ ပင္နယ္တီလဲဆိုတာ ရွင္းျပဖို႔ အတိအလင္း ေတာင္းဆိုခဲ့ဖူးၿပီး မေက်နပ္မႈေတြကေတာ့ ျမင့္တက္လာခဲ့ပါတယ္။

VAR ရဲ႕ ဆုံးျဖတ္ခ်က္ေတြမွာ ပထမဆုံးရာသီက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ၈၂ ရာခိုင္ႏႈန္းကေန ဒုတိယရာသီမွာ ၉၄ ရာခိုင္ႏႈန္းကို တိုးတက္လာခဲ့ေပမယ့္ ပရိသတ္ေတြနဲ႔ အသင္းတာဝန္ရွိသူေတြၾကားမွာ ဒီနည္းပညာဟာ ပရီးမီးယားလိဂ္ကို လိုသလို ႀကိဳးဆြဲၿပီး Match Fixing လုပ္ဖို႔ပဲလို႔ေတာင္ ျပင္းျပင္းထန္ထန္ ေဝဖန္မႈေတြရွိေနၿပီး လက္ကြၽံတာနဲ႔ လူကြၽံေဘာဆိုတာကိုလည္း ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾကတာပါ။

ပင္နယ္တီရသင့္တဲ့ အခိုက္အတန႔္ေတြမွာ ဆုံးျဖတ္ခ်က္ မမွန္ခဲ့တာေတြက VAR ရဲ႕ ဆိုး႐ြားမႈေတြျဖစ္ေနခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္က မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားရဲ႕ ေပၚတင္ႀကီး ျပစ္ဒဏ္က်ဴးလြန္မႈက ဘာအေရးယူမႈမွ မရွိခဲ့တာဟာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈေတြကို ပိုမိုရရွိခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းက ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ ပြဲစဥ္မွာ မက္ဂြိဳင္းယားဟာ ခ်ဲလ္ဆီးအသင္း ေခါင္းေဆာင္ ဆီဇာ အက္ဇ္ပီလီေကြတာကို WWE နပမ္းပြဲက ခ်ဳပ္ကြက္မ်ိဳးနဲ႔ လည္ပင္းကို ဖက္သိုင္းၿပီး ပင္နယ္တီဧရိယာထဲမွာ လွဲခ်ခဲ့တာကို ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္နဲ႔ VAR ရဲ႕ လ်စ္လ်ဴရႈမႈခံခဲ့ရတာက အားလုံးရဲ႕ သေဘာထားေတြကို တစ္သားတည္း စုစည္းေစခဲ့တာပါ။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ပရီးမီးယားလိဂ္အသင္းေတြရဲ႕ အစည္းအေဝးမွာ VAR အေၾကာင္းကို အေလးေပး ေဆြးေႏြးခဲ့ၾကၿပီး VAR ရဲ႕ ပြဲေတြကို ဖ်က္ဆီးခဲ့တဲ့ ဗီဒီယိုမွတ္တမ္းေတြကိုလည္း ျပန္လည္ၾကည့္ရႈေဝဖန္ခဲ့ၾကရာမွာ မက္ဂြိဳင္းယား-အက္ဇ္ပီလီေကြတာျဖစ္ရပ္ကေတာ့ လုံးဝကို မလြဲေခ်ာ္သင့္တာလို႔ သေဘာတူညီခဲ့ၾကပါတယ္။

ဒီျဖစ္ရပ္အေပၚ အေျခတည္ၿပီး ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ VAR တာဝန္ရွိသူေတြကို ဖိအားေပးေတာင္းဆိုသြားဖို႔ စီစဥ္ေနၾကသလို သူတို႔ဆီကေန ဘာက ျပစ္ဒဏ္ေဘာ၊ လက္ထိေဘာ၊ လူကြၽံေဘာနဲ႔ ပင္နယ္တီဆိုတာကို ရွင္းရွင္းလင္းလင္း ေျဖရွင္းခ်က္ေပးဖို႔ ေတာင္းဆိုသြားမွာျဖစ္ၿပီး ဒီစုစည္းမႈမွာ အသင္းေတြရဲ႕ ဒါ႐ိုက္တာေတြ၊ နည္းျပေတြနဲ႔ အသင္းေခါင္းေဆာင္ေတြရဲ႕ အျမင္ေတြကိုပါ စုစည္းသြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.