Premier League Transfer News

ဆာလားကိုရောင်း၊ ရီးရဲလ်တောင်ပံသမားကို ပြန်ခေါ်၊ တိုက်စစ်အထိုင်ကို ကလော့ပ် ပြောင်းမှာလား

လာမယ့်နွေရာသီမှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသင်းရဲ့ အဓိကတောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားကို ရောင်းချပြီး သူ့အပေါ် တရားလွန်မှီခိုမှုကို အဆုံးသတ်သွားတော့မယ်လို့ သတင်းတွေ ထွက်ရှိနေသလို အန်းဖီးလ်မှာ အပြောင်းလဲကြီးကြီးမားမားတွေကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ပုံမှန်အားဖြင့် တောင်ပံတိုက်စစ်မှူးတွေဟာ အထောင်တိုက်စစ်မှူးနဲ့ ဂိုးတွေ ခွဲဝေယူလေ့ရှိရာမှာ တိုက်စစ်ကစားပြီး ဂိုးသွင်းအရမ်းနည်းနေတာ နှစ်ရာသီလောက်ရှိပြီဖြစ်တဲ့ ရောဘတ်တို ဖာမီနိုကြောင့် ဆာလားရဲ့ ကျေးဇူးကြီးမားပုံက မြင့်တက်လာနေပြီး သူ့လိုပဲ ဂိုးတွေ သွင်းယူလေ့ရှိတဲ့ ဆာဒီယို မာနေးနဲ့လည်း မကျေလည်စရာတွေ ဖြစ်လာခဲ့တာပါ။

ကစားသမားဘဝကို ကွင်းလယ်လူတစ်ဦးအဖြစ် စတင်ခဲ့တဲ့ ဖာမီနိုရဲ့ ခံယူချက်နဲ့ စိတ်နေစိတ်ထားက ဒီနေရာမှာ ပြောစရာဖြစ်ခဲ့ပြီး ဂိုးမသွင်းရလည်း ပျော်နေနိုင်ခဲ့ချိန်မှာ တောင်ပံတိုက်စစ်မှူးတွေရဲ့ Image လုမှုက ကလော့ပ်နဲ့ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် နွေရာသီမှာ တိုက်စစ်ပိုင်းကို ပြင်ဆင်သွားဖို့ ရှိနေပြီး အသင်းကို အကျိုးပြုတတ်တဲ့ ဖာမီနိုနဲ့ မာနေးထက် တစ်ကိုယ်ကောင်းဆန်တဲ့ ဆာလားကို ပေါင်သန်း ၁၀၀ အထက်မှာ ရောင်းထုတ်သွားဖို့ ရှိနေသလို ရီးရဲလ်မက်ဒရစ်အသင်းကသာ ခေါ်ယူမယ်ဆိုရင် သူတို့ရဲ့ တောင်ပံသမား မာကို အဆန်စီယိုနဲ့ အလိုက်ယူ လဲလှယ်သွားဖို့ ရှိနေပြီး ဒီယိုဂို ဂျိုတာကို ပိုမိုနေရာပေးသွားဖို့လည်း ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ လုံးဝစိတ်ချရတဲ့ Team Player တစ်ဦးအဖြစ် ကစားပေးနေတဲ့ အသက် ၂၅ နှစ်အရွယ် စပိန်တောင်ပံကစားသမား အဆန်စီယိုဟာ ဘယ်သန်ကစားသမားတစ်ဦးအဖြစ် ညာတောင်ပံမှာ Inverted Winger အဖြစ် ကစားနိုင်သလို ဘယ်တောင်ပံကနေလည်း အသင်းကို ဖြတ်တင်ဘောတွေကို ပေးပို့ဖို့ ထူးချွန်သူဖြစ်ပြီး ပွဲပေါင်း ၁၇၉ ပွဲအထိ ကစားပေးထားသူလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို ရောက်ရှိလာရင်တော့ သူ့ရဲ့ တစ်ကိုယ်ကောင်းမဆန်တတ်တဲ့ ပုံစံက အသင်းအတွက် အကျိုးရှိစေမှာဖြစ်ပေမယ့် သွင်းဂိုးတွေကိုတော့ တခြားကစားသမားတွေဆီက ပိုမိုရှာဖွေရဖွယ်နေပြီး ဖာမီနိုရဲ့ လက်ရှိဂိုးသွင်းနှုန်းကိုသာ မမြှင့်တင်နိုင်တော့ဘူးဆိုရင် ကလော့ပ်အနေနဲ့ တစ်မျိုးတစ်ဖုံ ကြံဆရမှာပါ။

ဒီအတွက် အထောင်တိုက်စစ်မှူးနေရာမှာ ဂိုးသွင်းကောင်းတဲ့သူတစ်ဦးကို ထပ်မံခေါ်ယူလာနိုင်ပြီး ဒီအတွက် အာလင်း ဟားလန်းကို စောင့်ကြည့်နေသလို သူ့ကို မရခဲ့ရင်တော့ အရန်အစီအစဉ်အဖြစ် တခြားအသင်းတွေနဲ့ ဈေးနှုန်းရော ကစားကွက်လိုအပ်ချက်အရပါ ဦးစားပေးအဖြစ် မခေါ်ယူနိုင်ကြတဲ့ ခိုင်လျန် အမ်ဘာပေကိုပဲ ခေါ်ယူမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ေႏြရာသီမွာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အသင္းရဲ႕ အဓိကေတာင္ပံတိုက္စစ္မႉး မိုဟာမက္ ဆာလားကို ေရာင္းခ်ၿပီး သူ႔အေပၚ တရားလြန္မွီခိုမႈကို အဆုံးသတ္သြားေတာ့မယ္လို႔ သတင္းေတြ ထြက္ရွိေနသလို အန္းဖီးလ္မွာ အေျပာင္းလဲႀကီးႀကီးမားမားေတြကိုလည္း ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

ပုံမွန္အားျဖင့္ ေတာင္ပံတိုက္စစ္မႉးေတြဟာ အေထာင္တိုက္စစ္မႉးနဲ႔ ဂိုးေတြ ခြဲေဝယူေလ့ရွိရာမွာ တိုက္စစ္ကစားၿပီး ဂိုးသြင္းအရမ္းနည္းေနတာ ႏွစ္ရာသီေလာက္ရွိၿပီျဖစ္တဲ့ ေရာဘတ္တို ဖာမီႏိုေၾကာင့္ ဆာလားရဲ႕ ေက်းဇူးႀကီးမားပုံက ျမင့္တက္လာေနၿပီး သူ႔လိုပဲ ဂိုးေတြ သြင္းယူေလ့ရွိတဲ့ ဆာဒီယို မာေနးနဲ႔လည္း မေက်လည္စရာေတြ ျဖစ္လာခဲ့တာပါ။

ကစားသမားဘဝကို ကြင္းလယ္လူတစ္ဦးအျဖစ္ စတင္ခဲ့တဲ့ ဖာမီႏိုရဲ႕ ခံယူခ်က္နဲ႔ စိတ္ေနစိတ္ထားက ဒီေနရာမွာ ေျပာစရာျဖစ္ခဲ့ၿပီး ဂိုးမသြင္းရလည္း ေပ်ာ္ေနႏိုင္ခဲ့ခ်ိန္မွာ ေတာင္ပံတိုက္စစ္မႉးေတြရဲ႕ Image လုမႈက ကေလာ့ပ္နဲ႔ လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ စိုးရိမ္စရာ ျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ ေႏြရာသီမွာ တိုက္စစ္ပိုင္းကို ျပင္ဆင္သြားဖို႔ ရွိေနၿပီး အသင္းကို အက်ိဳးျပဳတတ္တဲ့ ဖာမီႏိုနဲ႔ မာေနးထက္ တစ္ကိုယ္ေကာင္းဆန္တဲ့ ဆာလားကို ေပါင္သန္း ၁၀၀ အထက္မွာ ေရာင္းထုတ္သြားဖို႔ ရွိေနသလို ရီးရဲလ္မက္ဒရစ္အသင္းကသာ ေခၚယူမယ္ဆိုရင္ သူတို႔ရဲ႕ ေတာင္ပံသမား မာကို အဆန္စီယိုနဲ႔ အလိုက္ယူ လဲလွယ္သြားဖို႔ ရွိေနၿပီး ဒီယိုဂို ဂ်ိဳတာကို ပိုမိုေနရာေပးသြားဖို႔လည္း ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းမွာ လုံးဝစိတ္ခ်ရတဲ့ Team Player တစ္ဦးအျဖစ္ ကစားေပးေနတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ စပိန္ေတာင္ပံကစားသမား အဆန္စီယိုဟာ ဘယ္သန္ကစားသမားတစ္ဦးအျဖစ္ ညာေတာင္ပံမွာ Inverted Winger အျဖစ္ ကစားႏိုင္သလို ဘယ္ေတာင္ပံကေနလည္း အသင္းကို ျဖတ္တင္ေဘာေတြကို ေပးပို႔ဖို႔ ထူးခြၽန္သူျဖစ္ၿပီး ပြဲေပါင္း ၁၇၉ ပြဲအထိ ကစားေပးထားသူလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကို ေရာက္ရွိလာရင္ေတာ့ သူ႔ရဲ႕ တစ္ကိုယ္ေကာင္းမဆန္တတ္တဲ့ ပုံစံက အသင္းအတြက္ အက်ိဳးရွိေစမွာျဖစ္ေပမယ့္ သြင္းဂိုးေတြကိုေတာ့ တျခားကစားသမားေတြဆီက ပိုမိုရွာေဖြရဖြယ္ေနၿပီး ဖာမီႏိုရဲ႕ လက္ရွိဂိုးသြင္းႏႈန္းကိုသာ မျမႇင့္တင္ႏိုင္ေတာ့ဘူးဆိုရင္ ကေလာ့ပ္အေနနဲ႔ တစ္မ်ိဳးတစ္ဖုံ ႀကံဆရမွာပါ။

ဒီအတြက္ အေထာင္တိုက္စစ္မႉးေနရာမွာ ဂိုးသြင္းေကာင္းတဲ့သူတစ္ဦးကို ထပ္မံေခၚယူလာႏိုင္ၿပီး ဒီအတြက္ အာလင္း ဟားလန္းကို ေစာင့္ၾကည့္ေနသလို သူ႔ကို မရခဲ့ရင္ေတာ့ အရန္အစီအစဥ္အျဖစ္ တျခားအသင္းေတြနဲ႔ ေဈးႏႈန္းေရာ ကစားကြက္လိုအပ္ခ်က္အရပါ ဦးစားေပးအျဖစ္ မေခၚယူႏိုင္ၾကတဲ့ ခိုင္လ်န္ အမ္ဘာေပကိုပဲ ေခၚယူမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.