Premier League Transfer News

နွေရာသီမှာ အာတီတာ ရောင်းချသွားဖွယ်ရှိနေတဲ့ အာဆင်နယ်ကစားသမား ၅ ဦး

အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ သူတို့အသင်းနဲ့ လက်တွဲနေလို့ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ မဟုတ်တော့တဲ့ ကစားသမား ၅ ဦးကို ရောင်းထုတ်လမ်းခွဲသွားဖွယ်ရှိနေပြီး အသင်းရဲ့ လူစာရင်းကို လျှော့ချဖို့နဲ့ အသုံးစရိတ်နဲ့ လစာငွေဘတ်ဂျက်ကို တိုးမြှင့်စေဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

၁။ မက်တီယို ဂန်ဒူဇီ
မက်တီယို ဂန်ဒူဇီဟာ အာဆင်နယ်အသင်းကို ရောက်ရှိလာစဉ်တုန်းက သူ့ရဲ့ မဆုတ်မနစ် ကြိုးစားတတ်တဲ့ ပုံစံတွေနဲ့ အနာဂတ်ရဲ့ အသင်းခေါင်းဆောင်လို့ ပရိသတ်တွေရဲ့ ချီးပခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းတွင်းမှာ ဆရာကြီးလုပ်တတ်ပြီး ငါတကောကောတတ်တဲ့ ပုံစံက ကွင်းပြင်နဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းတွေဆီကိုပါ ပါလာခဲ့ပြီး နည်းပြနဲ့ ကစားသမားအချိုရဲ့ နှစ်သက်မှုကို မရတော့တာကြောင့် နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်က လမ်းခွဲတာပဲဖြစ်ပါတယ်။

၂။ ဆိဒ် ကိုလာစီနက်ချ်
၂၀၁၇ တုန်းက အသင်းကို ရောက်ရှိလာခဲ့ပြီး ကြိုးစားကစားဟန်နဲ့ ကြံခိုင်မှုကောင်းတဲ့ ကိုယ်လုံးကိုယ်ထည်ကြောင့် ပရိသတ်တွေရဲ့ အချိန်တို အတွင်း သဘောကျခံရတဲ့ ဘော့စနီးယားသားဟာ နည်းပြအပြောင်းအလဲမှာတော့ သူ့ရဲ့ ဘောလုံးဦးနှောက်အတွက် ဝေဖန်ခံခဲ့ရပြီး ကီရန် တီယာနီ ရောက်လာချိန်မှာ အရန်ကစားသမားပဲ ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ လက်ရွေးစင်ဘဝအတွက် အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး ရှော်လ်ကာအသင်းကို တန်းဆင်းဆင်း မဆင်းဆင်း အပြီးသတ် ပြောင်းရွှေ့သွားဖို့ ရှိနေတာပါ။

၃။ ရီးစ် နယ်လ်ဆန်
တစ်ချိန်တုန်းက အသင်းရဲ့ တောင်ပံတွေကို စိုးမိုးမယ့်သူလို့ မြင်ခဲ့ကြတဲ့ နယ်လ်ဆန်ဟာ နောက်ပိုင်းနှစ်တွေမှာတော့ ဘယ်တောင်ပံကို မာတီနယ်လီ၊ ညာတောင်ပံကို ပေပေနဲ့ သူ့ကိုပါ ဖြုတ်ချနိုင်တဲ့ ဆာကာတို့ ရောက်လာခဲ့အပြီးမှာ အရန်ကစားသမားဖြစ်လာခဲ့သလို ပွဲထွက်ခွင့်နဲ့ ခြေစွမ်းပါ လျော့ကျလာတာပါ။ သူ့ကို အငှားချဖို့ထက် အမ်းမရိတ်မှာ အနာဂတ်မရှိတော့လို့ အပြီးသတ်ရောင်းတာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။

၄။ ကယ်လမ် ချိမ်းဘားစ်
ဒဏ်ရာက ပြန်လာပြီးကတည်းက သူ့ရဲ့ အဓိက အားနည်းချက်က အမြန်နှုန်းဖြစ်သွားခဲ့ပါတယ်။ တိုက်စစ်လိုက်ပါ ပံ့ပိုးမှုပိုင်းမှာ မလျော့သလို ပိုတောင်ကောင်းလာခဲ့ပေမယ့် ခံစစ်မှာတော့ တောင်ပံကစားသမားတွေရဲ့ အလွယ်တကူဖြတ်ကျော်ခံရသူဖြစ်နေခဲ့လို့ အသင်းမှာ ဆက်ရှိနေရင်လည်း အရန်ထက်တော့ ပိုအခွင့်အရေးရဖို့ မရှိပါဘူး။ ဒါကြောင့် အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှု အစီအစဉ်တွေအတွက် ငွေဖော်သွားဖို့ပဲ လုပ်ကြမှာပါ။

၅။ လူးကပ်စ် တော်ရဲရား
ပရိသတ်တွေ ချီးကျူးစောတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ စစချင်း သူ့အကြောင်း ဘယ်သူမှ မသိတုန်းက သေးငယ်တဲ့ ကိုယ်လုံး၊ လုပ်အားနှုန်းကောင်းကောင်းနဲ့ ခံစစ်ကို ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြိုင်ဘက်တိုင်းက သူ့ရဲ့ ကြံ့ခိုင်မှုကို ပစ်မှတ်ထားခဲ့ကြပြီး ဥရုဂွေးသားအနေနဲ့ မှတ်တမ်းတွေ မကောင်းတော့သလို နည်းပြ အာတီတာလက်ထက်မှာလည်း အခန်းကဏ္ဍ မရှိသလောက် နည်းပါးနေတာမို့ စပိန်က ပြန်ရောက်လာရင် အီတလီပြန်ဖို့ပဲ များနေခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ကိုသာ မကဘဲ နောက်ခံလူ ဟက်တာ ဘယ်လာရင်၊ တောင်ပံတိုက်စစ်မှူး နီကိုလာ ပေပေနဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်တို့ကိုလည်း ဈေးကောင်းရရင် ရောင်းချမယ့် စာရင်းထဲမှာ ထည့်သွင်းထားပြီး ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ မာတင် အော်ဒီဂွါဒ်ကို ပြန်လည်ခေါ်ယူရမှာ အထောက်အကူဖြစ်ဖို့ ပိုလျှံအင်အားတွေကို ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေႏြရာသီမွာ သူတို႔အသင္းနဲ႔ လက္တြဲေနလို႔ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိမွာ မဟုတ္ေတာ့တဲ့ ကစားသမား ၅ ဦးကို ေရာင္းထုတ္လမ္းခြဲသြားဖြယ္ရွိေနၿပီး အသင္းရဲ႕ လူစာရင္းကို ေလွ်ာ့ခ်ဖို႔နဲ႔ အသုံးစရိတ္နဲ႔ လစာေငြဘတ္ဂ်က္ကို တိုးျမႇင့္ေစဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

၁။ မက္တီယို ဂန္ဒူဇီ
မက္တီယို ဂန္ဒူဇီဟာ အာဆင္နယ္အသင္းကို ေရာက္ရွိလာစဥ္တုန္းက သူ႔ရဲ႕ မဆုတ္မနစ္ ႀကိဳးစားတတ္တဲ့ ပုံစံေတြနဲ႔ အနာဂတ္ရဲ႕ အသင္းေခါင္းေဆာင္လို႔ ပရိသတ္ေတြရဲ႕ ခ်ီးပျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္ ကြင္းတြင္းမွာ ဆရာႀကီးလုပ္တတ္ၿပီး ငါတေကာေကာတတ္တဲ့ ပုံစံက ကြင္းျပင္နဲ႔ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းေတြဆီကိုပါ ပါလာခဲ့ၿပီး နည္းျပနဲ႔ ကစားသမားအခ်ိဳရဲ႕ ႏွစ္သက္မႈကို မရေတာ့တာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္အတြက္ အေကာင္းဆုံး ဆုံးျဖတ္ခ်က္က လမ္းခြဲတာပဲျဖစ္ပါတယ္။

၂။ ဆိဒ္ ကိုလာစီနက္ခ်္
၂၀၁၇ တုန္းက အသင္းကို ေရာက္ရွိလာခဲ့ၿပီး ႀကိဳးစားကစားဟန္နဲ႔ ႀကံခိုင္မႈေကာင္းတဲ့ ကိုယ္လုံးကိုယ္ထည္ေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်ိန္တို အတြင္း သေဘာက်ခံရတဲ့ ေဘာ့စနီးယားသားဟာ နည္းျပအေျပာင္းအလဲမွာေတာ့ သူ႔ရဲ႕ ေဘာလုံးဦးေႏွာက္အတြက္ ေဝဖန္ခံခဲ့ရၿပီး ကီရန္ တီယာနီ ေရာက္လာခ်ိန္မွာ အရန္ကစားသမားပဲ ျဖစ္သြားခဲ့ပါတယ္။ သူ႔ရဲ႕ လက္ေ႐ြးစင္ဘဝအတြက္ အသင္းကေန ထြက္ခြာဖို႔ ရွိေနၿပီး ေရွာ္လ္ကာအသင္းကို တန္းဆင္းဆင္း မဆင္းဆင္း အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားဖို႔ ရွိေနတာပါ။

၃။ ရီးစ္ နယ္လ္ဆန္
တစ္ခ်ိန္တုန္းက အသင္းရဲ႕ ေတာင္ပံေတြကို စိုးမိုးမယ့္သူလို႔ ျမင္ခဲ့ၾကတဲ့ နယ္လ္ဆန္ဟာ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ဘယ္ေတာင္ပံကို မာတီနယ္လီ၊ ညာေတာင္ပံကို ေပေပနဲ႔ သူ႔ကိုပါ ျဖဳတ္ခ်ႏိုင္တဲ့ ဆာကာတို႔ ေရာက္လာခဲ့အၿပီးမွာ အရန္ကစားသမားျဖစ္လာခဲ့သလို ပြဲထြက္ခြင့္နဲ႔ ေျခစြမ္းပါ ေလ်ာ့က်လာတာပါ။ သူ႔ကို အငွားခ်ဖို႔ထက္ အမ္းမရိတ္မွာ အနာဂတ္မရွိေတာ့လို႔ အၿပီးသတ္ေရာင္းတာမ်ိဳးေတာင္ ျဖစ္သြားႏိုင္ပါတယ္။

၄။ ကယ္လမ္ ခ်ိမ္းဘားစ္
ဒဏ္ရာက ျပန္လာၿပီးကတည္းက သူ႔ရဲ႕ အဓိက အားနည္းခ်က္က အျမန္ႏႈန္းျဖစ္သြားခဲ့ပါတယ္။ တိုက္စစ္လိုက္ပါ ပံ့ပိုးမႈပိုင္းမွာ မေလ်ာ့သလို ပိုေတာင္ေကာင္းလာခဲ့ေပမယ့္ ခံစစ္မွာေတာ့ ေတာင္ပံကစားသမားေတြရဲ႕ အလြယ္တကူျဖတ္ေက်ာ္ခံရသူျဖစ္ေနခဲ့လို႔ အသင္းမွာ ဆက္ရွိေနရင္လည္း အရန္ထက္ေတာ့ ပိုအခြင့္အေရးရဖို႔ မရွိပါဘူး။ ဒါေၾကာင့္ အသင္းရဲ႕ ကစားသမားသစ္ ေခၚယူမႈ အစီအစဥ္ေတြအတြက္ ေငြေဖာ္သြားဖို႔ပဲ လုပ္ၾကမွာပါ။

၅။ လူးကပ္စ္ ေတာ္ရဲရား
ပရိသတ္ေတြ ခ်ီးက်ဴးေစာတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ စစခ်င္း သူ႔အေၾကာင္း ဘယ္သူမွ မသိတုန္းက ေသးငယ္တဲ့ ကိုယ္လုံး၊ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ခံစစ္ကို ကာကြယ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ၿပိဳင္ဘက္တိုင္းက သူ႔ရဲ႕ ႀကံ့ခိုင္မႈကို ပစ္မွတ္ထားခဲ့ၾကၿပီး ဥ႐ုေဂြးသားအေနနဲ႔ မွတ္တမ္းေတြ မေကာင္းေတာ့သလို နည္းျပ အာတီတာလက္ထက္မွာလည္း အခန္းက႑ မရွိသေလာက္ နည္းပါးေနတာမို႔ စပိန္က ျပန္ေရာက္လာရင္ အီတလီျပန္ဖို႔ပဲ မ်ားေနခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ကိုသာ မကဘဲ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္၊ ေတာင္ပံတိုက္စစ္မႉး နီကိုလာ ေပေပနဲ႔ ဂိုးသမား အဲလက္စ္ ႐ူနာဆန္တို႔ကိုလည္း ေဈးေကာင္းရရင္ ေရာင္းခ်မယ့္ စာရင္းထဲမွာ ထည့္သြင္းထားၿပီး ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ မာတင္ ေအာ္ဒီဂြါဒ္ကို ျပန္လည္ေခၚယူရမွာ အေထာက္အကူျဖစ္ဖို႔ ပိုလွ်ံအင္အားေတြကို ေရာင္းခ်သြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.