Premier League

လီဗာပူးလ် ချန်ပီယံလိဂ်ဖလားရဖို့ အခွင့်အလမ်းနဲ့ ဂျရတ်ရဲ့ နည်းပြဘဝ နောက်တစ်ဆင့်အတွက် အကြံပေးလိုက်တဲ့ ဘင်နီတက်ဇ်

လီဗာပူးလ်နည်းပြဟောင်းဖြစ်သူ ရာဖေးလ် ဘင်နီတက်ဇ်ဟာ သူ့ရဲ့တပည့်ဟောင်း စတီဗင် ဂျရတ်ကို နည်းပြဘဝနောက်တဆင့်တက်ဖို့ လီဗာပူးလ်အသင်းကို ကိုင်တွယ်ရမယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။

ဂျရတ်ဟာ ရိန်းဂျားအသင်းနဲ့အတူ စကော့တလန် ပရီးမီးယားလိဂ်ဖလားကို ပူပူနွေးနွေး ဗိုလ်ဝင်ခံထားတာဖြစ်ပြီး ဒါဟာ ရိန်းဂျားအသင်းရဲ့ ၉ နှစ်ကြာ ဝေးကွာနေတဲ့ အောင်မြင်မှုလည်းဖြစ်သလို ဂျရတ်က သူ့ရဲ့ နည်းပြဘဝ တာထွက်ရာသီမှာပဲ ဒီဆုဖလားကို ကိုင်မြှောက်သွားခဲ့တာဟာ လက်စပြင်းလွန်းတယ်လို့ ဆိုရမှာပါ။

ဒါဟာ ဂျရတ်ရဲ့ နည်းပြဘဝ ပထမဆုံးအောင်မြင်မှုအဖြစ် သမိုင်းမှာလည်း မှတ်တမ်းဝင်သွားခဲ့သလို လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းဟာ လီဗာပူးလ်အသင်းနည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားမှုတွေ မြင့်တက်လာခဲ့တာပါ။

ဂျရတ်ဟာ သူ နည်းပြဖြစ်လာဖို့ ကူညီသင်ပြပေးခဲ့တဲ့ ဆရာဟောင်း ဘင်နီတက်ဇ်ကို မကြာခဏ ကျေးဇူးတင်စကားဆိုဖူးသလို ဘင်နီတက်ဇ်ကလည်း ဂျရတ်ရဲ့အောင်မြင်မှုအတွက် အထူးဂုဏ်ယူမိကြောင်း ဂုဏ်ပြုစကားပို့သခဲ့တာကို တွေ့ခဲ့ရပြီး နောက်ထပ်ဘာတွေ၊ ဘယ်လိုဆက်လုပ်သင့်သလဲဆိုတာကိုပါ အကြံပေးလမ်းညွှန်သွားခဲ့ပါတယ်။

“အရမ်းဂုဏ်ယူတယ် စတိဗ်ရေ။ မင်းလုပ်ပြခဲ့တာတွေက သိပ်ကိုကောင်းမွန်တဲ့အရာတွေပါ။ ကျွန်တော့်အနေနဲ့ သူဟာ နည်းပြကောင်းတဦးဖြစ်လာဖို့ မှန်ကန်တဲ့လမ်းကြောင်းမှာ ရောက်နေပြီလို့ ယူဆပါတယ်။ အခုကစလို့ သူ့အနေနဲ့ ဒီအလုပ်ကို စိုက်နှစ်ပြီး စွဲစွဲမြဲမြဲလုပ်သွားရပါမယ်။ ဒါမှ အနာဂတ်ကို တည်ဆောက်နိုင်လိမ့်မယ်။ သူ့ဆီကကြားရသမျှကတော့ သူဟာ တကယ့်ကိုကောင်းကောင်းမွန်မွန် လုပ်ဆောင်နေတယ်ဆိုတာ သေချာပါတယ်”

“နည်းပြဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေ ရှိကိုရှိလာလိမ့်မယ်။ လှပသာယာတဲ့ အောင်မြင်မှုတွေလည်း ပိုင်ဆိုင်ရလိမ့်မယ်။ သူ့အောင်မြင်မှုရဲ့ အနာဂတ်အတွက် အဓိကသော့ချက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာပါပဲ”လို့ ဘင်နီတက်ဇ်က အမှာပါးခဲ့တာပါ။

ဒါ့အပြင် ဒီရာသီမှာ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကိုလည်း ၂၀၀၅ ခုနှစ်က ချန်ပီယံဖြစ်ဖို့ အစ္စတန်ဘူလ်မှာ ရေပန်းမစားခဲ့တဲ့ လီဗာပူးလ် ချန်ပီယံလိဂ်ဗိုလ်ဝင်ခံခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ဘင်နီတက်ဇ်က ရှင်းပြသွားခဲ့ပါသေးတယ်။

“လီဗာပူးလ်မှာ ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းရှိတယ်။ ပြီးတော့ မန်နေဂျာကောင်းကို ပိုင်ဆိုင်ထားတယ်။ ကျွန်တော့်စိတ်ထင်အရ မန်စီးတီးက ဗိုလ်စွဲဖို့ ပိုပြီးရေပန်းစားနေတယ်ဆိုတာ မှန်တယ်။ ကျွန်တော်တို့ ကြည့်ရမှာက လီဗာပူးလ် Vs ရီးယဲမက်ဒရစ်ရဲ့ ရလဒ်ပါ။ နှစ်သင်းလုံးကကောင်းပေမယ့် လီဗာပူးလ်က ရီးရဲကို ကောင်းကောင်း ယှဉ်နိုင်တယ်”

“လူတွေက ကျွန်တော် အစ္စတန်ဘူလ်မှာ ဗိုလ်စွဲခဲ့တာကို ကံကောင်းတယ်လို့ ပြောနေကြတယ်။ တကယ်က မဟုတ်ဘူး။ အဲဒီတုန်းက ဥရောပရဲ့အကောင်းဆုံးအဖြစ် ရပ်တည်နေတဲ့ ယူဗင်တပ်စ်နဲ့ ချယ်လ်ဆီးတို့ကို ကျော်ဖြတ်ခဲ့ရတာပါ။ ကျွန်တော်တို့ ည်းဗျူဟာအရ ကောင်းကောင်းအသာစီးရခဲ့တာဖြစ်တယ်။ အခုတကြိမ်မှာလည်း လီဗာပူးလ်က ဒီအလုပ်ကိုထပ်လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဗိုလ်လုပွဲကို ကျိန်းသေပေါက် တက်ပါလိမ့်မယ်” လို့ ဘင်နီတက်ဇ်က ဆိုခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပေဟာင္းျဖစ္သူ ရာေဖးလ္ ဘင္နီတက္ဇ္ဟာ သူ႔ရဲ႕တပည့္ေဟာင္း စတီဗင္ ဂ်ရတ္ကို နည္းျပဘဝေနာက္တဆင့္တက္ဖို႔ လီဗာပူးလ္အသင္းကို ကိုင္တြယ္ရမယ္လို႔ တိုက္တြန္းေျပာဆိုသြားပါတယ္။

ဂ်ရတ္ဟာ ရိန္းဂ်ားအသင္းနဲ႔အတူ စေကာ့တလန္ ပရီးမီးယားလိဂ္ဖလားကို ပူပူေႏြးေႏြး ဗိုလ္ဝင္ခံထားတာျဖစ္ၿပီး ဒါဟာ ရိန္းဂ်ားအသင္းရဲ႕ ၉ ႏွစ္ၾကာ ေဝးကြာေနတဲ့ ေအာင္ျမင္မႈလည္းျဖစ္သလို ဂ်ရတ္က သူ႔ရဲ႕ နည္းျပဘဝ တာထြက္ရာသီမွာပဲ ဒီဆုဖလားကို ကိုင္ေျမႇာက္သြားခဲ့တာဟာ လက္စျပင္းလြန္းတယ္လို႔ ဆိုရမွာပါ။

ဒါဟာ ဂ်ရတ္ရဲ႕ နည္းျပဘဝ ပထမဆုံးေအာင္ျမင္မႈအျဖစ္ သမိုင္းမွာလည္း မွတ္တမ္းဝင္သြားခဲ့သလို လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္းဟာ လီဗာပူးလ္အသင္းနည္းျပသစ္ျဖစ္လာမယ္လို႔ ေရပန္းစားမႈေတြ ျမင့္တက္လာခဲ့တာပါ။

ဂ်ရတ္ဟာ သူ နည္းျပျဖစ္လာဖို႔ ကူညီသင္ျပေပးခဲ့တဲ့ ဆရာေဟာင္း ဘင္နီတက္ဇ္ကို မၾကာခဏ ေက်းဇူးတင္စကားဆိုဖူးသလို ဘင္နီတက္ဇ္ကလည္း ဂ်ရတ္ရဲ႕ေအာင္ျမင္မႈအတြက္ အထူးဂုဏ္ယူမိေၾကာင္း ဂုဏ္ျပဳစကားပို႔သခဲ့တာကို ေတြ႕ခဲ့ရၿပီး ေနာက္ထပ္ဘာေတြ၊ ဘယ္လိုဆက္လုပ္သင့္သလဲဆိုတာကိုပါ အႀကံေပးလမ္းၫႊန္သြားခဲ့ပါတယ္။

“အရမ္းဂုဏ္ယူတယ္ စတိဗ္ေရ။ မင္းလုပ္ျပခဲ့တာေတြက သိပ္ကိုေကာင္းမြန္တဲ့အရာေတြပါ။ ကြၽန္ေတာ့္အေနနဲ႔ သူဟာ နည္းျပေကာင္းတဦးျဖစ္လာဖို႔ မွန္ကန္တဲ့လမ္းေၾကာင္းမွာ ေရာက္ေနၿပီလို႔ ယူဆပါတယ္။ အခုကစလို႔ သူ႔အေနနဲ႔ ဒီအလုပ္ကို စိုက္ႏွစ္ၿပီး စြဲစြဲၿမဲၿမဲလုပ္သြားရပါမယ္။ ဒါမွ အနာဂတ္ကို တည္ေဆာက္ႏိုင္လိမ့္မယ္။ သူ႔ဆီကၾကားရသမွ်ကေတာ့ သူဟာ တကယ့္ကိုေကာင္းေကာင္းမြန္မြန္ လုပ္ေဆာင္ေနတယ္ဆိုတာ ေသခ်ာပါတယ္”

“နည္းျပဘဝမွာ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြ ရွိကိုရွိလာလိမ့္မယ္။ လွပသာယာတဲ့ ေအာင္ျမင္မႈေတြလည္း ပိုင္ဆိုင္ရလိမ့္မယ္။ သူ႔ေအာင္ျမင္မႈရဲ႕ အနာဂတ္အတြက္ အဓိကေသာ့ခ်က္က ဘယ္လိုတုံ႔ျပန္မလဲဆိုတာပါပဲ”လို႔ ဘင္နီတက္ဇ္က အမွာပါးခဲ့တာပါ။

ဒါ့အျပင္ ဒီရာသီမွာ လီဗာပူးလ္အသင္း ခ်န္ပီယံလိဂ္ဖလားကိုင္ေျမႇာက္ႏိုင္မယ့္ အခြင့္အေရးကိုလည္း ၂၀၀၅ ခုႏွစ္က ခ်န္ပီယံျဖစ္ဖို႔ အစၥတန္ဘူလ္မွာ ေရပန္းမစားခဲ့တဲ့ လီဗာပူးလ္ ခ်န္ပီယံလိဂ္ဗိုလ္ဝင္ခံခဲ့တဲ့ သူ႔ရဲ႕ အေတြ႕အႀကဳံနဲ႔ ႏႈိင္းယွဥ္ၿပီး ဘင္နီတက္ဇ္က ရွင္းျပသြားခဲ့ပါေသးတယ္။

“လီဗာပူးလ္မွာ ခ်န္ပီယံျဖစ္ဖို႔ အလားအလာေကာင္းရွိတယ္။ ၿပီးေတာ့ မန္ေနဂ်ာေကာင္းကို ပိုင္ဆိုင္ထားတယ္။ ကြၽန္ေတာ့္စိတ္ထင္အရ မန္စီးတီးက ဗိုလ္စြဲဖို႔ ပိုၿပီးေရပန္းစားေနတယ္ဆိုတာ မွန္တယ္။ ကြၽန္ေတာ္တို႔ ၾကည့္ရမွာက လီဗာပူးလ္ Vs ရီးယဲမက္ဒရစ္ရဲ႕ ရလဒ္ပါ။ ႏွစ္သင္းလုံးကေကာင္းေပမယ့္ လီဗာပူးလ္က ရီးရဲကို ေကာင္းေကာင္း ယွဥ္ႏိုင္တယ္”

“လူေတြက ကြၽန္ေတာ္ အစၥတန္ဘူလ္မွာ ဗိုလ္စြဲခဲ့တာကို ကံေကာင္းတယ္လို႔ ေျပာေနၾကတယ္။ တကယ္က မဟုတ္ဘူး။ အဲဒီတုန္းက ဥေရာပရဲ႕အေကာင္းဆုံးအျဖစ္ ရပ္တည္ေနတဲ့ ယူဗင္တပ္စ္နဲ႔ ခ်ယ္လ္ဆီးတို႔ကို ေက်ာ္ျဖတ္ခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ ည္းဗ်ဴဟာအရ ေကာင္းေကာင္းအသာစီးရခဲ့တာျဖစ္တယ္။ အခုတႀကိမ္မွာလည္း လီဗာပူးလ္က ဒီအလုပ္ကိုထပ္လုပ္ျပႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ဗိုလ္လုပြဲကို က်ိန္းေသေပါက္ တက္ပါလိမ့္မယ္” လို႔ ဘင္နီတက္ဇ္က ဆိုခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.