Premier League

ပရီးမီးယားလိဂ်မှာ မဟာဆန်တဲ့ ပွဲစဉ်တပွဲ (သို့) ဝက်စ်ဟမ်း 3:3 အာဆင်နယ် ပွဲအပြီး ပြောစမှတ် ဖြစ်စရာ ၇ ချက်

ပရီးမီးယားလိဂ်မှာ မဟာဆန်တဲ့ ပွဲစဉ်တပွဲ
ဒီပွဲက အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပြီး ရင်ခုန်စရာကောင်းခဲ့တယ်။ ကြည့်လို့ကောင်းခဲ့တယ်။ ပရီးမီးယားလိဂ်မှာ မဟာဆန်တဲ့ ပွဲစဉ်တပွဲဆိုရင် မမှားပါဘူး။ ၆-၆ ရလဒ်နဲ့တောင် ပြီးသွားနိုင်တဲ့ ပွဲမျိုးပါ။ ဘောလုံးပွဲတပွဲရဲ့ ရသကို အပြည့်အဝပေးခဲ့တယ်။ မယုံနိုင်စရာကောင်းလောက်အောင် ကြွရွနေတဲ့ ပွဲကောင်းတပွဲပါ။ ဝက်စ်ဟမ်းက ၃ ဂိုး ဦးဆောင်ပြီးမှ အာဆင်နယ်ကို ၃ ဂိုးပြန်ပေးခဲ့ရတယ်။ ဝက်စ်ဘရွမ်း ၃-၃ ချယ်လ်ဆီး၊ စပါးစ် ၃-၃ ဝက်စ်ဟမ်းတို့ပွဲတွေအပြင် ဒီရာသီမှာ ဒီလိုကြုံခဲ့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ တတိယမြောက်ပွဲစဉ်ဖြစ်လာတယ်။

အသစ်တဖန် မွေးဖွားလာတဲ့ ဂျက်စီ လင်ဂတ်
လင်ဂတ်က ဒီပွဲမှာ တဂိုးသွင်းပြီး တဂိုးဖန်တီးခဲ့တယ်။ အာဆင်နယ်နဲ့ နောက်ဆုံး ၇ ပွဲတွေ့ဆုံမှု ၅ ဂိုးသွင်းယူတဲ့ ကစားသမားဖြစ်လာတယ်။ ခြေအတက်ပိုင်းကို ရောက်ရှိနေသလို ဒီနေ့ပွဲမှာလည်း သူ့ရဲ့စွမ်းဆောင်မှုကို ဆက်လက်ပြသခဲ့တယ်။ လက်ရှိ ပရီးမီယားလိဂ်မှာ Form အမိဆုံးကစားသမားအဖြစ် သူ့ကိုသတ်မှတ်နေကြတာကို တွေ့ရတယ်။ ဝက်စမ်ဟမ်းနဲ့ စတင်ပွဲထွက်စဉ်ကတည်းကကြည့်ရင် သူ့ရဲ့သွင်းဂိုးက ၇ ဂိုးအထိ ရှိလာပြီး ဒါက ဒီအချိန်အတိုင်းအတာအတွင်းမှာ ပရီးမီးယားလိဂ်မှာ သူက အများဆုံးသွင်းယူထားတာဖြစ်ပါတယ်။

ဒီပွဲရဲ့အကောင်းဆုံးကစားသမား အိုဒီဂါ့တ်နဲ့ ချိန်ဘာစ်တို့ တောက်ပခဲ့တဲ့ ဂန်းနား
ပွဲအစ မိနစ် ၃၀ ကတော့ အာတီတာကို အတော်လေး ဒေါသထွက်စေခဲ့ပါလိမ့်မယ်။ ၁၀ မိနစ် တဂိုးနှုန်းနဲ့ ဂိုးပေးခဲ့ရတယ်။ ဒါကြောင့် ဒီပွဲထဲက သူက ရသလောက် ပြန်ယူခဲ့တယ်။ ကျန်ရှိတဲ့ ပွဲချိန် ၁ နာရီမှာ အာဆင်နယ်အသင်းကိုပြန်တက်လာအောင် တွန်းယူပြီး ကစားစေခဲ့တယ်။

လူငယ်ကြယ်ပွင့် အိုဒီဂါ့တ်က ဒီပွဲရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုရမယ်။ အာဆင်နယ်ရဲ့ နှလုံးသည်းပွတ်လည်း ဖြစ်ခဲ့တယ်။ လာမယ့်နွေမှာ သူ့ကို အပြီးသတ်စာချုပ်ချုပ်သင့်ကြောင်း အာဆင်နယ်ကို အချက်ပြခဲ့တဲ့ ခြေစွမ်းဖြစ်တယ်။ အာဆင်နယ်ရဲ့ Come Back မှာ ချိန်ဘာစ်ဟာလည်း သူနဲ့အတူ တောက်ပခဲ့တယ်။ အရပ်အမောင်းမြင့်မားလို့ ခံစစ်မှာ တာဝန်ခံမှုပြုလုပ်ခဲ့ရပေမယ့် ချိန်ဘာစ်ရဲ့ တိုက်စစ်စွမ်းရည်က ချီးကျူးစရာဖြစ်ပြီး အာတီတာ နေရာပေးစဉ်းစားရမယ့်အချက်ဖြစ်လာတယ်။

အဆင့် ၄ ကို မျှော်လင့်နိုင်ဆဲ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းအသင်းအနေနဲ့ ပထမပိုင်းက ဦးဆောင်ဂိုး ၃ ဂိုးကို ချေပခံခဲ့ရတာက စိတ်ပျက်စရာရှိပေမယ့် ဒေးဗစ်မွိုက်စ်အသင်းရဲ့ ပထမပိုင်းစွမ်းဆောင်ရည်က ချန်ပီယံလိဂ်ဝင်ခွင့်ရယူဖို့ မျှော်လင့်ချက်ကြီးကြီးမားမားရှိနေသေးကြောင်း တွေ့ရတယ်။ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတို့နဲ့အပြိုင် အဆင့် ၄ နေရာကို လုရမှာဖြစ်တယ်။ အဆင့် ၄ တိုက်ပွဲက အတော်လေးပြင်းထန်မှာဖြစ်ပေမယ့် ကျန်နှစ်သင်းက ဥရောပပြိုင်ပွဲတွေရှိနေလို့ ဝက်စ်ဟမ်းအသင်းက အားသာချက်ရှိနေတာလည်းဖြစ်ပါတယ်။

ယူရိုပါလိဂ်ဖလားရဖို့ အာရုံစိုက်တော့မယ့် အာဆင်နယ်
အာဆင်နယ်ရဲ့ အဆင့် ၄ နေရာ မျှော်မှန်းချက်ခပ်ပါးပါးလေးဟာ အဆုံးသတ်သလောက်ဖြစ်ခဲ့ပြီ။ ဒီနေ့သရေပွဲမှာ ရမှတ်ထပ်မံဆုံးရှူံးခဲ့တာက အထိနာစေခဲ့တယ်။ သချာ်နည်းအရတော့ အဆင့် ၄ နေရာက ချယ်လ်ဆီးနဲ့ ၉ မှတ်အကွာ၊ လက်ကျန် ၉ ပွဲကစားရဦးမှာဖြစ်လို့ ဖြစ်နိုင်ခြေအရတော့ မကုန်ဆုံးသေးပေမယ့် ၅ သင်းလောက်ကို ကျော်ဖြတ်ရမှာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတော်လေးခဲရာခဲဆစ်နိုင်သွားပါပြီ။ ယူရိုပါလိဂ်ဖလားအတွက်သာ အာရုံစူးစိုက်သွားရတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူရမှာဖြစ်ပါတယ်။

ဆရာတပည့်နှစ်ယောက်ရဲ့ တိုက်ပွဲ
အဲဗာတန်မှာ ဒေးဗစ်မွိုက်စ်ရဲ့လက်အောက် ကစားသမားဘဝ ၆ နှစ်တာ ကစားခဲ့ဖူးတဲ့ အာတီတာနဲ့ ဆရာဟောင်းတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အာတီတာက နည်းပြက သူ့အပေါ် လွှမ်းမိုးမှုကြီးမားသူဖြစ်ကြောင်း ပထမကျော့မှာ ဝန်ခံထားဖူးပါတယ်။ ဆရာတပည့်နှစ်ယောက်ရဲ့ တိုက်ပွဲဟာ ရှေ့ ၂ ပွဲတွေ့ဆုံမှုမှာ အာတီတာက အသာရယူခဲ့ပြီး ဒေးဗစ်မွိုက်စ်အသင်းထက် ပိုကောင်းခဲ့သလို အခုတကြိမ်မှာတော့ တဖက်ကိုတမှတ်စီခွဲယူပြီး ကျေနပ်ခဲ့ရပါတယ်။

အာဆင်နယ်မှာ ကြီးထွားလာတဲ့ ခံစစ်အားနည်းချက်
ဒီပွဲမှာ ထင်ရှားခဲ့တာကတော့ အာတီတာဟာ သူ့အသင်းရဲ့ အကောင်းဆုံးခံစစ်တည်ဆောက်မှုပုံစံကို မဖော်ဆောင်နိုင်သေးဘူး သို့မဟုတ် ရှာဖွေမတွေ့ရှိသေးဘူးလို့ ပြောချင်စရာအချက်ပါ။ နောက်ပိုင်းမှာ အာဆင်နယ်ရဲ့ Trademark တခုလို ဖြစ်လာတဲ့ ပွဲအထနှေးခဲ့တာကလည်း ဝက်စ်ဟမ်းကို လုပ်ချင်သလိုလုပ်ခွင့်ပြုခဲ့သလို ဖြစ်ခဲ့ရတယ်။

ဝက်စ်ဟမ်းရဲ့ ထိုးနှက်မှုတိုင်းမှာ အာဆင်နယ်ခံစစ် ပျက်ယွင်းခဲ့ရတယ်။ ဂိုးတွေဆက်တိုက်ပေးခဲ့ရတယ်။ အာဆင်နယ်မှာ ကြီးထွားလာတဲ့ ခံစစ်အားနည်းချက်က လျစ်လျူရှုထားစရာမဟုတ်ဘူးဆိုတာ ဒီပွဲမှာ အာတီတာကို အကောင်းဆုံးသက်သေပြခဲ့တယ်လို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ မဟာဆန္တဲ့ ပြဲစဥ္တပြဲ
ဒီပြဲက အေတာ္ေလးစိတ္လႈပ္ရွားဖို႔ေကာင္းခဲ့ၿပီး ရင္ခုန္စရာေကာင္းခဲ့တယ္။ ၾကည့္လို႔ေကာင္းခဲ့တယ္။ ပရီးမီးယားလိဂ္မွာ မဟာဆန္တဲ့ ပြဲစဥ္တပြဲဆိုရင္ မမွားပါဘူး။ ၆-၆ ရလဒ္နဲ႔ေတာင္ ၿပီးသြားႏိုင္တဲ့ ပြဲမ်ိဳးပါ။ ေဘာလုံးပြဲတပြဲရဲ႕ ရသကို အျပည့္အဝေပးခဲ့တယ္။ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ႂကြ႐ြေနတဲ့ ပြဲေကာင္းတပြဲပါ။ ဝက္စ္ဟမ္းက ၃ ဂိုး ဦးေဆာင္ၿပီးမွ အာဆင္နယ္ကို ၃ ဂိုးျပန္ေပးခဲ့ရတယ္။ ဝက္စ္ဘ႐ြမ္း ၃-၃ ခ်ယ္လ္ဆီး၊ စပါးစ္ ၃-၃ ဝက္စ္ဟမ္းတို႔ပြဲေတြအျပင္ ဒီရာသီမွာ ဒီလိုႀကဳံခဲ့ရတဲ့ ပရီးမီးယားလိဂ္ရဲ႕ တတိယေျမာက္ပြဲစဥ္ျဖစ္လာတယ္။

အသစ္တဖန္ ေမြးဖြားလာတဲ့ ဂ်က္စီ လင္ဂတ္
လင္ဂတ္က ဒီပြဲမွာ တဂိုးသြင္းၿပီး တဂိုးဖန္တီးခဲ့တယ္။ အာဆင္နယ္နဲ႔ ေနာက္ဆုံး ၇ ပြဲေတြ႕ဆုံမႈ ၅ ဂိုးသြင္းယူတဲ့ ကစားသမားျဖစ္လာတယ္။ ေျခအတက္ပိုင္းကို ေရာက္ရွိေနသလို ဒီေန႔ပြဲမွာလည္း သူ႔ရဲ႕စြမ္းေဆာင္မႈကို ဆက္လက္ျပသခဲ့တယ္။ လက္ရွိ ပရီးမီယားလိဂ္မွာ Form အမိဆုံးကစားသမားအျဖစ္ သူ႔ကိုသတ္မွတ္ေနၾကတာကို ေတြ႕ရတယ္။ ဝက္စမ္ဟမ္းနဲ႔ စတင္ပြဲထြက္စဥ္ကတည္းကၾကည့္ရင္ သူ႔ရဲ႕သြင္းဂိုးက ၇ ဂိုးအထိ ရွိလာၿပီး ဒါက ဒီအခ်ိန္အတိုင္းအတာအတြင္းမွာ ပရီးမီးယားလိဂ္မွာ သူက အမ်ားဆုံးသြင္းယူထားတာျဖစ္ပါတယ္။

ဒီပြဲရဲ႕အေကာင္းဆုံးကစားသမား အိုဒီဂါ့တ္နဲ႔ ခ်ိန္ဘာစ္တို႔ ေတာက္ပခဲ့တဲ့ ဂန္းနား
ပြဲအစ မိနစ္ ၃၀ ကေတာ့ အာတီတာကို အေတာ္ေလး ေဒါသထြက္ေစခဲ့ပါလိမ့္မယ္။ ၁၀ မိနစ္ တဂိုးႏႈန္းနဲ႔ ဂိုးေပးခဲ့ရတယ္။ ဒါေၾကာင့္ ဒီပြဲထဲက သူက ရသေလာက္ ျပန္ယူခဲ့တယ္။ က်န္ရွိတဲ့ ပြဲခ်ိန္ ၁ နာရီမွာ အာဆင္နယ္အသင္းကိုျပန္တက္လာေအာင္ တြန္းယူၿပီး ကစားေစခဲ့တယ္။

လူငယ္ၾကယ္ပြင့္ အိုဒီဂါ့တ္က ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားလို႔ ဆိုရမယ္။ အာဆင္နယ္ရဲ႕ ႏွလုံးသည္းပြတ္လည္း ျဖစ္ခဲ့တယ္။ လာမယ့္ေႏြမွာ သူ႔ကို အၿပီးသတ္စာခ်ဳပ္ခ်ဳပ္သင့္ေၾကာင္း အာဆင္နယ္ကို အခ်က္ျပခဲ့တဲ့ ေျခစြမ္းျဖစ္တယ္။ အာဆင္နယ္ရဲ႕ Come Back မွာ ခ်ိန္ဘာစ္ဟာလည္း သူနဲ႔အတူ ေတာက္ပခဲ့တယ္။ အရပ္အေမာင္းျမင့္မားလို႔ ခံစစ္မွာ တာဝန္ခံမႈျပဳလုပ္ခဲ့ရေပမယ့္ ခ်ိန္ဘာစ္ရဲ႕ တိုက္စစ္စြမ္းရည္က ခ်ီးက်ဴးစရာျဖစ္ၿပီး အာတီတာ ေနရာေပးစဥ္းစားရမယ့္အခ်က္ျဖစ္လာတယ္။

အဆင့္ ၄ ကို ေမွ်ာ္လင့္ႏိုင္ဆဲ ဝက္စ္ဟမ္း
ဝက္စ္ဟမ္းအသင္းအေနနဲ႔ ပထမပိုင္းက ဦးေဆာင္ဂိုး ၃ ဂိုးကို ေခ်ပခံခဲ့ရတာက စိတ္ပ်က္စရာရွိေပမယ့္ ေဒးဗစ္မြိဳက္စ္အသင္းရဲ႕ ပထမပိုင္းစြမ္းေဆာင္ရည္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရယူဖို႔ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားရွိေနေသးေၾကာင္း ေတြ႕ရတယ္။ ခ်ယ္လ္ဆီး၊ လီဗာပူးလ္အသင္းတို႔နဲ႔အၿပိဳင္ အဆင့္ ၄ ေနရာကို လုရမွာျဖစ္တယ္။ အဆင့္ ၄ တိုက္ပြဲက အေတာ္ေလးျပင္းထန္မွာျဖစ္ေပမယ့္ က်န္ႏွစ္သင္းက ဥေရာပၿပိဳင္ပြဲေတြရွိေနလို႔ ဝက္စ္ဟမ္းအသင္းက အားသာခ်က္ရွိေနတာလည္းျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ဖလားရဖို႔ အာ႐ုံစိုက္ေတာ့မယ့္ အာဆင္နယ္
အာဆင္နယ္ရဲ႕ အဆင့္ ၄ ေနရာ ေမွ်ာ္မွန္းခ်က္ခပ္ပါးပါးေလးဟာ အဆုံးသတ္သေလာက္ျဖစ္ခဲ့ၿပီ။ ဒီေန႔သေရပြဲမွာ ရမွတ္ထပ္မံဆုံးရႉံးခဲ့တာက အထိနာေစခဲ့တယ္။ သခ်ာ္နည္းအရေတာ့ အဆင့္ ၄ ေနရာက ခ်ယ္လ္ဆီးနဲ႔ ၉ မွတ္အကြာ၊ လက္က်န္ ၉ ပြဲကစားရဦးမွာျဖစ္လို႔ ျဖစ္ႏိုင္ေျခအရေတာ့ မကုန္ဆုံးေသးေပမယ့္ ၅ သင္းေလာက္ကို ေက်ာ္ျဖတ္ရမွာျဖစ္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အေတာ္ေလးခဲရာခဲဆစ္ႏိုင္သြားပါၿပီ။ ယူ႐ိုပါလိဂ္ဖလားအတြက္သာ အာ႐ုံစူးစိုက္သြားရေတာ့မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူရမွာျဖစ္ပါတယ္။

ဆရာတပည့္ႏွစ္ေယာက္ရဲ႕ တိုက္ပြဲ
အဲဗာတန္မွာ ေဒးဗစ္မြိဳက္စ္ရဲ႕လက္ေအာက္ ကစားသမားဘဝ ၆ ႏွစ္တာ ကစားခဲ့ဖူးတဲ့ အာတီတာနဲ႔ ဆရာေဟာင္းတို႔ ထိပ္တိုက္ေတြ႕ဆုံမႈမွာ အာတီတာက နည္းျပက သူ႔အေပၚ လႊမ္းမိုးမႈႀကီးမားသူျဖစ္ေၾကာင္း ပထမေက်ာ့မွာ ဝန္ခံထားဖူးပါတယ္။ ဆရာတပည့္ႏွစ္ေယာက္ရဲ႕ တိုက္ပြဲဟာ ေရွ႕ ၂ ပြဲေတြ႕ဆုံမႈမွာ အာတီတာက အသာရယူခဲ့ၿပီး ေဒးဗစ္မြိဳက္စ္အသင္းထက္ ပိုေကာင္းခဲ့သလို အခုတႀကိမ္မွာေတာ့ တဖက္ကိုတမွတ္စီခြဲယူၿပီး ေက်နပ္ခဲ့ရပါတယ္။

အာဆင္နယ္မွာ ႀကီးထြားလာတဲ့ ခံစစ္အားနည္းခ်က္
ဒီပြဲမွာ ထင္ရွားခဲ့တာကေတာ့ အာတီတာဟာ သူ႔အသင္းရဲ႕ အေကာင္းဆုံးခံစစ္တည္ေဆာက္မႈပုံစံကို မေဖာ္ေဆာင္ႏိုင္ေသးဘူး သို႔မဟုတ္ ရွာေဖြမေတြ႕ရွိေသးဘူးလို႔ ေျပာခ်င္စရာအခ်က္ပါ။ ေနာက္ပိုင္းမွာ အာဆင္နယ္ရဲ႕ Trademark တခုလို ျဖစ္လာတဲ့ ပြဲအထေႏွးခဲ့တာကလည္း ဝက္စ္ဟမ္းကို လုပ္ခ်င္သလိုလုပ္ခြင့္ျပဳခဲ့သလို ျဖစ္ခဲ့ရတယ္။

ဝက္စ္ဟမ္းရဲ႕ ထိုးႏွက္မႈတိုင္းမွာ အာဆင္နယ္ခံစစ္ ပ်က္ယြင္းခဲ့ရတယ္။ ဂိုးေတြဆက္တိုက္ေပးခဲ့ရတယ္။ အာဆင္နယ္မွာ ႀကီးထြားလာတဲ့ ခံစစ္အားနည္းခ်က္က လ်စ္လ်ဴရႈထားစရာမဟုတ္ဘူးဆိုတာ ဒီပြဲမွာ အာတီတာကို အေကာင္းဆုံးသက္ေသျပခဲ့တယ္လို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.