Premier League

ကျောက်ဆောင်ခံစစ် ပြန်ဖြစ်သွားတဲ့ချဲလ်ဆီး အပါအဝင် ချဲလ်ဆီး 2:0 ရှက်ဖီးလ်ဒ် ပွဲအပြီး ပြောစမှတ်ဖြစ်ခဲ့ရတဲ့ ၇ ချက်

အထင်ကြီးစရာခြေစွမ်းကို ပြသခဲ့တဲ့ ရှက်ဖီးလ်
ပရီးမီးယားလိဂ်မှာ တန်းဆင်းဖို့ သေချာသွားပြီဖြစ်တဲ့ ရှက်ဖီးလ်ရဲ့ ဒီနေ့ခြေစွမ်းက အတော်လေး အထင်ကြီးစရာကောင်းခဲ့တယ်။ အိမ်ရှင်ချယ်လ်ဆီးထက်ပိုပြီး ဂိုးပေါက်တည့်ကန်သွင်းမှုတွေကို များများစားစား လုပ်နိုင်ခဲ့တယ်။ အခွင့်အရေးကောင်းတွေလည်း အများကြီးရခဲ့တာကို တွေ့ရတယ်။ အဆုံးသတ်ပိုင်းအားနည်းချက်ကို ရှက်ဖီးလ်ရဲ့ရှုံးပွဲကို သယ်ဆောင်ပေးခဲ့တာဖြစ်တယ်။ ဒီပွဲမှာ အခုရလဒ်ထက် ပိုထိုက်တန်တဲ့ ခြေစွမ်းကို ပြသခဲ့တယ်လို့သာ ဆိုရမှာပါ။

တူဟယ်လ်လက်ထဲမှာ ကျောက်ဆောင်ခံစစ် ဖြစ်သွားခဲ့တဲ့ ချယ်လ်ဆီး
တူဟယ်လ်ရောက်ရှိလာကတည်းက ချယ်လ်ဆီးခံစစ်က ကျောက်ဆောင်ခံစစ်ဖြစ်သွားခဲ့တယ်။ ဒီလိုအသွင်ပြောင်းမှုက လက်ဖျားခါချင်စရာပါ။ အံ့အားသင့်စရာကောင်းတာက တူဟယ်လက်ထက်မှာ ချယ်လ်ဆီးက ၁၄ ပွဲကစားပြီးပြီ။ ၁၁ ပွဲအထိ ပေးဂိုးမရှိ Clean Sheet ယူထားတယ်။ ၃ ဂိုးသာ ခွင့်ပြုပေးထား ရပါတယ်။

အကောင်းဆုံးခြေစွမ်းမပြနိုင်ပေမယ့် ချယ်လ်ဆီး နောက်တဆင့်တက်
၂ ဂိုးပြတ်အနိုင်ရခဲ့လို့ ချယ်ဆီးက ဒီပွဲကို သက်သောင့်သက်သာ အနိုင်ရခဲ့တာတော့ မဟုတ်ဘူးလို့ ပြောရပါမယ်။ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် လိုအပ်တဲ့ အနိုင်ရလဒ်ကို ရှာဖွေပြီး FA ဆီမီးကို တက်သွားခဲ့တယ်။ တပွဲလုံး ကစားပုံကို ခြုံငုံကြည့်မယ်ဆိုရင်တော့ ပိုကောင်းတဲ့အသင်းက ရှက်ဖီးလ်လို့ သတ်မှတ်ရမယ်။ မျှော်လင့်စရာမရှိတော့တဲ့အသင်းက ကောက်ရိုးတမျှင်ကို အားကုန်ဆွဲခဲ့တဲ့ ခြေစွမ်းအဖြစ် ရှုမြင်ခံရတယ်။ ချယ်ဆီးက အသာစီးအဆင့်ရှိတဲ့ အသင်းဆိုပေမယ့် ပွဲကို မထိန်းချုပ်နိုင်သလို မလွှမ်းမိုးနိုင်ခဲ့ဘူး။ တူဟယ်လ်အတွက် ကျေနပ်စရာ ရလဒ်ကိုတော့ အဖိုးတန်ရယူသွားခဲ့တယ်။

တူဟယ်လ်အသိအမှတ်ပြုရမယ့် ပူလီရှစ်ချ်ရဲ့ ခြေစွမ်း
တူဟယ်လ်လက်ထက်မှာ ပူလီရှစ်ချ်က ပွဲထွက်တနေရာအတွက် ရုန်းကန်နေရသူပါ။ ဒီပွဲမှာတော့ တူဟယ်လ် အသိအမှတ်ပြုစရာ ခြေစွမ်းမျိုးကို သူကပြသပြီး ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း စွမ်းဆောင်ပြခဲ့သူဖြစ်တယ်။ လူကပ်ကစားခံထားရတဲ့ကြားက ချယ်လ်ဆီးတိုက်စစ်မှာ သူက အတောက်ပဆုံးဖြစ်ခဲ့တယ်။ သူ့ရဲ့ကစားပုံက တူဟယ်လ်ကို အထင်ကြီးစေခဲ့ပါတယ်။

၅ ရက်အတွင်း အရေးပါတဲ့ ၂ ဂိုးသွင်းယူတဲ့ မှော်ဆရာလေး ဇီးယက်ရှ်
ဟာကင်းမ် ဇီးယက်ရှ်က ဒဏ်ရာပြဿနာတချို့နဲ့ ရုန်းကန်ခဲ့ရသလို တူဟယ်လ်ရဲ့ ကစားကွက်အပြောင်းအလဲမှာလည်း နေရာတနေရာရဖို့ အားကုန်ထုတ်ခဲ့ပါတယ်။ ကြားရက်က အေတီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဇီးယက်ရှ်အတွက် ရှားရှားပါးပါး ပွဲထွက်ခွင့်ရတယ်။ အရေးပါတဲ့ ဂိုးကို သွင်းယူခဲ့တယ်။ ချယ်လ်ဆီး နောက်တဆင့်တက်တယ်။ ဒီနေ့မှာလည်း ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှ ဝင်ကစားခဲ့ရတယ်။ အသင်းအတွက် အရေးပါတဲ့ အဆုံးအဖြတ် ဂိုးကိုသွင်းယူပြန်တယ်။ ချယ်လ်ဆီး FA ဆီမီးကို တက်ခဲ့တယ်။

အိမ်ကွင်း ပွဲချိန် ၁၁နာရီ ပေးဂိုးမရှိ ချယ်လ်ဆီး
လမ်းပတ်လက်အောက်မှာ ခံစစ်ပြဿနာတွေ ဖြေရှင်းလို့ မကုန်နိုင်ခဲ့တဲ့ ချယ်လ်ဆီးက တူဟယ်လ်လက်ထက်မှာတော့ အိမ်ကွင်း ပေးဂိုးမရှိတော့တာ ပွဲချိန် ၁၁ နာရီအထိ ရှိလာပါပြီ။ အိမ်ကွင်းမှာ ၇ ပွဲမှာ ပေးဂိုးတဂိုးမှ မရှိသေးတဲ့ အနေအထားအထိက ပြောစမှတ်ကိုဖြစ်နေတာပါ။ ဒါက ဘယ်သူမှ ထင်မှတ်မထားတဲ့ အခြေအနေကို တူဟယ်လ်က လုပ်ပြခဲ့တာဖြစ်ပြီး ဒီအပြောင်းအလဲက ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။ ပေးဂိုးမရှိတဲ့ ချယ်လ်ဆီးရဲ့ အရွေ့က ပြည်တွင်း FA ဖလားကိုရော ဥရောပချန်ပီယံလိဂ် ဖလားကိုပါ စိန်ခေါ်သူဖြစ်လာခဲ့ပါပြီ။

တူဟယ်လ်လိုအပ်တဲ့အတိုင်း ပုံသွင်းနိုင်ခဲ့တဲ့ ဘီလီ ဂီးမိုးလ်
ဇန်နဝါရီမှာ ဒီလူငယ်လေးက အငှားပြောင်းရွေ့မယ်ဆိုတော့ တူဟယ်လ်က သူ့လက်ကို ဆွဲထားခဲ့တယ်။ အသင်းမှာဆက်နေဖို့ ဖျောင်းဖျခဲ့တယ်။ ပြောဆိုမှု ၅ မိနစ်အတွင်းမှာ စကော့တလန်သားက ခေါင်းငြိမ့်ခဲ့တယ်။ အသင်းမှာ သူ့ရဲ့အနာဂတ် ဆက်လက်ရှိနေသေးရင် ပေးဆပ်ဖို့အသင့်ပဲလို့ ဝန်ခံလာခဲ့တယ်။ ဒီနေ့ပွဲမှာတော့ ဂီးမိုးက ဒါကိုအကြွင်းမဲ့ သက်သေပြခဲ့တယ်။ ကွင်းလယ်ခံစစ်မှာ သပ်ရပ်စွာကစားတယ်။ သေသပ်ရှင်းလင်း နေအောင် ဘောလုံးတွေ လုယူဖျက်ထုတ်ခဲ့တယ်။ ကျားရဲဆန်ဆန် ကစားခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။ ဒါက ကွင်းလယ်လူတွေဆီက တူဟယ်လ်လိုချင်တဲ့ ပုံစံအတိုင်း အတိအကျဖြစ်တယ်။ သူ့ကို နည်းပြလိုအပ်တဲ့အတိုင်း ပုံသွင်းနိုင်ခဲ့ပြီလို့ ယူဆရပါမယ်။ သူ့ရဲ့အနာဂတ်က အလားအလာကောင်းတွေကို ပြသနေတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အထင္ႀကီးစရာေျခစြမ္းကို ျပသခဲ့တဲ့ ရွက္ဖီးလ္
ပရီးမီးယားလိဂ္မွာ တန္းဆင္းဖို႔ ေသခ်ာသြားၿပီျဖစ္တဲ့ ရွက္ဖီးလ္ရဲ႕ ဒီေန႔ေျခစြမ္းက အေတာ္ေလး အထင္ႀကီးစရာေကာင္းခဲ့တယ္။ အိမ္ရွင္ခ်ယ္လ္ဆီးထက္ပိုၿပီး ဂိုးေပါက္တည့္ကန္သြင္းမႈေတြကို မ်ားမ်ားစားစား လုပ္ႏိုင္ခဲ့တယ္။ အခြင့္အေရးေကာင္းေတြလည္း အမ်ားႀကီးရခဲ့တာကို ေတြ႕ရတယ္။ အဆုံးသတ္ပိုင္းအားနည္းခ်က္ကို ရွက္ဖီးလ္ရဲ႕ရႈံးပြဲကို သယ္ေဆာင္ေပးခဲ့တာျဖစ္တယ္။ ဒီပြဲမွာ အခုရလဒ္ထက္ ပိုထိုက္တန္တဲ့ ေျခစြမ္းကို ျပသခဲ့တယ္လို႔သာ ဆိုရမွာပါ။

တူဟယ္လ္လက္ထဲမွာ ေက်ာက္ေဆာင္ခံစစ္ ျဖစ္သြားခဲ့တဲ့ ခ်ယ္လ္ဆီး
တူဟယ္လ္ေရာက္ရွိလာကတည္းက ခ်ယ္လ္ဆီးခံစစ္က ေက်ာက္ေဆာင္ခံစစ္ျဖစ္သြားခဲ့တယ္။ ဒီလိုအသြင္ေျပာင္းမႈက လက္ဖ်ားခါခ်င္စရာပါ။ အံ့အားသင့္စရာေကာင္းတာက တူဟယ္လက္ထက္မွာ ခ်ယ္လ္ဆီးက ၁၄ ပြဲကစားၿပီးၿပီ။ ၁၁ ပြဲအထိ ေပးဂိုးမရွိ Clean Sheet ယူထားတယ္။ ၃ ဂိုးသာ ခြင့္ျပဳေပးထား ရပါတယ္။

အေကာင္းဆုံးေျခစြမ္းမျပႏိုင္ေပမယ့္ ခ်ယ္လ္ဆီး ေနာက္တဆင့္တက္
၂ ဂိုးျပတ္အႏိုင္ရခဲ့လို႔ ခ်ယ္ဆီးက ဒီပြဲကို သက္ေသာင့္သက္သာ အႏိုင္ရခဲ့တာေတာ့ မဟုတ္ဘူးလို႔ ေျပာရပါမယ္။ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတယ္။ ဒါေပမယ့္ လိုအပ္တဲ့ အႏိုင္ရလဒ္ကို ရွာေဖြၿပီး FA ဆီမီးကို တက္သြားခဲ့တယ္။ တပြဲလုံး ကစားပုံကို ၿခဳံငုံၾကည့္မယ္ဆိုရင္ေတာ့ ပိုေကာင္းတဲ့အသင္းက ရွက္ဖီးလ္လို႔ သတ္မွတ္ရမယ္။ ေမွ်ာ္လင့္စရာမရွိေတာ့တဲ့အသင္းက ေကာက္႐ိုးတမွ်င္ကို အားကုန္ဆြဲခဲ့တဲ့ ေျခစြမ္းအျဖစ္ ရႈျမင္ခံရတယ္။ ခ်ယ္ဆီးက အသာစီးအဆင့္ရွိတဲ့ အသင္းဆိုေပမယ့္ ပြဲကို မထိန္းခ်ဳပ္ႏိုင္သလို မလႊမ္းမိုးႏိုင္ခဲ့ဘူး။ တူဟယ္လ္အတြက္ ေက်နပ္စရာ ရလဒ္ကိုေတာ့ အဖိုးတန္ရယူသြားခဲ့တယ္။

တူဟယ္လ္အသိအမွတ္ျပဳရမယ့္ ပူလီရွစ္ခ်္ရဲ႕ ေျခစြမ္း
တူဟယ္လ္လက္ထက္မွာ ပူလီရွစ္ခ်္က ပြဲထြက္တေနရာအတြက္ ႐ုန္းကန္ေနရသူပါ။ ဒီပြဲမွာေတာ့ တူဟယ္လ္ အသိအမွတ္ျပဳစရာ ေျခစြမ္းမ်ိဳးကို သူကျပသၿပီး ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း စြမ္းေဆာင္ျပခဲ့သူျဖစ္တယ္။ လူကပ္ကစားခံထားရတဲ့ၾကားက ခ်ယ္လ္ဆီးတိုက္စစ္မွာ သူက အေတာက္ပဆုံးျဖစ္ခဲ့တယ္။ သူ႔ရဲ႕ကစားပုံက တူဟယ္လ္ကို အထင္ႀကီးေစခဲ့ပါတယ္။

၅ ရက္အတြင္း အေရးပါတဲ့ ၂ ဂိုးသြင္းယူတဲ့ ေမွာ္ဆရာေလး ဇီးယက္ရွ္
ဟာကင္းမ္ ဇီးယက္ရွ္က ဒဏ္ရာျပႆနာတခ်ိဳ႕နဲ႔ ႐ုန္းကန္ခဲ့ရသလို တူဟယ္လ္ရဲ႕ ကစားကြက္အေျပာင္းအလဲမွာလည္း ေနရာတေနရာရဖို႔ အားကုန္ထုတ္ခဲ့ပါတယ္။ ၾကားရက္က ေအတီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ဇီးယက္ရွ္အတြက္ ရွားရွားပါးပါး ပြဲထြက္ခြင့္ရတယ္။ အေရးပါတဲ့ ဂိုးကို သြင္းယူခဲ့တယ္။ ခ်ယ္လ္ဆီး ေနာက္တဆင့္တက္တယ္။ ဒီေန႔မွာလည္း ပြဲၿပီးဖို႔ ၁၅ မိနစ္အလိုမွ ဝင္ကစားခဲ့ရတယ္။ အသင္းအတြက္ အေရးပါတဲ့ အဆုံးအျဖတ္ ဂိုးကိုသြင္းယူျပန္တယ္။ ခ်ယ္လ္ဆီး FA ဆီမီးကို တက္ခဲ့တယ္။

အိမ္ကြင္း ပြဲခ်ိန္ ၁၁နာရီ ေပးဂိုးမရွိ ခ်ယ္လ္ဆီး
လမ္းပတ္လက္ေအာက္မွာ ခံစစ္ျပႆနာေတြ ေျဖရွင္းလို႔ မကုန္ႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးက တူဟယ္လ္လက္ထက္မွာေတာ့ အိမ္ကြင္း ေပးဂိုးမရွိေတာ့တာ ပြဲခ်ိန္ ၁၁ နာရီအထိ ရွိလာပါၿပီ။ အိမ္ကြင္းမွာ ၇ ပြဲမွာ ေပးဂိုးတဂိုးမွ မရွိေသးတဲ့ အေနအထားအထိက ေျပာစမွတ္ကိုျဖစ္ေနတာပါ။ ဒါက ဘယ္သူမွ ထင္မွတ္မထားတဲ့ အေျခအေနကို တူဟယ္လ္က လုပ္ျပခဲ့တာျဖစ္ၿပီး ဒီအေျပာင္းအလဲက ႀကီးမားတဲ့ သက္ေရာက္မႈ ရွိပါတယ္။ ေပးဂိုးမရွိတဲ့ ခ်ယ္လ္ဆီးရဲ႕ အေ႐ြ႕က ျပည္တြင္း FA ဖလားကိုေရာ ဥေရာပခ်န္ပီယံလိဂ္ ဖလားကိုပါ စိန္ေခၚသူျဖစ္လာခဲ့ပါၿပီ။

တူဟယ္လ္လိုအပ္တဲ့အတိုင္း ပုံသြင္းႏိုင္ခဲ့တဲ့ ဘီလီ ဂီးမိုးလ္
ဇန္နဝါရီမွာ ဒီလူငယ္ေလးက အငွားေျပာင္းေ႐ြ႕မယ္ဆိုေတာ့ တူဟယ္လ္က သူ႔လက္ကို ဆြဲထားခဲ့တယ္။ အသင္းမွာဆက္ေနဖို႔ ေဖ်ာင္းဖ်ခဲ့တယ္။ ေျပာဆိုမႈ ၅ မိနစ္အတြင္းမွာ စေကာ့တလန္သားက ေခါင္းၿငိမ့္ခဲ့တယ္။ အသင္းမွာ သူ႔ရဲ႕အနာဂတ္ ဆက္လက္ရွိေနေသးရင္ ေပးဆပ္ဖို႔အသင့္ပဲလို႔ ဝန္ခံလာခဲ့တယ္။ ဒီေန႔ပြဲမွာေတာ့ ဂီးမိုးက ဒါကိုအႂကြင္းမဲ့ သက္ေသျပခဲ့တယ္။ ကြင္းလယ္ခံစစ္မွာ သပ္ရပ္စြာကစားတယ္။ ေသသပ္ရွင္းလင္း ေနေအာင္ ေဘာလုံးေတြ လုယူဖ်က္ထုတ္ခဲ့တယ္။ က်ားရဲဆန္ဆန္ ကစားခဲ့တာကိုျမင္ေတြ႕ခဲ့ရတယ္။ ဒါက ကြင္းလယ္လူေတြဆီက တူဟယ္လ္လိုခ်င္တဲ့ ပုံစံအတိုင္း အတိအက်ျဖစ္တယ္။ သူ႔ကို နည္းျပလိုအပ္တဲ့အတိုင္း ပုံသြင္းႏိုင္ခဲ့ၿပီလို႔ ယူဆရပါမယ္။ သူ႔ရဲ႕အနာဂတ္က အလားအလာေကာင္းေတြကို ျပသေနတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.