Premier League

လက်စတာ 3:1 ယူနိုက်တက် FA ကွာတားဖိုင်နယ်ပွဲအပြီး ပြောစမှတ်ဖြစ်စရာ ၇ ချက်

လူစာရင်းအပြောင်းအလဲများခဲ့တဲ့ ယူနိုက်တက်
လက်စတာအတွက် FA ဖလားကို အားစိုက်ဖို့ အချိန်ပိုရခဲ့တယ်။ တပတ်တိတိအားမွေးထားချိန်ရလို့ အရင်တပတ်ပွဲစဉ်က အမာခံလူစာရင်းအတိုင်း တောင့်တောင့်တင်းတင်း ပွဲထွက်နိုင်ခဲ့တယ်။ မက်ဒီဆန် ဒဏ်ရာရလို့ အနားယူခဲ့ရတာ တချက်သာ ပြောစရာရှိတယ်။ ယူနိုက်တက်မှာတော့ လူစာရင်း အပြောင်းအလဲက ၅ ဦးအထိ ပြုလုပ်ခဲ့တာကို တွေ့ရတယ်။ ကြားရက်က အေစီမီလန်နဲ့လူစာရင်းကို အမာခံအတိုင်း ဆက်လက် ပွဲမထုတ်နိုင်ဘဲ အဓိက ကစားသမားတွေကို အနားပေးပြီး ဗန်ဒဘိခ်၊ ပေါ့ဘာတို့နဲ့ ပွဲထွက်လာသလို အရန်ခုံစာရင်း ကတော့ ဘရူနို၊ ကာဗာနီ၊ လုခ်ရှော၊ မက်တော်မီနေးတို့နဲ့ တောင့်တင်းနေခဲ့တယ်။

လက်စတာမှာ ခြေစွမ်းပြနေတဲ့ အီယန်နာချို
လက်စတာက အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရခဲ့တဲ့နောက်ပိုင်း ပထမပွဲထွက်စာရင်းကို အပြောင်းအလဲတွေလုပ်ပြီး ချဉ်းကပ်ရတဲ့နောက် ကစားကွက်ကလည်း အပြောင်းအလဲလုပ်ပြီး နည်းလမ်းတချို့ ဆန်းသစ်လာရတယ်။ ရော့ဂျားစ်က သူ့အသင်းကို နောက်ခံလူ ၃ ဦးအထိုင်နဲ့ ကစားကွက်ပုံစံကို ပြောင်းလဲ ကစားစေပြီး တိုက်စစ်မှာ တလှည့်စီ ကစားနေကျဖြစ်တဲ့ ဗာဒီနဲ့ အီယန်နာချိုက ပုံမှန်တိုက်စစ် အတွဲအဖက်ဖြစ်လာတယ်။

ဗာဒီက ဂိုးသွင်းခြေကျနေချိန်မှာ အီယန်နာချိုက ရော့ဂျားစ်အားကိုရလောက်အောင် ခြေစွမ်းပြလာတယ်။ ဒီနေ့မှာ လက်စတာရဲ့ အဖွင့်ဂိုးနဲ့ ပွဲသိမ်းဂိုးကို သွင်းယူခဲ့သလို တိုင်လီမန်းစ်ရဲ့ ဒုတိယ ဦးဆောင်ဂိုးကိုလည်း သူ့ရဲ့လှုပ်ရှားမှုကတဆင့် ဖန်တီးပေးသွားခဲ့တာဖြစ်တယ်။ သူက နောက်ဆုံး ၄ ပွဲမှာ ၇ ဂိုး အထိ သွင်းယူလာတဲ့အထိ ခြေစွမ်းတောက်ပခဲ့ပြီး ဗာဒီ အီယန်နာချိုအတွဲက အလုပ်ဖြစ်လာတယ်ဆိုရပါမယ်။

ယူနိုက်တက်ရဲ့ခံစစ်ဟာ ဆိုးလ်ရှားရဲ့သေတွင်း
ယူနိုက်တက်ရဲ့ ခံစစ်ကစားပုံ မသေဝပ်မှုက အသင်းအတွက် နည်းပြဘဝ ပထမဆုံးဆုဖလားအောင်မြင်မှုကို ရှာဖွေနေတဲ့ ဆိုးလ်ရှားရဲ့သေတွင်းလို့ ဆိုရမယ်။ ခံစစ်အမှားတွေကနေတဆင့် ဂိုးတွေအလှူလိုပေးနေရတာ ပြဿနာပါ။ ဒီနေ့ပွဲမှာ လက်စတာရဲ့ပထမဂိုးအတွက် လုံးလုံးလျားလျားအပြစ်ရှိသူက ဖရက်ဒ်ဖြစ်တယ်။ အီယန်နာချိုရဲ့ ပွဲသိမ်းဂိုးမှာလည်း ယူနိုက်တက်ခံစစ်အစုအဖွဲ့တခုလုံးရဲ့ မတည်ငြိမ်မှုအပြစ်ဖြစ်တယ်။ ဒါကပျော့ကွက်စစ်စစ်ဖြစ်နေပါတယ်။ တိုင်လီမန်းစ်ရဲ့ သွင်းဂိုးကိုကြည့်ရင် ကွင်းလယ်ခံစစ်ပိုင်းရော၊ ခံစစ်ကြောင်းကပါ သူ့ကိုဖိအားပေးမယ့်သူမရှိဘဲ လွတ်လွတ်လပ်လပ် ကန်သွင်းခွင့်ပြုခဲ့တာကို မြင်ရတယ်။ ဒီလိုခံယူချက်က ယူနိုက်တက်ရဲ့ သေကွင်းသေကွက်ပဲလို့ အတပ်ပြောရမှာပါ။

ဆုဖလားအောင်မြင်မှုကို နမ်းရှိုက်ချင်တဲ့ နည်းပြနှစ်ဦးရဲ့သတ်ပွဲ
ယူနိုက်တက် နဲ့ လက်စတာအသင်းကို အချိန်တူနီးပါးအတွင်းမှာ တာဝန်ယူခဲ့တဲ့ ဆိုးလ်ရှားနဲ့ ရော့ဂျားစ်တို့ရဲ့ ဒီနေ့သတ်ပွဲဟာ အသင်းနည်းပြဘဝမှာ ပထမဆုံးအနေနဲ့ ဆုဖလားအောင်မြင်မှုကို ရှာဖွေနမ်းရှိုက်ချင်ခဲ့တာချင်းလည်း တူညီနေပါတယ်။ FA ဖလားကို နှစ်ဦးစလုံးက ရည်မှန်းထားကြတယ်။ ရည်မှန်းထားတဲ့အတိုင်း လုပ်ဆောင်နိုင်သူက ဆိုးလ်ရှားကို ဖြုတ်ချခဲ့တဲ့ ရော့ဂျားစ်ဖြစ်လာတယ်။ FA ဆီမီးအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး စိန့်အသင်းနဲ့ တွေ့ဆုံရပါမယ်။ ဆိုးလ်ရှားကတော့ ယူရိုပါလိဂ်ကို ပြန်လည်အာရုံစိုက်ရတော့မှာပါ။

အဝေးကွင်းရှုံးပွဲမရှိစံချိန်ကို စတေးလိုက်ရတဲ့ ယူနိုက်တက်
ယူနိုက်တက်ရဲ့ နောက်ဆုံး အဝေးကွင်းရှုံးပွဲက လွန်ခဲ့တဲ့တနှစ်က လီဗာပူးလ်ကို အန်ဖီးလ်မှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ်ခဲ့တာဖြစ်တယ်။ ဒီနောက်မှာတော့ ၂၉ ပွဲဆက် အဝေးကွင်း ရှုံးပွဲမရှိ စံချိန်ယူထားတဲ့ ယူနိုက်တက်ရဲ့ အဝေးကွင်းမှတ်တမ်းကောင်းက လက်စတာရဲ့ အဆုံးသတ်ခြင်းကို ခံလိုက်ရတယ်။ လက်စတာအသင်းကလည်း ထိုက်တန်တဲ့နိုင်ပွဲကို ရယူသွားခဲ့တာကို တွေ့ရတယ်။

နံပါတ် ၁ ဂိုးသမားနေရာနဲ့ ဟန်ဒါဆန်ထိုက်တန်ရဲ့လား?
ဟန်ဒါဆန်လား? ဒဟဲယား? ဒါက ဒီရက်ပိုင်းအတွင်း အတော်လေးဆူညံလာတဲ့ အငြင်းပွားမှုပါ။ ဟန်ဒါဆန်က ပရီးမီးယားလိဂ်မှာတော့ မန်စီးတီး ဝက်စ်ဟမ်းတို့ကို ဂိုးမပေးခဲ့ရဘဲ Clean Sheet ယူနိင်ခဲ့တယ်။ အေစီမီလန်နဲ့ ပအကျော့မှာတော့ လက်စွမ်းပျက်နေခဲ့တာမြင်ရတယ်။ အမှားအယွင်းပြုလုပ်ခဲ့တယ်။

အေစီမီလန်နဲ့ ဒုအကျော့မှာ လက်စွမ်းပြခဲ့လို့ ဟန်ဒါဆန်တယောက် ပြန်လည်တည်ငြိမ်ပြီလို့ ယူဆနေကြချိန်မှာ ဒီနေ့ပွဲရဲ့ အားနည်းတဲ့ လက်စွမ်းတွေကို ထပ်မံမြင်တွေ့ခဲ့ရတယ်။ သူ့အပေါ်မှာ လွန်လွန်ကျူးကျူးဝေဖန်တာမျိုးတွေတော့ မရှိသေးပေမယ့် ယူနိုက်တက်ဂိုးပေါက်ကို ကာကွယ်ဖို့ လုံလောက်တဲ့ရင့်ကျက်မှု၊ တည်ငြိမ်မှု မရှိသေးဘူးလို့ မှတ်ချက်ချနေကြပါပြီ။

ယူနိုက်တက်ချေပဂိုးမှာ ဗန်ဒဘိခ်ရဲ့အရည်အသွေးကို မြင်ခဲ့ရ
ဂရင်းဝုဒ်ရဲ့ ချေပဂိုးမှာ ယူနိုက်တက်က ပထမပိုင်းအတွင်း အသက်ရှုချောင်သွားခဲ့ရပြီး ဒီဂိုးမှာ ဗန်ဒဘိခ်ရဲ့ နည်းစနစ်ပိုင်းအရည်အသွေးကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာက သူနဲ့ယူနိုက်တက်အနာဂတ်မှာ အပေါင်းလက္ခဏာဆောင်ခဲ့တာပါ။ သူက ဂရင်းဝုဒ်ကန်သွင်းရလွယ်ကူအောင် နေရာလွတ်ကို ဖန်တီးပေးသွားခဲ့တယ်။ သူ့ရွေ့လျားမှုက လှပခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူစာရင္းအေျပာင္းအလဲမ်ားခဲ့တဲ့ ယူႏိုက္တက္
လက္စတာအတြက္ FA ဖလားကို အားစိုက္ဖို႔ အခ်ိန္ပိုရခဲ့တယ္။ တပတ္တိတိအားေမြးထားခ်ိန္ရလို႔ အရင္တပတ္ပြဲစဥ္က အမာခံလူစာရင္းအတိုင္း ေတာင့္ေတာင့္တင္းတင္း ပြဲထြက္ႏိုင္ခဲ့တယ္။ မက္ဒီဆန္ ဒဏ္ရာရလို႔ အနားယူခဲ့ရတာ တခ်က္သာ ေျပာစရာရွိတယ္။ ယူႏိုက္တက္မွာေတာ့ လူစာရင္း အေျပာင္းအလဲက ၅ ဦးအထိ ျပဳလုပ္ခဲ့တာကို ေတြ႕ရတယ္။ ၾကားရက္က ေအစီမီလန္နဲ႔လူစာရင္းကို အမာခံအတိုင္း ဆက္လက္ ပြဲမထုတ္ႏိုင္ဘဲ အဓိက ကစားသမားေတြကို အနားေပးၿပီး ဗန္ဒဘိခ္၊ ေပါ့ဘာတို႔နဲ႔ ပြဲထြက္လာသလို အရန္ခုံစာရင္း ကေတာ့ ဘ႐ူႏို၊ ကာဗာနီ၊ လုခ္ေရွာ၊ မက္ေတာ္မီေနးတို႔နဲ႔ ေတာင့္တင္းေနခဲ့တယ္။

လက္စတာမွာ ေျခစြမ္းျပေနတဲ့ အီယန္နာခ်ိဳ
လက္စတာက အသင္းရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရခဲ့တဲ့ေနာက္ပိုင္း ပထမပြဲထြက္စာရင္းကို အေျပာင္းအလဲေတြလုပ္ၿပီး ခ်ဥ္းကပ္ရတဲ့ေနာက္ ကစားကြက္ကလည္း အေျပာင္းအလဲလုပ္ၿပီး နည္းလမ္းတခ်ိဳ႕ ဆန္းသစ္လာရတယ္။ ေရာ့ဂ်ားစ္က သူ႔အသင္းကို ေနာက္ခံလူ ၃ ဦးအထိုင္နဲ႔ ကစားကြက္ပုံစံကို ေျပာင္းလဲ ကစားေစၿပီး တိုက္စစ္မွာ တလွည့္စီ ကစားေနက်ျဖစ္တဲ့ ဗာဒီနဲ႔ အီယန္နာခ်ိဳက ပုံမွန္တိုက္စစ္ အတြဲအဖက္ျဖစ္လာတယ္။

ဗာဒီက ဂိုးသြင္းေျခက်ေနခ်ိန္မွာ အီယန္နာခ်ိဳက ေရာ့ဂ်ားစ္အားကိုရေလာက္ေအာင္ ေျခစြမ္းျပလာတယ္။ ဒီေန႔မွာ လက္စတာရဲ႕ အဖြင့္ဂိုးနဲ႔ ပြဲသိမ္းဂိုးကို သြင္းယူခဲ့သလို တိုင္လီမန္းစ္ရဲ႕ ဒုတိယ ဦးေဆာင္ဂိုးကိုလည္း သူ႔ရဲ႕လႈပ္ရွားမႈကတဆင့္ ဖန္တီးေပးသြားခဲ့တာျဖစ္တယ္။ သူက ေနာက္ဆုံး ၄ ပြဲမွာ ၇ ဂိုး အထိ သြင္းယူလာတဲ့အထိ ေျခစြမ္းေတာက္ပခဲ့ၿပီး ဗာဒီ အီယန္နာခ်ိဳအတြဲက အလုပ္ျဖစ္လာတယ္ဆိုရပါမယ္။

ယူႏိုက္တက္ရဲ႕ခံစစ္ဟာ ဆိုးလ္ရွားရဲ႕ေသတြင္း
ယူႏိုက္တက္ရဲ႕ ခံစစ္ကစားပုံ မေသဝပ္မႈက အသင္းအတြက္ နည္းျပဘဝ ပထမဆုံးဆုဖလားေအာင္ျမင္မႈကို ရွာေဖြေနတဲ့ ဆိုးလ္ရွားရဲ႕ေသတြင္းလို႔ ဆိုရမယ္။ ခံစစ္အမွားေတြကေနတဆင့္ ဂိုးေတြအလႉလိုေပးေနရတာ ျပႆနာပါ။ ဒီေန႔ပြဲမွာ လက္စတာရဲ႕ပထမဂိုးအတြက္ လုံးလုံးလ်ားလ်ားအျပစ္ရွိသူက ဖရက္ဒ္ျဖစ္တယ္။ အီယန္နာခ်ိဳရဲ႕ ပြဲသိမ္းဂိုးမွာလည္း ယူႏိုက္တက္ခံစစ္အစုအဖြဲ႕တခုလုံးရဲ႕ မတည္ၿငိမ္မႈအျပစ္ျဖစ္တယ္။ ဒါကေပ်ာ့ကြက္စစ္စစ္ျဖစ္ေနပါတယ္။ တိုင္လီမန္းစ္ရဲ႕ သြင္းဂိုးကိုၾကည့္ရင္ ကြင္းလယ္ခံစစ္ပိုင္းေရာ၊ ခံစစ္ေၾကာင္းကပါ သူ႔ကိုဖိအားေပးမယ့္သူမရွိဘဲ လြတ္လြတ္လပ္လပ္ ကန္သြင္းခြင့္ျပဳခဲ့တာကို ျမင္ရတယ္။ ဒီလိုခံယူခ်က္က ယူႏိုက္တက္ရဲ႕ ေသကြင္းေသကြက္ပဲလို႔ အတပ္ေျပာရမွာပါ။

ဆုဖလားေအာင္ျမင္မႈကို နမ္းရႈိက္ခ်င္တဲ့ နည္းျပႏွစ္ဦးရဲ႕သတ္ပြဲ
ယူႏိုက္တက္ နဲ႔ လက္စတာအသင္းကို အခ်ိန္တူနီးပါးအတြင္းမွာ တာဝန္ယူခဲ့တဲ့ ဆိုးလ္ရွားနဲ႔ ေရာ့ဂ်ားစ္တို႔ရဲ႕ ဒီေန႔သတ္ပြဲဟာ အသင္းနည္းျပဘဝမွာ ပထမဆုံးအေနနဲ႔ ဆုဖလားေအာင္ျမင္မႈကို ရွာေဖြနမ္းရႈိက္ခ်င္ခဲ့တာခ်င္းလည္း တူညီေနပါတယ္။ FA ဖလားကို ႏွစ္ဦးစလုံးက ရည္မွန္းထားၾကတယ္။ ရည္မွန္းထားတဲ့အတိုင္း လုပ္ေဆာင္ႏိုင္သူက ဆိုးလ္ရွားကို ျဖဳတ္ခ်ခဲ့တဲ့ ေရာ့ဂ်ားစ္ျဖစ္လာတယ္။ FA ဆီမီးအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီး စိန႔္အသင္းနဲ႔ ေတြ႕ဆုံရပါမယ္။ ဆိုးလ္ရွားကေတာ့ ယူ႐ိုပါလိဂ္ကို ျပန္လည္အာ႐ုံစိုက္ရေတာ့မွာပါ။

အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ကို စေတးလိုက္ရတဲ့ ယူႏိုက္တက္
ယူႏိုက္တက္ရဲ႕ ေနာက္ဆုံး အေဝးကြင္းရႈံးပြဲက လြန္ခဲ့တဲ့တႏွစ္က လီဗာပူးလ္ကို အန္ဖီးလ္မွာ ၂ ဂိုးျပတ္နဲ႔ အေရးနိမ္ခဲ့တာျဖစ္တယ္။ ဒီေနာက္မွာေတာ့ ၂၉ ပြဲဆက္ အေဝးကြင္း ရႈံးပြဲမရွိ စံခ်ိန္ယူထားတဲ့ ယူႏိုက္တက္ရဲ႕ အေဝးကြင္းမွတ္တမ္းေကာင္းက လက္စတာရဲ႕ အဆုံးသတ္ျခင္းကို ခံလိုက္ရတယ္။ လက္စတာအသင္းကလည္း ထိုက္တန္တဲ့ႏိုင္ပြဲကို ရယူသြားခဲ့တာကို ေတြ႕ရတယ္။

နံပါတ္ ၁ ဂိုးသမားေနရာနဲ႔ ဟန္ဒါဆန္ထိုက္တန္ရဲ႕လား?
ဟန္ဒါဆန္လား? ဒဟဲယား? ဒါက ဒီရက္ပိုင္းအတြင္း အေတာ္ေလးဆူညံလာတဲ့ အျငင္းပြားမႈပါ။ ဟန္ဒါဆန္က ပရီးမီးယားလိဂ္မွာေတာ့ မန္စီးတီး ဝက္စ္ဟမ္းတို႔ကို ဂိုးမေပးခဲ့ရဘဲ Clean Sheet ယူနိင္ခဲ့တယ္။ ေအစီမီလန္နဲ႔ ပအေက်ာ့မွာေတာ့ လက္စြမ္းပ်က္ေနခဲ့တာျမင္ရတယ္။ အမွားအယြင္းျပဳလုပ္ခဲ့တယ္။

ေအစီမီလန္နဲ႔ ဒုအေက်ာ့မွာ လက္စြမ္းျပခဲ့လို႔ ဟန္ဒါဆန္တေယာက္ ျပန္လည္တည္ၿငိမ္ၿပီလို႔ ယူဆေနၾကခ်ိန္မွာ ဒီေန႔ပြဲရဲ႕ အားနည္းတဲ့ လက္စြမ္းေတြကို ထပ္မံျမင္ေတြ႕ခဲ့ရတယ္။ သူ႔အေပၚမွာ လြန္လြန္က်ဴးက်ဴးေဝဖန္တာမ်ိဳးေတြေတာ့ မရွိေသးေပမယ့္ ယူႏိုက္တက္ဂိုးေပါက္ကို ကာကြယ္ဖို႔ လုံေလာက္တဲ့ရင့္က်က္မႈ၊ တည္ၿငိမ္မႈ မရွိေသးဘူးလို႔ မွတ္ခ်က္ခ်ေနၾကပါၿပီ။

ယူႏိုက္တက္ေခ်ပဂိုးမွာ ဗန္ဒဘိခ္ရဲ႕အရည္အေသြးကို ျမင္ခဲ့ရ
ဂရင္းဝုဒ္ရဲ႕ ေခ်ပဂိုးမွာ ယူႏိုက္တက္က ပထမပိုင္းအတြင္း အသက္ရႈေခ်ာင္သြားခဲ့ရၿပီး ဒီဂိုးမွာ ဗန္ဒဘိခ္ရဲ႕ နည္းစနစ္ပိုင္းအရည္အေသြးကို ထင္ထင္ရွားရွား ျမင္ေတြ႕ခဲ့ရတာက သူနဲ႔ယူႏိုက္တက္အနာဂတ္မွာ အေပါင္းလကၡဏာေဆာင္ခဲ့တာပါ။ သူက ဂရင္းဝုဒ္ကန္သြင္းရလြယ္ကူေအာင္ ေနရာလြတ္ကို ဖန္တီးေပးသြားခဲ့တယ္။ သူ႔ေ႐ြ႕လ်ားမႈက လွပခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.