Match Report Premier League

စိတ်ကျေနပ်စရာတွေ အများကြီးနဲ့ ရှက်ဖီးလ်ဒ်ကို ကျော်ဖြတ်ပြီး ဆီမီးတက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ၃-၄-၃ ကစားကွက်မှာ ပူလီရှစ်ချ်ကို ဘယ်တောင်ပံက သူ့စိတ်ကြိုက်နေရာမှာ ထည့်သွင်းခဲ့ပြီး ဆူညံလာတဲ့ အပြောင်းအရွှေ့အသံတွေကို တိတ်ဖို့ ကြိုးစားလာခဲ့သလို ကွန်တေကို အနားပေးပြီး ဂီးလ်မိုးကို ကိုဗာချစ်နဲ့ တွဲပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဂျီရူးနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ ပါဝင်လာခဲ့ပါတယ်။

ရှက်ဖီးလ်ဒ်ရဲ့ ယာယီနည်းပြ ဟက်ကင်ဘော့တွမ်ကတော့ ကိုယ့်အသင်းကြောင်းကိုယ် သိပ်မသိသေးတဲ့ ပုံစံနဲ့ ကစားလာခဲ့ပြီး ဂျာဂယ်လ်ကာ တစ်ယောက်တည်းကို Center Back အဖြစ် ရွေးချယ်ခဲ့ပြီး သုံးယောက်တန်းမှာ Full Back တွေဖြစ်ကြတဲ့ ဘောလ်ဒေါ့ခ်၊ စတီဗင်စ်တို့နဲ့ တွဲပေးခဲ့တာကို အံ့ဩစရာအဖြစ် တွေ့မြင်ခဲ့ရပါတယ်။

မက်ဂိုးလ်ဒရစ်ရဲ့ စောစောစီးစီး အဝေးကန်ချက်က ချဲလ်ဆီးဂိုးသမား ကီပါကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့သလို ထောင့်ကန်ဘောတွေကို ခံစစ်က ကာကွယ်ပုံ မကောင်းခဲ့ပေမယ့် စပိန်သား စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အတွက်တော့ အခက်အခဲမရှိတဲ့ ထိုးဖောက်မှုတွေပဲ ကြုံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ ပိုပြီးဖိကစးလာခဲ့သလို ရှက်ဖီးလ်ဒ်တို့ကို ပျာယာခတ်အောင် ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ချေးလ်ဝဲလ် ကန်သွင်းခဲ့ရာမှာ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ နော်ဝုဒ်နဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

ကွင်းလယ်က ဂီးလ်မိုးကတော့ ဖာဘရီဂက်စ်လက်သစ်လို့ ချီးကျူးထားတဲ့အတိုင်း အစွမ်းအစတွေကို ပြသနိုင်ခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်နောက်တန်းက လူပေးမှားတာကို ပူလီရှစ်ချ် ဖြတ်ယူသွားနိုင်ခဲ့ပေမယ့် ဂိုးသမားနဲ့ မတွေ့ခင်မှာ ဟန်ချက်ပျက်ပြီး ခြေတစ်ချက်ချော်သွားလို့ အပိုင်မကန်နိုင်တော့ဘဲ အခွင့်အရေးတစ်ခု နစ်နာခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ချဲလ်ဆီးတို့ ဦးဆောင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ပူလီရှစ်ချ်ကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကို တွေ့ခဲ့ရပေမယ့် ခြေစွမ်းနဲ့ ယုံကြည်မှုကတော့ ပြန်ကောင်းလာသလို တူဟယ်လ်ရဲ့ တိုက်စစ်ကစားကွက်မှာ ပြန်လည်နေရာရလာဖို့ မျှော်လင့်နိုင်ပြီး ဘယ်ခြမ်းမှာ ပုံသေကစားခွင့်ရရင် မူလလက်ဟောင်း အမေရိကန်သားကို ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ လန်းစထရမ်ရဲ့ ဖြတ်တင်ဘောကို အက်ဇ်ပီလီကွေတာ ရှင်းထုတ်ဖို့ ဇဝေဇဝါဖြစ်နေခဲ့တာကြောင့် သူ့နောက်က ပါလာတဲ့ မက်ဂိုးလ်ဒရစ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးဘေးကိုပဲ တိုက်ခဲ့မိလို့ ချဲလ်ဆီးတို့ သက်သာခဲ့ရပြီး စင်တာဘက်စစ်စစ်သုံးယောက်မပြည့်တဲ့ ခံစစ်က အနည်းငယ် ဝေဝါးနေခဲ့သလို ၆၉ မိနစ်မှာတော့ မက်ဘာနီရဲ့ ကန်ချက်ကို ကီပါက ထပ်မံကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ရှက်ဖီးလ်ဒ်ဘက်က ဘရူးစတားရဲ့ ကန်ချက်က ချဲလ်ဆီးပရိသတ်တွေကို တော်တော်လေး ထိတ်လန့်စေခဲ့ပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဟာဗတ်ဇ်ဖို့ ရည်ရွယ်ခဲ့ပုံရတဲ့ ချေးဝဲလ်ရဲ့ ဖြတ်တင်ဘောကို နောက်တန်းတွေ ရှင်းမထုတ်နိုင်ခင် ဇီးယက်ရှ်က ရှေ့ကနေ ခုန်ဝင်ရယူသွားခဲ့ပြီး ဘောလုံးထိန်းပြီး ပြန်အကျမှာ အလျင်အမြန် ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အားလုံးကို စိတ်အေးစေနိုင်ခဲ့တာပါ။

ပွဲပြီးဆုံးချိန်မှာတော့ ချဲလ်ဆီးတို့ အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီး မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်သလို သူတို့ရဲ့ တောက်လျှောက်ချောင်လာခဲ့တဲ့ ပွဲစဉ်ရေးဆွဲမှုကနေ အင်အားကြီးမားတဲ့ ပြိုင်ဘက်နဲ့ ဝင်ဘလီကွင်းကြီးမှာ စတင်ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ၃-၄-၃ ကစားကြက္မွာ ပူလီရွစ္ခ်္ကို ဘယ္ေတာင္ပံက သူ႔စိတ္ႀကိဳက္ေနရာမွာ ထည့္သြင္းခဲ့ၿပီး ဆူညံလာတဲ့ အေျပာင္းအေ႐ႊ႕အသံေတြကို တိတ္ဖို႔ ႀကိဳးစားလာခဲ့သလို ကြန္ေတကို အနားေပးၿပီး ဂီးလ္မိုးကို ကိုဗာခ်စ္နဲ႔ တြဲေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဂ်ီ႐ူးနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ ပါဝင္လာခဲ့ပါတယ္။

ရွက္ဖီးလ္ဒ္ရဲ႕ ယာယီနည္းျပ ဟက္ကင္ေဘာ့တြမ္ကေတာ့ ကိုယ့္အသင္းေၾကာင္းကိုယ္ သိပ္မသိေသးတဲ့ ပုံစံနဲ႔ ကစားလာခဲ့ၿပီး ဂ်ာဂယ္လ္ကာ တစ္ေယာက္တည္းကို Center Back အျဖစ္ ေ႐ြးခ်ယ္ခဲ့ၿပီး သုံးေယာက္တန္းမွာ Full Back ေတြျဖစ္ၾကတဲ့ ေဘာလ္ေဒါ့ခ္၊ စတီဗင္စ္တို႔နဲ႔ တြဲေပးခဲ့တာကို အံ့ဩစရာအျဖစ္ ေတြ႕ျမင္ခဲ့ရပါတယ္။

မက္ဂိုးလ္ဒရစ္ရဲ႕ ေစာေစာစီးစီး အေဝးကန္ခ်က္က ခ်ဲလ္ဆီးဂိုးသမား ကီပါကို ရင္ခုန္ေအာင္ မလုပ္ႏိုင္ခဲ့သလို ေထာင့္ကန္ေဘာေတြကို ခံစစ္က ကာကြယ္ပုံ မေကာင္းခဲ့ေပမယ့္ စပိန္သား စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္အတြက္ေတာ့ အခက္အခဲမရွိတဲ့ ထိုးေဖာက္မႈေတြပဲ ႀကဳံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ပိုၿပီးဖိကစးလာခဲ့သလို ရွက္ဖီးလ္ဒ္တို႔ကို ပ်ာယာခတ္ေအာင္ ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို ေခ်းလ္ဝဲလ္ ကန္သြင္းခဲ့ရာမွာ ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ေနာ္ဝုဒ္နဲ႔ ထိၿပီး ဂိုးထဲဝင္သြားခဲ့လို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ပါတယ္။

ကြင္းလယ္က ဂီးလ္မိုးကေတာ့ ဖာဘရီဂက္စ္လက္သစ္လို႔ ခ်ီးက်ဴးထားတဲ့အတိုင္း အစြမ္းအစေတြကို ျပသႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္ေနာက္တန္းက လူေပးမွားတာကို ပူလီရွစ္ခ်္ ျဖတ္ယူသြားႏိုင္ခဲ့ေပမယ့္ ဂိုးသမားနဲ႔ မေတြ႕ခင္မွာ ဟန္ခ်က္ပ်က္ၿပီး ေျခတစ္ခ်က္ေခ်ာ္သြားလို႔ အပိုင္မကန္ႏိုင္ေတာ့ဘဲ အခြင့္အေရးတစ္ခု နစ္နာခဲ့ရၿပီး ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ပူလီရွစ္ခ်္ကေတာ့ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာကို ေတြ႕ခဲ့ရေပမယ့္ ေျခစြမ္းနဲ႔ ယုံၾကည္မႈကေတာ့ ျပန္ေကာင္းလာသလို တူဟယ္လ္ရဲ႕ တိုက္စစ္ကစားကြက္မွာ ျပန္လည္ေနရာရလာဖို႔ ေမွ်ာ္လင့္ႏိုင္ၿပီး ဘယ္ျခမ္းမွာ ပုံေသကစားခြင့္ရရင္ မူလလက္ေဟာင္း အေမရိကန္သားကို ျပန္လည္ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ လန္းစထရမ္ရဲ႕ ျဖတ္တင္ေဘာကို အက္ဇ္ပီလီေကြတာ ရွင္းထုတ္ဖို႔ ဇေဝဇဝါျဖစ္ေနခဲ့တာေၾကာင့္ သူ႔ေနာက္က ပါလာတဲ့ မက္ဂိုးလ္ဒရစ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးေဘးကိုပဲ တိုက္ခဲ့မိလို႔ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရၿပီး စင္တာဘက္စစ္စစ္သုံးေယာက္မျပည့္တဲ့ ခံစစ္က အနည္းငယ္ ေဝဝါးေနခဲ့သလို ၆၉ မိနစ္မွာေတာ့ မက္ဘာနီရဲ႕ ကန္ခ်က္ကို ကီပါက ထပ္မံကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ရွက္ဖီးလ္ဒ္ဘက္က ဘ႐ူးစတားရဲ႕ ကန္ခ်က္က ခ်ဲလ္ဆီးပရိသတ္ေတြကို ေတာ္ေတာ္ေလး ထိတ္လန႔္ေစခဲ့ေပမယ့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဟာဗတ္ဇ္ဖို႔ ရည္႐ြယ္ခဲ့ပုံရတဲ့ ေခ်းဝဲလ္ရဲ႕ ျဖတ္တင္ေဘာကို ေနာက္တန္းေတြ ရွင္းမထုတ္ႏိုင္ခင္ ဇီးယက္ရွ္က ေရွ႕ကေန ခုန္ဝင္ရယူသြားခဲ့ၿပီး ေဘာလုံးထိန္းၿပီး ျပန္အက်မွာ အလ်င္အျမန္ ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အားလုံးကို စိတ္ေအးေစႏိုင္ခဲ့တာပါ။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခ်ဲလ္ဆီးတို႔ အက္ဖ္ေအဖလားရဲ႕ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းနဲ႔ ေတြ႕ဆုံရေတာ့မွာျဖစ္သလို သူတို႔ရဲ႕ ေတာက္ေလွ်ာက္ေခ်ာင္လာခဲ့တဲ့ ပြဲစဥ္ေရးဆြဲမႈကေန အင္အားႀကီးမားတဲ့ ၿပိဳင္ဘက္နဲ႔ ဝင္ဘလီကြင္းႀကီးမွာ စတင္ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.