Match Report Premier League

အလှည့်ကျလူထုတ်ပုံ လွန်သွားခဲ့လို့ လက်စတာကို ရှုံးပြီး အက်ဖ်အေက ပြုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ပေါ့ဘာကို ဆက်လက်သုံးစွဲပြီး သူ့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတဲ့ ၄-၂-၃-၁ ကစားကွက်ကို သုံးစွဲခဲ့သလို အိမ်ရှင် လက်စတာကတော့ သုံးနေကျ ၃-၄-၃ နေရာမှာ တိုက်စစ်မှူးသုံးယောက်ကို ပြောင်းလဲအထိုင်ချတဲ့ ၃-၄-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပါတယ်။

ဘရန်ဒန် ရော့ဂျားစ်နဲ့ လက်စတာရဲ့ ကောင်တာကစားကွက်တွေကတော့ သူတို့လိုပဲ ဒီအကွက်နဲ့ နာမည်ကြီးတဲ့ ဆိုးလ်ရှားနဲ့ မန်ချက်စတာယူနိုက်တက်တို့ထက် ကြောက်ဖို့ကောင်းခဲ့ပြီး ဗာဒီရဲ့ ထိုးဖောက်မှုတွေကို အဲလက်စ် တဲလက်စ်နဲ့အဖွဲ့ ကာကွယ်နေရပြီး ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာတော့ အိမ်ရှင်တွေက ပိုသာခဲ့ပါတယ်။

လိုအပ်ရင် ခံစစ်မှာ ခုနစ်ယောက်အထိရှိတဲ့ လက်စတာကို ဘရူနို ဖာနန်ဒက်စ် ပါမလာချိန်မှာ ပေါ့ဘာနဲ့ ဗန်ဒဘိခ်တို့ သိပ်ပြီး ထိုးဖောက်နိုင်ခြင်း မရှိပေမယ့် တစ်ဖက်က အယ်လ်ဘရိုက်တန်နဲ့ တောင်ပံအတွဲအဖက်တွေကတော့ ယူနိုက်တက်တို့ကို ကောင်းကေငာ်း ဒုက္ခပေးနေခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ ဂိုးသမားက စတင်ပြီး မက်ဂွိုင်းယားပေးတဲ့ ဘောလုံးကနေ နောက်က ဖိအားပေးတာကို ခံနေရတဲ့ ဖရက်ဒ်က Break မလုပ်နိုင်ခဲ့ဘဲ ပြန်ပေးခဲ့တာကို အီဟန်နာချိုက နောက်ကနေ လိုက်ပါရယူခဲ့ပြီး ဟန်ဒါဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ ကန်သွင်းရယူနိုင်ခဲ့လို့ လက်စတာတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ဘယ်ခြမ်းကနေ အဲလက်စ် တဲလက်စ်ပေးတဲ့ ဘောလုံးကို ပေါ့ဘာက အတွင်းကို Cut Back ပြန်လုပ်ပေးတာကို ဗန်ဒဘိခ်က မယူဘဲ Dummy လုပ်ပြီး ကျော်ပေးသွားတာကို ဂရင်းဝုဒ်က လွတ်လွတ်ကျွတ်ကျွတ် အပိုင်ပိတ်သွင်းနိုင်ခဲ့လို့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်ကွင်းလယ်အထိုင်ဖြစ်တဲ့ ဖရက်ဒ်နဲ့ မာတစ်ချ်တို့ အတွဲအဖက် မမိတာကို ပိုမိုမြင်တွေ့ခဲ့ရပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ကွင်းလယ်ကနေ တီလီးမန်းစ်က တောက်လျှောက်ဆွဲပြေးလာတာကို ဂိုးဧရိယာထိပ်အထိ ဖျက်မယ့်သူ မရှိတာကြောင့် ဘယ်လ်ဂျီယမ်သားက အနိမ့်ဘော အပြင်းကန်သွင်းပြီး လက်စတာတို့ကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။

ဒီဂိုးမှာ မာတစ်ချ်ရှေ့က ဖြတ်ပြေးသွားတဲ့ တီးလီးမန်းစ်ကို ဖရက်ဒ်က တားဆီးဖို့ မလုပ်နိုင်ခဲ့ချိန်မှာ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားက သူဖျက်မလိုလို ငါဖျက်မလိုလိုဖြစ်နေခဲ့ပြီး ဟန်ဒါဆန်ရဲ့ ကာကွယ်မှုကလည်း နှေးကွေးနေတဲ့အတွက် ကစားသမားအတော်များများမှာ တာဝန်ရှိခဲ့တဲ့ ပေးဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ Pressing ကနေ ဘောလုံးပြန်ရပြီး မက်ဂွိုင်းယားကို ကျော်ဖြတ်နိုင်ခဲ့သလို ဂိုးသမားကို လှည့်စားကန်သွင်းခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ရသလို ခံစစ်ရဲ့ ဝါးအစည်းပြေနေမှုကိုလည်း တွေ့ခဲရပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာတို့က ပွဲကို ပိုမိုစီးမိလာခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အယ်လ်ဘရိုက်တန် ကန်ပို့ပေးတာကို မဖျက်နိုင်ခဲ့ဘဲ ခေါင်းပေါ်က အကျော်ခံလိုက်တဲ့ မက်တော်မီနေးကြောင့် သူ့နောက်ကမှာ အဆင်သင့်စောင့်နေတဲ့ အီဟန်နာချိုက အဝေးတိုင်ဘေးကနေ ခေါင်းတိုက်ပြီး အနိုင်ပြတ်သားစေမယ့် ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာ လက်စတာတို့ ယူနိုက်တက်အပေါ် သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို ပွဲစဉ်ရေးဆွဲမှုအရ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကို ရှောင်လွှဲနိုင်ခဲ့ပြီး ဆောက်သမ်တန်အသင်းနဲ့ ဝင်ဘလီကွင်းမှာ ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရတဲ့ပြဲမွာ ကြင္းလယ္လူ ေပါ့ဘာကို ဆက္လက္သုံးစြဲၿပီး သူ႔ရဲ႕ အခန္းက႑ကို ျမႇင့္တင္ေပးတဲ့ ၄-၂-၃-၁ ကစားကြက္ကို သုံးစြဲခဲ့သလို အိမ္ရွင္ လက္စတာကေတာ့ သုံးေနက် ၃-၄-၃ ေနရာမွာ တိုက္စစ္မႉးသုံးေယာက္ကို ေျပာင္းလဲအထိုင္ခ်တဲ့ ၃-၄-၁-၂ ကစားကြက္ကို ခင္းက်င္းခဲ့ပါတယ္။

ဘရန္ဒန္ ေရာ့ဂ်ားစ္နဲ႔ လက္စတာရဲ႕ ေကာင္တာကစားကြက္ေတြကေတာ့ သူတို႔လိုပဲ ဒီအကြက္နဲ႔ နာမည္ႀကီးတဲ့ ဆိုးလ္ရွားနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ထက္ ေၾကာက္ဖို႔ေကာင္းခဲ့ၿပီး ဗာဒီရဲ႕ ထိုးေဖာက္မႈေတြကို အဲလက္စ္ တဲလက္စ္နဲ႔အဖြဲ႕ ကာကြယ္ေနရၿပီး ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာေတာ့ အိမ္ရွင္ေတြက ပိုသာခဲ့ပါတယ္။

လိုအပ္ရင္ ခံစစ္မွာ ခုနစ္ေယာက္အထိရွိတဲ့ လက္စတာကို ဘ႐ူႏို ဖာနန္ဒက္စ္ ပါမလာခ်ိန္မွာ ေပါ့ဘာနဲ႔ ဗန္ဒဘိခ္တို႔ သိပ္ၿပီး ထိုးေဖာက္ႏိုင္ျခင္း မရွိေပမယ့္ တစ္ဖက္က အယ္လ္ဘ႐ိုက္တန္နဲ႔ ေတာင္ပံအတြဲအဖက္ေတြကေတာ့ ယူႏိုက္တက္တို႔ကို ေကာင္းေကငာ္း ဒုကၡေပးေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဂိုးသမားက စတင္ၿပီး မက္ဂြိဳင္းယားေပးတဲ့ ေဘာလုံးကေန ေနာက္က ဖိအားေပးတာကို ခံေနရတဲ့ ဖရက္ဒ္က Break မလုပ္ႏိုင္ခဲ့ဘဲ ျပန္ေပးခဲ့တာကို အီဟန္နာခ်ိဳက ေနာက္ကေန လိုက္ပါရယူခဲ့ၿပီး ဟန္ဒါဆန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ကန္သြင္းရယူႏိုင္ခဲ့လို႔ လက္စတာတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန အဲလက္စ္ တဲလက္စ္ေပးတဲ့ ေဘာလုံးကို ေပါ့ဘာက အတြင္းကို Cut Back ျပန္လုပ္ေပးတာကို ဗန္ဒဘိခ္က မယူဘဲ Dummy လုပ္ၿပီး ေက်ာ္ေပးသြားတာကို ဂရင္းဝုဒ္က လြတ္လြတ္ကြၽတ္ကြၽတ္ အပိုင္ပိတ္သြင္းႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ ေခ်ပဂိုးရခဲ့ၿပီး ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ယူႏိုက္တက္ကြင္းလယ္အထိုင္ျဖစ္တဲ့ ဖရက္ဒ္နဲ႔ မာတစ္ခ်္တို႔ အတြဲအဖက္ မမိတာကို ပိုမိုျမင္ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ကြင္းလယ္ကေန တီလီးမန္းစ္က ေတာက္ေလွ်ာက္ဆြဲေျပးလာတာကို ဂိုးဧရိယာထိပ္အထိ ဖ်က္မယ့္သူ မရွိတာေၾကာင့္ ဘယ္လ္ဂ်ီယမ္သားက အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး လက္စတာတို႔ကို ျပန္လည္ဦးေဆာင္ေစခဲ့ပါတယ္။

ဒီဂိုးမွာ မာတစ္ခ်္ေရွ႕က ျဖတ္ေျပးသြားတဲ့ တီးလီးမန္းစ္ကို ဖရက္ဒ္က တားဆီးဖို႔ မလုပ္ႏိုင္ခဲ့ခ်ိန္မွာ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယားက သူဖ်က္မလိုလို ငါဖ်က္မလိုလိုျဖစ္ေနခဲ့ၿပီး ဟန္ဒါဆန္ရဲ႕ ကာကြယ္မႈကလည္း ေႏွးေကြးေနတဲ့အတြက္ ကစားသမားအေတာ္မ်ားမ်ားမွာ တာဝန္ရွိခဲ့တဲ့ ေပးဂိုးလည္း ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ Pressing ကေန ေဘာလုံးျပန္ရၿပီး မက္ဂြိဳင္းယားကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို ဂိုးသမားကို လွည့္စားကန္သြင္းခဲ့တဲ့ လက္စတာတိုက္စစ္မႉး ဗာဒီရဲ႕ ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ရသလို ခံစစ္ရဲ႕ ဝါးအစည္းေျပေနမႈကိုလည္း ေတြ႕ခဲရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လက္စတာတို႔က ပြဲကို ပိုမိုစီးမိလာခဲ့ၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန အယ္လ္ဘ႐ိုက္တန္ ကန္ပို႔ေပးတာကို မဖ်က္ႏိုင္ခဲ့ဘဲ ေခါင္းေပၚက အေက်ာ္ခံလိုက္တဲ့ မက္ေတာ္မီေနးေၾကာင့္ သူ႔ေနာက္ကမွာ အဆင္သင့္ေစာင့္ေနတဲ့ အီဟန္နာခ်ိဳက အေဝးတိုင္ေဘးကေန ေခါင္းတိုက္ၿပီး အႏိုင္ျပတ္သားေစမယ့္ ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာ လက္စတာတို႔ ယူႏိုက္တက္အေပၚ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့သလို ပြဲစဥ္ေရးဆြဲမႈအရ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ကို ေရွာင္လႊဲႏိုင္ခဲ့ၿပီး ေဆာက္သမ္တန္အသင္းနဲ႔ ဝင္ဘလီကြင္းမွာ ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.