Match Report Premier League

သုံးဂိုးအသွင်းခံရပြီးမှ အုန်းဂိုးတွေကြောင့် သရေပြန်ရခဲ့တဲ့ အာတီတာရဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ မာကျောတဲ့ ဝက်စ်ဟမ်းတို့ကို ရင်ဆိုင်ဖို့နဲ့ တောင်ပံတိုက်စစ်တွေကို တားဆီးနိုင်ဖို့ ပြင်ဆင်ခဲ့ပြီး တိုက်စစ်မှာတော့ အိမ်ရှင်တွေရဲ့ ခံစစ်နဲ့ တိုက်စစ်နဲ့ကြားမှာ ကျောမလုံအောင်လုပ်ဖို့ အူဘာမီယန်းနဲ့ ဆာကာကို ထည့်သွင်းခဲ့ပေမယ့် အာတီတာရဲ့ အစီအစဉ်ကတော့ Backfired ဖြစ်သွားခဲ့ပါတယ်။

Inverted Role တွေမှာမှ ပိုမိုကောင်းမွန်လေ့ရှိတဲ့ ဆာကာနဲ့ အူဘာမီယန်းတို့ဟာ ဝက်စ်ဟမ်းရဲ့ ခံစစ်ကြောင်းထဲမှာ မြုပ်နေခဲ့ပြီး ကွင်းလယ်က ချာကာနဲ့ ပါတေးက ဘောလုံးဖြန့်လို့ မရချိန်မှာ အော်ဒီဂွါဒ်ကို ကူဖို့ စမစ်ရိုးမပါဘဲ လာကာဇက်ကို ထည့်ထားခဲ့တာက သူတို့ရဲ့ တိုက်စစ်ကို လုံးဝသေသွားစေခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ခံစစ်ကစားဖို့ ထည့်လာပြီး ညာခြမ်းမှာ အလုပ်မဖြစ်ခဲ့တဲ့ နောက်ခံလူ ချိမ်းဘားစ်ကို အန်တိုနီယိုက လှည့်ထွက်ပြီး ဘယ်တောင်ပံကနေ အေးအေးဆေးဆေး ပြန်ချိုးပေးခဲ့တာကို လင်ဂတ်က ဂိုးဧရိယာထိပ်ကနေ ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့ရတာမှာ လီနို ဘာမှ မတတ်နိုင်ခဲ့လို့ ဝက်စ်ဟမ်းတို့ ဂိုးစရခဲ့ပါတယ်။

နှစ်မိနစ်အကြာမှာတော့ ပါတေးရဲ့ အန္တရာယ်များတဲ့ ဇုန်မှာ ဖရီးကစ်ပေးရတုန်းမှာ ဘောလုံးကို အချိန်ဆွဲထားရမယ့်အစား သဘောကောင်းစွာ ပေးထားခဲ့တဲ့ ဘောလုံးကို လင်ဂတ်က အမြန်ပေးခဲ့ပြီး ဒါကို ဘိုဝင်က ထောင့်ကျဉ်းကနေ အနိမ့်ဘောကန်သွင်းရာမှာ လီနို နောက်ကျနေခဲ့လို့ ဝက်စ်ဟမ်းတို့ နောက်တစ်ဂိုးနဲ့ နှစ်ဂိုး-ဂိုးမရှိ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ ဝက်စ်ဟမ်းတို့ တန်ပြန်တိုက်စစ်ကနေ နောက်ထပ်တစ်ဂိုး ထပ်ရခဲ့ပြန်ပြီး ဘိုဝင်ရဲ့ ဖြတ်တင်ဘော လူထိပြီး ပြန်ထွက်လာတာကို ညာနောက်ခံလူ ကူဖယ်လ်က ထပ်ပြီး တင်ပေးတာကို အန်တိုနီယိုက ခေါင်းတိုက်ခဲ့ပြီး ကျလာခဲ့တာကို ဆူးချက်ခ် အနီးကပ် ပိတ်သွင်းယူခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး အော်ဒီဂွါဒ်ပေးတဲ့ ဘောလုံးကို ချိမ်းဘားစ်က ဖြတ်တင်ခဲ့ရာမှာ ဂိုးဧရိယာထဲက လာကာဇက်က တစ်ချက်ထိန်းပြီး ကန်သွင်းခဲ့တာက စောစောကမှ ဂိုးသွင်းထားခဲ့တဲ့ ထိပြီး ဂိုးထဲကို ခပ်ပြင်းပြင်း ဝင်သွားခဲ့တာဖြစ်သလို ဒီဂိုးကတော့ သူ့ရဲ့ Own Goal အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ အာဆင်နယ်ရဲ့ တစ်ခုတည်းသော Danger Pass တွေ ထွက်ရာဖြစ်တဲ့ အော်ဒီဂွါဒ်ကို ပိတ်ဆို့ထားပြီး သူ့ကို လာကာဇက်က ဆင်းကူရာကနေ ဘောလုံးထုတ်ပေးနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးကို ဆာကာ အသုံးချဖို့ အတွေ့အကြုံနုနေခဲ့လို့ ပထမပိုင်းမှာ ဟမ်းမားတွေက ဂန်းနားတွေကို သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အပြောင်းအလဲမရှိဘဲ ကစားနေခဲ့ကြပြီး အာဆင်နယ်တို့ ချေပဂိုးတွေရဖို့ ပိုမိုဖိကစားလာခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာတော့ ညာတောင်ပံက ချိမ်းဘားစ်ရဲ့ ဖြတ်တင်ဘောကို ပြေးဝင်ဖျက်ထုတ်တဲ့ ခရိတ် ဒေါ်ဆန်က ကိုယ့်ဂိုးကိုယ်သွင်းမိပြန်ပြီး ဒုတိယချေပဂိုး ပြန်ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဗျူဟာအရွေးမှားတဲ့ ဝက်စ်ဟမ်းကို ရလဒ်ကောင်း ပြန်ယူနိုင်ဖို့ ဆာကာအစား ပေပေနဲ့ ချာကာအား စမစ်ရိုးတို့ကို ထည့်သွင်းခဲ့ပြီး ကစားကွက်က ပိုကောင်းလာသလို ချိမ်းဘားစ်ကလည်း ခံစစ်မှာရော တိုက်စစ်က ဖြတ်တင်ဘောတွေမှာပါ ပုံစံပြန်ကောင်းလာခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာ ဘင်ရာမာရဲ့ အနီးကပ်ချိုးပေးတာကို အန်တိုနီယိုက အဝေးတိုင်ဘက်ကနေ အနိုင်ဂိုးအဖြစ် မရှာဖွေနိုင်ခဲ့တာက ဝက်စ်ဟမ်းတို့အတွက် ကံကြမ္မာအလှည့်အပြောင်းဖြစ်သွားခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာတော့ ညာခြမ်းကနေ ပေပေက ဘယ်တုန်းကမှ မမှန်ခဲ့ဖူးတဲ့ ညာခြေနဲ့ ဖြတ်တင်ခဲ့ရာမှာ ကံလိုက်နေတဲ့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က အနီးကပ် ခေါင်းတိုက်ပြီး တတိယချေပဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပေမယ့် နှစ်သင်းစလုံးရဲ့ ခြေစွမ်းက သုံးမှတ်နဲ့ ထိုက်တန်တဲ့အထိတော့ မမြင့်မားခဲ့တာကြောင့် လန်ဒန်ကွင်းမှာ ဟမ်းမားနဲ့ ဂန်းနားတွေ တစ်မှတ်စီသာ ခွဲယူခဲ့ရပြီး အမှတ်ပေးဇယားရပ်တည်မှုအတွက် နှစ်ဖက်စလုံး နစ်နာခဲ့ကြရပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့ရဲ့ ကျော်တက်မှုကို ဝက်စ်ဟမ်းတို့ ပြန်မလိုက်နိုင်ခဲ့သလို အာဆင်နယ်တို့ကတော့ လာမယ့်ရာသီ ရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အဆင့် ၁၀ ကနေ ရုန်းထွက်ဖို့ ခက်ခဲ့ပြီး လက်ရှိမှာ အဆင့် ၉ ဆီ တစ်မှတ်အသာနဲ့ တက်လှမ်းနိုင်ခဲ့ပေမယ့် ဒါက ခဏတာသာ ဖြစ်နိုင်ပြီး ပွဲကျန်နှစ်ပွဲရှိနေတဲ့ အက်စတန်ဗီလာဆီကို ပြန်လည်လွှဲပြောင်းပေးရနိုင်တာကြောင့် နှစ်သင်းစလုံးအတွက် ကံမကောင်း အကြောင်းမလှခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ မာေက်ာတဲ့ ဝက္စ္ဟမ္းတို႔ကို ရင္ဆိုင္ဖို႔နဲ႔ ေတာင္ပံတိုက္စစ္ေတြကို တားဆီးႏိုင္ဖို႔ ျပင္ဆင္ခဲ့ၿပီး တိုက္စစ္မွာေတာ့ အိမ္ရွင္ေတြရဲ႕ ခံစစ္နဲ႔ တိုက္စစ္နဲ႔ၾကားမွာ ေက်ာမလုံေအာင္လုပ္ဖို႔ အူဘာမီယန္းနဲ႔ ဆာကာကို ထည့္သြင္းခဲ့ေပမယ့္ အာတီတာရဲ႕ အစီအစဥ္ကေတာ့ Backfired ျဖစ္သြားခဲ့ပါတယ္။

Inverted Role ေတြမွာမွ ပိုမိုေကာင္းမြန္ေလ့ရွိတဲ့ ဆာကာနဲ႔ အူဘာမီယန္းတို႔ဟာ ဝက္စ္ဟမ္းရဲ႕ ခံစစ္ေၾကာင္းထဲမွာ ျမဳပ္ေနခဲ့ၿပီး ကြင္းလယ္က ခ်ာကာနဲ႔ ပါေတးက ေဘာလုံးျဖန႔္လို႔ မရခ်ိန္မွာ ေအာ္ဒီဂြါဒ္ကို ကူဖို႔ စမစ္႐ိုးမပါဘဲ လာကာဇက္ကို ထည့္ထားခဲ့တာက သူတို႔ရဲ႕ တိုက္စစ္ကို လုံးဝေသသြားေစခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ခံစစ္ကစားဖို႔ ထည့္လာၿပီး ညာျခမ္းမွာ အလုပ္မျဖစ္ခဲ့တဲ့ ေနာက္ခံလူ ခ်ိမ္းဘားစ္ကို အန္တိုနီယိုက လွည့္ထြက္ၿပီး ဘယ္ေတာင္ပံကေန ေအးေအးေဆးေဆး ျပန္ခ်ိဳးေပးခဲ့တာကို လင္ဂတ္က ဂိုးဧရိယာထိပ္ကေန ကန္ခ်က္ျပင္းျပင္းနဲ႔ ကန္သြင္းခဲ့ရတာမွာ လီႏို ဘာမွ မတတ္ႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ ဂိုးစရခဲ့ပါတယ္။

ႏွစ္မိနစ္အၾကာမွာေတာ့ ပါေတးရဲ႕ အႏၲရာယ္မ်ားတဲ့ ဇုန္မွာ ဖရီးကစ္ေပးရတုန္းမွာ ေဘာလုံးကို အခ်ိန္ဆြဲထားရမယ့္အစား သေဘာေကာင္းစြာ ေပးထားခဲ့တဲ့ ေဘာလုံးကို လင္ဂတ္က အျမန္ေပးခဲ့ၿပီး ဒါကို ဘိုဝင္က ေထာင့္က်ဥ္းကေန အနိမ့္ေဘာကန္သြင္းရာမွာ လီႏို ေနာက္က်ေနခဲ့လို႔ ဝက္စ္ဟမ္းတို႔ ေနာက္တစ္ဂိုးနဲ႔ ႏွစ္ဂိုး-ဂိုးမရွိ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ဝက္စ္ဟမ္းတို႔ တန္ျပန္တိုက္စစ္ကေန ေနာက္ထပ္တစ္ဂိုး ထပ္ရခဲ့ျပန္ၿပီး ဘိုဝင္ရဲ႕ ျဖတ္တင္ေဘာ လူထိၿပီး ျပန္ထြက္လာတာကို ညာေနာက္ခံလူ ကူဖယ္လ္က ထပ္ၿပီး တင္ေပးတာကို အန္တိုနီယိုက ေခါင္းတိုက္ခဲ့ၿပီး က်လာခဲ့တာကို ဆူးခ်က္ခ္ အနီးကပ္ ပိတ္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းႏိုင္ခဲ့ၿပီး ေအာ္ဒီဂြါဒ္ေပးတဲ့ ေဘာလုံးကို ခ်ိမ္းဘားစ္က ျဖတ္တင္ခဲ့ရာမွာ ဂိုးဧရိယာထဲက လာကာဇက္က တစ္ခ်က္ထိန္းၿပီး ကန္သြင္းခဲ့တာက ေစာေစာကမွ ဂိုးသြင္းထားခဲ့တဲ့ ထိၿပီး ဂိုးထဲကို ခပ္ျပင္းျပင္း ဝင္သြားခဲ့တာျဖစ္သလို ဒီဂိုးကေတာ့ သူ႔ရဲ႕ Own Goal အျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ဝက္စ္ဟမ္းကေတာ့ အာဆင္နယ္ရဲ႕ တစ္ခုတည္းေသာ Danger Pass ေတြ ထြက္ရာျဖစ္တဲ့ ေအာ္ဒီဂြါဒ္ကို ပိတ္ဆို႔ထားၿပီး သူ႔ကို လာကာဇက္က ဆင္းကူရာကေန ေဘာလုံးထုတ္ေပးႏိုင္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးကို ဆာကာ အသုံးခ်ဖို႔ အေတြ႕အႀကဳံႏုေနခဲ့လို႔ ပထမပိုင္းမွာ ဟမ္းမားေတြက ဂန္းနားေတြကို သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံး အေျပာင္းအလဲမရွိဘဲ ကစားေနခဲ့ၾကၿပီး အာဆင္နယ္တို႔ ေခ်ပဂိုးေတြရဖို႔ ပိုမိုဖိကစားလာခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ညာေတာင္ပံက ခ်ိမ္းဘားစ္ရဲ႕ ျဖတ္တင္ေဘာကို ေျပးဝင္ဖ်က္ထုတ္တဲ့ ခရိတ္ ေဒၚဆန္က ကိုယ့္ဂိုးကိုယ္သြင္းမိျပန္ၿပီး ဒုတိယေခ်ပဂိုး ျပန္ရခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဗ်ဴဟာအေ႐ြးမွားတဲ့ ဝက္စ္ဟမ္းကို ရလဒ္ေကာင္း ျပန္ယူႏိုင္ဖို႔ ဆာကာအစား ေပေပနဲ႔ ခ်ာကာအား စမစ္႐ိုးတို႔ကို ထည့္သြင္းခဲ့ၿပီး ကစားကြက္က ပိုေကာင္းလာသလို ခ်ိမ္းဘားစ္ကလည္း ခံစစ္မွာေရာ တိုက္စစ္က ျဖတ္တင္ေဘာေတြမွာပါ ပုံစံျပန္ေကာင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာ ဘင္ရာမာရဲ႕ အနီးကပ္ခ်ိဳးေပးတာကို အန္တိုနီယိုက အေဝးတိုင္ဘက္ကေန အႏိုင္ဂိုးအျဖစ္ မရွာေဖြႏိုင္ခဲ့တာက ဝက္စ္ဟမ္းတို႔အတြက္ ကံၾကမၼာအလွည့္အေျပာင္းျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ညာျခမ္းကေန ေပေပက ဘယ္တုန္းကမွ မမွန္ခဲ့ဖူးတဲ့ ညာေျခနဲ႔ ျဖတ္တင္ခဲ့ရာမွာ ကံလိုက္ေနတဲ့ အာဆင္နယ္တိုက္စစ္မႉး လာကာဇက္က အနီးကပ္ ေခါင္းတိုက္ၿပီး တတိယေခ်ပဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ တိုက္စစ္ဆင္ခဲ့ၾကေပမယ့္ ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းက သုံးမွတ္နဲ႔ ထိုက္တန္တဲ့အထိေတာ့ မျမင့္မားခဲ့တာေၾကာင့္ လန္ဒန္ကြင္းမွာ ဟမ္းမားနဲ႔ ဂန္းနားေတြ တစ္မွတ္စီသာ ခြဲယူခဲ့ရၿပီး အမွတ္ေပးဇယားရပ္တည္မႈအတြက္ ႏွစ္ဖက္စလုံး နစ္နာခဲ့ၾကရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ရဲ႕ ေက်ာ္တက္မႈကို ဝက္စ္ဟမ္းတို႔ ျပန္မလိုက္ႏိုင္ခဲ့သလို အာဆင္နယ္တို႔ကေတာ့ လာမယ့္ရာသီ ရည္မွန္းခ်က္ကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ အဆင့္ ၁၀ ကေန ႐ုန္းထြက္ဖို႔ ခက္ခဲ့ၿပီး လက္ရွိမွာ အဆင့္ ၉ ဆီ တစ္မွတ္အသာနဲ႔ တက္လွမ္းႏိုင္ခဲ့ေပမယ့္ ဒါက ခဏတာသာ ျဖစ္ႏိုင္ၿပီး ပြဲက်န္ႏွစ္ပြဲရွိေနတဲ့ အက္စတန္ဗီလာဆီကို ျပန္လည္လႊဲေျပာင္းေပးရႏိုင္တာေၾကာင့္ ႏွစ္သင္းစလုံးအတြက္ ကံမေကာင္း အေၾကာင္းမလွခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.