Premier League

အဲဗာတန် 0:2 မန်စီးတီးပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

FA ဆီမီးအဆင့်ကို ၃ နှစ် တက်ရောက်တဲ့ မန်စီးတီး – မန်စီးတီးအသင်းက ကွာတားဖိုင်နယ်မှာ အဲဗာတန်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြီး FA ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ၃ နှစ်ဆက် တက်ရောက်သွားခဲ့တယ်။ ဒီပွဲမှာ ဂွာဒီယိုလာ လူစာရင်းကို အများကြီးအပြောင်းအလဲလုပ်ပြီး ပွဲထွက်လာတယ်။

ပုံမှန်ပွဲထွက်ခွင့်ရ ကစား သမား ၅ ဦးသာ အထိုင်ချကာ ပါဝင်လာပြီး လူစာရင်းထုတ်လာတယ်။ ၈၄ မိနစ်က ဂန်ဒိုဂန်ရဲ့ အဖွင့်ဦးဆောင်ဂိုး၊ မိနစ် ၉၀က ကီဗင် ဒီဘရိုင်းနားရဲ့ ပွဲသိမ်းဂိုးတွေနဲ့ မန်စီးတီးက အဲဗာတန်ရဲ့ ကျောက်ချခံစစ်ကို သတ်ပစ်ပြီး ပြိုင်ပွဲစုံ အဝေးကွင်း ၁၇ ပွဲဆက် ရှုံးပွဲမရှိ ကလပ်အသင်းရဲ့မှတ်တမ်းသစ်ကို ရေးထိုးသွားတယ်။

ဖလား ၄ လုံးလမ်းကြောင်းပေါ်က မန်စီးတီးရဲ့အိပ်မက် – ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာက ယူနိုက်တက်ကို ၁၄ မှတ်ဖြတ်ထားတဲ့ မန်စီးတီးအသင်းက ပြည်တွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခွင့်အရေးအရမ်းကောင်းနေသလို ပြည်တွင်းလိဂ် ကာရာဘောင်းဖလားရဲ့ ဗိုလ်လုပွဲကို တက်ရောက်ထားပြီးဖြစ်တယ်။ လက်ရှိမှာ FA ဖလား ဆီမီးအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်လာပြီး FA ဖလားချန်ပီယံဖြစ်ဖို့ ခြေတလှမ်းထပ်တိုးလာသလို ချန်ပီယံလိဂ် ကွာတားအဆင့်မှာ ဒေါ့မန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ရှိနေတယ်။

၂၀၁၅-၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ မန်စီးတီးရဲ့အခြေအနေက အရမ်းကောင်းနေတယ်လို့ သတ်မှတ်ခံထားရတယ်။ ဒါ့အပြင် တနှစ်အတွင်း ပြည်တွင်းဖလား ၃ လုံး ဆွတ်ခူးထားတဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် ရပ်တည်နေတဲ့ မန်စီးတီးဟာ အင်္ဂလန်မှာ ဖလား ၄ လုံးချန်ပီယံဖြစ်လာမယ့် ပထမဆုံးအသင်းဖြစ်လာဖို့ အလားအလာအရမ်းကောင်းနေတဲ့ အိပ်မက်တခုကို ပိုင်ဆိုင်ထားနေပြီဖြစ်တယ်။

ဂွာဒီယိုလာက ဖလား ၄ လုံးလမ်းကြောင်းပေါ်က မန်စီးတီးကို အင်္ဂလန်သမိုင်းရဲ့ ပထမဆုံး ဖလား ၄ လုံးချန်ပီယံအနေနဲ့ ပဲ့ကိုင်ရှင်ဖြစ်လာဖို့ အလွန်နီးစပ်နေတာကို တွေ့ရသလို သူကိုယ်တိုင်ကလည်း မိမိအသင်းရဲ့ လက်ရှိအခြေအနေကို သိပ်ပြီးကျေနပ်အားရနေပြီး မျှော်လင့်ချက်အပြည့်အဝနဲ့ နှစ်ထောင်းအာရနေကြောင်း ဆိုထားပြီဖြစ်ပါတယ်။

ကျောက်ချတဲ့အန်ဆလော့တီ အလုပ်ဖြစ်ခဲ့ပေမယ့် ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့ခြင်း – အဲဗာတန်က ဒီပွဲမှာ တိုက်စစ်ကို လုံးဝပစ်ချပြီး ခံစစ်ပိုင်းသီးသန့်ကစားဖို့ ပြင်ဆင်လာတာဖြစ်တယ်။ ကယ်လ်ဗတ်လူဝင်ကို တိုက်စစ်မြှားဦးမှာထားပြီး သူ့ရဲ့ရုပ်ပိုင်းကြံ့ခိုင်မှုခွန်အားကို အသုံးချကာ မန်စီးတီးကို အလစ်အငိုက်ထိုးနှက်ဖို့သာ အာရုံစိုက်ခဲ့တယ်။ ခံစစ်ကိုကျောက်ချပြီး ဟာကွက်မရှိ လုံနေအောင် ပိတ်ဆော့သွားခဲ့တယ်။ နည်းဗျူဟာအရတော့ ဒါကအလုပ်ဖြစ်ခဲ့ပြီး တကွင်းလုံးကို အပိုင်စားရထားတဲ့ မန်စီးတီးက ပွဲချိန် ၈၄ မိနစ်မတိုင်မီအထိ တိုက်စစ်မှာ ထွက်ပေါက်ပိတ်ပြီး ဂိုးပေါက်ပျောက်ဆုံးနေခဲ့တယ်။

မန်စီးတီးဘက်က ဘောလုံးကို အသာစီးကိုင်စေဖို့ အဲဗာတန်က လွတ်လွတ်ကျွတ်ကျွတ် ခွင့်ပြုထားခဲ့တယ်။ ပွဲချိန် ၈၄မိနစ်မှာတော့ အဲဗာတန်ရဲ့ ကစားပွဲအစီအမံက အလုံးစုံပျက်စီးသွားခဲ့တယ်။ အဖျက်ဆီးခံလိုက်ရတယ်။ ဒီပွဲကို အဆုံးအဖြတ်ပေးသွားတာက ဂန်ဒါဂန်နဲ့ ကီဗင် ဒီဘရိုင်းနားတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ သွင်းဂိုးတွေပဲဖြစ်တယ်။

ပွဲကို အလှည့်အပြောင်းနိုင်နင်းတဲ့ ကီဗင် ဒီဘရိုင်းနား – လက်ရှိဘောလုံးရာသီမှာ မန်စီးတီးရဲ့ အဓိကက်စားသမား ဒီဘရိုင်းနားက ဒဏ်ရာပြန်လာပြီးနောက်မှာ အသင်းနဲ့ အရင်က နဂိုပုံစံအတိုင်း တသားတည်ပြန်ဖြစ်လာပါပြီလို့ အတပ်ဆိုနိုင်ပါတယ်။ မန်စီးတီးရဲ့ဝင်ရိုးက ဒီဘရိုင်းနားနဲ့ လည်ပတ်နေခဲ့တာပါ။ ဒီပွဲမှာ ဂွာဒီယိုလာက အရေးကြီးပွဲစဉ်တွေအတွက် သူ့ကို အနားပေးထါးခဲ့ပေမယ့် အသင်း ဂိုးလိုအပ်နေချိန်မှာ အရန်ခုံကနေ ထလာခဲ့ရတယ်။ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဘောလုံးဦးနှောက်ကို အသုံးချပြီး အဲဗာတန်ရဲ့ ကျောက်ချထားတဲ့ ခံစစ်ကို ဖြိုဖျက်ခဲ့တယ်။ ဂန်ဒိုဂန်ရဲ့ အဖွင့် ပထမဂိုးရအောင် ပညာသားပါပါ လုပ်ဆောင်ခဲ့သလို ပွဲသိမ်းဂိုးကို ကိုယ်တိုင်သွင်းယူခဲ့တာပါ။ ပွဲကို အလှည့်အပြောင်းနိုင်နင်းတဲ့ ကီဗင် ဒီဘရိုင်းနားဟာ မန်စီးတီးရဲ့ အသက်ရတနာတပါးလို့ဆိုရင် မလွန်နိုင်ပါဘူး။

ဆုံးဖြတ်ချက်မပြတ်ဘဲ ရုန်းကန်နေရဆဲ ရာဟင်းမ် စတာလင် – စတာလင်အကြောင်းကိုပြောရင် သူက မနှစ်က မန်စီးတီးအသင်းရဲ့ အပြောင်မြောင်ဆုံးကစားသမားလို့ သတ်မှတ်ခံထားရတယ်။ လွန်ခဲ့တဲ့ရာသီမှာ အတော်လေးခြေစွမ်းပြခဲ့တယ်။ ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူခဲ့တယ်။ ကောင်းခဲ့တယ်။ ဒီရာသီမှာတော့ မန်စီးတီးမှာ ပထမလူစာရင်းကနေ မကြာခဏ ချန်လှပ်ခံရတဲ့အထိ သူ့စွမ်းဆောင်ရည်က ကျဆင်းသွားတယ်။

အသင်းကို မနှစ်ကလောက် အကျိုးမပြုနိုင်တော့ဘူးဖြစ်လာတယ်။ မန်စီးတီးရဲ့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ ပထမလူစာရင်း XI အဖြစ်ရွေးချယ်ခံရတယ်။ ရှင်းရှင်းပြောရရင်တော့ နေရာပျောက်လာပါပြီ။ အခု အဲဗာတန်နဲ့ပွဲမှာတော့ အဓိက ကစားသမားတွေ အနားပေးခံရချိန်မှာ ဂွာဒီယိုလာက သူ့ကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမယ့် ကစားသွားတဲ့ခြေစွမ်းအရ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေမပြနိုင်ခဲ့ဘူး။ ဆုံးဖြတ်ချက်ချက်မပြတ်သားမှုတွေနဲ့ ဂိုးအခွင့်အရေးအတော်များများကို အဆုံးမသတ်နိုင်ခဲ့တာက အပြစ်ပြောစရာပါ။ စတာလင် ဂိုးပေါက်ပျောက်တာဟာ အာဆင်နယ်ကို ဂိုးသွင်းပြီးနောက်ပိုင်း တလကျော်လာခဲ့ပါပြီ။

မန်စီးတီးရဲ့ ဂိုးသွင်းအများဆုံးဖြစ်လာသူ ဂန်ဒိုဂန် – လက်ရှိဘောလုံးရာသီမှာ မန်စီးတီးရဲ့ ဂိုးသွင်းအများဆုံးကစားသမားကို လက်ညှိးညွှန်ပြရင် သူက ဂန်ဒိုဂန်ပါ။ ဒါက ဘောလုံးပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေပါတယ်။ ဒီနေ့ အဲဗာတန်ပွဲက သွင်းဂိုးအပါအဝင် သူက ၃၄ ပွဲကစားပြီး မန်စီးတီးအတွက် ၁၆ဂိုး သွင်းယူထားပြီးဖြစ်တယ်။ ပိုပြီး အံ့အားသင့်သွားစေတာက သူဟာ ဒီဇင်ဘာလအလယ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ မတိုင်မီအထိ ဒီရာသီ ပရီးမီးယားလိဂ်မှာ တဂိုးမှ မရရှိထားသေးသူဖြစ်နေတာပါ။

မန်စီးတီးရဲ့ ဒဏ်ရာအကျပ်အတည်းကြောင့် အဓိကတိုက်စစ်မှူးတွေ လွဲချော်ရချိန်မှာ ဂန်ဒိုဂန်အတွက် အချက်ဖြစ်လာခဲ့ပြီး ဂွာဒီယိုလာက သူ့ကို တိုက်စစ်ပိုမိုလိုက်ပါစေပြီး ရှေ့တက်ကစားစေခဲ့တယ်။ ဒါက အလုပ်ဖြစ်ခဲ့တာထက် ပိုခဲ့တယ်။ မန်စီးတီးရဲ့ခြေစွမ်းကိုပါ ထောင်တက်သွားစေခဲ့ပြီး သွင်းဂိုးတွေအတွက်ပါ စိတ်ချလက်ချဖြစ်လာတယ်။ ဂန်ဒိုဂန်က သူ့ရဲ့နေရာအသစ်၊ တာဝန်အသစ်မှာ ချက်ချင်း အံဝင်ပြီး ခြေစွမ်းပြတဲ့အပြင် သူ့ရဲ့နစ်မြှုပ်နေတဲ့ အဆုံးသတ်အရည်အသွေးကိုပါ ထုတ်ယူ သုံးစွဲနိုင်ခဲ့တာက မန်စီးတီးပရိသတ်တွေအတွက် အားကိုးစရာ ကစားသမားဖြစ်လာသလို အင်မတန်အားရစရာပါ။

ပုံစံအမှန်နဲ့ ပြန်လည်တည်ငြိမ်သွားတဲ့ မန်စီးတီးခံစစ် – ယူနိုက်တက်နဲ့ စိန့်အသင်းတို့ကို ၂ ပွဲဆက်၊ ၄ ဂိုးပေးခဲ့ရတဲ့ မန်စီးတီးခံစစ်ဟာ အသင်းရဲ့စံနှုန်းနဲ့ ယှဉ်ထိုးကြည့်ရင် အနည်းငယ်ယိမ်းထိုးသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပေမယ့် တဖက်မှာတော့ မန်စီးတီးဟာ တပတ်အတွင်း ဖူလ်ဟမ်၊ မိုချန် ဂလာဘတ်၊ အဲဗာတန် အသင်းတို့နဲ့ ၃ ပွဲဆက် ကစားပြီး ၃ ပွဲဆက် Clean Sheet ပေးဂိုးမရှိ ယူသွားခဲ့တာက အထူးတလည် ကျေနပ်စရာပါ။ မန်စီးတီးဟာ ကိုယ်ပိုင်ပုံစံအစစ်မှန်နဲ့ ပြန်လည်တည်ငြိမ်သွားပြီဖြစ်တယ်။ တောင့်တင်းကျစ်လျစ်သလို တပြိုင်နက်တည်းမှာ ပေါက်ကွဲအားပြင်းပြီး ထောင့်စေ့တဲ့ ခြေစွမ်းနဲ့ ကစားပုံစွမ်းဆောင်ရည်ကို ပြသနေတာပါ။ ဒီကစားအားက မန်စီးတီးရဲ့ ဖလား ၄ လုံးအိပ်မက်ကို ရုပ်ပုံကားချပ် ပုံဖော်ပေးသွားမှာဖြစ်တယ်လို့ ယူဆမိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
FA ဆီမီးအဆင့္ကို ၃ ႏွစ္ တက္ေရာက္တဲ့ မန္စီးတီး – မန္စီးတီးအသင္းက ကြာတားဖိုင္နယ္မွာ အဲဗာတန္ကို ထိုက္ထိုက္တန္တန္ အႏိုင္ယူၿပီး FA ဖလား ဆီမီးဖိုင္နယ္အဆင့္ကို ၃ ႏွစ္ဆက္ တက္ေရာက္သြားခဲ့တယ္။ ဒီပြဲမွာ ဂြာဒီယိုလာ လူစာရင္းကို အမ်ားႀကီးအေျပာင္းအလဲလုပ္ၿပီး ပြဲထြက္လာတယ္။

ပုံမွန္ပြဲထြက္ခြင့္ရ ကစား သမား ၅ ဦးသာ အထိုင္ခ်ကာ ပါဝင္လာၿပီး လူစာရင္းထုတ္လာတယ္။ ၈၄ မိနစ္က ဂန္ဒိုဂန္ရဲ႕ အဖြင့္ဦးေဆာင္ဂိုး၊ မိနစ္ ၉၀က ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ပြဲသိမ္းဂိုးေတြနဲ႔ မန္စီးတီးက အဲဗာတန္ရဲ႕ ေက်ာက္ခ်ခံစစ္ကို သတ္ပစ္ၿပီး ၿပိဳင္ပြဲစုံ အေဝးကြင္း ၁၇ ပြဲဆက္ ရႈံးပြဲမရွိ ကလပ္အသင္းရဲ႕မွတ္တမ္းသစ္ကို ေရးထိုးသြားတယ္။

ဖလား ၄ လုံးလမ္းေၾကာင္းေပၚက မန္စီးတီးရဲ႕အိပ္မက္ – ပရီးမီးယားလိဂ္မွာ အဆင့္ ၂ ေနရာက ယူႏိုက္တက္ကို ၁၄ မွတ္ျဖတ္ထားတဲ့ မန္စီးတီးအသင္းက ျပည္တြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးအရမ္းေကာင္းေနသလို ျပည္တြင္းလိဂ္ ကာရာေဘာင္းဖလားရဲ႕ ဗိုလ္လုပြဲကို တက္ေရာက္ထားၿပီးျဖစ္တယ္။ လက္ရွိမွာ FA ဖလား ဆီမီးအဆင့္ကို ထိုက္ထိုက္တန္တန္ တက္ေရာက္လာၿပီး FA ဖလားခ်န္ပီယံျဖစ္ဖို႔ ေျခတလွမ္းထပ္တိုးလာသလို ခ်န္ပီယံလိဂ္ ကြာတားအဆင့္မွာ ေဒါ့မန္အသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံဖို႔ရွိေနတယ္။

၂၀၁၅-၁၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ဖို႔ မန္စီးတီးရဲ႕အေျခအေနက အရမ္းေကာင္းေနတယ္လို႔ သတ္မွတ္ခံထားရတယ္။ ဒါ့အျပင္ တႏွစ္အတြင္း ျပည္တြင္းဖလား ၃ လုံး ဆြတ္ခူးထားတဲ့ ပထမဆုံး အဂၤလန္ကလပ္အသင္းအျဖစ္ ရပ္တည္ေနတဲ့ မန္စီးတီးဟာ အဂၤလန္မွာ ဖလား ၄ လုံးခ်န္ပီယံျဖစ္လာမယ့္ ပထမဆုံးအသင္းျဖစ္လာဖို႔ အလားအလာအရမ္းေကာင္းေနတဲ့ အိပ္မက္တခုကို ပိုင္ဆိုင္ထားေနၿပီျဖစ္တယ္။

ဂြာဒီယိုလာက ဖလား ၄ လုံးလမ္းေၾကာင္းေပၚက မန္စီးတီးကို အဂၤလန္သမိုင္းရဲ႕ ပထမဆုံး ဖလား ၄ လုံးခ်န္ပီယံအေနနဲ႔ ပဲ့ကိုင္ရွင္ျဖစ္လာဖို႔ အလြန္နီးစပ္ေနတာကို ေတြ႕ရသလို သူကိုယ္တိုင္ကလည္း မိမိအသင္းရဲ႕ လက္ရွိအေျခအေနကို သိပ္ၿပီးေက်နပ္အားရေနၿပီး ေမွ်ာ္လင့္ခ်က္အျပည့္အဝနဲ႔ ႏွစ္ေထာင္းအာရေနေၾကာင္း ဆိုထားၿပီျဖစ္ပါတယ္။

ေက်ာက္ခ်တဲ့အန္ဆေလာ့တီ အလုပ္ျဖစ္ခဲ့ေပမယ့္ ပိုေကာင္းတဲ့အသင္းက အႏိုင္ရခဲ့ျခင္း – အဲဗာတန္က ဒီပြဲမွာ တိုက္စစ္ကို လုံးဝပစ္ခ်ၿပီး ခံစစ္ပိုင္းသီးသန႔္ကစားဖို႔ ျပင္ဆင္လာတာျဖစ္တယ္။ ကယ္လ္ဗတ္လူဝင္ကို တိုက္စစ္ျမႇားဦးမွာထားၿပီး သူ႔ရဲ႕႐ုပ္ပိုင္းႀကံ့ခိုင္မႈခြန္အားကို အသုံးခ်ကာ မန္စီးတီးကို အလစ္အငိုက္ထိုးႏွက္ဖို႔သာ အာ႐ုံစိုက္ခဲ့တယ္။ ခံစစ္ကိုေက်ာက္ခ်ၿပီး ဟာကြက္မရွိ လုံေနေအာင္ ပိတ္ေဆာ့သြားခဲ့တယ္။ နည္းဗ်ဴဟာအရေတာ့ ဒါကအလုပ္ျဖစ္ခဲ့ၿပီး တကြင္းလုံးကို အပိုင္စားရထားတဲ့ မန္စီးတီးက ပြဲခ်ိန္ ၈၄ မိနစ္မတိုင္မီအထိ တိုက္စစ္မွာ ထြက္ေပါက္ပိတ္ၿပီး ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တယ္။

မန္စီးတီးဘက္က ေဘာလုံးကို အသာစီးကိုင္ေစဖို႔ အဲဗာတန္က လြတ္လြတ္ကြၽတ္ကြၽတ္ ခြင့္ျပဳထားခဲ့တယ္။ ပြဲခ်ိန္ ၈၄မိနစ္မွာေတာ့ အဲဗာတန္ရဲ႕ ကစားပြဲအစီအမံက အလုံးစုံပ်က္စီးသြားခဲ့တယ္။ အဖ်က္ဆီးခံလိုက္ရတယ္။ ဒီပြဲကို အဆုံးအျဖတ္ေပးသြားတာက ဂန္ဒါဂန္နဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတို႔လို ကမာၻ႔အဆင့္ကစားသမားေတြရဲ႕ သြင္းဂိုးေတြပဲျဖစ္တယ္။

ပြဲကို အလွည့္အေျပာင္းႏိုင္နင္းတဲ့ ကီဗင္ ဒီဘ႐ိုင္းနား – လက္ရွိေဘာလုံးရာသီမွာ မန္စီးတီးရဲ႕ အဓိကက္စားသမား ဒီဘ႐ိုင္းနားက ဒဏ္ရာျပန္လာၿပီးေနာက္မွာ အသင္းနဲ႔ အရင္က နဂိုပုံစံအတိုင္း တသားတည္ျပန္ျဖစ္လာပါၿပီလို႔ အတပ္ဆိုႏိုင္ပါတယ္။ မန္စီးတီးရဲ႕ဝင္႐ိုးက ဒီဘ႐ိုင္းနားနဲ႔ လည္ပတ္ေနခဲ့တာပါ။ ဒီပြဲမွာ ဂြာဒီယိုလာက အေရးႀကီးပြဲစဥ္ေတြအတြက္ သူ႔ကို အနားေပးထါးခဲ့ေပမယ့္ အသင္း ဂိုးလိုအပ္ေနခ်ိန္မွာ အရန္ခုံကေန ထလာခဲ့ရတယ္။ သူ႔ရဲ႕ ဖန္တီးႏိုင္စြမ္းနဲ႔ ေဘာလုံးဦးေႏွာက္ကို အသုံးခ်ၿပီး အဲဗာတန္ရဲ႕ ေက်ာက္ခ်ထားတဲ့ ခံစစ္ကို ၿဖိဳဖ်က္ခဲ့တယ္။ ဂန္ဒိုဂန္ရဲ႕ အဖြင့္ ပထမဂိုးရေအာင္ ပညာသားပါပါ လုပ္ေဆာင္ခဲ့သလို ပြဲသိမ္းဂိုးကို ကိုယ္တိုင္သြင္းယူခဲ့တာပါ။ ပြဲကို အလွည့္အေျပာင္းႏိုင္နင္းတဲ့ ကီဗင္ ဒီဘ႐ိုင္းနားဟာ မန္စီးတီးရဲ႕ အသက္ရတနာတပါးလို႔ဆိုရင္ မလြန္ႏိုင္ပါဘူး။

ဆုံးျဖတ္ခ်က္မျပတ္ဘဲ ႐ုန္းကန္ေနရဆဲ ရာဟင္းမ္ စတာလင္ – စတာလင္အေၾကာင္းကိုေျပာရင္ သူက မႏွစ္က မန္စီးတီးအသင္းရဲ႕ အေျပာင္ေျမာင္ဆုံးကစားသမားလို႔ သတ္မွတ္ခံထားရတယ္။ လြန္ခဲ့တဲ့ရာသီမွာ အေတာ္ေလးေျခစြမ္းျပခဲ့တယ္။ ၿပိဳင္ပြဲစုံ ၃၁ ဂိုးအထိ သြင္းယူခဲ့တယ္။ ေကာင္းခဲ့တယ္။ ဒီရာသီမွာေတာ့ မန္စီးတီးမွာ ပထမလူစာရင္းကေန မၾကာခဏ ခ်န္လွပ္ခံရတဲ့အထိ သူ႔စြမ္းေဆာင္ရည္က က်ဆင္းသြားတယ္။

အသင္းကို မႏွစ္ကေလာက္ အက်ိဳးမျပဳႏိုင္ေတာ့ဘူးျဖစ္လာတယ္။ မန္စီးတီးရဲ႕ ေနာက္ဆုံး ၅ ပြဲမွာ ၂ ပြဲသာ ပထမလူစာရင္း XI အျဖစ္ေ႐ြးခ်ယ္ခံရတယ္။ ရွင္းရွင္းေျပာရရင္ေတာ့ ေနရာေပ်ာက္လာပါၿပီ။ အခု အဲဗာတန္နဲ႔ပြဲမွာေတာ့ အဓိက ကစားသမားေတြ အနားေပးခံရခ်ိန္မွာ ဂြာဒီယိုလာက သူ႔ကို အခြင့္အေရးေပးခဲ့တယ္။ ဒါေပမယ့္ ကစားသြားတဲ့ေျခစြမ္းအရ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသမျပႏိုင္ခဲ့ဘူး။ ဆုံးျဖတ္ခ်က္ခ်က္မျပတ္သားမႈေတြနဲ႔ ဂိုးအခြင့္အေရးအေတာ္မ်ားမ်ားကို အဆုံးမသတ္ႏိုင္ခဲ့တာက အျပစ္ေျပာစရာပါ။ စတာလင္ ဂိုးေပါက္ေပ်ာက္တာဟာ အာဆင္နယ္ကို ဂိုးသြင္းၿပီးေနာက္ပိုင္း တလေက်ာ္လာခဲ့ပါၿပီ။

မန္စီးတီးရဲ႕ ဂိုးသြင္းအမ်ားဆုံးျဖစ္လာသူ ဂန္ဒိုဂန္ – လက္ရွိေဘာလုံးရာသီမွာ မန္စီးတီးရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားကို လက္ညႇိးၫႊန္ျပရင္ သူက ဂန္ဒိုဂန္ပါ။ ဒါက ေဘာလုံးပရိသတ္ေတြကို ပါးစပ္အေဟာင္းသားျဖစ္ေစပါတယ္။ ဒီေန႔ အဲဗာတန္ပြဲက သြင္းဂိုးအပါအဝင္ သူက ၃၄ ပြဲကစားၿပီး မန္စီးတီးအတြက္ ၁၆ဂိုး သြင္းယူထားၿပီးျဖစ္တယ္။ ပိုၿပီး အံ့အားသင့္သြားေစတာက သူဟာ ဒီဇင္ဘာလအလယ္ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၃ မတိုင္မီအထိ ဒီရာသီ ပရီးမီးယားလိဂ္မွာ တဂိုးမွ မရရွိထားေသးသူျဖစ္ေနတာပါ။

မန္စီးတီးရဲ႕ ဒဏ္ရာအက်ပ္အတည္းေၾကာင့္ အဓိကတိုက္စစ္မႉးေတြ လြဲေခ်ာ္ရခ်ိန္မွာ ဂန္ဒိုဂန္အတြက္ အခ်က္ျဖစ္လာခဲ့ၿပီး ဂြာဒီယိုလာက သူ႔ကို တိုက္စစ္ပိုမိုလိုက္ပါေစၿပီး ေရွ႕တက္ကစားေစခဲ့တယ္။ ဒါက အလုပ္ျဖစ္ခဲ့တာထက္ ပိုခဲ့တယ္။ မန္စီးတီးရဲ႕ေျခစြမ္းကိုပါ ေထာင္တက္သြားေစခဲ့ၿပီး သြင္းဂိုးေတြအတြက္ပါ စိတ္ခ်လက္ခ်ျဖစ္လာတယ္။ ဂန္ဒိုဂန္က သူ႔ရဲ႕ေနရာအသစ္၊ တာဝန္အသစ္မွာ ခ်က္ခ်င္း အံဝင္ၿပီး ေျခစြမ္းျပတဲ့အျပင္ သူ႔ရဲ႕နစ္ျမႇဳပ္ေနတဲ့ အဆုံးသတ္အရည္အေသြးကိုပါ ထုတ္ယူ သုံးစြဲႏိုင္ခဲ့တာက မန္စီးတီးပရိသတ္ေတြအတြက္ အားကိုးစရာ ကစားသမားျဖစ္လာသလို အင္မတန္အားရစရာပါ။

ပုံစံအမွန္နဲ႔ ျပန္လည္တည္ၿငိမ္သြားတဲ့ မန္စီးတီးခံစစ္ – ယူႏိုက္တက္နဲ႔ စိန႔္အသင္းတို႔ကို ၂ ပြဲဆက္၊ ၄ ဂိုးေပးခဲ့ရတဲ့ မန္စီးတီးခံစစ္ဟာ အသင္းရဲ႕စံႏႈန္းနဲ႔ ယွဥ္ထိုးၾကည့္ရင္ အနည္းငယ္ယိမ္းထိုးသြားခဲ့တယ္လို႔ ဆိုရမွာျဖစ္ေပမယ့္ တဖက္မွာေတာ့ မန္စီးတီးဟာ တပတ္အတြင္း ဖူလ္ဟမ္၊ မိုခ်န္ ဂလာဘတ္၊ အဲဗာတန္ အသင္းတို႔နဲ႔ ၃ ပြဲဆက္ ကစားၿပီး ၃ ပြဲဆက္ Clean Sheet ေပးဂိုးမရွိ ယူသြားခဲ့တာက အထူးတလည္ ေက်နပ္စရာပါ။ မန္စီးတီးဟာ ကိုယ္ပိုင္ပုံစံအစစ္မွန္နဲ႔ ျပန္လည္တည္ၿငိမ္သြားၿပီျဖစ္တယ္။ ေတာင့္တင္းက်စ္လ်စ္သလို တၿပိဳင္နက္တည္းမွာ ေပါက္ကြဲအားျပင္းၿပီး ေထာင့္ေစ့တဲ့ ေျခစြမ္းနဲ႔ ကစားပုံစြမ္းေဆာင္ရည္ကို ျပသေနတာပါ။ ဒီကစားအားက မန္စီးတီးရဲ႕ ဖလား ၄ လုံးအိပ္မက္ကို ႐ုပ္ပုံကားခ်ပ္ ပုံေဖာ္ေပးသြားမွာျဖစ္တယ္လို႔ ယူဆမိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.