Premier League Transfer News

အာတီတာကြောင့် ဘီဆူးမားကို အာဆင်နယ်တို့ လက်လွှတ်ရတော့မလား

ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်မှာ လုပ်အားနှုန်းကြမ်းကြမ်း၊ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ကစားပြနေခဲ့တဲ့ ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို အာဆင်နယ်အသင်းအနေနဲ့ ရာသီကုန်မှာ ခေါ်ယူဖို့ကိစ္စဟာ ပြိုင်ဘက်တွေ များနေရတဲ့ကြားထဲမှာ နည်းပြ မီခယ်လ် အာတီတာရဲ့ နည်းဗျူဟာပိုင်း မတည်ငြိမ်မှုတွေကြားက အသင်းကို လိုအပ်တဲ့ နေရာဆီ ဆွဲမတင်နိုင်ရင် လွဲချော်သွားရနိုင်ပါတယ်။

ဂဂရေဟမ် ပေါ့တာရဲ့ အကောင်းဆုံး ခေါ်ယူမှုတစ်ရပ်ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေပြီး အာဆင်နယ်အသင်းကတော့ သူ့ကို အသင်းဖော်ဟောင်း နီကိုလာ ပေပေနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ရဲ့ အကူအညီနဲ့အတူ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

လိုင်လီအသင်းမှာ အတူတွဲကစားခဲ့ဖူးကြတဲ့ ကွင်းလယ်လူနဲ့ အာဆင်နယ်ကို ရောက်ရှိနေကြတဲ့ ကစားသမားတွေဟာ အသင်းမှာ ခိုင်မာတဲ့ စုဖွဲ့မှုတစ်ရပ်ကို တည်ဆောက်နိုင်ဖို့ နည်းပြ အာတီတာက မျှော်လင့်နေပေမယ့် အသင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုကို တတိယနေရာက အခြေအနေကောင်းနေတဲ့ လက်စတာအသင်းက အခွင့်အကောင်းယူပြီး ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ကြီး၆ကြီးအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူချင်ရင် အသင်းက နာမည်ကြီးကစားသမားတွေနဲ့ လူငယ်ခြေတက်တွေကို မျှတအောင် စီမံခန့်ခွဲရတဲ့ ပြဿနာရှိပေမယ့် လက်စတာကတော့ ဒီလိုမဟုတ်ဘဲ အမြန်ဆုံး ခေါ်ယူနိုင်သလို ဝယ်ရောင်းလုပ်ရင်း အသင်းကို ပိုမို တိုးတက်အောင် တည်ဆောက်နေတဲ့ ကလပ်တစ်ခုအနေနဲ့ ရှေ့မှာလည်း ဆိုယွန်ကျူ၊ တီးလီးမန်းစ်၊ မက်ဒီဆန်၊ ဖိုဖာနာတို့လို ကစးသမားတွေကို ခေါ်ယူပြခဲ့တာပါ။

ဈေးကောင်းရရင် ရောင်းဖို့ လက်မနှေးသလို အကျိုးအမြတ်ရမယ့် ကစားသမားကိုလည်း ရင်းနှီးမြှုပ်နှံတတ်တဲ့ လက်စတာတို့အတွက် သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ နီးစပ်နေတဲ့ အမှတ်ပေးဇယား တတိယနေရာကနေ ရပ်တည်မှုကလည်း အထောက်အကူပြုပြီး အာဆင်နယ်တို့အနေနဲ့ ဒီအချက်ကို ယှဉ်နိုင်ဖို့က မလွယ်သလို ယူရိုပါလိဂ်ကိုပါ ဗိုလ်စွဲအောင် ကြိုးစားရမယ့် သဘောလည်း ရှိနေပါတယ်။

ဘီဆူးမားကို အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာရဲ့ နေရာမှာ အစားထိုးဖို့နဲ့ ကြံ့ခိုင်မှုကောင်းပြီး လုပ်အားနှုန်းမြင့်တဲ့ ကွင်းလယ်စုဖွဲ့မှုကို တည်ဆောက်ဖို့အတွက် အရေးပါတဲ့ ပစ်မှတ်အဖြစ် ရှုမြင်ထားပြီး နည်းပြ အာတီတာရဲ့ သဘောကျတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ကွင်းလယ်ကို ကစားသမားဟောင်းတွေ ရှင်းထုတ်ပြီး အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အတွက်တော့ သူတို့ရဲ့ အမှတ်ပေးဇယားရပ်တည်မှုနဲ့ လက်စတာရဲ့ ကြားဝင်နှောင့်ယှက်မှုက တော်တော်လေး စိတ်ရှုပ်စရာဖြစ်ခဲ့ပြီး ကစားသမားကို ချဉ်းကပ်ပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးနဲ့ လစာငွေကို ပိုမိုသုံးစွဲရဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ိုက္တန္အသင္းရဲ႕ ကြင္းလယ္မွာ လုပ္အားႏႈန္းၾကမ္းၾကမ္း၊ ႀကံ့ခိုင္မႈေကာင္းေကာင္းနဲ႔ ကစားျပေနခဲ့တဲ့ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို အာဆင္နယ္အသင္းအေနနဲ႔ ရာသီကုန္မွာ ေခၚယူဖို႔ကိစၥဟာ ၿပိဳင္ဘက္ေတြ မ်ားေနရတဲ့ၾကားထဲမွာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ နည္းဗ်ဴဟာပိုင္း မတည္ၿငိမ္မႈေတြၾကားက အသင္းကို လိုအပ္တဲ့ ေနရာဆီ ဆြဲမတင္ႏိုင္ရင္ လြဲေခ်ာ္သြားရႏိုင္ပါတယ္။

ဂဂေရဟမ္ ေပါ့တာရဲ႕ အေကာင္းဆုံး ေခၚယူမႈတစ္ရပ္ျဖစ္တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ပစ္မွတ္ျဖစ္ေနၿပီး အာဆင္နယ္အသင္းကေတာ့ သူ႔ကို အသင္းေဖာ္ေဟာင္း နီကိုလာ ေပေပနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ရဲ႕ အကူအညီနဲ႔အတူ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာလည္း ျဖစ္ပါတယ္။

လိုင္လီအသင္းမွာ အတူတြဲကစားခဲ့ဖူးၾကတဲ့ ကြင္းလယ္လူနဲ႔ အာဆင္နယ္ကို ေရာက္ရွိေနၾကတဲ့ ကစားသမားေတြဟာ အသင္းမွာ ခိုင္မာတဲ့ စုဖြဲ႕မႈတစ္ရပ္ကို တည္ေဆာက္ႏိုင္ဖို႔ နည္းျပ အာတီတာက ေမွ်ာ္လင့္ေနေပမယ့္ အသင္းရဲ႕ အမွတ္ေပးဇယားရပ္တည္မႈကို တတိယေနရာက အေျခအေနေကာင္းေနတဲ့ လက္စတာအသင္းက အခြင့္အေကာင္းယူၿပီး ေခၚယူဖို႔ ႀကိဳးစားလာခဲ့တာပါ။

ပရီးမီးယားလိဂ္ရဲ႕ ႀကီး၆ႀကီးအေနနဲ႔ ကစားသမားသစ္ေတြ ေခၚယူခ်င္ရင္ အသင္းက နာမည္ႀကီးကစားသမားေတြနဲ႔ လူငယ္ေျခတက္ေတြကို မွ်တေအာင္ စီမံခန႔္ခြဲရတဲ့ ျပႆနာရွိေပမယ့္ လက္စတာကေတာ့ ဒီလိုမဟုတ္ဘဲ အျမန္ဆုံး ေခၚယူႏိုင္သလို ဝယ္ေရာင္းလုပ္ရင္း အသင္းကို ပိုမို တိုးတက္ေအာင္ တည္ေဆာက္ေနတဲ့ ကလပ္တစ္ခုအေနနဲ႔ ေရွ႕မွာလည္း ဆိုယြန္က်ဴ၊ တီးလီးမန္းစ္၊ မက္ဒီဆန္၊ ဖိုဖာနာတို႔လို ကစးသမားေတြကို ေခၚယူျပခဲ့တာပါ။

ေဈးေကာင္းရရင္ ေရာင္းဖို႔ လက္မေႏွးသလို အက်ိဳးအျမတ္ရမယ့္ ကစားသမားကိုလည္း ရင္းႏွီးျမႇဳပ္ႏွံတတ္တဲ့ လက္စတာတို႔အတြက္ သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ နီးစပ္ေနတဲ့ အမွတ္ေပးဇယား တတိယေနရာကေန ရပ္တည္မႈကလည္း အေထာက္အကူျပဳၿပီး အာဆင္နယ္တို႔အေနနဲ႔ ဒီအခ်က္ကို ယွဥ္ႏိုင္ဖို႔က မလြယ္သလို ယူ႐ိုပါလိဂ္ကိုပါ ဗိုလ္စြဲေအာင္ ႀကိဳးစားရမယ့္ သေဘာလည္း ရွိေနပါတယ္။

ဘီဆူးမားကို အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာရဲ႕ ေနရာမွာ အစားထိုးဖို႔နဲ႔ ႀကံ့ခိုင္မႈေကာင္းၿပီး လုပ္အားႏႈန္းျမင့္တဲ့ ကြင္းလယ္စုဖြဲ႕မႈကို တည္ေဆာက္ဖို႔အတြက္ အေရးပါတဲ့ ပစ္မွတ္အျဖစ္ ရႈျမင္ထားၿပီး နည္းျပ အာတီတာရဲ႕ သေဘာက်တဲ့ ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ထားတာလည္းျဖစ္ပါတယ္။

လာမယ့္ရာသီမွာ ကြင္းလယ္ကို ကစားသမားေဟာင္းေတြ ရွင္းထုတ္ၿပီး အေျပာင္းအလဲလုပ္ဖို႔ ႀကိဳးစားေနတဲ့ အာဆင္နယ္အတြက္ေတာ့ သူတို႔ရဲ႕ အမွတ္ေပးဇယားရပ္တည္မႈနဲ႔ လက္စတာရဲ႕ ၾကားဝင္ေႏွာင့္ယွက္မႈက ေတာ္ေတာ္ေလး စိတ္ရႈပ္စရာျဖစ္ခဲ့ၿပီး ကစားသမားကို ခ်ဥ္းကပ္ၿပီး ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာေငြကို ပိုမိုသုံးစြဲရဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.