Analysis Premier League

ဂိုးသွင်းကြမ်းတဲ့ တိုက်စစ်မှူးတွေထဲက ဘယ်သူ့ကို တူဟယ်လ် လက်ဆောင်ရမလဲ

ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူး တီမို ဗာနာကို အဝယ်မှားခဲ့ပြီလို့ ဆိုရဖို့ များနေပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေမှာပါ သားကောင်ဖြစ်နေတဲ့ ဂျာမန်တိုက်စစ်မှူး ခြေစွမ်းမပြနိုင်ချိန်မှာ အင်္ဂလန်သား တမ်မီ အေဘရာဟမ်နဲ့ ပြင်သစ်သားကြီး အိုလီဗီးယေး ဂျီရူးတို့ကလည်း အစားမဝင်နိုင်ချိန်မှာ နွေရာသီအတွက် ဂိုးသွင်းကြမ်းသူတွေကို ခေါ်ယူရဖို့ ဖြစ်လာခဲ့ပါတယ်။

ဂျာမန်သားနှစ်ယောက်အတွက် ဂျာမန်သားနောက်တစ်ယောက်ကို ခေါ်ယူမှုဖြစ်ခဲ့တဲ့ တူဟယ်လ်ဟာ ခိုင် ဟာဗတ်ဇ်ကို ပြုပြင်ပေးနိုင်ပေမယ့် ဗာနာကိုတော့ ဘယ်နားကနေ ဂိုးသွင်းခွင့် ရှာပေးရမလဲဆိုတာ အကြံကုန်နေပုံရပြီး နယူးကာဆယ်လ်နဲ့ပွဲမှာ စဉ်ထွက်လာတဲ့ ဘောလုံးကို ပိတ်နိုင်ခဲ့တာ လွဲရင် ကျန်တဲ့ ကစားကွက်တွေကနေ ဂိုးသွင်းဖို့တော့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီဈေးကွက်မှာ တိုက်စစ်မှူး ၅ ယောက်ကို ဖြစ်နိုင်ဖွယ် ရွေးချယ်စရာအဖြစ် စောင့်ကြည့်နေပြီး Half Space တွေထက် ဂိုးရှေ့မှာ မုဆိုးဆန်ဆန်ကစားမယ့် Fox in the Box တိုက်စစ်မှူးတွေကို ခေါ်ယူသွားဖို့ ရှိနေရာမှာ တူဟယ်လ်အတွက် ရင်ခုန်နိုင်စရာ ဖြစ်လာခဲ့ပါတယ်။

အာလင်း ဟားလန်း – ဟားလန်းကတော့ ဒီစာရင်းထဲမှာ ဘယ်သူမှ အံ့အားသင့်စရာမရှိတဲ့ သက်သေပြပြီးသား တိုက်စစ်မှူးတစ်ဦးပါ။ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနိုင်ပေမယ့် ဘိုင်ယန်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးရဲ့ လောင်းရိပ်မိနေတဲ့ နော်ဝေသားအတွက် ပရီးမီးယားလိဂ်ဟာ သူ့ရဲ့ နောက်ထပ် ရွေးချယ်စရာလည်းဖြစ်လာခဲ့ပါတယ်။ မနေ့ညက သူက နှစ်ဂိုးသွင်းချိန်မှာ ပိုလန်သားကြီးက ဟက်ထရစ်ဆိုတော့ ဟားလန်းအနေနဲ့ ချဲလ်ဆီးမှာ စွန့်စားခန်းသစ်ကို ရွေးချယ်မယ်ဆိုရင်လည်း ကောင်းတာပါပဲ။

ဆာဂျီယို အဂွေရို – မန်ချက်စတာစီးတီးက သူ့ကို ဆက်လက်ထိန်းသိမ်းမှာလားဆိုတဲ့ မေးခွန်းကို သိပ်ပြီး မေးစရာလိုတော့မယ် မထင်ပါဘူး။ မတ်လကုန်ဖို့ တစ်ပတ်သာ လိုတော့တဲ့ အချိန်အထိ စာချုပ်သစ် ကမ်းလှမ်းမခံရတာက စီတီဇင်တွေရဲ့ ထာဝရဂိုးသွင်းဘုရင် အာဂျင်တီးနားသားကြီး အတွက် အသင်းပြောင်းဖို့ တွန်းအားလည်း ဖြစ်နေပါတယ်။ တီမို ဗာနာကို ဆက်ထားပြီး အလွတ်ပြောင်းလာမယ့် အဂွေရိုဆီကနေ သင်ယူခိုင်းမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပါ။

ဒန်နီအင်းစ် – ဆောက်သမ်တန်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို နာမည်ကြီးချင်လို့ သွားအပြီးမှာ အန်းဖီးလ်အပြန် စိန့်မေရီမှာ သူ့ကိုယ်သူ ပြန်ရှာတွေ့ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်သားအနေနဲ့ အသင်းငယ် အသင်းလတ်တွေမှာတောင် တောက်ပနိုင်သူဖြစ်လို့ သူ့ရဲ့ သိပ်မကျန်တဲ့ အမြင့်ဆုံး ခြေစွမ်းအတွက် အချိန်တွေကို ချဲလ်ဆီးလို အသင်းကြီးတစ်သင်းမှာ နောက်တစ်ကြိမ် ကြိုးစားကြည့်တာလည်းဖြစ်နိုင်ပါတယ်။

အန်ဒရီ ဆေးလ်ဗား – အေစီမီလန်ကို ပေါင် ၃၃ သန်းနဲ့ ပြောင်းပြီး ဖရန့်ဖတ်ကို ပေါင် ၃ သန်းနဲ့ ပြောင်းခဲ့ရတဲ့ ကျောနံပါတ် ၃၃ ပိုင်ရှင်ဟာ ဘွန်ဒက်စ်လီဂါမှာတော့ ဟားလန်းနဲ့အပြိုင် ၂၁ ဂိုးစီ သွင်းယူထားသူဖြစ်သလို ၃ တွေ လွှမ်းမိုးတာကတော့ တိုက်ဆိုင်မှုတစ်ခုလည်းဖြစ်ပါတယ်။ စောစောစီးစီး ပေါ်တူဂီမှာ နာမည်ကြီးပြီးမှ အီတလီမှာ ဘူးသီးအမွေးသပ်လိုက်သလို ဖြစ်သွားခဲ့ရသေးတဲ့ ဆေးလ်ဗားအနေနဲ့ အင်္ဂလန်မှာ စွန့်စားဖို့ အဆင်သင့်ဖြစ်ပြီလားတော့ စောင့်ကြည့်ရမှာပါ။

ဒူဗန် ဇာပါတာ – အတ္တလန်တာအသင်းရဲ့ ကိုလံဘီယာတိုက်စစ်မှူးဟာ ဝါရင့်ကစားသမားတစ်ဦးအဖြစ် စီးရီးအေမှာ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာ ၉ ဂိုးသာ ရသေးပေမယ့် အသင်းအတွက် အသုံးဝင်တဲ့ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်လို့ ချဲလ်ဆီးအသင်းအတွက် ရွေးချယ်စရာတွေထဲက တစ်ခုအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ကဲ… ကိုယ့်အသင်းရဲ့ တိုက်စစ်ကို သဘောမကျ အားမရတဲ့ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ လာမယ့်ရာသီမှာ ဘယ်သူက အသင်းအတွက် အကောင်းဆုံး အားဖြည့်မှု ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပြီး မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ တူဟယ်လ်ကို ငွေများများသုံးမယ့် လက်ဆောင်ကြီးကြီး ပေးမလား၊ ဒါမှမဟုတ် အဖိုးနည်းဝန်ပါပဲ နှစ်သိမ့်မလားဆိုတာကတော့ ရင်ခုန်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ တိုက္စစ္မႉး တီမို ဗာနာကို အဝယ္မွားခဲ့ၿပီလို႔ ဆိုရဖို႔ မ်ားေနၿပီး ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈေတြမွာပါ သားေကာင္ျဖစ္ေနတဲ့ ဂ်ာမန္တိုက္စစ္မႉး ေျခစြမ္းမျပႏိုင္ခ်ိန္မွာ အဂၤလန္သား တမ္မီ ေအဘရာဟမ္နဲ႔ ျပင္သစ္သားႀကီး အိုလီဗီးေယး ဂ်ီ႐ူးတို႔ကလည္း အစားမဝင္ႏိုင္ခ်ိန္မွာ ေႏြရာသီအတြက္ ဂိုးသြင္းၾကမ္းသူေတြကို ေခၚယူရဖို႔ ျဖစ္လာခဲ့ပါတယ္။

ဂ်ာမန္သားႏွစ္ေယာက္အတြက္ ဂ်ာမန္သားေနာက္တစ္ေယာက္ကို ေခၚယူမႈျဖစ္ခဲ့တဲ့ တူဟယ္လ္ဟာ ခိုင္ ဟာဗတ္ဇ္ကို ျပဳျပင္ေပးႏိုင္ေပမယ့္ ဗာနာကိုေတာ့ ဘယ္နားကေန ဂိုးသြင္းခြင့္ ရွာေပးရမလဲဆိုတာ အႀကံကုန္ေနပုံရၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာ စဥ္ထြက္လာတဲ့ ေဘာလုံးကို ပိတ္ႏိုင္ခဲ့တာ လြဲရင္ က်န္တဲ့ ကစားကြက္ေတြကေန ဂိုးသြင္းဖို႔ေတာ့ ခက္ခဲေနဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေႏြရာသီေဈးကြက္မွာ တိုက္စစ္မႉး ၅ ေယာက္ကို ျဖစ္ႏိုင္ဖြယ္ ေ႐ြးခ်ယ္စရာအျဖစ္ ေစာင့္ၾကည့္ေနၿပီး Half Space ေတြထက္ ဂိုးေရွ႕မွာ မုဆိုးဆန္ဆန္ကစားမယ့္ Fox in the Box တိုက္စစ္မႉးေတြကို ေခၚယူသြားဖို႔ ရွိေနရာမွာ တူဟယ္လ္အတြက္ ရင္ခုန္ႏိုင္စရာ ျဖစ္လာခဲ့ပါတယ္။

အာလင္း ဟားလန္း – ဟားလန္းကေတာ့ ဒီစာရင္းထဲမွာ ဘယ္သူမွ အံ့အားသင့္စရာမရွိတဲ့ သက္ေသျပၿပီးသား တိုက္စစ္မႉးတစ္ဦးပါ။ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပႏိုင္ေပမယ့္ ဘိုင္ယန္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးရဲ႕ ေလာင္းရိပ္မိေနတဲ့ ေနာ္ေဝသားအတြက္ ပရီးမီးယားလိဂ္ဟာ သူ႔ရဲ႕ ေနာက္ထပ္ ေ႐ြးခ်ယ္စရာလည္းျဖစ္လာခဲ့ပါတယ္။ မေန႔ညက သူက ႏွစ္ဂိုးသြင္းခ်ိန္မွာ ပိုလန္သားႀကီးက ဟက္ထရစ္ဆိုေတာ့ ဟားလန္းအေနနဲ႔ ခ်ဲလ္ဆီးမွာ စြန႔္စားခန္းသစ္ကို ေ႐ြးခ်ယ္မယ္ဆိုရင္လည္း ေကာင္းတာပါပဲ။

ဆာဂ်ီယို အေဂြ႐ို – မန္ခ်က္စတာစီးတီးက သူ႔ကို ဆက္လက္ထိန္းသိမ္းမွာလားဆိုတဲ့ ေမးခြန္းကို သိပ္ၿပီး ေမးစရာလိုေတာ့မယ္ မထင္ပါဘူး။ မတ္လကုန္ဖို႔ တစ္ပတ္သာ လိုေတာ့တဲ့ အခ်ိန္အထိ စာခ်ဳပ္သစ္ ကမ္းလွမ္းမခံရတာက စီတီဇင္ေတြရဲ႕ ထာဝရဂိုးသြင္းဘုရင္ အာဂ်င္တီးနားသားႀကီး အတြက္ အသင္းေျပာင္းဖို႔ တြန္းအားလည္း ျဖစ္ေနပါတယ္။ တီမို ဗာနာကို ဆက္ထားၿပီး အလြတ္ေျပာင္းလာမယ့္ အေဂြ႐ိုဆီကေန သင္ယူခိုင္းမယ္ဆိုရင္ အတိုင္းထက္အလြန္ တံခြန္နဲ႔ ကုကၠားပါ။

ဒန္နီအင္းစ္ – ေဆာက္သမ္တန္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းကို နာမည္ႀကီးခ်င္လို႔ သြားအၿပီးမွာ အန္းဖီးလ္အျပန္ စိန႔္ေမရီမွာ သူ႔ကိုယ္သူ ျပန္ရွာေတြ႕ခဲ့သူျဖစ္ပါတယ္။ အဂၤလန္သားအေနနဲ႔ အသင္းငယ္ အသင္းလတ္ေတြမွာေတာင္ ေတာက္ပႏိုင္သူျဖစ္လို႔ သူ႔ရဲ႕ သိပ္မက်န္တဲ့ အျမင့္ဆုံး ေျခစြမ္းအတြက္ အခ်ိန္ေတြကို ခ်ဲလ္ဆီးလို အသင္းႀကီးတစ္သင္းမွာ ေနာက္တစ္ႀကိမ္ ႀကိဳးစားၾကည့္တာလည္းျဖစ္ႏိုင္ပါတယ္။

အန္ဒရီ ေဆးလ္ဗား – ေအစီမီလန္ကို ေပါင္ ၃၃ သန္းနဲ႔ ေျပာင္းၿပီး ဖရန႔္ဖတ္ကို ေပါင္ ၃ သန္းနဲ႔ ေျပာင္းခဲ့ရတဲ့ ေက်ာနံပါတ္ ၃၃ ပိုင္ရွင္ဟာ ဘြန္ဒက္စ္လီဂါမွာေတာ့ ဟားလန္းနဲ႔အၿပိဳင္ ၂၁ ဂိုးစီ သြင္းယူထားသူျဖစ္သလို ၃ ေတြ လႊမ္းမိုးတာကေတာ့ တိုက္ဆိုင္မႈတစ္ခုလည္းျဖစ္ပါတယ္။ ေစာေစာစီးစီး ေပၚတူဂီမွာ နာမည္ႀကီးၿပီးမွ အီတလီမွာ ဘူးသီးအေမြးသပ္လိုက္သလို ျဖစ္သြားခဲ့ရေသးတဲ့ ေဆးလ္ဗားအေနနဲ႔ အဂၤလန္မွာ စြန႔္စားဖို႔ အဆင္သင့္ျဖစ္ၿပီလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

ဒူဗန္ ဇာပါတာ – အတၱလန္တာအသင္းရဲ႕ ကိုလံဘီယာတိုက္စစ္မႉးဟာ ဝါရင့္ကစားသမားတစ္ဦးအျဖစ္ စီးရီးေအမွာ ထင္ရွားသူတစ္ဦးလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ၁၈ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒီရာသီမွာ ၉ ဂိုးသာ ရေသးေပမယ့္ အသင္းအတြက္ အသုံးဝင္တဲ့ တိုက္စစ္မႉးေကာင္းတစ္ဦးျဖစ္လို႔ ခ်ဲလ္ဆီးအသင္းအတြက္ ေ႐ြးခ်ယ္စရာေတြထဲက တစ္ခုအျဖစ္ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ကဲ… ကိုယ့္အသင္းရဲ႕ တိုက္စစ္ကို သေဘာမက် အားမရတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ လာမယ့္ရာသီမွာ ဘယ္သူက အသင္းအတြက္ အေကာင္းဆုံး အားျဖည့္မႈ ျဖစ္လာမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ တူဟယ္လ္ကို ေငြမ်ားမ်ားသုံးမယ့္ လက္ေဆာင္ႀကီးႀကီး ေပးမလား၊ ဒါမွမဟုတ္ အဖိုးနည္းဝန္ပါပဲ ႏွစ္သိမ့္မလားဆိုတာကေတာ့ ရင္ခုန္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.