Premier League Transfer News

တူဟယ်လ်နဲ့ လမိုင်းမကပ်တဲ့ ပူလီရှစ်ချ် နောက်ထပ်ဒေါ့မွန်နည်းပြဟောင်းဆီ ရောက်သွားမလား

ချဲလ်ဆီးအသင်းကို သူနဲ့ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ရောက်လာချိန်မှာ အားလုံးကတော့ ဂျာမန်သားတွေ အဆင်ပြေမယ့်အပြင် တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်ရဲ့ အခန်းကဏ္ဍက ပိုမိုတောက်ပလာတော့မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ လွဲချော်ခဲ့ပါတယ်။

တီမို ဗာနာနဲ့ ခိုင်ဟာဗတ်ဇ်တို့ ခြေစွမ်းပြရေးဟာ တူဟယ်လ်အတွက် အသင်းတာဝန်ရှိသူတွေဘက်က ချမှတ်ထားတဲ့ အဓိက ရည်မှန်းချက်တွေဖြစ်ပြီး ဒါကို သူက ဗာနာကို ဂိုးပေါက်ဖွင့်မပေးနိုင်သေးပေမယ့် ဟာဗတ်ဇ်အတွက် ခြေစွမ်းပြနိုင်မယ့် ကစားကွက်ကို ဖန်တီးနိုင်ခဲ့ပြီး နှစ်ယောက်ပေါင်းရင် အောင်မှတ်ထက်ကျော်အောင် ကိုင်တွယ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးပရိသတ်တွေကြားမှာ နည်းပြသားလို့ ခေါ်လေ့ရှိတဲ့ အတိတ်က ရင်းနှီးဖူးတဲ့ ကစားသမား-နည်းပြဆက်ဆံရေးအရ အသင်းရဲ့ မင်းသားဖြစ်လာမယ့်သူလို့ မေဆန်မောင့်-လမ်းပတ်အတွဲအပြီးမှာ ခန့်မှန်းခဲ့ကြတဲ့ ပူလီရှစ်ချ်-တူဟယ်လ်အတွဲကတော့ ထင်သလိုမဖြစ်ခဲ့ဘဲ မူလ အင်္ဂလန်ကွင်းလယ်လူကသာ အခန်းကဏ္ဍမပြောင်းဘဲ ဇာတ်လိုက်ဖြစ်နေခဲ့တာပါ။

ဒီအစား ပူလီရှစ်ချ်ကတော့ အနည်းဆုံး ဇာတ်ပို့ဇာတ်ရံလောက်ဖြစ်ရမယ့်အစား ဖြတ်လျှောက်သဘောလောက်နဲ့ ကျေနပ်နေရပြီး ဒါရိုက်တာ တူဟယ်လ်ရဲ့ ချဲလ်ဆီးဇာတ်ကားမှာ အခန်းကဏ္ဍအရ အရေးမပါဘဲဖြစ်နေသလို ဒီလိုမျိုး သူ့ရဲ့ Role က ကျဆင်းသွားခဲ့တာကို သိသာလွန်းလို့ တမင် ပေးကစားခဲ့တာတောင်မှ ခြေစွမ်းမပြနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ရာသီအစမှာ ဒဏ်ရာရနေခဲ့ရာကနေ တော်တော်နဲ့ ပြန်မကစားနိုင်ခဲ့တာက သူ့ကို နည်းပြတွေနဲ့ အဆက်အသွယ်ပြတ်စေခဲ့သလို သူ့အနေနဲ့ ချဲလ်ဆီးအသင်းမှာ စိတ်ကြိုက်နေရာ ဘယ်တောင်ပံကိုလည်း ကစားခွင့်မရတဲ့ချိန်မှာ ပရီးမီးယားလိဂ်ဂိုးသမားဟောင်းနဲ့ အမေရိကန်လက်ရွေးစင်ဟောင်း စီနီယာကြီး ဘရက်ဒ် ဖရီဒယ်လ်က လက်ရှိအနေအထားကို တိုးတက်အောင် မလုပ်နိုင်ရင် အဆင်ပြေမယ့်အသင်းကို ပြောင်းဖို့ တိုက်တွန်းလိုက်တာပါ။

ဖရီဒယ်လ်က ပူလီရှစ်ချ်ရဲ့ ကစားပုံဟာ လီဗာပူးလ်အသင်းနဲ့ သင့်တော်မယ်လို့ ပြောလိုက်ပြီး သူ့ရဲ့ လျင်မြန်အားပါတဲ့ ကစားပုံဟာ ယာဂန် ကလော့ပ်ရဲ့ Gegenpress ကစားဟန်နဲ့တော့ တစ်ဖက်အသင်းကို ဖိအားပေးဖို့နဲ့ အမြန်ဆုံး ပြန်ကစားမယ့် ကောင်တာတွေမှာ အလွန်အသုံးကျမယ်လို့ ခန့်မှန်းလိုက်တာလည်းဖြစ်ပါတယ်။

ပူလီရှစ်ချ်အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်သလို လီဗာပူးလ်အသင်းအနေနဲ့လည်း ဆာလား၊ မာနေးနဲ့ ဖာမီနိုတို့ထဲက တစ်ဦးသို့မဟုတ် နှစ်ဦးကို ရောင်းချဖို့ သတင်းတွေ ထွက်နေတာကြောင့် အမေရိကန်သားအနေနဲ့ ဒေါ့မွန်မှာ လူငယ်ဘဝနဲ့ ခဏတာ လက်တွဲခဲ့ဖူးတဲ့ ယာဂန် ကလော့ပ်ဆီကိုများ ရောက်ရှိသွားမလားလို့ ထင်ချင်စရာဖြစ်လာခဲ့ပါတယ်။

အမေရိကန်သားဟာ တူဟယ်လ်လက်ထက်မှာ ကစားခွင့်နဲ့ ခြေစွမ်းစတင်ပြသနိုင်ခဲ့တာ မှန်ပေမယ့် သူ့ကို တကယ်တမ်း ခေါ်ယူခဲ့တဲ့ နည်းပြကို အမည်တပ်ရရင်တော့ ကလော့ပ်ရဲ့ လက်ထက်မှာဖြစ်နေလို့ နည်းပြနှစ်ဆက်စလုံးကို မီလိုက်သူလည်းဖြစ်ခဲ့တာကြောင့် ဒီနှစ်ဦးစလုံးရှိနေတဲ့ ပရီးမီးယားလိဂ်မှာရော နည်းပြနှစ်ဦးစလုံးရဲ့ လက်အောက်မှာ ကစားနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။

ချဲလ်ဆီးအသင်းမှာတော့ တောင်ပံနေရာတွေကို တီမို ဗာနာကပါ ဝင်လုခဲ့တဲ့အပြင် ဟဒ်ဆန်-အိုဒွိုင်း၊ မေဆန်မောင့်နဲ့ ဇီးယက်ရှ်တို့ရဲ့ ပြိုင်ဆိုင်လာမှုတွေက တိုက်စစ်မှူးနောက်က နှစ်နေရာမှာ နေရာအတွက် တိုက်ပွဲဝင်သူ များပြားလာစေခဲ့ပြီဖြစ်လို့ ခြေစွမ်းမပြနိုင်ချိန်မှာဆို နေရာ ပြန်ပျောက်ဖို့သာ များနေတဲ့အတွက် သူတို့နိုင်ငံအတွက် စိတ်ပူတဲ့ ဖရီဒယ်လ်ရဲ့ အကြံပေးမှုက အထမြောက်သွားခဲ့ရင်လည်း အံ့သြစရာ မဖြစ်နိုင်ဘူးလို့ပဲ ဆိုရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းကို သူနဲ႔ ေဒါ့မြန္မွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပေဟာင္း ေသာမတ္စ္ တူဟယ္လ္ေရာက္လာခ်ိန္မွာ အားလုံးကေတာ့ ဂ်ာမန္သားေတြ အဆင္ေျပမယ့္အျပင္ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္ရဲ႕ အခန္းက႑က ပိုမိုေတာက္ပလာေတာ့မယ္လို႔ ထင္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။

တီမို ဗာနာနဲ႔ ခိုင္ဟာဗတ္ဇ္တို႔ ေျခစြမ္းျပေရးဟာ တူဟယ္လ္အတြက္ အသင္းတာဝန္ရွိသူေတြဘက္က ခ်မွတ္ထားတဲ့ အဓိက ရည္မွန္းခ်က္ေတြျဖစ္ၿပီး ဒါကို သူက ဗာနာကို ဂိုးေပါက္ဖြင့္မေပးႏိုင္ေသးေပမယ့္ ဟာဗတ္ဇ္အတြက္ ေျခစြမ္းျပႏိုင္မယ့္ ကစားကြက္ကို ဖန္တီးႏိုင္ခဲ့ၿပီး ႏွစ္ေယာက္ေပါင္းရင္ ေအာင္မွတ္ထက္ေက်ာ္ေအာင္ ကိုင္တြယ္ႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာ နည္းျပသားလို႔ ေခၚေလ့ရွိတဲ့ အတိတ္က ရင္းႏွီးဖူးတဲ့ ကစားသမား-နည္းျပဆက္ဆံေရးအရ အသင္းရဲ႕ မင္းသားျဖစ္လာမယ့္သူလို႔ ေမဆန္ေမာင့္-လမ္းပတ္အတြဲအၿပီးမွာ ခန႔္မွန္းခဲ့ၾကတဲ့ ပူလီရွစ္ခ်္-တူဟယ္လ္အတြဲကေတာ့ ထင္သလိုမျဖစ္ခဲ့ဘဲ မူလ အဂၤလန္ကြင္းလယ္လူကသာ အခန္းက႑မေျပာင္းဘဲ ဇာတ္လိုက္ျဖစ္ေနခဲ့တာပါ။

ဒီအစား ပူလီရွစ္ခ်္ကေတာ့ အနည္းဆုံး ဇာတ္ပို႔ဇာတ္ရံေလာက္ျဖစ္ရမယ့္အစား ျဖတ္ေလွ်ာက္သေဘာေလာက္နဲ႔ ေက်နပ္ေနရၿပီး ဒါ႐ိုက္တာ တူဟယ္လ္ရဲ႕ ခ်ဲလ္ဆီးဇာတ္ကားမွာ အခန္းက႑အရ အေရးမပါဘဲျဖစ္ေနသလို ဒီလိုမ်ိဳး သူ႔ရဲ႕ Role က က်ဆင္းသြားခဲ့တာကို သိသာလြန္းလို႔ တမင္ ေပးကစားခဲ့တာေတာင္မွ ေျခစြမ္းမျပႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ရာသီအစမွာ ဒဏ္ရာရေနခဲ့ရာကေန ေတာ္ေတာ္နဲ႔ ျပန္မကစားႏိုင္ခဲ့တာက သူ႔ကို နည္းျပေတြနဲ႔ အဆက္အသြယ္ျပတ္ေစခဲ့သလို သူ႔အေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ စိတ္ႀကိဳက္ေနရာ ဘယ္ေတာင္ပံကိုလည္း ကစားခြင့္မရတဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ဂိုးသမားေဟာင္းနဲ႔ အေမရိကန္လက္ေ႐ြးစင္ေဟာင္း စီနီယာႀကီး ဘရက္ဒ္ ဖရီဒယ္လ္က လက္ရွိအေနအထားကို တိုးတက္ေအာင္ မလုပ္ႏိုင္ရင္ အဆင္ေျပမယ့္အသင္းကို ေျပာင္းဖို႔ တိုက္တြန္းလိုက္တာပါ။

ဖရီဒယ္လ္က ပူလီရွစ္ခ်္ရဲ႕ ကစားပုံဟာ လီဗာပူးလ္အသင္းနဲ႔ သင့္ေတာ္မယ္လို႔ ေျပာလိုက္ၿပီး သူ႔ရဲ႕ လ်င္ျမန္အားပါတဲ့ ကစားပုံဟာ ယာဂန္ ကေလာ့ပ္ရဲ႕ Gegenpress ကစားဟန္နဲ႔ေတာ့ တစ္ဖက္အသင္းကို ဖိအားေပးဖို႔နဲ႔ အျမန္ဆုံး ျပန္ကစားမယ့္ ေကာင္တာေတြမွာ အလြန္အသုံးက်မယ္လို႔ ခန႔္မွန္းလိုက္တာလည္းျဖစ္ပါတယ္။

ပူလီရွစ္ခ်္အေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာႏိုင္သလို လီဗာပူးလ္အသင္းအေနနဲ႔လည္း ဆာလား၊ မာေနးနဲ႔ ဖာမီႏိုတို႔ထဲက တစ္ဦးသို႔မဟုတ္ ႏွစ္ဦးကို ေရာင္းခ်ဖို႔ သတင္းေတြ ထြက္ေနတာေၾကာင့္ အေမရိကန္သားအေနနဲ႔ ေဒါ့မြန္မွာ လူငယ္ဘဝနဲ႔ ခဏတာ လက္တြဲခဲ့ဖူးတဲ့ ယာဂန္ ကေလာ့ပ္ဆီကိုမ်ား ေရာက္ရွိသြားမလားလို႔ ထင္ခ်င္စရာျဖစ္လာခဲ့ပါတယ္။

အေမရိကန္သားဟာ တူဟယ္လ္လက္ထက္မွာ ကစားခြင့္နဲ႔ ေျခစြမ္းစတင္ျပသႏိုင္ခဲ့တာ မွန္ေပမယ့္ သူ႔ကို တကယ္တမ္း ေခၚယူခဲ့တဲ့ နည္းျပကို အမည္တပ္ရရင္ေတာ့ ကေလာ့ပ္ရဲ႕ လက္ထက္မွာျဖစ္ေနလို႔ နည္းျပႏွစ္ဆက္စလုံးကို မီလိုက္သူလည္းျဖစ္ခဲ့တာေၾကာင့္ ဒီႏွစ္ဦးစလုံးရွိေနတဲ့ ပရီးမီးယားလိဂ္မွာေရာ နည္းျပႏွစ္ဦးစလုံးရဲ႕ လက္ေအာက္မွာ ကစားႏိုင္ဦးမလား ေစာင့္ၾကည့္ရမွာပါ။

ခ်ဲလ္ဆီးအသင္းမွာေတာ့ ေတာင္ပံေနရာေတြကို တီမို ဗာနာကပါ ဝင္လုခဲ့တဲ့အျပင္ ဟဒ္ဆန္-အိုဒြိဳင္း၊ ေမဆန္ေမာင့္နဲ႔ ဇီးယက္ရွ္တို႔ရဲ႕ ၿပိဳင္ဆိုင္လာမႈေတြက တိုက္စစ္မႉးေနာက္က ႏွစ္ေနရာမွာ ေနရာအတြက္ တိုက္ပြဲဝင္သူ မ်ားျပားလာေစခဲ့ၿပီျဖစ္လို႔ ေျခစြမ္းမျပႏိုင္ခ်ိန္မွာဆို ေနရာ ျပန္ေပ်ာက္ဖို႔သာ မ်ားေနတဲ့အတြက္ သူတို႔ႏိုင္ငံအတြက္ စိတ္ပူတဲ့ ဖရီဒယ္လ္ရဲ႕ အႀကံေပးမႈက အထေျမာက္သြားခဲ့ရင္လည္း အံ့ၾသစရာ မျဖစ္ႏိုင္ဘူးလို႔ပဲ ဆိုရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.