La Liga Premier League UCL&UEL

ကလော့ပ်နဲ့ တွေ့ရမယ့် ပွဲအတွက် ဝှက်ဖဲတွေကို ထုတ်သုံးပြီး အနိုင်ယူဖို့ ပြောလိုက်တဲ့ ဇီဒန်း

ဧပြီလတွင်းမှာ ယှဉ်ပြိုင်ကစားရတော့မယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ယမန်နေ့ည မဲခွဲမှုအရ လီဗာပူးလ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ထိပ်တိုက်ရင်ဆိုင်ကစားကြရတော့မှာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရန်ငြှိုးတွေ ပြင်းထန်ခဲ့တဲ့ အစဉ်အလာကျန်ရစ်ခဲ့ပြီး အဲဒီအချိန်က မိုဟာမက် ဆာလားနဲ့ ရာမို့စ်တို့ရဲ့ဖြစ်ရပ်ဟာ နာမည်ကြီးခဲ့သလို ရီးရဲမက်ဒရစ်အသင်းကတော့ ချန်ပီယံလိဂ်ဆုဖလားကို ၁၃ ကြိမ်မြောက် သိမ်းပိုက်ပြီး ချန်ပီယံဖြစ်သွားခဲ့လို့ လီဗာပူးလ်အသင်းရဲ့ ရာဇဝင်ကြွေးက ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ တစ်ကျော့ပြန်နည်းပြဖြစ်လာတဲ့ ဇီဒန်းဟာ ကလော့ပ်နဲ့ ပြန်လည်ထိပ်တိုက်တွေ့ရတာဟာ ခက်ခဲလိမ့်မယ်လို့ ဝန်ခံခဲ့ပြီး လီဗာပူးလ်လို အသင်းမျိုးဆီက ဘယ်လိုအရာတွေကို မျှော်လင့်ထားရမလဲဆိုတာ သိရှိပြီးဖြစ်တယ်လို့ ကိုယ်တိုင်ယုံကြည်ထားကြောင်း ပြောပြသွားခဲ့ပါတယ်။

၂၀၁၈၊ ကိဗ်မြို့က ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးလ်အသင်းကို အထိနာစေခဲ့ပြီး ချန်ပီယံအိပ်မက်ကို ဖျက်ဆီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက “ကျွန်တော်တို့ ဒီပွဲက အတော်လေးခက်ခဲမယ့် ကစားပွဲဆိုတာကို သိရှိနားလည်ထားပါတယ်။ ဒီလိုအဆင့်မျိုးကို တက်လှမ်းလာတဲ့ အသင်းတိုင်းက သိပ်ပြီးမာကျောကြပါတယ်”

“ကစားရတာ သိပ်ကို ပင်ပန်းခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်နဲ့ပတ်သက်ပြီး ဘယ်လိုအသင်းလဲဆိုတာ သဘောပေါက်ထားပြီးသားပါ။ သူတို့နဲ့ ရင်ဆိုင်ရတာဟာ ကျွန်တော်တို့အသင်းရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားကို အများကြီး အလုပ်ပေးရပါတော့မှာပါ။ အားထုတ်မှု၊ ကျွမ်းကျင်မှု၊ နဲ့ စိတ်ရှည်မှုတွေကိုပါ ညှစ်ထုတ်ကစားရတော့မှာဖြစ်ပါတယ်”

“ဒီတွေ့ဆုံမှုကို အကောင်း အဆိုး မဝေခွဲတတ်ပါဘူး။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ဘာတွေပဲ ကြုံခဲ့ကြုံခဲ့ သူတို့အသင်းမှာ အချိန်မရွေး ထုတ်သုံးလာနိုင်တဲ့ ဝှက်ဖဲကောင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့အသင်းဟာလည်း ထိုနည်းတူပါပဲ” လို့ ပြောသွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းကတော့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ ချန်ပီယံလိဂ်နှစ်ကျော့ရဲ့ ကြားပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ အယ်လ်ကလာစီကိုပွဲကိုလည်း ဆင်နွှဲရမှာဖြစ်တာကြောင့် ဇီဒန်းအနေနဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ လူစာရင်းကို မျှတအောင် သုံးစွဲပြီး ခေါင်းကိုက်ရလိမ့်ဦးမယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဧၿပီလတြင္းမွာ ယွဥ္ၿပိဳင္ကစားရေတာ့မယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ ယမန္ေန႔ည မဲခြဲမႈအရ လီဗာပူးလ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ဟာ ထိပ္တိုက္ရင္ဆိုင္ကစားၾကရေတာ့မွာျဖစ္ပါတယ္။

ဒီႏွစ္သင္းဟာ လြန္ခဲ့တဲ့ ၃ ႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရန္ျငႇိဳးေတြ ျပင္းထန္ခဲ့တဲ့ အစဥ္အလာက်န္ရစ္ခဲ့ၿပီး အဲဒီအခ်ိန္က မိုဟာမက္ ဆာလားနဲ႔ ရာမို႔စ္တို႔ရဲ႕ျဖစ္ရပ္ဟာ နာမည္ႀကီးခဲ့သလို ရီးရဲမက္ဒရစ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ဆုဖလားကို ၁၃ ႀကိမ္ေျမာက္ သိမ္းပိုက္ၿပီး ခ်န္ပီယံျဖစ္သြားခဲ့လို႔ လီဗာပူးလ္အသင္းရဲ႕ ရာဇဝင္ေႂကြးက ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ တစ္ေက်ာ့ျပန္နည္းျပျဖစ္လာတဲ့ ဇီဒန္းဟာ ကေလာ့ပ္နဲ႔ ျပန္လည္ထိပ္တိုက္ေတြ႕ရတာဟာ ခက္ခဲလိမ့္မယ္လို႔ ဝန္ခံခဲ့ၿပီး လီဗာပူးလ္လို အသင္းမ်ိဳးဆီက ဘယ္လိုအရာေတြကို ေမွ်ာ္လင့္ထားရမလဲဆိုတာ သိရွိၿပီးျဖစ္တယ္လို႔ ကိုယ္တိုင္ယုံၾကည္ထားေၾကာင္း ေျပာျပသြားခဲ့ပါတယ္။

၂၀၁၈၊ ကိဗ္ၿမိဳ႕က ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ လီဗာပူးလ္အသင္းကို အထိနာေစခဲ့ၿပီး ခ်န္ပီယံအိပ္မက္ကို ဖ်က္ဆီးခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက “ကြၽန္ေတာ္တို႔ ဒီပြဲက အေတာ္ေလးခက္ခဲမယ့္ ကစားပြဲဆိုတာကို သိရွိနားလည္ထားပါတယ္။ ဒီလိုအဆင့္မ်ိဳးကို တက္လွမ္းလာတဲ့ အသင္းတိုင္းက သိပ္ၿပီးမာေက်ာၾကပါတယ္”

“ကစားရတာ သိပ္ကို ပင္ပန္းခက္ခဲပါလိမ့္မယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ လီဗာပူးလ္နဲ႔ပတ္သက္ၿပီး ဘယ္လိုအသင္းလဲဆိုတာ သေဘာေပါက္ထားၿပီးသားပါ။ သူတို႔နဲ႔ ရင္ဆိုင္ရတာဟာ ကြၽန္ေတာ္တို႔အသင္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာခြန္အားကို အမ်ားႀကီး အလုပ္ေပးရပါေတာ့မွာပါ။ အားထုတ္မႈ၊ ကြၽမ္းက်င္မႈ၊ နဲ႔ စိတ္ရွည္မႈေတြကိုပါ ညႇစ္ထုတ္ကစားရေတာ့မွာျဖစ္ပါတယ္”

“ဒီေတြ႕ဆုံမႈကို အေကာင္း အဆိုး မေဝခြဲတတ္ပါဘူး။ လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ ဘာေတြပဲ ႀကဳံခဲ့ႀကဳံခဲ့ သူတို႔အသင္းမွာ အခ်ိန္မေ႐ြး ထုတ္သုံးလာႏိုင္တဲ့ ဝွက္ဖဲေကာင္းေတြ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔အသင္းဟာလည္း ထိုနည္းတူပါပဲ” လို႔ ေျပာသြားခဲ့ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ လီဗာပူးလ္နဲ႔ ရင္ဆိုင္ရမယ့္ ခက္ခဲတဲ့ ခ်န္ပီယံလိဂ္ႏွစ္ေက်ာ့ရဲ႕ ၾကားပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းနဲ႔ အယ္လ္ကလာစီကိုပြဲကိုလည္း ဆင္ႏႊဲရမွာျဖစ္တာေၾကာင့္ ဇီဒန္းအေနနဲ႔ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္မွာ လူစာရင္းကို မွ်တေအာင္ သုံးစြဲၿပီး ေခါင္းကိုက္ရလိမ့္ဦးမယ္လို႔ သတင္းေတြက ေဖာ္ျပထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.