Article Bundesliga La Liga Ligue1 Premier League UCL&UEL

ဘယ်သူနဲ့တွေ့တွေ့ ခက်ခဲမယ့် ပြိုင်ဘက်တွေနဲ့ ချန်ပီယံလိဂ် ကွာတားနဲ့ဆီမီး ပွဲစဉ်ရေးဆွဲမှုများ

အားလုံးမျှော်လင့်စောင့်စားနေခဲ့ကြတယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေကို ဒီနေ့ညနေမှာ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ မဲခွဲရေးဆွဲခဲ့ပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာ ထင်ရှားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ဟာမစ် အယ်လ်တင်တော့ပ်က ဧည့်သည်တော်အဖြစ် မဲဘောလုံးတွေကို ရွေးချယ်ပေးခဲ့ပါတယ်။

ပထမဆုံးအတွဲအဖြစ် မန်ချက်စတာစီးတီးအသင်းက အိမ်ကွင်းမှာ စတင်ကစားရမယ့်အသင်းအဖြစ် ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ ပြိုင်ဘက်အဖြစ်ကိုတော့ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းရဲ့ ဘိုရုရှားဒေါ့မွန်အသင်းက ရွေးချယ်ခံခဲ့ရပြီး လာမယ့် ဧပြီလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကစားရမှာဖြစ်ပါတယ်။

ဒုတိယအတွဲမှာတော့ အိမ်ကွင်းမှာ စတင်ကစားရမယ့်အသင်းက ဂျူဗင်တပ်စ်အသင်းကို အဝေးဂိုးနဲ့ ဖြုတ်ချခဲ့တဲ့ ပေါ်တိုဖြစ်လာခဲ့ပြီး သူတို့ကိုတော့ နည်းပြ တူဟယ်လ်ရဲ့ လက်ထက်မှာ ပုံစံကောင်းရနေတဲ့ ချဲလ်ဆီးအသင်းက ယှဉ်ပြိုင်ရမှာဖြစ်သလို တစ်ဖက်နဲ့တစ်ဖက် လျှော့တွက်လို့ မရနိုင်တဲ့ အတွဲအဖက်လည်းဖြစ်ခဲ့ပါတယ်။

တတိယအတွဲအဖြစ်တော့ တစ်သင်းသင်းပြုတ်သွားခဲ့ရင် နှမြောစရာကောင်းမယ့် ပြိုင်ဘက်နှစ်ဦးက ၂၀၂၀ ချန်ပီယံလိဂ်ဖိုင်နယ် စိတ်မကျေပွဲအဖြစ် တွေ့ဆုံခဲ့ကြပြီး ဟန်ဆီ ဖလစ်ခ်ရဲ့ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်သလို ပြင်သစ်အင်အားကြီး ပီအက်စ်ဂျီကတော့ အဝေးကွင်းမှာ စတင်ရင်ဆိုင်ရမှာပါ။

နောက်ဆုံးအတွဲကလည်း ချန်ပီယံလိဂ်ဖိုင်နယ်အတွဲဟောင်းပဲဖြစ်ခဲ့ပြီး ၂၀၁၈ ဖိုင်နယ်အတွဲဖြစ်ခဲ့ပြီး မကျေနပ်မှုတွေ မြင့်မားခဲ့သလို ပရိသတ်တွေ ပေါက်ကွဲခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်ပွဲစဉ်က ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ဟာ နှစ်သင်းစလုံး ပုံစံကောင်းမရချိန်မှာတော့ စိတ်လှုပ်ရှားစရာလည်းဖြစ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်(၁)အတွက် ဆက်လက်ရေးဆွဲရာမှာတော့ ကွာတားဖိုင်နယ်(၃) ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့အတွဲရဲ့ အနိုင်ရရှိတဲ့သူက အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်ပြီး ကွာတားဖိုင်နယ်(၁) မန်ချက်စတာစီးတီးနဲ့ ဒေါ့မွန်အတွဲရဲ့ အနိုင်ရရှိသူက အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်(၂)ကိုတော့ ကွာတားဖိုင်နယ်(၄) ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့အတွဲရဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်သူက အိမ်ကွင်းနဲ့ ကွာတားဖိုင်နယ်(၂) ပေါ်တို-ချဲလ်ဆီးအတွဲထဲက အနိုင်ရရှိသူကတော့ အဝေးကွင်းမှာ သွားရောက်ကစားရဖို့ဖြစ်ခဲ့ပြီး သူတို့တွေထဲက ရုန်းထွက်နိုင်မယ့် အသင်းနှစ်သင်းကတော့ မေလ ၂၉ ရက်နေ့မှာ အစ္စတန်ဘူလ်မှာ ဖိုင်နယ်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

ပွဲစဉ်တွေအရတော့ ဆီမီးဖိုင်နယ်(၁)ဘက်ခြမ်းက မန်စီးတီးတို့အနေနဲ့ တိုက်စစ်ကောင်းပေမယ့် ခံစစ်ညံ့တဲ့ ဒေါ့မွန်ကို ကျော်ဖြတ်လာနိုင်ခြေ များနေပြီး ဆီမီးတစ်နေရာကို ရရှိနိုင်သလို ဘိုင်ယန်နဲ့ ပီအက်စ်ဂျီတို့ ဘယ်သူပဲ တက်လာတက်လာ ကစားပုံချင်းမတူဘဲ Direct Attacking ကစားတဲ့ အသင်းတွေဖြစ်နေလို့ သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှုဦးစားပေး တီကီတာကာအတွက် ခက်ခဲဖို့ ရှိနေခဲ့ပါတယ်။

နောက်ထပ်တစ်တွဲမှာတော့ ခြေကျနေတဲ့ ရီးရဲလ်မက်ဒရစ်-လီဗာပူးလ်အတွဲက ဘယ်သူတက်တက် ပေါ်တို-ချဲလ်ဆီးရဲ့ ခံစစ်ကောင်းမွန်ပြီး ကောင်တာနဲ့ အလဲထိုးတတ်တဲ့ ဗျူဟာချင်း ယှဉ်လာမယ့် ပြိုင်ဆိုင်မှုကို တွေ့မြင်ရဖွယ်ရှိနေပြီး ဆီမီးဖိုင်နယ်ပွဲစဉ်(၁)လောက်တော့ စိတ်လှုပ်ရှားစရာ မရှိနိုင်သလို ဒီဘက်ခြမ်းဟာ အားနာနာနဲ့ ပြောရရင် ဟိုဘက်ခြမ်းရဲ့ အဖြည့်ခံ အောက်သင်းတွေပဲဖြစ်လာဖို့ ရှိနေပါတယ်။

ဒါပေမယ့် ကြွေတစ်လက် ကြက်တစ်ခုန် ဘာမှပြောလို့မရတဲ့ ချန်ပီယံလိဂ်ရဲ့ ထုံးစံအတိုင်း အမှားလုပ်တဲ့အသင်းက အထိနာစမြဲမို့ ဘယ်အသင်းဟာ ဆရာကျပြီး ချန်ပီယံပဲလို့ တစ်ထစ်ချ ပြောလို့မဖြစ်သလို တစ်ကွက်ကောင်း တစ်ပွဲတိုးတွေနဲ့ အသင်းတွေကလည်း အဆိပ်ရှိတဲ့ ဒီပြိုင်ပွဲမှာ ပရိသတ်တွေအနေနဲ့ ဘယ်လိုမျိုးထင်မြင်ကြဦးမလဲလို့ မဲခွဲရေးဆွဲမှုနဲ့အတူ ခန့်မှန်းမှု တစ်စွန်းတစ်စကို ဖော်ပြလိုက်ရပါတယ်။

REF: UEFA CHAMAPIONS LEAGUE TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အားလုံးေမွ်ာ္လင့္ေစာင့္စားေနခဲ့ၾကတယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို ဒီေန႔ညေနမွာ ဆြစ္ဇာလန္ႏိုင္ငံ နီယြန္ၿမိဳ႕မွာ မဲခြဲေရးဆြဲခဲ့ၿပီျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္မွာ ထင္ရွားခဲ့ဖူးတဲ့ ကြင္းလယ္လူေဟာင္း ဟာမစ္ အယ္လ္တင္ေတာ့ပ္က ဧည့္သည္ေတာ္အျဖစ္ မဲေဘာလုံးေတြကို ေ႐ြးခ်ယ္ေပးခဲ့ပါတယ္။

ပထမဆုံးအတြဲအျဖစ္ မန္ခ်က္စတာစီးတီးအသင္းက အိမ္ကြင္းမွာ စတင္ကစားရမယ့္အသင္းအျဖစ္ ေပၚထြက္လာခဲ့ၿပီး သူ႔ရဲ႕ ၿပိဳင္ဘက္အျဖစ္ကိုေတာ့ ခ်န္ပီယံလိဂ္မွာ ဂိုးအမ်ားဆုံး သြင္းထားႏိုင္ခဲ့တဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းရဲ႕ ဘို႐ုရွားေဒါ့မြန္အသင္းက ေ႐ြးခ်ယ္ခံခဲ့ရၿပီး လာမယ့္ ဧၿပီလ ၆ ရက္နဲ႔ ၇ ရက္ေတြမွာ ကစားရမွာျဖစ္ပါတယ္။

ဒုတိယအတြဲမွာေတာ့ အိမ္ကြင္းမွာ စတင္ကစားရမယ့္အသင္းက ဂ်ဴဗင္တပ္စ္အသင္းကို အေဝးဂိုးနဲ႔ ျဖဳတ္ခ်ခဲ့တဲ့ ေပၚတိုျဖစ္လာခဲ့ၿပီး သူတို႔ကိုေတာ့ နည္းျပ တူဟယ္လ္ရဲ႕ လက္ထက္မွာ ပုံစံေကာင္းရေနတဲ့ ခ်ဲလ္ဆီးအသင္းက ယွဥ္ၿပိဳင္ရမွာျဖစ္သလို တစ္ဖက္နဲ႔တစ္ဖက္ ေလွ်ာ့တြက္လို႔ မရႏိုင္တဲ့ အတြဲအဖက္လည္းျဖစ္ခဲ့ပါတယ္။

တတိယအတြဲအျဖစ္ေတာ့ တစ္သင္းသင္းျပဳတ္သြားခဲ့ရင္ ႏွေျမာစရာေကာင္းမယ့္ ၿပိဳင္ဘက္ႏွစ္ဦးက ၂၀၂၀ ခ်န္ပီယံလိဂ္ဖိုင္နယ္ စိတ္မေက်ပြဲအျဖစ္ ေတြ႕ဆုံခဲ့ၾကၿပီး ဟန္ဆီ ဖလစ္ခ္ရဲ႕ ဘိုင္ယန္ျမဴးနစ္က အိမ္ကြင္းမွာ စတင္ကစားရမွာျဖစ္သလို ျပင္သစ္အင္အားႀကီး ပီအက္စ္ဂ်ီကေတာ့ အေဝးကြင္းမွာ စတင္ရင္ဆိုင္ရမွာပါ။

ေနာက္ဆုံးအတြဲကလည္း ခ်န္ပီယံလိဂ္ဖိုင္နယ္အတြဲေဟာင္းပဲျဖစ္ခဲ့ၿပီး ၂၀၁၈ ဖိုင္နယ္အတြဲျဖစ္ခဲ့ၿပီး မေက်နပ္မႈေတြ ျမင့္မားခဲ့သလို ပရိသတ္ေတြ ေပါက္ကြဲခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္ပြဲစဥ္က ျပန္လည္ထြက္ေပၚလာခဲ့ၿပီး ဘာေနဗ်ဴးမွာ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္ဟာ ႏွစ္သင္းစလုံး ပုံစံေကာင္းမရခ်ိန္မွာေတာ့ စိတ္လႈပ္ရွားစရာလည္းျဖစ္ခဲ့ပါတယ္။

ဆီမီးဖိုင္နယ္ပြဲစဥ္(၁)အတြက္ ဆက္လက္ေရးဆြဲရာမွာေတာ့ ကြာတားဖိုင္နယ္(၃) ဘိုင္ယန္ျမဴးနစ္နဲ႔ ပီအက္စ္ဂ်ီတို႔အတြဲရဲ႕ အႏိုင္ရရွိတဲ့သူက အိမ္ကြင္းမွာ စတင္ကစားရမွာျဖစ္ၿပီး ကြာတားဖိုင္နယ္(၁) မန္ခ်က္စတာစီးတီးနဲ႔ ေဒါ့မြန္အတြဲရဲ႕ အႏိုင္ရရွိသူက အေဝးကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ဆီမီးဖိုင္နယ္ပြဲစဥ္(၂)ကိုေတာ့ ကြာတားဖိုင္နယ္(၄) ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔အတြဲရဲ႕ ေနာက္တစ္ဆင့္တက္လွမ္းႏိုင္သူက အိမ္ကြင္းနဲ႔ ကြာတားဖိုင္နယ္(၂) ေပၚတို-ခ်ဲလ္ဆီးအတြဲထဲက အႏိုင္ရရွိသူကေတာ့ အေဝးကြင္းမွာ သြားေရာက္ကစားရဖို႔ျဖစ္ခဲ့ၿပီး သူတို႔ေတြထဲက ႐ုန္းထြက္ႏိုင္မယ့္ အသင္းႏွစ္သင္းကေတာ့ ေမလ ၂၉ ရက္ေန႔မွာ အစၥတန္ဘူလ္မွာ ဖိုင္နယ္ကစားခြင့္ရရွိမွာျဖစ္ပါတယ္။

ပြဲစဥ္ေတြအရေတာ့ ဆီမီးဖိုင္နယ္(၁)ဘက္ျခမ္းက မန္စီးတီးတို႔အေနနဲ႔ တိုက္စစ္ေကာင္းေပမယ့္ ခံစစ္ညံ့တဲ့ ေဒါ့မြန္ကို ေက်ာ္ျဖတ္လာႏိုင္ေျခ မ်ားေနၿပီး ဆီမီးတစ္ေနရာကို ရရွိႏိုင္သလို ဘိုင္ယန္နဲ႔ ပီအက္စ္ဂ်ီတို႔ ဘယ္သူပဲ တက္လာတက္လာ ကစားပုံခ်င္းမတူဘဲ Direct Attacking ကစားတဲ့ အသင္းေတြျဖစ္ေနလို႔ သူတို႔ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈဦးစားေပး တီကီတာကာအတြက္ ခက္ခဲဖို႔ ရွိေနခဲ့ပါတယ္။

ေနာက္ထပ္တစ္တြဲမွာေတာ့ ေျခက်ေနတဲ့ ရီးရဲလ္မက္ဒရစ္-လီဗာပူးလ္အတြဲက ဘယ္သူတက္တက္ ေပၚတို-ခ်ဲလ္ဆီးရဲ႕ ခံစစ္ေကာင္းမြန္ၿပီး ေကာင္တာနဲ႔ အလဲထိုးတတ္တဲ့ ဗ်ဴဟာခ်င္း ယွဥ္လာမယ့္ ၿပိဳင္ဆိုင္မႈကို ေတြ႕ျမင္ရဖြယ္ရွိေနၿပီး ဆီမီးဖိုင္နယ္ပြဲစဥ္(၁)ေလာက္ေတာ့ စိတ္လႈပ္ရွားစရာ မရွိႏိုင္သလို ဒီဘက္ျခမ္းဟာ အားနာနာနဲ႔ ေျပာရရင္ ဟိုဘက္ျခမ္းရဲ႕ အျဖည့္ခံ ေအာက္သင္းေတြပဲျဖစ္လာဖို႔ ရွိေနပါတယ္။

ဒါေပမယ့္ ေႂကြတစ္လက္ ၾကက္တစ္ခုန္ ဘာမွေျပာလို႔မရတဲ့ ခ်န္ပီယံလိဂ္ရဲ႕ ထုံးစံအတိုင္း အမွားလုပ္တဲ့အသင္းက အထိနာစၿမဲမို႔ ဘယ္အသင္းဟာ ဆရာက်ၿပီး ခ်န္ပီယံပဲလို႔ တစ္ထစ္ခ် ေျပာလို႔မျဖစ္သလို တစ္ကြက္ေကာင္း တစ္ပြဲတိုးေတြနဲ႔ အသင္းေတြကလည္း အဆိပ္ရွိတဲ့ ဒီၿပိဳင္ပြဲမွာ ပရိသတ္ေတြအေနနဲ႔ ဘယ္လိုမ်ိဳးထင္ျမင္ၾကဦးမလဲလို႔ မဲခြဲေရးဆြဲမႈနဲ႔အတူ ခန႔္မွန္းမႈ တစ္စြန္းတစ္စကို ေဖာ္ျပလိုက္ရပါတယ္။

REF: UEFA CHAMAPIONS LEAGUE TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.