Premier League UCL&UEL

ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ ရင်ဆိုင်တွေ့နေရတဲ့ စပါးစ်နည်းပြ မော်ရင်ညို

တော့တင်ဟမ်ဟော့စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ မနေ့ညက ဒီနာမို ဇာဂရက်ဘ်ကို အဝေးကွင်းမှာ မရှုံးသင့်ဘဲ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရတဲ့အတွက် ဒေါသထွက်နေကြတဲ့ အသင်းပရိသတ်တွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး အနာဂတ်အတွက် လှုပ်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃၂ သင်းရှုံးထွက်အဆင့်မှာ ဒဏ်ရာပရပွနဲ့ လက်စတာစီးတီးက ထွက်ခွာခဲ့ရတာကို သူတို့ပရိသတ်တွေက မငြိုငြင်ခဲ့ကြပေမယ့် မြောက်လန်ဒန်ဒါဘီမှာ ဆွန်ဟောင်မင်တစ်ယောက်ကို ဆုံးရှုံးထားခဲ့ရရုံနဲ့ ပြိုင်ပွဲက စောစောစီးစီးအဆင့်မှာ ခါးသီးတဲ့ပြိုင်ဘက် အာဆင်နယ်နဲ့အတူ နောက်တစ်ဆင့် မတက်နိုင်ခဲ့တာကို စပါးစ်ပရိသတ်တွေကတော့ ဒေါသထွက်နေပုံလည်းရပါတယ်။

အိမ်ကွင်းပထမအကျော့မှာ ဟာရီကိန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပေးဂိုးမရှိဘဲ အနိုင်ရရှိခဲ့လို့ ဒုတိယအကျော့အတွက် တော်တော်လေးစိတ်ချရနိုင်တဲ့ အခြေအနေမှာ ဂါရက်ဘေးလ်က လွဲလို့ လူစုံတယ်လို့ ပြောလို့ရတဲ့ စပါးစ်အသင်းအနေနဲ့ ဇာဂရက်ဘ်မှာ ကြိုးတုပ်ရိုက်ခံခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး မီဆလပ်ဗ် အော်ဆစ်ချ်ရဲ့ ဟက်ထရစ်နဲ့ လက်မြှောက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၆၀ မှာ ဘေးလ်ကို လူမလဲခင်အထိ မော်ရင်ညိုရဲ့အသင်းဟာ ဂိုးမရှိသရေနဲ့ အခြေအနေကောင်းနေခဲ့ပြီး ၂ မိနစ် အကြာမှာတော့ အော်ဆစ်ချ်က အဖွင့်ဂိုးစသွင်းခဲ့သလို ၈၂ မိနစ်မှာ သရေကျစေမယ့်ဂိုးကို သွင်းယူခဲ့ပြီး နာကျင်အချိန်ပို ဒုတိယပိုင်းအစမှာတော့ ဟက်ထရစ်ပြည့်ခဲ့တဲ့ ဂိုးနဲ့ အင်္ဂလန်အင်အားကြီးအသင်းကို ပြိုင်ပွဲက ထွက်စေခဲ့တာပါ။

ပွဲအပြီးမှာတော့ ပရိသတ်တွေက ဒါဟာ ခွင့်လွှတ်လို့မရနိုင်တဲ့ အမှားလို့ ပြစ်တင်ခဲ့ကြပြီး ကစားသမားတွေဟာလည်း ဒီပွဲအတွက် တာဝန် အပြည့်ရှိသလို မိနစ် ၉၀ လုံးလုံး တစ်ဂိုးမှ မသွင်းနိုင်ဘဲ ကွင်းထဲမှာ ဟေးလားဝါးလားလုပ်နေကြတဲ့ပုံစံက လက်မခံနိုင်စရာလို့ ဝေဖန်ခဲ့ကြပါတယ်။

တစ်ဦးကတော့ စပါးစ်ပရိသတ်တစ်ယောက်အနေနဲ့ အသင်းကို မမုန်းချင်ဘူးလို့ တာဝန်ရှိသူတွေကို သတိပေးလိုက်ပြီး မော်ရင်ညိုကို အမြန်ဆုံး ထုတ်ပယ်ဖို့ တောင်းဆိုလိုက်သလို အသင်းပိုင်ရှင် ဒန်နီယယ်လ် လီဗိုင်းကိုပါ အပျော်တမ်းအသင်းပုံစံမျိုး ဆက်လုပ်နေမယ်ဆိုရင် ဒီအသင်းကနေ ထွက်ခွာသွားဖို့ ရှုတ်ချခဲ့ကြပါတယ်။

အင်္ဂလန်မှာ ချဲလ်ဆီးအသင်းနဲ့ အောင်မြင်မှုများစွာ ရယူခဲ့တဲ့ မော်ရင်ညိုဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့အပြီးမှာတော့ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်တို့လို ဖလားတွေကို ဆက်လက်ရယူနိုင်ခဲ့ပေမယ့် စပါးစ်အသင်းမှာတော့ သူ့ရဲ့ ကျစ်လျစ်ခြင်းမရှိတော့တဲ့ ခံစစ်နဲ့အတူ ရုန်းကန်နေခဲ့ရပါတယ်။

လက်ရှိရာသီမှာ အသက် ၅၈ နှစ်အရွယ် နည်းပြရဲ့ ကိုင်တွယ်မှုအရ စပါးစ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ ရပ်တည်နေခဲ့သလို အက်ဖ်အေဖလားမှာတော့ အဲဗာတန်ကို ရှုံးပြီးထွက်ခဲ့ရပြီဖြစ်လို့ နောက်ဆုံးအနေနဲ့ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံနေပြီး အနိုင်ရဖို့ မလွယ်တဲ့ ကာရာဘောင်းဖလားတစ်ခုကိုပဲ ကြိုးစားရတော့မှာဖြစ်ပါတယ်။

ဒီဖလားမျှော်လင့်ချက်လောက်နဲ့တော့ မော်ရင်ညိုကို ဆက်လက်အချိန်ပေးဖို့ အလိုမရှိတော့ကြောင်း ဒေါသထွက်နေကြတဲ့ ပရိသတ် လူအုပ်ကြီးက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပေါ်တူဂီသားနည်းပြအနေနဲ့ BT Sport အင်တာဗျူးမှာ အရှုံးနဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရမှုအတွက် တောင်းပန်ခဲ့ပေမယ့် စပါးစ်အသင်းတာဝန်ရှိသူတွေက ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ မေန႔ညက ဒီနာမို ဇာဂရက္ဘ္ကို အေဝးကြင္းမွာ မရႈံးသင့္ဘဲ ရႈံးနိမ့္ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ေစာေစာစီးစီး ထြက္ခဲ့ရတဲ့အတြက္ ေဒါသထြက္ေနၾကတဲ့ အသင္းပရိသတ္ေတြရဲ႕ ဆန႔္က်င္ကန႔္ကြက္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရၿပီး အနာဂတ္အတြက္ လႈပ္ခတ္မႈေတြ ရွိလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၃၂ သင္းရႈံးထြက္အဆင့္မွာ ဒဏ္ရာပရပြနဲ႔ လက္စတာစီးတီးက ထြက္ခြာခဲ့ရတာကို သူတို႔ပရိသတ္ေတြက မၿငိဳျငင္ခဲ့ၾကေပမယ့္ ေျမာက္လန္ဒန္ဒါဘီမွာ ဆြန္ေဟာင္မင္တစ္ေယာက္ကို ဆုံးရႈံးထားခဲ့ရ႐ုံနဲ႔ ၿပိဳင္ပြဲက ေစာေစာစီးစီးအဆင့္မွာ ခါးသီးတဲ့ၿပိဳင္ဘက္ အာဆင္နယ္နဲ႔အတူ ေနာက္တစ္ဆင့္ မတက္ႏိုင္ခဲ့တာကို စပါးစ္ပရိသတ္ေတြကေတာ့ ေဒါသထြက္ေနပုံလည္းရပါတယ္။

အိမ္ကြင္းပထမအေက်ာ့မွာ ဟာရီကိန္းရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ ေပးဂိုးမရွိဘဲ အႏိုင္ရရွိခဲ့လို႔ ဒုတိယအေက်ာ့အတြက္ ေတာ္ေတာ္ေလးစိတ္ခ်ရႏိုင္တဲ့ အေျခအေနမွာ ဂါရက္ေဘးလ္က လြဲလို႔ လူစုံတယ္လို႔ ေျပာလို႔ရတဲ့ စပါးစ္အသင္းအေနနဲ႔ ဇာဂရက္ဘ္မွာ ႀကိဳးတုပ္႐ိုက္ခံခဲ့ရတာျဖစ္ၿပီး တိုက္စစ္မႉး မီဆလပ္ဗ္ ေအာ္ဆစ္ခ်္ရဲ႕ ဟက္ထရစ္နဲ႔ လက္ေျမႇာက္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္မိနစ္ ၆၀ မွာ ေဘးလ္ကို လူမလဲခင္အထိ ေမာ္ရင္ညိဳရဲ႕အသင္းဟာ ဂိုးမရွိသေရနဲ႔ အေျခအေနေကာင္းေနခဲ့ၿပီး ၂ မိနစ္ အၾကာမွာေတာ့ ေအာ္ဆစ္ခ်္က အဖြင့္ဂိုးစသြင္းခဲ့သလို ၈၂ မိနစ္မွာ သေရက်ေစမယ့္ဂိုးကို သြင္းယူခဲ့ၿပီး နာက်င္အခ်ိန္ပို ဒုတိယပိုင္းအစမွာေတာ့ ဟက္ထရစ္ျပည့္ခဲ့တဲ့ ဂိုးနဲ႔ အဂၤလန္အင္အားႀကီးအသင္းကို ၿပိဳင္ပြဲက ထြက္ေစခဲ့တာပါ။

ပြဲအၿပီးမွာေတာ့ ပရိသတ္ေတြက ဒါဟာ ခြင့္လႊတ္လို႔မရႏိုင္တဲ့ အမွားလို႔ ျပစ္တင္ခဲ့ၾကၿပီး ကစားသမားေတြဟာလည္း ဒီပြဲအတြက္ တာဝန္ အျပည့္ရွိသလို မိနစ္ ၉၀ လုံးလုံး တစ္ဂိုးမွ မသြင္းႏိုင္ဘဲ ကြင္းထဲမွာ ေဟးလားဝါးလားလုပ္ေနၾကတဲ့ပုံစံက လက္မခံႏိုင္စရာလို႔ ေဝဖန္ခဲ့ၾကပါတယ္။

တစ္ဦးကေတာ့ စပါးစ္ပရိသတ္တစ္ေယာက္အေနနဲ႔ အသင္းကို မမုန္းခ်င္ဘူးလို႔ တာဝန္ရွိသူေတြကို သတိေပးလိုက္ၿပီး ေမာ္ရင္ညိဳကို အျမန္ဆုံး ထုတ္ပယ္ဖို႔ ေတာင္းဆိုလိုက္သလို အသင္းပိုင္ရွင္ ဒန္နီယယ္လ္ လီဗိုင္းကိုပါ အေပ်ာ္တမ္းအသင္းပုံစံမ်ိဳး ဆက္လုပ္ေနမယ္ဆိုရင္ ဒီအသင္းကေန ထြက္ခြာသြားဖို႔ ရႈတ္ခ်ခဲ့ၾကပါတယ္။

အဂၤလန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ေအာင္ျမင္မႈမ်ားစြာ ရယူခဲ့တဲ့ ေမာ္ရင္ညိဳဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့အၿပီးမွာေတာ့ ကာရာေဘာင္းဖလားနဲ႔ ယူ႐ိုပါလိဂ္တို႔လို ဖလားေတြကို ဆက္လက္ရယူႏိုင္ခဲ့ေပမယ့္ စပါးစ္အသင္းမွာေတာ့ သူ႔ရဲ႕ က်စ္လ်စ္ျခင္းမရွိေတာ့တဲ့ ခံစစ္နဲ႔အတူ ႐ုန္းကန္ေနခဲ့ရပါတယ္။

လက္ရွိရာသီမွာ အသက္ ၅၈ ႏွစ္အ႐ြယ္ နည္းျပရဲ႕ ကိုင္တြယ္မႈအရ စပါးစ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ အဆင့္ ၈ နဲ႔ ရပ္တည္ေနခဲ့သလို အက္ဖ္ေအဖလားမွာေတာ့ အဲဗာတန္ကို ရႈံးၿပီးထြက္ခဲ့ရၿပီျဖစ္လို႔ ေနာက္ဆုံးအေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ ေတြ႕ဆုံေနၿပီး အႏိုင္ရဖို႔ မလြယ္တဲ့ ကာရာေဘာင္းဖလားတစ္ခုကိုပဲ ႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။

ဒီဖလားေမွ်ာ္လင့္ခ်က္ေလာက္နဲ႔ေတာ့ ေမာ္ရင္ညိဳကို ဆက္လက္အခ်ိန္ေပးဖို႔ အလိုမရွိေတာ့ေၾကာင္း ေဒါသထြက္ေနၾကတဲ့ ပရိသတ္ လူအုပ္ႀကီးက ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး ေပၚတူဂီသားနည္းျပအေနနဲ႔ BT Sport အင္တာဗ်ဴးမွာ အရႈံးနဲ႔ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရမႈအတြက္ ေတာင္းပန္ခဲ့ေပမယ့္ စပါးစ္အသင္းတာဝန္ရွိသူေတြက ဘယ္လိုကိုင္တြယ္မလဲဆိုတာ ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.