Premier League

အိုလံပီယာကို့စ်ကို မီးကျိုးမောင်းပျက်ခြေစွမ်းနဲ့ အာဆင်နယ်အသင်း ရှုံးပြီးနောက် မှတ်မှတ်ရရ ပြောစရာ ၇ချက်

ဘောလုံးဖြုန်းတီးလွန်းနေသလား အာဆင်နယ်?
ဒီပွဲမှာ အာဆင်နယ်က ဂိုးမလိုတော့တဲ့အခြေအနေဖြစ်လို့ အာတီတာ အတော်လေးသက်သာရာရသွားခဲ့တာဖြစ်တယ်။ အာဆင်နယ်တသင်းလုံး ဘောလုံးဖြုန်းတီးနေပုံက နည်းပြကို မြန်မြန်ဆန်ဆန် ခေါင်းဖြူသွားစေနိုင်ပါတယ်။ ပထမအကျော့​က ၃-၁ ရလဒ်ကပဲ အာဆင်နယ်ကို ပြန်လည်ကယ်တင်သွားခဲ့တယ်။ ဂိုးတဂိုးသာအရေးတကြီးလိုနေတဲ့ပွဲသာဆိုရင် ဒါမှမဟုတ် ဂိုးတဂိုး အမြန်လိုတဲ့ အခြေအနေတခုသာဆိုက်ရောက်လာခဲ့ရင် အာဆင်နယ်ရဲ့ဒီနေ့စိတ်ပျက်စရာခြေစွမ်းက ပြစ်ချက်တခုဖြစ်လာမယ်။ အာတီတာကို ပြန်လည်ထိုးနှက်ချက်က ကြီးမားသွားနိုင်တယ်။ ပေပေနဲ့ စမစ်သ်ရိုးတို့က ဂိုးအခွင့်အရေးကောင်းအချို့ကို ပယ်ပယ်နယ်နယ် ဖြုန်းတီးပစ်ခဲ့ကြသလို စမစ်သ်ရိုးက အသင်းဖော်ရဲ့ဂိုးပေါက်ကန်သွင်းမှုကို ရှေ့က ပိတ်ဆို့ကာကွယ်ပေးသွားသလားတောင် ထင်ရတယ်။

ပြစ်ချက်အရှိဆုံးက အသင်းခေါင်းဆောင် အူဘာမီယန်း
ဒီနေ့ အမ်းမရိတ်စ်ပွဲစဥ်မှာ ပြစ်ချက်အရှိဆုံးက အာဆင်နယ်အသင်းခေါင်းဆောင်တာဝန်ယူထားတဲ့ အူဘာမီယန်းကိုယ်တိုင်ဖြစ်တယ်။ ဂိုးသမားနဲ့ တဦးချင်းအတွေ့မှာ အဆုံးမသတ်နိုင်ခဲ့တာ အတော်ဆိုးရွားသလို ဒါကသူသွင်းယူနေကျ ထုံးစံဂိုးတွေပါ။ ဖြုန်းတီးပစ်ခဲ့တာက အာဆင်နယ်ကို စိတ်ချလက်ချ မဖြစ်စေခဲ့ဘူး။ ရလဒ်မကွာခြားသေးလို့ အာတီတာကို စိတ်ပူစေခဲ့တယ်။

ပွဲချိန်နောက်ဆုံးပိုင်းမှာ မာတီနယ်လီရဲ့ ဖြတ်တင်ပေးပို့မှုကိုလည်း အဆုံးသတ်နိုင်ဖို့ ပျက်ကွက်ခဲ့တယ်။ သတင်းခေါင်းကြီးတွေမှာ အသင်းတွင်းစည်းကမ်းမလိုက်နာမှုပြစ်ချက်တွေနဲ့ ဝေဖန်ခံနေရတဲ့ ဂါဘွန်သားက အာဆင်နယ်အသင်း နောက်တဆင့်တက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်ရောက်ရှိခဲ့လို့သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်း တခုခုများသာ ချွတ်ချော်ခဲ့ရင် ဒီနေ့ပွဲရဲ့တရားခံက အပိုင်နီးပါးသွင်းဂိုးတွေကို လွှင့်ပစ်ခဲ့တဲ့ အူဘာမီယန်းကိုယ်တိုင်သာပါပဲ။

အမ်းမရိတ်နယ်မြေကျွမ်းကျင်သူ အိုလံပီယာကို့စ်
၂၀၀၆ ခုနှစ်မှာ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်စ်ကွင်းသစ်ကြီးကို တည်ဆောက်ခဲ့ချိန်ကစလို့ ဒီကွင်းမှာ ၃ ကြိမ်တိုင် အနိုင်ရဖူးတဲ့ ဧည့်သည်အသင်း ၂ သင်းသာရှိပါတယ်။ တသင်းကတော့ ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်ပါ။ ဒါက မျှော်လင့်ထားတဲ့အသင်းမျိုးဆိုပေမယ့် နောက်တသင်းကတော့ ဂရိကလပ် အိုလံပီယာကို့စ် ဖြစ်နေတာပါပဲ။ ဒီကလပ်က အာဆင်နယ်ရဲ့ ပြည်တွင်းပြိုင်ဘက် လီဗာပူးလ်၊ စပါးစ်အသင်းတို့ထက်တောင် အမ်းမရိတ်စ်နိုင်ပွဲ ပိုများနေတာက အံ့အားသင့်စရာ ထူးခြားချက်ပါ။ ဒီအဆင့်မှာ ပြုတ်ခဲ့ပေမယ့် အာဆင်နယ်ကို ဒုက္ခတွေ့စေခဲ့တဲ့ အိုလံပီယာကို့ရဲ့စ်ခြေစွမ်းက ဂုဏ်ယူစရာတွေကိုလည်း ပြသသွားခဲ့တာ မြင်ရပါတယ်။

အာဆင်နယ်ခံစစ်ကြောင်းမှာ ဘာတွေဖြေရှင်းဖို့လိုနေလဲ?
ဒီပွဲမှာ အာဆင်နယ်ရဲ့ခံစစ်ပြဿနာတချို့ကို မြင်ရတယ်။ အာဆင်နယ်က နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ အိုလံပီယာကို့စ်ကို သာသာယာယာ ကျော်ဖြတ်ပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့် တက်ရောက်သွားတယ်။ ဒါပေမယ့် အာတီတာအတွက် နောက်တဆင့်တွေမှာ စိုးရိမ်စရာမြင့်တက်လာတဲ့ အကြောင်းအရာတွေရှိတယ်။ ဒီပွဲမှာ အာဆင်နယ်ဂိုးပေးလိုက်ရပုံက ပျော့ကွက်ထင်းထင်းကြီးမြင်နေရတယ်။

ပထမအကျော့မှာ ကိုယ့်အမှားကတဆင့် ပေးဂိုးကို မြင်ခဲ့ရကတည်းက သူ့အသင်းသားတွေကို အာတီတာက ကောင်းကောင်းသတိပေးထါးခဲ့ဖူးတယ်။ ဒီပွဲမှာလည်း El-Arabi က အာဆင်နယ်ဂိုးကိုလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်ရတဲ့ အနေအထားမျိုးဖြစ်ပြီး သူ့ကိုဖိအားပေးမယ့် အာဆင်နယ်ကစားသမား ရှိမနေခဲ့တာတွေ့ရတယ်။ ဒါက အာတီတာရဲ့ညွှန်ကြားချက်နဲ့ ကိုက်ညီခြင်းမရှိတာဟာ အသေအချာပါပဲ။ အာဆင်နယ်ရဲ့တိုက်စစ်စတင်မှုဟာ ခံစစ်အထိုင်ကနေ တည်ကစားတာဟာလည်း အာတီတာရဲ့နည်းဗျူဟာပိုင်းဖြစ်ပြီး ဒီအတွင်းကဖြစ်လာတဲ့ အားနည်းချက်ကို သူကိုယ်တိုင်ဖြေရှင်းရပါလိမ့်မယ်။ ယူရိုပါလိဂ်မှာ အာဆင်နယ်ဆက်လက်ရှင်သန်ဖို့ ခံစစ်ပိုင်းက စိတ်ပူစရာအခြေအနေတချို့ကို အမြန်ဆုံး ကိုင်တွယ်ရတော့မှာပါ။

ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ မာတီနယ်လီ
ပွဲထွက်ခွင့်ကင်းမဲ့နေတဲ့ လူငယ်ကြယ်ပွင့် မာတီနယ်လီနဲ့ ပတ်သက်ရင် အာတီတာကို အပြစ်ဖို့တဲ့ဝေဖန်မှုတွေက ဒီပွဲကြိုမှာလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဒီနေ့ အိုလံပီယာကို့စ်နဲ့ ရင်ဆိုင်မှုမှာတော့ စပိန်သားဟာ ပွဲထွက်ခွင့်ထိုက်တန်ကြောင်း သက်သေပြခဲ့ပြီး ခြေစွမ်းတည်ငြိမ်ခဲ့တယ်။ ဘောလုံးတွေ လွယ်လွယ်ဖြုန်းတီးနေတဲ့ အာဆင်နယ်တိုက်စစ်မှူးတွေနဲ့ မတူဘဲ မာတီနယ်လီက အားထုတ်ကစားသွားခဲ့တယ်။ Pressing လုပ်တယ်။ ပြိုင်ဘက်ကို ပြင်းပြင်းဖိအားပေးပြီး ဘောလုံးလုယူတယ်။ ပြိုင်ဘက်လမ်းကြောင်းတွေ ဖြတ်တောက်ပစ်တယ်။ ပြေးလမ်းကြောင်းတွေနဲ့ အားပြည့်အင်ပြည့် လှုပ်ရှားပြေးလွှားကစားတယ်။ အူဘာမီယန်းသာ ဂိုးပေါက်မလွဲချော်ခဲ့ရင် မာတီနယ်လီက ဂိုးဖန်တီးမှု ၁ ကြိမ်ရရှိခဲ့မှာဖြစ်တယ်။ ဒီလိုအားကုန်ထုတ်ကြိုးစားကစားခြင်းက မာတီနယ်လီအတွက် အားထုတ်ရကျိုးနပ်စေပြီး နောက်လာမယ့် အာဆင်နယ်ရဲ့ပွဲကျပ်ကာလမှာ အသင်းမှာ ပွဲထွက်တနေရာယူပြီး အကျိုးပြုမယ့်ကစားသမားအဖြစ် မြင်နေရပါတယ်။

ဆီဘာယော့စ်ရဲ့ တာဝန်အသစ်မှာ ဘာတွေထူးခြားနေလဲ?
ဒီနေ့ပွဲမှာ အာတီတာက သူ့ကို နံပါတ် ၁၀ နေရာမှာ ကစားခိုင်းပြီး တာဝန်အသစ်ကို ပေးအပ်ခဲ့တယ်။ ဘူကာယို ဆာကာ ဒဏ်ရာရနေချိန်မှာ အာဆင်နယ်ကွင်းလယ်တိုက်စစ် ၃ ဦးတွဲမှာ ဆီဘာယော့စ်ကို တာဝန်ပေးခဲ့ပုံက သင်းတယ်။ ဘယ်ခြမ်းတိုက်စစ်မှာ စမစ်သ်ရိုး၊ ညာခြမ်းမှာ ပေပေ၊ သူတို့နှစ်ဦးကြားမှာ ဆီဘာယော့စ်ကို အထိုင်ချပြီး ကစားစေတယ်။ ချိတ်ဆက်စေတယ်။ အိုဒီဂါ့ဒ်က ကွင်းလယ်ထိန်းကျောင်းသူဆန်ဆန် တာဝန်ယူကစားသွားတယ်။ သူက အာဆင်နယ်ရဲ့ နောက်ဆုံး ၂ ပွဲမှာ ၂ ဂိုးသွင်းယူထားသူဖြစ်တယ်။ ဆီဘာယော့စ်က ဒီရာသီ ၃၁ ပွဲမှာ ဂိုးမသွင်းထားဘူး။ ၂ ဂိုးသာဖန်တီးထားတယ်။ ဒါ့အပြင် မာတီနယ်လီရဲ့ အမြန်နှုန်းကိုလည်း သူက လိုက်မပူးပေါင်းပေးနိုင်ဘူး။

ဒီလိုကစားသမားမျိုးကို ထုတ်သုံးခဲ့တာက အာတီတာက သူ့ရဲ့ အနီး၊ အဝေး ဘောလုံးပေးပို့နိုင်မှုစွမ်းရည်ကို အသုံးချတာဖြစ်တယ်။ သူ့ရဲ့ ဘောလုံးကိုင်ထားနိုင်စွမ်းကို လိုချင်ခဲ့တာဖြစ်တယ်။ သူက အိုလံပီယာကို့စ်ရဲ့ ကွင်းလယ်တန်းနဲ့ ခံစစ်ကြောင်းကြားမှာ နေရာယူပြီး လွတ်လွတ်လပ်လပ် ကစားသွားခဲ့တယ်။ ပေပေနဲ့ အူဘာမီယန်းတို့ရဲ့ ပွဲချိန်အစောပိုင်း အခွင့်အရေးတွေကိုလည်း သူကခင်းပေးခဲ့တာဖြစ်တယ်။ သူက ကွင်းလယ်တိုက်စစ်ပိုင်းကိုလည်း ကျင်ကျယ်လည်လည် အပိုင်စားတာဝန်ယူနိုင်ကြောင်း သူ့ရဲ့ဖန်တီးမှုစွမ်းရည်နဲ့အတူ အာတီတာကိုသက်သေပြသွားခဲ့တာဖြစ်တယ်။ အာတီတာအနေနဲ့ အသင်းတိုက်စစ်မှာ ရွေးချယ်စရာ ပုံစံတခု ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။

မီးကျိုးမောင်းပျက်​ခြေစွမ်းနဲ့တော့ ယူရိုပါလိဂ်ဗိုလ်ဝင်ခံဖို့မဖြစ်နိုင်
အာတီတာက အာဆင်နယ်နဲ့အတူ ဆုဖလား ၂ လုံး ရရှိခဲ့ပြီးဖြစ်တယ်။ ဒီဆုဖလားတွေကို ရရှိစဥ်က အာဆင်နယ်ခံစစ်မှာ နံရံတံတိုင်းတခုလို မာကျောခဲ့တယ်။ ခံစစ်အထိုင်နဲ့ အသင်းလိုက်စုစည်းတည်ငြိမ်မှုကို အသားပေးပြီး အောင်ပွဲတာ ရယူခဲ့တာဖြစ်တယ်။ ဒါကအမှတ်ရစရာပါ။ ဒီပွဲမှာလည်း အာဆင်နယ်က ခံစစ်ကိုပိုအားပြုပြီး ကစားသွားခဲ့တာပါ။ ဒါပေမယ့် အာတီတာအနေနဲ့ အသင်းလိုက်စုစည်းမှုယူနစ်ကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ကြောင်း အာဆယ်နယ်ရဲ့ မီးကျိုးမောင်းပျက်ခြေစွမ်းတွေက သက်သေပြနေတယ်။

နည်းဗျူဟာချမှတ်မှုနဲ့ တန်ပြန်တိုက်စစ်ကို အားကိုးခဲ့တာ မှန်ကန်မှုတွေ တွေ့ခဲ့ရပေမယ့် အခုပြဿနာက အာဆင်နယ်ရဲ့ အသင်းလိုက်ခံယူချက်ပြဿနာပါ။ အားရကျေနပ်စရာ အာဆင်နယ်အစစ်က ပျောက်ဆုံးနေတယ်။ ဒီပုံစံအတိုင်းရှေ့ဆက်မယ်ဆိုရင်တော့ ယူရိုပါလိဂ်ခရီးလမ်းက အချိန်တိုတိုနဲ့ အဆုံးသတ်သွားဖွယ်အရေးကိုတော့ အာတီတာက ဘယ်လိုချဥ်းကပ်လာမလဲ၊ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတခုခုရှိနေလား ဆက်လက်စောင့်ကြည့်စရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးျဖဳန္းတီးလြန္းေနသလား အာဆင္နယ္?
ဒီပြဲမွာ အာဆင္နယ္က ဂိုးမလိုေတာ့တဲ့အေျခအေနျဖစ္လို႔ အာတီတာ အေတာ္ေလးသက္သာရာရသြားခဲ့တာျဖစ္တယ္။ အာဆင္နယ္တသင္းလုံး ေဘာလုံးျဖဳန္းတီးေနပုံက နည္းျပကို ျမန္ျမန္ဆန္ဆန္ ေခါင္းျဖဴသြားေစႏိုင္ပါတယ္။ ပထမအေက်ာ့​က ၃-၁ ရလဒ္ကပဲ အာဆင္နယ္ကို ျပန္လည္ကယ္တင္သြားခဲ့တယ္။ ဂိုးတဂိုးသာအေရးတႀကီးလိုေနတဲ့ပြဲသာဆိုရင္ ဒါမွမဟုတ္ ဂိုးတဂိုး အျမန္လိုတဲ့ အေျခအေနတခုသာဆိုက္ေရာက္လာခဲ့ရင္ အာဆင္နယ္ရဲ႕ဒီေန႔စိတ္ပ်က္စရာေျခစြမ္းက ျပစ္ခ်က္တခုျဖစ္လာမယ္။ အာတီတာကို ျပန္လည္ထိုးႏွက္ခ်က္က ႀကီးမားသြားႏိုင္တယ္။ ေပေပနဲ႔ စမစ္သ္႐ိုးတို႔က ဂိုးအခြင့္အေရးေကာင္းအခ်ိဳ႕ကို ပယ္ပယ္နယ္နယ္ ျဖဳန္းတီးပစ္ခဲ့ၾကသလို စမစ္သ္႐ိုးက အသင္းေဖာ္ရဲ႕ဂိုးေပါက္ကန္သြင္းမႈကို ေရွ႕က ပိတ္ဆို႔ကာကြယ္ေပးသြားသလားေတာင္ ထင္ရတယ္။

ျပစ္ခ်က္အရွိဆုံးက အသင္းေခါင္းေဆာင္ အူဘာမီယန္း
ဒီေန႔ အမ္းမရိတ္စ္ပြဲစဥ္မွာ ျပစ္ခ်က္အရွိဆုံးက အာဆင္နယ္အသင္းေခါင္းေဆာင္တာဝန္ယူထားတဲ့ အူဘာမီယန္းကိုယ္တိုင္ျဖစ္တယ္။ ဂိုးသမားနဲ႔ တဦးခ်င္းအေတြ႕မွာ အဆုံးမသတ္ႏိုင္ခဲ့တာ အေတာ္ဆိုး႐ြားသလို ဒါကသူသြင္းယူေနက် ထုံးစံဂိုးေတြပါ။ ျဖဳန္းတီးပစ္ခဲ့တာက အာဆင္နယ္ကို စိတ္ခ်လက္ခ် မျဖစ္ေစခဲ့ဘူး။ ရလဒ္မကြာျခားေသးလို႔ အာတီတာကို စိတ္ပူေစခဲ့တယ္။

ပြဲခ်ိန္ေနာက္ဆုံးပိုင္းမွာ မာတီနယ္လီရဲ႕ ျဖတ္တင္ေပးပို႔မႈကိုလည္း အဆုံးသတ္ႏိုင္ဖို႔ ပ်က္ကြက္ခဲ့တယ္။ သတင္းေခါင္းႀကီးေတြမွာ အသင္းတြင္းစည္းကမ္းမလိုက္နာမႈျပစ္ခ်က္ေတြနဲ႔ ေဝဖန္ခံေနရတဲ့ ဂါဘြန္သားက အာဆင္နယ္အသင္း ေနာက္တဆင့္တက္ႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္ေရာက္ရွိခဲ့လို႔သာ သက္သာရာရခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္း တခုခုမ်ားသာ ခြၽတ္ေခ်ာ္ခဲ့ရင္ ဒီေန႔ပြဲရဲ႕တရားခံက အပိုင္နီးပါးသြင္းဂိုးေတြကို လႊင့္ပစ္ခဲ့တဲ့ အူဘာမီယန္းကိုယ္တိုင္သာပါပဲ။

အမ္းမရိတ္နယ္ေျမကြၽမ္းက်င္သူ အိုလံပီယာကို႔စ္
၂၀၀၆ ခုႏွစ္မွာ အာဆင္နယ္အသင္းရဲ႕ အမ္းမရိတ္စ္ကြင္းသစ္ႀကီးကို တည္ေဆာက္ခဲ့ခ်ိန္ကစလို႔ ဒီကြင္းမွာ ၃ ႀကိမ္တိုင္ အႏိုင္ရဖူးတဲ့ ဧည့္သည္အသင္း ၂ သင္းသာရွိပါတယ္။ တသင္းကေတာ့ ဂ်ာမန္ဘီလူး ဘိုင္ယန္ျမဴးနစ္ပါ။ ဒါက ေမွ်ာ္လင့္ထားတဲ့အသင္းမ်ိဳးဆိုေပမယ့္ ေနာက္တသင္းကေတာ့ ဂရိကလပ္ အိုလံပီယာကို႔စ္ ျဖစ္ေနတာပါပဲ။ ဒီကလပ္က အာဆင္နယ္ရဲ႕ ျပည္တြင္းၿပိဳင္ဘက္ လီဗာပူးလ္၊ စပါးစ္အသင္းတို႔ထက္ေတာင္ အမ္းမရိတ္စ္ႏိုင္ပြဲ ပိုမ်ားေနတာက အံ့အားသင့္စရာ ထူးျခားခ်က္ပါ။ ဒီအဆင့္မွာ ျပဳတ္ခဲ့ေပမယ့္ အာဆင္နယ္ကို ဒုကၡေတြ႕ေစခဲ့တဲ့ အိုလံပီယာကို႔ရဲ႕စ္ေျခစြမ္းက ဂုဏ္ယူစရာေတြကိုလည္း ျပသသြားခဲ့တာ ျမင္ရပါတယ္။

အာဆင္နယ္ခံစစ္ေၾကာင္းမွာ ဘာေတြေျဖရွင္းဖို႔လိုေနလဲ?
ဒီပြဲမွာ အာဆင္နယ္ရဲ႕ခံစစ္ျပႆနာတခ်ိဳ႕ကို ျမင္ရတယ္။ အာဆင္နယ္က ႏွစ္ေက်ာ့ေပါင္းရလဒ္ ၃-၂ နဲ႔ အိုလံပီယာကို႔စ္ကို သာသာယာယာ ေက်ာ္ျဖတ္ၿပီး ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္ တက္ေရာက္သြားတယ္။ ဒါေပမယ့္ အာတီတာအတြက္ ေနာက္တဆင့္ေတြမွာ စိုးရိမ္စရာျမင့္တက္လာတဲ့ အေၾကာင္းအရာေတြရွိတယ္။ ဒီပြဲမွာ အာဆင္နယ္ဂိုးေပးလိုက္ရပုံက ေပ်ာ့ကြက္ထင္းထင္းႀကီးျမင္ေနရတယ္။

ပထမအေက်ာ့မွာ ကိုယ့္အမွားကတဆင့္ ေပးဂိုးကို ျမင္ခဲ့ရကတည္းက သူ႔အသင္းသားေတြကို အာတီတာက ေကာင္းေကာင္းသတိေပးထါးခဲ့ဖူးတယ္။ ဒီပြဲမွာလည္း El-Arabi က အာဆင္နယ္ဂိုးကိုလြတ္လြတ္ကြၽတ္ကြၽတ္ကန္သြင္းခြင့္ရတဲ့ အေနအထားမ်ိဳးျဖစ္ၿပီး သူ႔ကိုဖိအားေပးမယ့္ အာဆင္နယ္ကစားသမား ရွိမေနခဲ့တာေတြ႕ရတယ္။ ဒါက အာတီတာရဲ႕ၫႊန္ၾကားခ်က္နဲ႔ ကိုက္ညီျခင္းမရွိတာဟာ အေသအခ်ာပါပဲ။ အာဆင္နယ္ရဲ႕တိုက္စစ္စတင္မႈဟာ ခံစစ္အထိုင္ကေန တည္ကစားတာဟာလည္း အာတီတာရဲ႕နည္းဗ်ဴဟာပိုင္းျဖစ္ၿပီး ဒီအတြင္းကျဖစ္လာတဲ့ အားနည္းခ်က္ကို သူကိုယ္တိုင္ေျဖရွင္းရပါလိမ့္မယ္။ ယူ႐ိုပါလိဂ္မွာ အာဆင္နယ္ဆက္လက္ရွင္သန္ဖို႔ ခံစစ္ပိုင္းက စိတ္ပူစရာအေျခအေနတခ်ိဳ႕ကို အျမန္ဆုံး ကိုင္တြယ္ရေတာ့မွာပါ။

ပြဲထြက္ခြင့္နဲ႔ ထိုက္တန္တဲ့ မာတီနယ္လီ
ပြဲထြက္ခြင့္ကင္းမဲ့ေနတဲ့ လူငယ္ၾကယ္ပြင့္ မာတီနယ္လီနဲ႔ ပတ္သက္ရင္ အာတီတာကို အျပစ္ဖို႔တဲ့ေဝဖန္မႈေတြက ဒီပြဲႀကိဳမွာလည္း ထြက္ေပၚေနခဲ့ပါတယ္။ ဒီေန႔ အိုလံပီယာကို႔စ္နဲ႔ ရင္ဆိုင္မႈမွာေတာ့ စပိန္သားဟာ ပြဲထြက္ခြင့္ထိုက္တန္ေၾကာင္း သက္ေသျပခဲ့ၿပီး ေျခစြမ္းတည္ၿငိမ္ခဲ့တယ္။ ေဘာလုံးေတြ လြယ္လြယ္ျဖဳန္းတီးေနတဲ့ အာဆင္နယ္တိုက္စစ္မႉးေတြနဲ႔ မတူဘဲ မာတီနယ္လီက အားထုတ္ကစားသြားခဲ့တယ္။ Pressing လုပ္တယ္။ ၿပိဳင္ဘက္ကို ျပင္းျပင္းဖိအားေပးၿပီး ေဘာလုံးလုယူတယ္။ ၿပိဳင္ဘက္လမ္းေၾကာင္းေတြ ျဖတ္ေတာက္ပစ္တယ္။ ေျပးလမ္းေၾကာင္းေတြနဲ႔ အားျပည့္အင္ျပည့္ လႈပ္ရွားေျပးလႊားကစားတယ္။ အူဘာမီယန္းသာ ဂိုးေပါက္မလြဲေခ်ာ္ခဲ့ရင္ မာတီနယ္လီက ဂိုးဖန္တီးမႈ ၁ ႀကိမ္ရရွိခဲ့မွာျဖစ္တယ္။ ဒီလိုအားကုန္ထုတ္ႀကိဳးစားကစားျခင္းက မာတီနယ္လီအတြက္ အားထုတ္ရက်ိဳးနပ္ေစၿပီး ေနာက္လာမယ့္ အာဆင္နယ္ရဲ႕ပြဲက်ပ္ကာလမွာ အသင္းမွာ ပြဲထြက္တေနရာယူၿပီး အက်ိဳးျပဳမယ့္ကစားသမားအျဖစ္ ျမင္ေနရပါတယ္။

ဆီဘာေယာ့စ္ရဲ႕ တာဝန္အသစ္မွာ ဘာေတြထူးျခားေနလဲ?
ဒီေန႔ပြဲမွာ အာတီတာက သူ႔ကို နံပါတ္ ၁၀ ေနရာမွာ ကစားခိုင္းၿပီး တာဝန္အသစ္ကို ေပးအပ္ခဲ့တယ္။ ဘူကာယို ဆာကာ ဒဏ္ရာရေနခ်ိန္မွာ အာဆင္နယ္ကြင္းလယ္တိုက္စစ္ ၃ ဦးတြဲမွာ ဆီဘာေယာ့စ္ကို တာဝန္ေပးခဲ့ပုံက သင္းတယ္။ ဘယ္ျခမ္းတိုက္စစ္မွာ စမစ္သ္႐ိုး၊ ညာျခမ္းမွာ ေပေပ၊ သူတို႔ႏွစ္ဦးၾကားမွာ ဆီဘာေယာ့စ္ကို အထိုင္ခ်ၿပီး ကစားေစတယ္။ ခ်ိတ္ဆက္ေစတယ္။ အိုဒီဂါ့ဒ္က ကြင္းလယ္ထိန္းေက်ာင္းသူဆန္ဆန္ တာဝန္ယူကစားသြားတယ္။ သူက အာဆင္နယ္ရဲ႕ ေနာက္ဆုံး ၂ ပြဲမွာ ၂ ဂိုးသြင္းယူထားသူျဖစ္တယ္။ ဆီဘာေယာ့စ္က ဒီရာသီ ၃၁ ပြဲမွာ ဂိုးမသြင္းထားဘူး။ ၂ ဂိုးသာဖန္တီးထားတယ္။ ဒါ့အျပင္ မာတီနယ္လီရဲ႕ အျမန္ႏႈန္းကိုလည္း သူက လိုက္မပူးေပါင္းေပးႏိုင္ဘူး။

ဒီလိုကစားသမားမ်ိဳးကို ထုတ္သုံးခဲ့တာက အာတီတာက သူ႔ရဲ႕ အနီး၊ အေဝး ေဘာလုံးေပးပို႔ႏိုင္မႈစြမ္းရည္ကို အသုံးခ်တာျဖစ္တယ္။ သူ႔ရဲ႕ ေဘာလုံးကိုင္ထားႏိုင္စြမ္းကို လိုခ်င္ခဲ့တာျဖစ္တယ္။ သူက အိုလံပီယာကို႔စ္ရဲ႕ ကြင္းလယ္တန္းနဲ႔ ခံစစ္ေၾကာင္းၾကားမွာ ေနရာယူၿပီး လြတ္လြတ္လပ္လပ္ ကစားသြားခဲ့တယ္။ ေပေပနဲ႔ အူဘာမီယန္းတို႔ရဲ႕ ပြဲခ်ိန္အေစာပိုင္း အခြင့္အေရးေတြကိုလည္း သူကခင္းေပးခဲ့တာျဖစ္တယ္။ သူက ကြင္းလယ္တိုက္စစ္ပိုင္းကိုလည္း က်င္က်ယ္လည္လည္ အပိုင္စားတာဝန္ယူႏိုင္ေၾကာင္း သူ႔ရဲ႕ဖန္တီးမႈစြမ္းရည္နဲ႔အတူ အာတီတာကိုသက္ေသျပသြားခဲ့တာျဖစ္တယ္။ အာတီတာအေနနဲ႔ အသင္းတိုက္စစ္မွာ ေ႐ြးခ်ယ္စရာ ပုံစံတခု ထပ္တိုးလာခဲ့တာျဖစ္ပါတယ္။

မီးက်ိဳးေမာင္းပ်က္​ေျခစြမ္းနဲ႔ေတာ့ ယူ႐ိုပါလိဂ္ဗိုလ္ဝင္ခံဖို႔မျဖစ္ႏိုင္
အာတီတာက အာဆင္နယ္နဲ႔အတူ ဆုဖလား ၂ လုံး ရရွိခဲ့ၿပီးျဖစ္တယ္။ ဒီဆုဖလားေတြကို ရရွိစဥ္က အာဆင္နယ္ခံစစ္မွာ နံရံတံတိုင္းတခုလို မာေက်ာခဲ့တယ္။ ခံစစ္အထိုင္နဲ႔ အသင္းလိုက္စုစည္းတည္ၿငိမ္မႈကို အသားေပးၿပီး ေအာင္ပြဲတာ ရယူခဲ့တာျဖစ္တယ္။ ဒါကအမွတ္ရစရာပါ။ ဒီပြဲမွာလည္း အာဆင္နယ္က ခံစစ္ကိုပိုအားျပဳၿပီး ကစားသြားခဲ့တာပါ။ ဒါေပမယ့္ အာတီတာအေနနဲ႔ အသင္းလိုက္စုစည္းမႈယူနစ္ကို ျပန္လည္တည္ေဆာက္ဖို႔ လိုအပ္ေၾကာင္း အာဆယ္နယ္ရဲ႕ မီးက်ိဳးေမာင္းပ်က္ေျခစြမ္းေတြက သက္ေသျပေနတယ္။

နည္းဗ်ဴဟာခ်မွတ္မႈနဲ႔ တန္ျပန္တိုက္စစ္ကို အားကိုးခဲ့တာ မွန္ကန္မႈေတြ ေတြ႕ခဲ့ရေပမယ့္ အခုျပႆနာက အာဆင္နယ္ရဲ႕ အသင္းလိုက္ခံယူခ်က္ျပႆနာပါ။ အားရေက်နပ္စရာ အာဆင္နယ္အစစ္က ေပ်ာက္ဆုံးေနတယ္။ ဒီပုံစံအတိုင္းေရွ႕ဆက္မယ္ဆိုရင္ေတာ့ ယူ႐ိုပါလိဂ္ခရီးလမ္းက အခ်ိန္တိုတိုနဲ႔ အဆုံးသတ္သြားဖြယ္အေရးကိုေတာ့ အာတီတာက ဘယ္လိုခ်ဥ္းကပ္လာမလဲ၊ ကိုင္တြယ္ေျဖရွင္းဖို႔ နည္းလမ္းတခုခုရွိေနလား ဆက္လက္ေစာင့္ၾကည့္စရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.