Match Report Premier League UCL&UEL

အိုလံပီယာကော့စ်အိမ်ကွင်းလိုဖြစ်နေတဲ့ အမ်းမရိတ်ကြောင့် အရှုံးနဲ့ပဲ အောင်ပွဲခံခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းအမ်းမရိတ်မှာ ကွင်းလယ်ကို ထိန်းကစားပြီး အူဘာမီယန်းရဲ့ အင်အားနဲ့ ဂိုးတွေရဖို့ ပြင်ဆင်လာခဲ့ပေမယ့် သူတို့ထက် ဒီကွင်းနဲ့ ပိုအသားကျပြီး ကစားပုံကောင်းတဲ့ အိုလံပီယာကော့စ်ကို အနိုင်မယူနိုင်ခဲ့ဘဲ ပထမအကျော့က ရလဒ်ကြောင့်သာ နောက်တစ်ဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချာကာနဲ့ အယ်လ်နန်နီကို ကွင်းလယ်မှာ အထိုင်ချပြီး သူတို့ရှေ့ တိုက်စစ်မှူးနောက်က ဒါနီ စီဘာယော့စ်ကို လိုက်ကစားခိုင်းခဲ့တာက အာဆင်နယ်အတွက်တော့ ဘယ်တော့မှ မလုပ်ရမယ့် ကစားကွက်ကို စမ်းသပ်ခွင့်ရခဲ့တာလို့ပဲ ဆိုရမှာဖြစ်ပြီး ကစားကွက်ပိုင်းမှာ မချောမွေ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ဆိုကရာတစ်ကို ကျော်ပြီး ကန်ဖို့ ကြိုးစားတဲ့ စမစ်ရိုးရဲ့ ကန်ချက်က သူ့မျက်နှာနဲ့ပဲ ပြန်ထိသွားခဲ့သလို ပေပေရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပြီး ဂိုးသမားကို ကျော်ဖြတ်ခဲ့တဲ့ ကန်ချက်ကိုလည်း အာဆင်နယ်နောက်ခံလူဟောင်းကပဲ ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ ဂိုးပေါက်ရှာဖွေဖို့ ခက်ခဲနေခဲ့ပါတယ်။

အမ်းမရိတ်မှာဆိုရင် သူ့အိမ်ကွင်းလို ကစားတတ်တဲ့ အယ်လာရာဘီကတော့ သူ့ရဲ့ ပေါက်ကွဲအားကို ပြသနိုင်ခဲ့သလို ဘယ်လာရင်ရဲ့ ခံစစ်စွမ်းဆောင်ရည်ပိုင်းကလည်း ညံ့ဖျင်းခဲ့တာကြောင့် လီနို ပိတ်ဆို့ကာကွယ်နေခဲ့ရပြီး စပိန်သားဟာ လူကျွံထောင်ချောက်ကိုပါ မော်ရိုကိုတိုက်စစ်မှူး အတွက် ဖွင့်ပေးခဲ့သေးတာပါ။

ဒီနောက်ပိုင်းမှာတော့ အူဘာမီယန်းက ဂိုးပေါက်ရှေ့က ကန်ခွင့်ကို အနိမ့်ဘောကန်ရမယ့်အစား ထောင်ကန်ပစ်ခဲ့သလို စမစ်ရိုးရဲ့ ကန်ချက်ကလည်း ဂိုးသမားတည့်တည့်ကို ရောက်သွားခဲ့လို့ အာဆင်နယ်တို့ ပထမပိုင်းမှာ အလုပ်သိပ်မဖြစ်ခဲ့ဘဲ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာ ပျော့လွန်းတဲ့ ဒေးဗစ် လူးဝစ်ဇ်ကြောင့် အိုလံပီယာကော့စ်ရဲ့ ဖော်တူနစ် ကန်ခွင့်ရပေမယ့် တိုင်ဘေးက ထွက်ခဲ့သလို ဆက်တိုက်ဆိုသလိုပဲ ကစားကွက်တည်မရသေးတဲ့ အာဆင်နယ်ကို ကစားအားတင်လာခဲ့တဲ့ ဂရိကလပ်က ဖိကစားခဲ့ပြီး ထိုးဖောက်မှုတွေ လုပ်နေခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံက ထိုးဖောက်လာခဲ့တဲ့ အယ်လာရာဘီက အတွင်းကို တစ်ချက်ဆွဲဝင်ပြီး ကန်သွင်းခဲ့ရာမှာ ပိတ်ထားခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ အိုလံပီယာကော့စ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပါတယ်။

ဒီဂိုးပေးအပြီးမှာတော့ အာဆင်နယ်ဘက်က အယ်လ်နန်နီနဲ့ စီဘာယော့စ်တို့အစား ပါတေးနဲ့ အော်ဒီဂွါဒ်တို့ကို ထည့်သွင်းကစားခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာ တန်ပြန်တိုက်စစ်ကနေ တီယာနီ ချိုးပေးတာကို ပေပေက ကန်သွင်းခဲ့ပေမယ့် ကြားထဲမှာ စမစ်ရိုးရဲ့ ခေါင်းနဲ့ထိပြီး ထွက်သွားခဲ့တာကြောင့် အိုလံပီယာကော့စ်တို့ သက်သာခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ ပေပေနဲ့ အော်ဒီဂွါဒ်တို့ ဘောလုံးကို အချိန်အဆမှားနေလို့ ချေပဂိုးရနိုင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ၇၈ မိနစ်မှာ ပေပေရဲ့ ကန်ချက်က ပျော့နေခဲ့သလို မိနစ် ၈၀ မှာ တန်ပြန်တိုက်စစ်ကနေ ကွင်းတစ်ခြမ်း ဆွဲပြေးခွင့်ရခဲ့တဲ့ အူဘာမီယန်းက ဂိုးသမားနဲ့အတွေ့မှာ ညာနဲ့ အပိုင်ကန်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ့်အစား ဘယ်ခြေနဲ့ ကျော်ကန်ပြီး တိုင်ဘေးထွက်သွားခဲ့တာက ဝါရင့်တိုက်စစ်မှူးတစ်ဦးအတွက် မျှော်လင့်ချက်တွေကို လွှင့်ပစ်လိုက်ရမလိုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာ မာတီနယ်လီကို တံတောင်နဲ့တိုက်ခဲ့တဲ့ အူဆေးနူးဘားကို ဒိုင်က အဝါသာပြခဲ့ပေမယ့် ဘောလုံးကို ရိုက်ပုတ်ပြီး ပေါက်ကွဲခဲ့တဲ့ ဆီနီဂေါနောက်ခံလူရဲ့ လုပ်ရပ်က နောက်တစ်ဝါထပ်ထိစေခဲ့ပြီး အိုလံပီယာကော့စ်တို့ ၁၀ ယောက်နဲ့ ကစားခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ အိုလံပီယာကော့စ်တို့ လူထပ်လဲပြီး တိုက်စစ်ကို မြှင့်ခဲ့ပေမယ့် အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ပိုကောင်းတဲ့ ရလဒ်မျိုးတွေရမှ နောက်တစ်ဆင့်တက်နိုင်မှာဖြစ်တာကြောင့် လက်လျှော့ခဲ့ရသလို အာဆင်နယ်တို့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ပထမအကျော့က သုံးဂိုး-တစ်ဂိုး ရလဒ်ကြောင့် ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပွဲအပြီးမှာ အာဆင်နယ်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ နောက်တစ်ဆင့်တက်ခဲ့ပြီး နည်းပြ အာတီတာအတွက်တော့ ပေါ့ပေါ့ဆဆ ကစားနေတဲ့ အူဘာမီယန်းနဲ့ ကစားသမားတချို့ကိုတော့ ဒါဟာ သူလိုချင်တဲ့အသင်းမျိုး မဟုတ်သေးဘူးဆိုတဲ့ စကားကို နောက်ထပ်တစ်ကြိမ် ထပ်ပြောဖို့ အခိုက်အတန့်တစ်ခုလည်း ဖြစ်လာခဲ့ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ အိမ္ကြင္းအမ္းမရိတ္မွာ ကြင္းလယ္ကို ထိန္းကစားၿပီး အူဘာမီယန္းရဲ႕ အင္အားနဲ႔ ဂိုးေတြရဖို႔ ျပင္ဆင္လာခဲ့ေပမယ့္ သူတို႔ထက္ ဒီကြင္းနဲ႔ ပိုအသားက်ၿပီး ကစားပုံေကာင္းတဲ့ အိုလံပီယာေကာ့စ္ကို အႏိုင္မယူႏိုင္ခဲ့ဘဲ ပထမအေက်ာ့က ရလဒ္ေၾကာင့္သာ ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ာကာနဲ႔ အယ္လ္နန္နီကို ကြင္းလယ္မွာ အထိုင္ခ်ၿပီး သူတို႔ေရွ႕ တိုက္စစ္မႉးေနာက္က ဒါနီ စီဘာေယာ့စ္ကို လိုက္ကစားခိုင္းခဲ့တာက အာဆင္နယ္အတြက္ေတာ့ ဘယ္ေတာ့မွ မလုပ္ရမယ့္ ကစားကြက္ကို စမ္းသပ္ခြင့္ရခဲ့တာလို႔ပဲ ဆိုရမွာျဖစ္ၿပီး ကစားကြက္ပိုင္းမွာ မေခ်ာေမြ႕ဘဲ ႐ုန္းကန္ခဲ့ရပါတယ္။

ဆိုကရာတစ္ကို ေက်ာ္ၿပီး ကန္ဖို႔ ႀကိဳးစားတဲ့ စမစ္႐ိုးရဲ႕ ကန္ခ်က္က သူ႔မ်က္ႏွာနဲ႔ပဲ ျပန္ထိသြားခဲ့သလို ေပေပရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္ၿပီး ဂိုးသမားကို ေက်ာ္ျဖတ္ခဲ့တဲ့ ကန္ခ်က္ကိုလည္း အာဆင္နယ္ေနာက္ခံလူေဟာင္းကပဲ ကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ဂိုးေပါက္ရွာေဖြဖို႔ ခက္ခဲေနခဲ့ပါတယ္။

အမ္းမရိတ္မွာဆိုရင္ သူ႔အိမ္ကြင္းလို ကစားတတ္တဲ့ အယ္လာရာဘီကေတာ့ သူ႔ရဲ႕ ေပါက္ကြဲအားကို ျပသႏိုင္ခဲ့သလို ဘယ္လာရင္ရဲ႕ ခံစစ္စြမ္းေဆာင္ရည္ပိုင္းကလည္း ညံ့ဖ်င္းခဲ့တာေၾကာင့္ လီႏို ပိတ္ဆို႔ကာကြယ္ေနခဲ့ရၿပီး စပိန္သားဟာ လူကြၽံေထာင္ေခ်ာက္ကိုပါ ေမာ္႐ိုကိုတိုက္စစ္မႉး အတြက္ ဖြင့္ေပးခဲ့ေသးတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အူဘာမီယန္းက ဂိုးေပါက္ေရွ႕က ကန္ခြင့္ကို အနိမ့္ေဘာကန္ရမယ့္အစား ေထာင္ကန္ပစ္ခဲ့သလို စမစ္႐ိုးရဲ႕ ကန္ခ်က္ကလည္း ဂိုးသမားတည့္တည့္ကို ေရာက္သြားခဲ့လို႔ အာဆင္နယ္တို႔ ပထမပိုင္းမွာ အလုပ္သိပ္မျဖစ္ခဲ့ဘဲ ဂိုးမရွိသေရရလဒ္သာ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာ ေပ်ာ့လြန္းတဲ့ ေဒးဗစ္ လူးဝစ္ဇ္ေၾကာင့္ အိုလံပီယာေကာ့စ္ရဲ႕ ေဖာ္တူနစ္ ကန္ခြင့္ရေပမယ့္ တိုင္ေဘးက ထြက္ခဲ့သလို ဆက္တိုက္ဆိုသလိုပဲ ကစားကြက္တည္မရေသးတဲ့ အာဆင္နယ္ကို ကစားအားတင္လာခဲ့တဲ့ ဂရိကလပ္က ဖိကစားခဲ့ၿပီး ထိုးေဖာက္မႈေတြ လုပ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ေတာင္ပံက ထိုးေဖာက္လာခဲ့တဲ့ အယ္လာရာဘီက အတြင္းကို တစ္ခ်က္ဆြဲဝင္ၿပီး ကန္သြင္းခဲ့ရာမွာ ပိတ္ထားခဲ့တဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ အိုလံပီယာေကာ့စ္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ပါတယ္။

ဒီဂိုးေပးအၿပီးမွာေတာ့ အာဆင္နယ္ဘက္က အယ္လ္နန္နီနဲ႔ စီဘာေယာ့စ္တို႔အစား ပါေတးနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ထည့္သြင္းကစားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာ တန္ျပန္တိုက္စစ္ကေန တီယာနီ ခ်ိဳးေပးတာကို ေပေပက ကန္သြင္းခဲ့ေပမယ့္ ၾကားထဲမွာ စမစ္႐ိုးရဲ႕ ေခါင္းနဲ႔ထိၿပီး ထြက္သြားခဲ့တာေၾကာင့္ အိုလံပီယာေကာ့စ္တို႔ သက္သာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာ ေပေပနဲ႔ ေအာ္ဒီဂြါဒ္တို႔ ေဘာလုံးကို အခ်ိန္အဆမွားေနလို႔ ေခ်ပဂိုးရႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ၿပီး ၇၈ မိနစ္မွာ ေပေပရဲ႕ ကန္ခ်က္က ေပ်ာ့ေနခဲ့သလို မိနစ္ ၈၀ မွာ တန္ျပန္တိုက္စစ္ကေန ကြင္းတစ္ျခမ္း ဆြဲေျပးခြင့္ရခဲ့တဲ့ အူဘာမီယန္းက ဂိုးသမားနဲ႔အေတြ႕မွာ ညာနဲ႔ အပိုင္ကန္ဖို႔ ႀကိဳတင္ျပင္ဆင္ထားရမယ့္အစား ဘယ္ေျခနဲ႔ ေက်ာ္ကန္ၿပီး တိုင္ေဘးထြက္သြားခဲ့တာက ဝါရင့္တိုက္စစ္မႉးတစ္ဦးအတြက္ ေမွ်ာ္လင့္ခ်က္ေတြကို လႊင့္ပစ္လိုက္ရမလိုျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာ မာတီနယ္လီကို တံေတာင္နဲ႔တိုက္ခဲ့တဲ့ အူေဆးႏူးဘားကို ဒိုင္က အဝါသာျပခဲ့ေပမယ့္ ေဘာလုံးကို ႐ိုက္ပုတ္ၿပီး ေပါက္ကြဲခဲ့တဲ့ ဆီနီေဂါေနာက္ခံလူရဲ႕ လုပ္ရပ္က ေနာက္တစ္ဝါထပ္ထိေစခဲ့ၿပီး အိုလံပီယာေကာ့စ္တို႔ ၁၀ ေယာက္နဲ႔ ကစားခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ အိုလံပီယာေကာ့စ္တို႔ လူထပ္လဲၿပီး တိုက္စစ္ကို ျမႇင့္ခဲ့ေပမယ့္ အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ပိုေကာင္းတဲ့ ရလဒ္မ်ိဳးေတြရမွ ေနာက္တစ္ဆင့္တက္ႏိုင္မွာျဖစ္တာေၾကာင့္ လက္ေလွ်ာ့ခဲ့ရသလို အာဆင္နယ္တို႔ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ေပမယ့္ ပထမအေက်ာ့က သုံးဂိုး-တစ္ဂိုး ရလဒ္ေၾကာင့္ ကြာတားဖိုင္နယ္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ပြဲအၿပီးမွာ အာဆင္နယ္တို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့ၿပီး နည္းျပ အာတီတာအတြက္ေတာ့ ေပါ့ေပါ့ဆဆ ကစားေနတဲ့ အူဘာမီယန္းနဲ႔ ကစားသမားတခ်ိဳ႕ကိုေတာ့ ဒါဟာ သူလိုခ်င္တဲ့အသင္းမ်ိဳး မဟုတ္ေသးဘူးဆိုတဲ့ စကားကို ေနာက္ထပ္တစ္ႀကိမ္ ထပ္ေျပာဖို႔ အခိုက္အတန႔္တစ္ခုလည္း ျဖစ္လာခဲ့ပါေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.