Match Report Premier League UCL&UEL

ပေါ့ဘာအစွမ်း အံ့မခန်းနဲ့ ဆန်စီရိုမှာ ယူရိုပါကွာတားကို တက်လှမ်းနိုင်ခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီနေ့မှာ တတ်နိုင်သမျှ အကောင်းဆုံးလူစာရင်းကို ထုတ်ကစားလာခဲ့ချိန်မှာ အိမ်ကွင်းမှာ ကစားရတဲ့ အေစီမီလန်တို့ကတော့ အဝေးဂိုးရထားတာကြောင့် တိုက်စစ်မှူးမပါတဲ့ ခံစစ်လူစာရင်းကို ထုတ်သုံးလာခဲ့သလို အီဘရာဟီမိုဗစ်ချ်ကိုလည်း အရန်ခုံမှာ ထားခဲ့တာကြောင့် သူတို့တွေအတွက် ပေးဆပ်မှုက ကြီးမားသွားခဲ့ပါတယ်။

အိမ်ကွင်းမှာ နောက်ဆုံးမိနစ်ပေးဂိုးနဲ့ သရေကျခဲ့တာကြောင့် မခံချင်စိတ်တွေ ကြီးမားနေတဲ့ ယူနိုက်တက်တို့ အဝေးကွင်းပေမယ့် ဖိကစားခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက်က ဂိုးပေါ်ကျော်သွားခဲ့သလို မိနစ် ၂၀ မှာတော့ တိုက်စစ်အမြင်မကောင်းတဲ့ ဂျိမ်းစ်က လွတ်နေတဲ့ ဂရင်းဝုဒ်ကို မပေးဘဲ တစ်ကိုယ်တော် ထိုးဖောက်ဖို့ ကြိုးစားတာကြောင့် ကောင်တာ အခွင့်အရေးက အလဟဿဖြစ်သွားခဲ့ရပါတယ်။

အေစီမီလန်တို့ကတော့ အကွက်ကျကျ ထိုးဖောက်ဖို့ထက် ဂိုးဧရိယာထိပ်က အခွင့်အရေးရတာနဲ့ Shoot on sight လုပ်ပြီး ကန်သွင်းနေခဲ့သလို ကက်ဆီယေးနဲ့ ဆယ်လီမေးကားစ်တို့ရဲ့ ကန်ချက်တွေကို ယူနိုက်တက်ဂိုးသမား ဟန်ဒါဆန်က ကာကွယ်ခဲ့ရပြီး ပွဲပြီးခါနီး ခရူးနစ်ချ်ရဲ့ ကြိုးစားမှုကိုတော့ ဝန်ဘစ်ဆာကာ ပိတ်ဆို့သွားခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိ သရေပွဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဒီပွဲကို အနိုင်ရဖို့ အရေးကြီးနေတဲ့ ဆိုးလ်ရှားအနေနဲ့ ဒဏ်ရာကနေ ပြန်လာပြီး အလောတကြီး သုံးစွဲဖွယ်မရှိဘူးလို့ ပွဲကြိုမှာ သတင်းထွက်ခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့နေရာမှာ ထည့်သွင်းပြီး ဒီနေ့ပွဲရဲ့ တစ်ဦးတည်းသော လူစားလဲမှုအဖြစ် အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ဒါက ယူနိုက်တက်တို့အတွက် ကံကောင်းခြင်းနဲ့ အလှည့်အပြောင်းတွေကို ယူဆောင်လာခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ဘယ်ညာဖြတ်ပို့နေတဲ့ သူတို့ရဲ့ ကစားကွက်ကို ချက်ချင်းမသုံးသပ်နိုင်ခဲ့တဲ့ အေစီမီလန်ရဲ့ ဖရိုဖရဲခံစစ်ကြောင့် ပေါ့ဘာက အခွင့်အရေးရသွားခဲ့ပြီး လူပေးမလိုနဲ့ အနီးကပ် လျှပ်တစ်ပြက်ကန်သွင်းခဲ့ရာမှာ ဒွန်နရမ်မာ နေရာယူပုံမှားနေလို့ ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ ဆယ်လီမေးကားစ်ရဲ့ ကန်ချက်ကို ဟန်ဒါဆန် ကာကွယ်ခဲ့ရပြန်ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ဆာမူ ကာစတီယေဟိုနဲ့ ကာလူလူးတို့အစား အီဘရာဟီမိုဗစ်ချ်နဲ့ ဒါလော့တို့ကို အေစီမီလန်ဘက်က လူစားလဲကစားပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

လူစားဝင်လာတဲ့ ကွင်းလယ်လူ ပေါ့ဘာကတော့ ဘောလုံးရတာနဲ့ အေစီမီလန်တို့ရဲ့ အာရုံတွေကို ကောင်းကောင်းကြီး ဆွဲယူထားနိုင်ခဲ့သလို ကွင်းလယ်ရဲ့ Tempo ကို လျှော့ချနိုင်ခဲ့ပြီး အိမ်ရှင်တွေ ထင်သလို ကစားခွင့်မရအောင် ဗျူဟာမြောက်ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ မက်ဂွိုင်းယားကို အမေ့ခံပြီး ခွာထွက်သွားခဲ့တဲ့ အီဘရာဟီမိုဗစ်ချ်ရဲ့ ခေါင်းတိုက်ချက်ကို ဟန်ဒါဆန် ပုတ်ထုတ်ခဲ့ရပြီး ယူနိုက်တက်နောက်တန်းတွေအနေနဲ့ ဆွီဒင်သားကြီးကို ဘယ်လိုထိန်းချုပ်မယ်ဆိုတဲ့ ဗျူဟာမျိုး မရှိတာကို တွေ့ရသလို မက်ဂွိုင်းယားအနေနဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ထိန်းချုပ်ရာမှာ လိုအပ်ချက်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ အခွင့်အရေးတစ်ကြိမ်စီကို အသုံးမချနိုင်ခဲ့သလို ပွဲပြီးခါနီးမှာလည်း အေစီမီလန်တို့ အခွင့်အရေးရခဲ့ပေမယ့် တိုမိုရီ ဘောလုံးထိန်းတာ မသေသပ်ခဲ့လို့ ပျက်ပြယ်ခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ ယူနိုက်တက်တို့ အဝေးကွင်းနိုင်ပွဲနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

၁၆ သင်းအဆင့် ပွဲစဉ်တွေ အပြီးမှာတော့ အင်္ဂလန်ရဲ့ ကိုယ်စားပြုနှစ်သင်းအဖြစ် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ နှစ်သင်းသာ ကျန်ရှိတော့ပြီး စပါးစ်ကတော့ အဝေးကွင်းမှာ တစ်ဂိုးမှ မသွင်းနိုင်ဘဲ ယူရိုပါလိဂ်က ထွက်ခွာခဲ့ရသလို ဒီနေ့ညနေမှာ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ရေးဆွဲသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔မွာ တတ္ႏိုင္သမွ် အေကာင္းဆုံးလူစာရင္းကို ထုတ္ကစားလာခဲ့ခ်ိန္မွာ အိမ္ကြင္းမွာ ကစားရတဲ့ ေအစီမီလန္တို႔ကေတာ့ အေဝးဂိုးရထားတာေၾကာင့္ တိုက္စစ္မႉးမပါတဲ့ ခံစစ္လူစာရင္းကို ထုတ္သုံးလာခဲ့သလို အီဘရာဟီမိုဗစ္ခ်္ကိုလည္း အရန္ခုံမွာ ထားခဲ့တာေၾကာင့္ သူတို႔ေတြအတြက္ ေပးဆပ္မႈက ႀကီးမားသြားခဲ့ပါတယ္။

အိမ္ကြင္းမွာ ေနာက္ဆုံးမိနစ္ေပးဂိုးနဲ႔ သေရက်ခဲ့တာေၾကာင့္ မခံခ်င္စိတ္ေတြ ႀကီးမားေနတဲ့ ယူႏိုက္တက္တို႔ အေဝးကြင္းေပမယ့္ ဖိကစားခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ကန္ခ်က္က ဂိုးေပၚေက်ာ္သြားခဲ့သလို မိနစ္ ၂၀ မွာေတာ့ တိုက္စစ္အျမင္မေကာင္းတဲ့ ဂ်ိမ္းစ္က လြတ္ေနတဲ့ ဂရင္းဝုဒ္ကို မေပးဘဲ တစ္ကိုယ္ေတာ္ ထိုးေဖာက္ဖို႔ ႀကိဳးစားတာေၾကာင့္ ေကာင္တာ အခြင့္အေရးက အလဟႆျဖစ္သြားခဲ့ရပါတယ္။

ေအစီမီလန္တို႔ကေတာ့ အကြက္က်က် ထိုးေဖာက္ဖို႔ထက္ ဂိုးဧရိယာထိပ္က အခြင့္အေရးရတာနဲ႔ Shoot on sight လုပ္ၿပီး ကန္သြင္းေနခဲ့သလို ကက္ဆီေယးနဲ႔ ဆယ္လီေမးကားစ္တို႔ရဲ႕ ကန္ခ်က္ေတြကို ယူႏိုက္တက္ဂိုးသမား ဟန္ဒါဆန္က ကာကြယ္ခဲ့ရၿပီး ပြဲၿပီးခါနီး ခ႐ူးနစ္ခ်္ရဲ႕ ႀကိဳးစားမႈကိုေတာ့ ဝန္ဘစ္ဆာကာ ပိတ္ဆို႔သြားခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိ သေရပြဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဒီပြဲကို အႏိုင္ရဖို႔ အေရးႀကီးေနတဲ့ ဆိုးလ္ရွားအေနနဲ႔ ဒဏ္ရာကေန ျပန္လာၿပီး အေလာတႀကီး သုံးစြဲဖြယ္မရွိဘူးလို႔ ပြဲႀကိဳမွာ သတင္းထြက္ခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာကို တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ရဲ႕ေနရာမွာ ထည့္သြင္းၿပီး ဒီေန႔ပြဲရဲ႕ တစ္ဦးတည္းေသာ လူစားလဲမႈအျဖစ္ အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ဒါက ယူႏိုက္တက္တို႔အတြက္ ကံေကာင္းျခင္းနဲ႔ အလွည့္အေျပာင္းေတြကို ယူေဆာင္လာခဲ့ၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ဘယ္ညာျဖတ္ပို႔ေနတဲ့ သူတို႔ရဲ႕ ကစားကြက္ကို ခ်က္ခ်င္းမသုံးသပ္ႏိုင္ခဲ့တဲ့ ေအစီမီလန္ရဲ႕ ဖ႐ိုဖရဲခံစစ္ေၾကာင့္ ေပါ့ဘာက အခြင့္အေရးရသြားခဲ့ၿပီး လူေပးမလိုနဲ႔ အနီးကပ္ လွ်ပ္တစ္ျပက္ကန္သြင္းခဲ့ရာမွာ ဒြန္နရမ္မာ ေနရာယူပုံမွားေနလို႔ ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခဲ့တဲ့ ဆယ္လီေမးကားစ္ရဲ႕ ကန္ခ်က္ကို ဟန္ဒါဆန္ ကာကြယ္ခဲ့ရျပန္ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဆာမူ ကာစတီေယဟိုနဲ႔ ကာလူလူးတို႔အစား အီဘရာဟီမိုဗစ္ခ်္နဲ႔ ဒါေလာ့တို႔ကို ေအစီမီလန္ဘက္က လူစားလဲကစားၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

လူစားဝင္လာတဲ့ ကြင္းလယ္လူ ေပါ့ဘာကေတာ့ ေဘာလုံးရတာနဲ႔ ေအစီမီလန္တို႔ရဲ႕ အာ႐ုံေတြကို ေကာင္းေကာင္းႀကီး ဆြဲယူထားႏိုင္ခဲ့သလို ကြင္းလယ္ရဲ႕ Tempo ကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြ ထင္သလို ကစားခြင့္မရေအာင္ ဗ်ဴဟာေျမာက္ကစားႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ မက္ဂြိဳင္းယားကို အေမ့ခံၿပီး ခြာထြက္သြားခဲ့တဲ့ အီဘရာဟီမိုဗစ္ခ်္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဟန္ဒါဆန္ ပုတ္ထုတ္ခဲ့ရၿပီး ယူႏိုက္တက္ေနာက္တန္းေတြအေနနဲ႔ ဆြီဒင္သားႀကီးကို ဘယ္လိုထိန္းခ်ဳပ္မယ္ဆိုတဲ့ ဗ်ဴဟာမ်ိဳး မရွိတာကို ေတြ႕ရသလို မက္ဂြိဳင္းယားအေနနဲ႔ ထိပ္တန္း တိုက္စစ္မႉးေတြကို ထိန္းခ်ဳပ္ရာမွာ လိုအပ္ခ်က္ေတြလည္း ရွိေနဆဲျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ အခြင့္အေရးတစ္ႀကိမ္စီကို အသုံးမခ်ႏိုင္ခဲ့သလို ပြဲၿပီးခါနီးမွာလည္း ေအစီမီလန္တို႔ အခြင့္အေရးရခဲ့ေပမယ့္ တိုမိုရီ ေဘာလုံးထိန္းတာ မေသသပ္ခဲ့လို႔ ပ်က္ျပယ္ခဲ့ရၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ယူႏိုက္တက္တို႔ အေဝးကြင္းႏိုင္ပြဲနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

၁၆ သင္းအဆင့္ ပြဲစဥ္ေတြ အၿပီးမွာေတာ့ အဂၤလန္ရဲ႕ ကိုယ္စားျပဳႏွစ္သင္းအျဖစ္ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ႏွစ္သင္းသာ က်န္ရွိေတာ့ၿပီး စပါးစ္ကေတာ့ အေဝးကြင္းမွာ တစ္ဂိုးမွ မသြင္းႏိုင္ဘဲ ယူ႐ိုပါလိဂ္က ထြက္ခြာခဲ့ရသလို ဒီေန႔ညေနမွာ ကြာတားဖိုင္နယ္နဲ႔ ဆီမီးဖိုင္နယ္ ပြဲစဥ္ေတြကို ေရးဆြဲသြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.