Premier League

UCL ကွာတားဖိုင်နယ်မှာ မိမိတို့အသင်းကို ပြိုင်ဘက်တွေဖြုံနေပြီလို့ ဟစ်ကြွေးလာတဲ့ သောမတ်စ် တူဟယ်လ်

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာ လာလီဂါထိပ်သီးဘီလူး အက်သလက်တီကိုမက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းအနိုင်ရလဒ်နဲ့ ကျော်ဖြတ်ကာ ကွာတားဖိုင်မယ်အဆင့်ကို အဆင့်မီခြေစွမ်းနဲ့ တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ချယ်လ်ဆီးဟာ ချန်ပီယံလိဂ်ဖလားဗိုလ်ဝင်ခံမယ်လို့ အခိုင်အမာယုံကြည်နေသလို ကွာတားဖိုင်နယ်အဆင့်မှာ မိမိတို့အသင်းနဲ့ တွေ့ဆုံဖို့ ပြိုင်ဘက်တွေဖြုံနေပြီလို့ ပွဲအပြီးမှာ ဟစ်ကြွေးသွားခဲ့ကြောင်း သိရပါတယ်။

ကျော်ဖြတ်စရာ စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့် ဥရောပပြိုင်ပွဲအဆင့်မှာ ပြီးပြည့်စုံတဲ့ ခြေစွမ်းအရည်အသွေး၊ စွမ်းဆောင်ရည်ကို ပြသနိုင်မှ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်တာ ဖြစ်သော်ငြား တူဟယ်လ်အနေနဲ့ သူ့အသင်းက ပြိုင်ဘက်တိုင်းကို အကြောက်တရားလွှမ်းမိုးသွားစေခဲ့ပြီလို့ ယုံကြည်နေကြောင်း ပြောကြားခဲ့တာပါ။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ အေတီကိုအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီးနောက်မှာ တူဟယ်လ်က ” ကျွန်တော့်အသင်းသားတွေက စုစည်း ညီညွတ်စွာနဲ့ အချိတ်အဆက်မိမိကစားသွားခဲ့တယ်။ သိပ်ကိုထူးခြားတဲ့ အချိတ်အဆက်မျိုးကို ပြသခဲ့တာဖြစ်ပါတယ်။ အခုလို ကျေနပ်လောက်စရာ ရလဒ်မျိုးကို ပိုင်ဆိုင်ရပြီဆိုရင်တော့ ခင်ဗျားအနေနဲ့ ပြိုင်ဘက်တိုင်းထက် နှာတဖျားသာနေမှာဖြစ်ပြီး ထူးခြားတဲ့အောင်မြင်မှုကို သိမ်းပိုက်ဖို့ ပိုပြီးနီးစပ်သွားစေပါတယ်။ ဒါကို ထူးခြားတဲ့အသင်းတွေကပဲ လုပ်နိုင်တာပါ။ ”

” ကျွန်တော်ကတော့ အတပ်ပြောလိုက်ပါမယ်။ ကွာတားဖိုင်နယ်မှာ ဘယ်အသင်းကမှ ကျွန်တော်တို့နဲ့ ထိပ်တိုက်မတွေ့ချင်ကြပါဘူး။ ဖြုံကုန်ကြပါပြီ။ ဒီပွဲက ကြီးမားတဲ့အောင်ပွဲခြေလှမ်းဖြစ်ပြီး ကျွန်တော်တို့အသင်းအနေနဲ့ကတော့ ကြောက်ရွံ့နေစရာ ဘယ်အသင်းကိုမှ မတွေ့ပါဘူး” လို့ ပြောပြသွားခဲ့ကြောင်း သိရပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဥ်ကိုတော့ လာမယ့် သောကြာနေ့မှ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဒေါ့မန်၊ မန်စီးတီး၊ လီဗာပူးလ်၊ ပေါ်တိုတို့လို ဒိတ်ဒိတ်ကြဲ ဥရောပထိပ်သီးအသင်းတွေက ဒီအဆင့်မှာ မီးကုန်ယမ်းကုန် အစွမ်းပြကြတော့မှာဖြစ်ပေမယ့် ချယ်လ်ဆီးနည်းပြတူဟယ်လ်ကတော့ ဘယ်အသင်းမှ မှုလောက်စရာမရှိဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ညက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ၁၆ သင္းရႈံးထြက္အဆင့္မွာ လာလီဂါထိပ္သီးဘီလူး အက္သလက္တီကိုမက္ဒရစ္အသင္းကို ႏွစ္ေက်ာ့ေပါင္းအႏိုင္ရလဒ္နဲ႔ ေက်ာ္ျဖတ္ကာ ကြာတားဖိုင္မယ္အဆင့္ကို အဆင့္မီေျခစြမ္းနဲ႔ တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ၿပီး ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္က ခ်ယ္လ္ဆီးဟာ ခ်န္ပီယံလိဂ္ဖလားဗိုလ္ဝင္ခံမယ္လို႔ အခိုင္အမာယုံၾကည္ေနသလို ကြာတားဖိုင္နယ္အဆင့္မွာ မိမိတို႔အသင္းနဲ႔ ေတြ႕ဆုံဖို႔ ၿပိဳင္ဘက္ေတြၿဖဳံေနၿပီလို႔ ပြဲအၿပီးမွာ ဟစ္ေႂကြးသြားခဲ့ေၾကာင္း သိရပါတယ္။

ေက်ာ္ျဖတ္စရာ စိန္ေခၚမႈေတြ ရွိေနေသးေပမယ့္ ဥေရာပၿပိဳင္ပြဲအဆင့္မွာ ၿပီးျပည့္စုံတဲ့ ေျခစြမ္းအရည္အေသြး၊ စြမ္းေဆာင္ရည္ကို ျပသႏိုင္မွ ခ်န္ပီယံလိဂ္ဖလားကို စိန္ေခၚႏိုင္တာ ျဖစ္ေသာ္ျငား တူဟယ္လ္အေနနဲ႔ သူ႔အသင္းက ၿပိဳင္ဘက္တိုင္းကို အေၾကာက္တရားလႊမ္းမိုးသြားေစခဲ့ၿပီလို႔ ယုံၾကည္ေနေၾကာင္း ေျပာၾကားခဲ့တာပါ။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေအတီကိုအသင္းကို ၂ဂိုး ဂိုးမရွိနဲ႔ အႏိုင္ယူၿပီးေနာက္မွာ တူဟယ္လ္က ” ကြၽန္ေတာ့္အသင္းသားေတြက စုစည္း ညီၫြတ္စြာနဲ႔ အခ်ိတ္အဆက္မိမိကစားသြားခဲ့တယ္။ သိပ္ကိုထူးျခားတဲ့ အခ်ိတ္အဆက္မ်ိဳးကို ျပသခဲ့တာျဖစ္ပါတယ္။ အခုလို ေက်နပ္ေလာက္စရာ ရလဒ္မ်ိဳးကို ပိုင္ဆိုင္ရၿပီဆိုရင္ေတာ့ ခင္ဗ်ားအေနနဲ႔ ၿပိဳင္ဘက္တိုင္းထက္ ႏွာတဖ်ားသာေနမွာျဖစ္ၿပီး ထူးျခားတဲ့ေအာင္ျမင္မႈကို သိမ္းပိုက္ဖို႔ ပိုၿပီးနီးစပ္သြားေစပါတယ္။ ဒါကို ထူးျခားတဲ့အသင္းေတြကပဲ လုပ္ႏိုင္တာပါ။ ”

” ကြၽန္ေတာ္ကေတာ့ အတပ္ေျပာလိုက္ပါမယ္။ ကြာတားဖိုင္နယ္မွာ ဘယ္အသင္းကမွ ကြၽန္ေတာ္တို႔နဲ႔ ထိပ္တိုက္မေတြ႕ခ်င္ၾကပါဘူး။ ၿဖဳံကုန္ၾကပါၿပီ။ ဒီပြဲက ႀကီးမားတဲ့ေအာင္ပြဲေျခလွမ္းျဖစ္ၿပီး ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ကေတာ့ ေၾကာက္႐ြံ႕ေနစရာ ဘယ္အသင္းကိုမွ မေတြ႕ပါဘူး” လို႔ ေျပာျပသြားခဲ့ေၾကာင္း သိရပါတယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္ကိုေတာ့ လာမယ့္ ေသာၾကာေန႔မွ မဲခြဲဆုံးျဖတ္မွာျဖစ္ၿပီး လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္၊ ရီးယဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီ၊ ေဒါ့မန္၊ မန္စီးတီး၊ လီဗာပူးလ္၊ ေပၚတိုတို႔လို ဒိတ္ဒိတ္ႀကဲ ဥေရာပထိပ္သီးအသင္းေတြက ဒီအဆင့္မွာ မီးကုန္ယမ္းကုန္ အစြမ္းျပၾကေတာ့မွာျဖစ္ေပမယ့္ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ကေတာ့ ဘယ္အသင္းမွ မႈေလာက္စရာမရွိဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.