Premier League

အယ်လစ်ဆန် ဘက်ခါရဲ့ လက်စွမ်းကိုမြင်ပြီး ရှော့ခ်ရခဲ့တဲ့ သီယာရီ အွန်နရီ

ဝုဗ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ လီဗာပူးလ်အသင်းဂိုးသမား အယ်လ စ်ဆန် ဘက်ခါရဲ့လက်စွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် ရှော့ခ်ရခဲ့တဲ့ အာဆင်နယ်ကစားသမားကြီး သီယာရီ အွန်နရီက လီဗာပူးလ်ဂိုးပေါက်ဟာ မလုံခြုံတော့ဘူးလို့ Sky Sports ကိုပြောပြသွားခဲ့ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ဝုဗ်အသင်းကို ၀-၁ ရလဒ်နဲ့ အနိုင်ယူခဲ့သလို ပေးဂိုးမရှိခဲ့ဘဲ Clean Sheet ယူနိုင်ခဲ့သော်ငြား အယ်လစ်ဆန် ဘက်ခါရဲ့ လက်စွမ်းဟာ အတော်လေးဝေဖန်စရာဖြစ်ခဲ့တာပါ။

ပွဲစဥ်တလျှောက် ဝုဗ်အသင်းရဲ့ဖိအားပေးမှုအောက်ကို ကျရောက်နေတဲ့ လီဗာပူးလ်အသင်းရဲ့ ဂိုးပေါက်မှာ ဂိုးသမား ဘက်ခါရဲ့တုံ့ပြန်မှုတွေဟာ ယုံကြည်စိတ်ချစရာမကောင်းခဲ့ဘဲ နမော်နမဲ့နိုင်ခဲ့တယ်လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ပွဲချိန်အစောပိုင်းမှာ ဝုဗ်ရဲ့ ပင်နယ်တီသွင်းဂိုးကို ခွင့်မပြုခဲ့ရလို့ ဘက်ခါကံကောင်းခဲ့တာဖြစ်သလို ဝုဗ်အသင်းရဲ့ ဖြတ်တင်ဘောတွေကို တုံ့ပြန်မှုတွေမှာ ထွက်ဖမ်းရမယ့်အစား မလိုအပ်ဘဲ ပြန်ပုတ်ထုတ်ခဲ့တာတွေက လီဗာပူးလ်ကို ဇောချွေးပြန်စေခဲ့တာပါ။

ဒါပေမယ့် ဘက်ခါဟာ ကောင်းမွန်တဲ့ကာကွယ်မှုတွေကိုလည်း ပြုလုပ်သွားခဲ့တာကိုတွေ့ရပြီး အွန်နရီကတော့ အတွေ့အကြုံဝါနုသေးတဲ့ အိုဇန် ကာဘက်နဲ့ နတ်ဖီးလစ်တို့ရဲ့ လီဗာပူးလ်ခံစစ်အတွဲက တည်တည်ငြိမ်ငြိမ် ကစားသွားခဲ့ချိန်မှာ ဘယ်ခါလိုဂိုးသမားမျိုးရဲ့ မတည်ငြိမ် လက်စွမ်းကြောင့် အံ့အားသင့်ရတဲ့အထိဖြစ်ရကြောင်း ပြောသွားခဲ့ပါတယ်။ ဂျေမီ ကာရေဂါကိုယ်တိုင်ကလည်း ဘက်ခါဟာ တုန်လှုပ်နေတယ်လို့ ထောက်ခံသွားခဲ့တာဖြစ်ပါတယ်။

” ကျွန်တော်ကတော့ ဒီပွဲစဥ်မှာ လီဗာပူးလ်အသင်းက အားနည်းချက်တွေရှိပေမယ့် လိုအပ်တဲ့ရလဒ်ကို ရသွားတာလို့မြင်တယ်။ ဂိုးသမားကိုပဲ ဦးတည်ပြောချင်ပါတယ်။ ခင်ဗျားအနေနဲ့ သူ့လိုအဆင့်အတန်းမျိုးနဲ့ ဂိုးသမားဆီက ဗဟိုခံစစ်မှူးနှစ်ဦးထက် ပိုမိုတည်ငြိမ်တဲ့ကစားပုံကိုမျှော်လင့်ထားတယ်ဆိုတာ သဘာဝကျတယ်မဟုတ်လား။ သူ့ရဲ့လက်စွမ်းကို မြင်လိုက်ရချိန်မှာ ကျွန်တော်အတော်လေး မယုံနိုင်လောက်တဲ့အထိ အံ့အားသင့်ခဲ့ရပါတယ်။” လို့ အွန်နရီကဆိုသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဝုဗ္အသင္းနဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးလ္အသင္းဂိုးသမား အယ္လ စ္ဆန္ ဘက္ခါရဲ႕လက္စြမ္းကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေရွာ့ခ္ရခဲ့တဲ့ အာဆင္နယ္ကစားသမားႀကီး သီယာရီ အြန္နရီက လီဗာပူးလ္ဂိုးေပါက္ဟာ မလုံၿခဳံေတာ့ဘူးလို႔ Sky Sports ကိုေျပာျပသြားခဲ့ေၾကာင္း သိရပါတယ္။

လီဗာပူးလ္အသင္းဟာ ဝုဗ္အသင္းကို ၀-၁ ရလဒ္နဲ႔ အႏိုင္ယူခဲ့သလို ေပးဂိုးမရွိခဲ့ဘဲ Clean Sheet ယူႏိုင္ခဲ့ေသာ္ျငား အယ္လစ္ဆန္ ဘက္ခါရဲ႕ လက္စြမ္းဟာ အေတာ္ေလးေဝဖန္စရာျဖစ္ခဲ့တာပါ။

ပြဲစဥ္တေလွ်ာက္ ဝုဗ္အသင္းရဲ႕ဖိအားေပးမႈေအာက္ကို က်ေရာက္ေနတဲ့ လီဗာပူးလ္အသင္းရဲ႕ ဂိုးေပါက္မွာ ဂိုးသမား ဘက္ခါရဲ႕တုံ႔ျပန္မႈေတြဟာ ယုံၾကည္စိတ္ခ်စရာမေကာင္းခဲ့ဘဲ နေမာ္နမဲ့ႏိုင္ခဲ့တယ္လို႔ ေဝဖန္ခံေနရတာျဖစ္ပါတယ္။

ပြဲခ်ိန္အေစာပိုင္းမွာ ဝုဗ္ရဲ႕ ပင္နယ္တီသြင္းဂိုးကို ခြင့္မျပဳခဲ့ရလို႔ ဘက္ခါကံေကာင္းခဲ့တာျဖစ္သလို ဝုဗ္အသင္းရဲ႕ ျဖတ္တင္ေဘာေတြကို တုံ႔ျပန္မႈေတြမွာ ထြက္ဖမ္းရမယ့္အစား မလိုအပ္ဘဲ ျပန္ပုတ္ထုတ္ခဲ့တာေတြက လီဗာပူးလ္ကို ေဇာေခြၽးျပန္ေစခဲ့တာပါ။

ဒါေပမယ့္ ဘက္ခါဟာ ေကာင္းမြန္တဲ့ကာကြယ္မႈေတြကိုလည္း ျပဳလုပ္သြားခဲ့တာကိုေတြ႕ရၿပီး အြန္နရီကေတာ့ အေတြ႕အႀကဳံဝါႏုေသးတဲ့ အိုဇန္ ကာဘက္နဲ႔ နတ္ဖီးလစ္တို႔ရဲ႕ လီဗာပူးလ္ခံစစ္အတြဲက တည္တည္ၿငိမ္ၿငိမ္ ကစားသြားခဲ့ခ်ိန္မွာ ဘယ္ခါလိုဂိုးသမားမ်ိဳးရဲ႕ မတည္ၿငိမ္ လက္စြမ္းေၾကာင့္ အံ့အားသင့္ရတဲ့အထိျဖစ္ရေၾကာင္း ေျပာသြားခဲ့ပါတယ္။ ေဂ်မီ ကာေရဂါကိုယ္တိုင္ကလည္း ဘက္ခါဟာ တုန္လႈပ္ေနတယ္လို႔ ေထာက္ခံသြားခဲ့တာျဖစ္ပါတယ္။

” ကြၽန္ေတာ္ကေတာ့ ဒီပြဲစဥ္မွာ လီဗာပူးလ္အသင္းက အားနည္းခ်က္ေတြရွိေပမယ့္ လိုအပ္တဲ့ရလဒ္ကို ရသြားတာလို႔ျမင္တယ္။ ဂိုးသမားကိုပဲ ဦးတည္ေျပာခ်င္ပါတယ္။ ခင္ဗ်ားအေနနဲ႔ သူ႔လိုအဆင့္အတန္းမ်ိဳးနဲ႔ ဂိုးသမားဆီက ဗဟိုခံစစ္မႉးႏွစ္ဦးထက္ ပိုမိုတည္ၿငိမ္တဲ့ကစားပုံကိုေမွ်ာ္လင့္ထားတယ္ဆိုတာ သဘာဝက်တယ္မဟုတ္လား။ သူ႔ရဲ႕လက္စြမ္းကို ျမင္လိုက္ရခ်ိန္မွာ ကြၽန္ေတာ္အေတာ္ေလး မယုံႏိုင္ေလာက္တဲ့အထိ အံ့အားသင့္ခဲ့ရပါတယ္။” လို႔ အြန္နရီကဆိုသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.