Premier League Transfer News

17 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာ ဂျွန် မာတပ်ဖ်နဲ့ နည်းစနစ်ဒါရိုက်တာ ဒါရင်း ဖလက်ချာတို့အနေနဲ့ ဝက်စ်ဟမ်း ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် နေရာခြိမ်းခြောက်ခံရဖွယ်ရှိနေတဲ့ စကော့ မက်တော်မီနေးကိုလည်း ဆက်လက်ထိန်းသိမ်းသွားဖို့ စီစဉ်ထား။

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းဆီကို လက်လွှတ်ခဲ့ရသလိုမျိုး ထပ်မဖြစ်ရအောင် သင်ခန်းစာကို အသုံးချတဲ့အနေနဲ့ လူငယ်အသင်းက ခြေစွမ်းမြင့်မားတဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ဟန်နီဘယ်လ် မေဘရီနဲ့ အန်ထော်နီ အီလွန်ဂါတို့နှစ်ဦးကို ယူနိုက်တက် စာချုပ်သစ် ချုပ်ဆို။

– ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ နွေရာသီမှာ အာလင်း ဟားလန်း ဒါမှမဟုတ် သူ့လိုမျိုး ဈေးနှုန်းမြင့်မားတဲ့ အထောင်တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူမှာဖြစ်တဲ့အတွက် ဂျေဒန် ဆန်ချိုကို လက်လွှတ်လိုက်ပြီဖြစ်ပြီး သူ့အစား ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းရဲ့ လျော်ကြေးစာချုပ် ပေါင် ၅၁.၇ သန်းတန် တောင်ပံကစားသမား ပက်ဒရို ဂွန်ဆာလ်ဗက်စ်ကို အလိုရှိနေ။

– ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ လာမယ့်နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖြစ်ခဲ့တယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းကသာ ရီးရဲလ်မက်ဒရစ်အသင်းထက် ပိုမိုခိုင်မာတဲ့ ပြောင်းရွှေ့နိုင်ဖွယ်နေရာတစ်ခုဖြစ်တယ်လို့သိရ။

– ဆီဗီလာအသင်းအနေနဲ့ သူတို့ ဝယ်ယူစဉ်က ပေါင် ၂၂.၅ သန်းသာ ပေးခဲ့ရတဲ့ ပြင်သစ်နောက်ခံလူ ဂျူးလ် ကွန်ဒီကို ယူနိုက်တက်တို့ဆီ ရောင်းချချင်နေပြီး မူလသတ်မှတ်ထားခဲ့တဲ့ ဈေးနှုန်းဖြစ်တဲ့ ပေါင် ၆၈ သန်း (ယူရိုသန်း ၈၀)ကနေ ပေါင်သန်း ၅၀ ကို လျှော့ချပေးမယ်လို့ အသံထွက်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဖေဖော်ဝါရီလတစ်လတာ အကောင်းဆုံးကစားသမားဆုကို ဘယ်နောက်ခံလူ လုခ်ရှောက ရရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တဲ့ အင်္ဂလန်သားရဲ့ စွမ်းဆောင်ရည်ကို ကလပ်အသင်းရဲ့ တွစ်တာနဲ့ ပရိသတ်တွေက ဂုဏ်ပြုသွားခဲ့ကြ။

– အသင်းကို ရောက်ရှိလာကတည်းက ကစားခွင့်ကောင်းကောင်းမရဘဲ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ နီးစပ်သူတွေကပါ စိတ်ပူနေကြပြီဖြစ်တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ရဲ့ အနာဂတ်အတွက် အေးဂျင့်ဖြစ်သူအနေနဲ့ ယူနိုက်တက်တာဝန်ရှိသူတွေကို စတင် ဆွေးနွေးနေပြီလို့ဆို။

– အေစီမီလန်အသင်းနဲ့ ပထမအကျော့ အိမ်ကွင်းမှာ ရလဒ်မကောင်းခဲ့တာကို ခြေဖျက်ဖို့အတွက် နည်းပြ ဆိုးလ်ရှားအနေနဲ့ လာမယ့်ပွဲမှာ လူစုံထုတ်သုံးနိုင်ပြီး တိုက်စစ်မှူး ကာဗာနီ ပြန်လည်ပါဝင်လာနိုင်သလို ခံစစ်ဦးစားပေး ကွင်းလယ်အထိုင်မှာ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေကို ဖော်ဆောင်နိုင်မယ့် ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ရဲ့အားနဲ့ ဗျူဟာချဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး ပေါင်ဒဏ်ရာကနေ သက်သာလာခဲ့ချိန်မှာ လိုအပ်တဲ့ ကြံ့ခိုင်မှုအဆင့်အတန်းကို ရောက်ရှိတာနဲ့ ပြန်ကစားပေးနိုင်တော့မှာဖြစ်သလို အသင်းဖော်တွေကိုလည်း နှုတ်ဆက်စကားဆိုခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဂြၽန္ မာတပ္ဖ္နဲ႔ နည္းစနစ္ဒါ႐ိုက္တာ ဒါရင္း ဖလက္ခ်ာတို႔အေနနဲ႔ ဝက္စ္ဟမ္း ယူႏိုက္တက္ရဲ႕ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ စိတ္အားထက္သန္ေနေပမယ့္ ေနရာၿခိမ္းေျခာက္ခံရဖြယ္ရွိေနတဲ့ စေကာ့ မက္ေတာ္မီေနးကိုလည္း ဆက္လက္ထိန္းသိမ္းသြားဖို႔ စီစဥ္ထား။

– ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ဂ်ဴဗင္တပ္စ္အသင္းဆီကို လက္လႊတ္ခဲ့ရသလိုမ်ိဳး ထပ္မျဖစ္ရေအာင္ သင္ခန္းစာကို အသုံးခ်တဲ့အေနနဲ႔ လူငယ္အသင္းက ေျခစြမ္းျမင့္မားတဲ့ ကစားသမားႏွစ္ဦးျဖစ္တဲ့ ဟန္နီဘယ္လ္ ေမဘရီနဲ႔ အန္ေထာ္နီ အီလြန္ဂါတို႔ႏွစ္ဦးကို ယူႏိုက္တက္ စာခ်ဳပ္သစ္ ခ်ဳပ္ဆို။

– ယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ ေႏြရာသီမွာ အာလင္း ဟားလန္း ဒါမွမဟုတ္ သူ႔လိုမ်ိဳး ေဈးႏႈန္းျမင့္မားတဲ့ အေထာင္တိုက္စစ္မႉး တစ္ဦးကို ေခၚယူမွာျဖစ္တဲ့အတြက္ ေဂ်ဒန္ ဆန္ခ်ိဳကို လက္လႊတ္လိုက္ၿပီျဖစ္ၿပီး သူ႔အစား ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းရဲ႕ ေလ်ာ္ေၾကးစာခ်ဳပ္ ေပါင္ ၅၁.၇ သန္းတန္ ေတာင္ပံကစားသမား ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္ကို အလိုရွိေန။

– ဝါရင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ လာမယ့္ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းကေန ထြက္ခြာျဖစ္ခဲ့တယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းကသာ ရီးရဲလ္မက္ဒရစ္အသင္းထက္ ပိုမိုခိုင္မာတဲ့ ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ေနရာတစ္ခုျဖစ္တယ္လို႔သိရ။

– ဆီဗီလာအသင္းအေနနဲ႔ သူတို႔ ဝယ္ယူစဥ္က ေပါင္ ၂၂.၅ သန္းသာ ေပးခဲ့ရတဲ့ ျပင္သစ္ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ယူႏိုက္တက္တို႔ဆီ ေရာင္းခ်ခ်င္ေနၿပီး မူလသတ္မွတ္ထားခဲ့တဲ့ ေဈးႏႈန္းျဖစ္တဲ့ ေပါင္ ၆၈ သန္း (ယူ႐ိုသန္း ၈၀)ကေန ေပါင္သန္း ၅၀ ကို ေလွ်ာ့ခ်ေပးမယ္လို႔ အသံထြက္လာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေဖေဖာ္ဝါရီလတစ္လတာ အေကာင္းဆုံးကစားသမားဆုကို ဘယ္ေနာက္ခံလူ လုခ္ေရွာက ရရွိခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ေက်ာ္ျဖတ္ၿပီး ရယူႏိုင္ခဲ့တဲ့ အဂၤလန္သားရဲ႕ စြမ္းေဆာင္ရည္ကို ကလပ္အသင္းရဲ႕ တြစ္တာနဲ႔ ပရိသတ္ေတြက ဂုဏ္ျပဳသြားခဲ့ၾက။

– အသင္းကို ေရာက္ရွိလာကတည္းက ကစားခြင့္ေကာင္းေကာင္းမရဘဲ နယ္သာလန္လက္ေ႐ြးစင္အသင္းနဲ႔ နီးစပ္သူေတြကပါ စိတ္ပူေနၾကၿပီျဖစ္တဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ အနာဂတ္အတြက္ ေအးဂ်င့္ျဖစ္သူအေနနဲ႔ ယူႏိုက္တက္တာဝန္ရွိသူေတြကို စတင္ ေဆြးေႏြးေနၿပီလို႔ဆို။

– ေအစီမီလန္အသင္းနဲ႔ ပထမအေက်ာ့ အိမ္ကြင္းမွာ ရလဒ္မေကာင္းခဲ့တာကို ေျခဖ်က္ဖို႔အတြက္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ပြဲမွာ လူစုံထုတ္သုံးႏိုင္ၿပီး တိုက္စစ္မႉး ကာဗာနီ ျပန္လည္ပါဝင္လာႏိုင္သလို ခံစစ္ဦးစားေပး ကြင္းလယ္အထိုင္မွာ လ်င္ျမန္တဲ့ တန္ျပန္ တိုက္စစ္ေတြကို ေဖာ္ေဆာင္ႏိုင္မယ့္ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔ရဲ႕အားနဲ႔ ဗ်ဴဟာခ်ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ အသင္းရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ျပန္လည္ပူးေပါင္းႏိုင္ခဲ့ၿပီး ေပါင္ဒဏ္ရာကေန သက္သာလာခဲ့ခ်ိန္မွာ လိုအပ္တဲ့ ႀကံ့ခိုင္မႈအဆင့္အတန္းကို ေရာက္ရွိတာနဲ႔ ျပန္ကစားေပးႏိုင္ေတာ့မွာျဖစ္သလို အသင္းေဖာ္ေတြကိုလည္း ႏႈတ္ဆက္စကားဆိုခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.