Premier League Transfer News

17 Mar နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ထရိန်နင်မှာ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကို ဂိုးရှေ့မှာ အဆုံးသတ်ပိုင်းအတွက် လေ့ကျင့်ခိုင်းထားတဲ့ ပုံစံကို တွေ့ခဲ့ရသလို ဘရာဇီးလ်သားအနေနဲ့လည်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာမယ့် ပွဲတွေမှာ အထောင်တိုက်စစ်မှာ ပွဲထုတ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေ။

– လာမယ့် အင်္ဂါနေ့မှာ ကစားရမယ့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် ပေါ်တူဂီလက်ရွေးစင်အသင်း လူစာရင်းအတွက် အာဆင်နယ်နောက်ခံလူ ဆီးဒရစ် ဆွာရက်စ် အရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ နိုဝင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ကြောင်း သိရ။

– နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အာဆင်နယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးနဲ့ ပတ်သက်လို့ ပြောစရာတစ်ခုပဲရှိကြောင်းနဲ့ အဲ့ဒါက သူ့ကစားပုံကို ကြိုက်နှစ်သက်တယ်ဆိုတာပဲဖြစ်တယ်လို့ ပြောကြားလိုက်ပြီး အနာဂတ်မှာ ဒီထက် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာဖို့ ဆန္ဒပြုသွား။

– အာဆင်နယ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းရဲ့ ဗဟိုနောက်ခံလူ အီဗန် အန်ဒစ်ကာတို့ရဲ့ သတင်းတွေက အရှိန်ပိုမြင့်လာနေပြီး ပြင်သစ်သားအနေနဲ့ မြောက်လန်ဒန်ကလပ်ရဲ့ တောင်ပံကစားသမား နီကိုလာ ပေပေနဲ့ အေးဂျင့်ချင်း တူညီနေလို့ ခန့်မှန်းမှုတွေ ပိုများလာ။

– အသင်းနဲ့ ပူးပေါင်းတာ နောက်ကျခဲ့တဲ့အတွက် မြောက်လန်ဒန်ဒါဘီမှာ ချန်လှပ်ခံခဲ့ရတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ လာမယ့် အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ပြန်လည် ပွဲထွက်ခွင့်ရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းဂန္ထဝင်တိုက်စစ်မှူး ဒင်းနစ္စ ဘားကမ့်ရဲ့ သားဖြစ်သူ မစ်ချဲလ်ကို စမ်းသပ်အောင်မြင်ခဲ့ပေမယ့် မခေါ်ယူခဲ့တာဟာ အသက်အရွယ်အားဖြင့် ပြန်လည်ပျိုးထောင်ပြီး သုံးစွဲရမယ့် အရွယ်ကို ကျော်လွန်နေပြီဖြစ်ပြီး အချိန်ပေးနိုင်ခြင်း မရှိတော့လို့ ဖြစ်တယ်လို့ သိရ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ လာမယ့်ရာသီသစ်မှာ အသင်းက ထွက်ခွာနိုင်ခြေရှိတဲ့ ဟက်တာ ဘယ်လာရင်နဲ့ ဦးဆောင်မှု မပြသနိုင်တဲ့ တိုက်စစ်မှူး အူဘာမီယန်းတို့နေရာမှာ နောက်ခံလူ ကီရန် တီယာနီကို အသင်းခေါင်းဆောင်သစ်အဖြစ် ပေးအပ်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ထရိန္နင္မွာ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကို ဂိုးေရွ႕မွာ အဆုံးသတ္ပိုင္းအတြက္ ေလ့က်င့္ခိုင္းထားတဲ့ ပုံစံကို ေတြ႕ခဲ့ရသလို ဘရာဇီးလ္သားအေနနဲ႔လည္း ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ လာမယ့္ ပြဲေတြမွာ အေထာင္တိုက္စစ္မွာ ပြဲထုတ္လာႏိုင္တယ္လို႔ ခန႔္မွန္းမႈေတြရွိေန။

– လာမယ့္ အဂၤါေန႔မွာ ကစားရမယ့္ ဥေရာပဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲကစားမယ့္ ေပၚတူဂီလက္ေ႐ြးစင္အသင္း လူစာရင္းအတြက္ အာဆင္နယ္ေနာက္ခံလူ ဆီးဒရစ္ ဆြာရက္စ္ အေ႐ြးခ်ယ္ခံခဲ့ရၿပီး ၂၀၁၈ ႏိုဝင္ဘာေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ျပန္လည္ပါဝင္ႏိုင္ခဲ့တာျဖစ္ေၾကာင္း သိရ။

– ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က အာဆင္နယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးနဲ႔ ပတ္သက္လို႔ ေျပာစရာတစ္ခုပဲရွိေၾကာင္းနဲ႔ အဲ့ဒါက သူ႔ကစားပုံကို ႀကိဳက္ႏွစ္သက္တယ္ဆိုတာပဲျဖစ္တယ္လို႔ ေျပာၾကားလိုက္ၿပီး အနာဂတ္မွာ ဒီထက္ ဖြံ႕ၿဖိဳးတိုးတက္ေကာင္းမြန္လာဖို႔ ဆႏၵျပဳသြား။

– အာဆင္နယ္အသင္းနဲ႔ ဘြန္ဒက္စ္လီဂါကလပ္ ဖရန႔္ဖတ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ အီဗန္ အန္ဒစ္ကာတို႔ရဲ႕ သတင္းေတြက အရွိန္ပိုျမင့္လာေနၿပီး ျပင္သစ္သားအေနနဲ႔ ေျမာက္လန္ဒန္ကလပ္ရဲ႕ ေတာင္ပံကစားသမား နီကိုလာ ေပေပနဲ႔ ေအးဂ်င့္ခ်င္း တူညီေနလို႔ ခန႔္မွန္းမႈေတြ ပိုမ်ားလာ။

– အသင္းနဲ႔ ပူးေပါင္းတာ ေနာက္က်ခဲ့တဲ့အတြက္ ေျမာက္လန္ဒန္ဒါဘီမွာ ခ်န္လွပ္ခံခဲ့ရတဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ လာမယ့္ အိုလံပီယာေကာ့စ္နဲ႔ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ အိမ္ကြင္းပြဲစဥ္မွာ ျပန္လည္ ပြဲထြက္ခြင့္ရဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းဂႏၴဝင္တိုက္စစ္မႉး ဒင္းနစၥ ဘားကမ့္ရဲ႕ သားျဖစ္သူ မစ္ခ်ဲလ္ကို စမ္းသပ္ေအာင္ျမင္ခဲ့ေပမယ့္ မေခၚယူခဲ့တာဟာ အသက္အ႐ြယ္အားျဖင့္ ျပန္လည္ပ်ိဳးေထာင္ၿပီး သုံးစြဲရမယ့္ အ႐ြယ္ကို ေက်ာ္လြန္ေနၿပီျဖစ္ၿပီး အခ်ိန္ေပးႏိုင္ျခင္း မရွိေတာ့လို႔ ျဖစ္တယ္လို႔ သိရ။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ လာမယ့္ရာသီသစ္မွာ အသင္းက ထြက္ခြာႏိုင္ေျခရွိတဲ့ ဟက္တာ ဘယ္လာရင္နဲ႔ ဦးေဆာင္မႈ မျပသႏိုင္တဲ့ တိုက္စစ္မႉး အူဘာမီယန္းတို႔ေနရာမွာ ေနာက္ခံလူ ကီရန္ တီယာနီကို အသင္းေခါင္းေဆာင္သစ္အျဖစ္ ေပးအပ္သြားဖို႔ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.