Match Report Premier League UCL&UEL

ချန်ပီယံလိဂ်မှာ အမှားအယွင်းမရှိ ကွာတားတက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂျာမန်ကလပ် မိုချန်ဂလာဘက်ချ်ကို ဟန်ဂေရီနိုင်ငံမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းမှာကတည်းက သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးနဲ့အတူ နောက်တစ်ဆင့်ကို အေးအေးဆေးဆေးပဲ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးနဲ့ ဒီဘရိုင်းနားတို့ တွဲပြီး ၄-၂-၃-၁ ပုံစံမျိုး ကစားရင် ရုန်းကန်ရတတ်ပြီး ကွင်းလယ်ကစားအားကျတတ်တဲ့ ပြဿနာရှိတာကြောင့် ဒီနေ့ပွဲမှာ ဂွါဒီယိုလာအနေနဲ့ ဘယ်လ်ဂျီယမ်သားကို ထည့်သွင်းခဲ့ပေမယ့် တိုက်စစ်မှူးမပါတဲ့ ၄-၆-၀ ကစားကွက်ကို ရွေးချယ်ခဲ့ပြီး ပုံစံကောင်းရခဲ့သလို ဒါက ပြီးခဲ့တဲ့ပွဲတွေမှာ ခံစစ်ပိုင်းကို ထိုးနှက်ခံရမှုအတွက် အဖြေတစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာကတည်းက ကန်ဆယ်လိုရဲ့ လှပတဲ့ ပေးပို့မှုကနေ ဖိုဒန် အခွင့်အရေးရခဲ့ပေမယ့် ခေါင်းတိုက်လိုက်ရမယ့်အစား ဘယ်ခြေနဲ့ ကန်သွင်းဖို့ ကြိုးစားတာက အနီးကပ် အနေအထားကနေ လွဲချော်စေခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာတော့ စီးတီးတို့ လိုချင်နေတဲ့ ဂလာဘက်ချ်ကွင်းလယ်လူ ဇာကာရီးယားရဲ့ ကန်ချက် လမ်းကြောင်းပြောင်းခဲ့တာကို အီဒါဆန် မနည်းကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ဧရိယာထိပ်မှာ သတိကြီးကြီးနဲ့ စောင့်နေခဲ့တဲ့ ဂလာဘက်ချ်ခံစစ်ကြောင့် ထိုးဖောက်ဖို့ ခက်နေရင်းကပဲ ကွင်းလယ်လူ ဒီဘရိုင်းနားက ဘယ်ခြေနဲ့ အမှတ်မထင် ကန်သွင်းခဲ့ရာမှာ ကန်ချက်ပြင်းပြင်းနဲ့ ဘားထိပြီး ဝင်သွားခဲ့လို့ ဂိုးသမား ဆွမ်းမား ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ကွင်းလယ်ကနေ ဘယ်ခြမ်းကို ဆွဲပြေးလာခဲ့တဲ့ ဖိုဒန်က ဆန့်ကျင်ဘက်ကို ပြန်ပြေးပြီး နေရာယူခဲ့တဲ့ ဂွန်ဒိုးဝမ်ဆီ ကွက်တိချပေးတာကနေ ဂျာမန်သားက သူ့ရဲ့ ပုံစံကောင်းရရှိနေတဲ့ ဂိုးမှတ်တမ်းကို သွေးအေးတဲ့ အဆုံးသတ်နဲ့ ထပ်မံတိုးမြှင့်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ သူရမ်ရဲ့ ကန်ချက်ကို အီဒါဆန် ကာကွယ်သွားခဲ့သလို ဒီဘရိုင်းနားရဲ့ ကောင်းမွန်တဲ့ ဖရီးကစ်ကိုလည်း ဆွမ်းမား ဘားပေါ်က ကျော်ပုတ်နိုင်ခဲ့လို့ ဂလာဘက်ချ်တို့ ပြန်ရုန်းနေတဲ့ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးထပ်မရခဲ့ဘဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဂွန်ဒိုးဝမ် ခင်းပေးခဲ့တာကို မာရက်ဇ်က သာမန်ကန်ချက်နဲ့ ဘေးချော်ကန်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ ရိုဒရီအစား ဖာနန်ဒင်ညိုနဲ့ ကန်ဆယ်လိုအစား ဇင်ချန်ကိုတို့ ဝင်ရောက်ကစားခဲ့သလို မိနစ် ၇၀ မှာတော့ ဂွန်ဒိုးဝမ်အစား စတာလင်နဲ့ ဒီယက်စ်အစား လာပေါ့တ်တို့ ဝင်ရောက်ကစားခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ မာရက်ဇ်ကတော့ xG နည်းတဲ့ ကန်ချက်တွေကို ပြုလုပ်နေခဲ့သလို အပိုင်အခွင့်အရေးတချို့မှာလည်း ဖြုန်းတီးမှုပဲ များနေခဲ့ပြီး ဂလာဘက်ချ်ဘက်ကလည်း တိုက်စစ်မြှင့်လာခဲ့ပေမယ့် အယ်လ်ဂျီးရီးယားသားနဲ့ ထူးမခြားနား ကန်ချက်တွေကိုပဲ မြင်ခဲ့ရလို့ ရလဒ်က ထပ်မံပြောင်းလဲခြင်းမရှိတော့ဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ နှစ်ကျော့ပေါင်းမှာ တူညီတဲ့ နှစ်ဂိုး-ဂိုးမရှိရလဒ် (စုစုပေါင်း လေးဂိုး-ဂိုးမရှိ)နဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိ မှတ်တမ်းကို ရှေ့ဆက်နိုင်ခဲ့သလို နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံမလဲဆိုတာ ကိုတော့ မတ်လ ၁၉ ရက်နေ့ညနေမှာ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ မဲခွဲမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂျာမန်ကလပ် မိုချန်ဂလာဘက်ခ်ျကို ဟန်ဂေရီနိုင်ငံမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းမှာကတည်းက သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးနဲ့အတူ နောက်တစ်ဆင့်ကို အေးအေးဆေးဆေးပဲ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ပွဲချိန် ၆ မိနစ်မှာကတည်းက ကန်ဆယ်လိုရဲ့ လှပတဲ့ ပေးပို့မှုကနေ ဖိုဒန် အခွင့်အရေးရခဲ့ပေမယ့် ခေါင်းတိုက်လိုက်ရမယ့်အစား ဘယ်ခြေနဲ့ ကန်သွင်းဖို့ ကြိုးစားတာက အနီးကပ် အနေအထားကနေ လွဲချော်စေခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာတော့ စီးတီးတို့ လိုချင်နေတဲ့ ဂလာဘက်ခ်ျကွင်းလယ်လူ ဇာကာရီးယားရဲ့ ကန်ချက် လမ်းကြောင်းပြောင်းခဲ့တာကို အီဒါဆန် မနည်းကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ဧရိယာထိပ်မှာ သတိကြီးကြီးနဲ့ စောင့်နေခဲ့တဲ့ ဂလာဘက်ခ်ျခံစစ်ကြောင့် ထိုးဖောက်ဖို့ ခက်နေရင်းကပဲ ကွင်းလယ်လူ ဒီဘရိုင်းနားက ဘယ်ခြေနဲ့ အမှတ်မထင် ကန်သွင်းခဲ့ရာမှာ ကန်ချက်ပြင်းပြင်းနဲ့ ဘားထိပြီး ဝင်သွားခဲ့လို့ ဂိုးသမား ဆွမ်းမား ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။


ဒီနောက်ပိုင်းမှာတော့ သူရမ်ရဲ့ ကန်ချက်ကို အီဒါဆန် ကာကွယ်သွားခဲ့သလို ဒီဘရိုင်းနားရဲ့ ကောင်းမွန်တဲ့ ဖရီးကစ်ကိုလည်း ဆွမ်းမား ဘားပေါ်က ကျော်ပုတ်နိုင်ခဲ့လို့ ဂလာဘက်ခ်ျတို့ ပြန်ရုန်းနေတဲ့ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးထပ်မရခဲ့ဘဲ ဖြစ်နေခဲ့ပါတယ်။


ဒီနေ့ပွဲမှာ မာရက်ဇ်ကတော့ xG နည်းတဲ့ ကန်ချက်တွေကို ပြုလုပ်နေခဲ့သလို အပိုင်အခွင့်အရေးတချို့မှာလည်း ဖြုန်းတီးမှုပဲ များနေခဲ့ပြီး ဂလာဘက်ခ်ျဘက်ကလည်း တိုက်စစ်မြှင့်လာခဲ့ပေမယ့် အယ်လ်ဂျီးရီးယားသားနဲ့ ထူးမခြားနား ကန်ချက်တွေကိုပဲ မြင်ခဲ့ရလို့ ရလဒ်က ထပ်မံပြောင်းလဲခြင်းမရှိတော့ဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.