Premier League Transfer News

16 Mar နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ အသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျမှုကြောင့် ပွဲထွက်လူစာရင်းမှာ ထည့်သုံးမခံခဲ့ရတာလို့ သိရပြီး ဒီကိစ္စအတွက် ထပ်မံ အကျယ်ချဲ့ဖို့ မရှိတော့ပေမယ့် ပွဲအပြီး သွေးအေးလေ့ကျင့်ခန်း ပြုလုပ်မှုကို ပျက်ကွက်ခဲ့တာအတွက်တော့ ဒဏ်ငွေကြီးကြီးမားမား ချမှတ်ခံရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်း ရေးပါလာက အသင်းထက် ကြီးမားတဲ့သူ ဘယ်သူမှ မရှိဘူးလို့ အူဘာမီယန်းအပေါ် နည်းပြ အာတီတာရဲ့ ကိုင်တွယ်ပုံကို ထောက်ခံလိုက်ပြီး အဝတ်လဲခန်းထဲမှာ သြဇာညောင်းတဲ့ ကစားသမားတွေကလည်း ထောက်ခံမှု ပြသထား။

– လာမယ့်နွေရာသီမှာ အသင်းရဲ့ နောက်ခံညာအတွင်းလူနေရာကို အင်အားဖြည့်တင်းသွားဖို့ ဘွန်ဒက်စ်လီဂါလပ် အိုင့်ထရက် ဖရန့်ဖတ်အသင်းက နောက်ခံလူ အီဗန် အန်ဒစ်ကာကို အာဆင်နယ်တို့ အလိုရှိနေပြီး ပေါင် ၁၉ သန်းတန် နောက်ခံလူရဲ့ အေးဂျင့်ဆီ ချိတ်ဆက် စုံစမ်းမှုတွေ ပြုလုပ်နေ။

– အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ အသင်းမှာ သူ့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းဖော် အာရွန် ဘူပင်ဇာကို တွေ့မြင်ချင်နေပြီး ဂါဘွန်သားအနေနဲ့ တူရကီဆူပါလိဂ်မှာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေခဲ့တဲ့ တန်းတက်ကလပ် ဟာတေစပေါ်အသင်းအတွက် ၂၆ ပွဲမှာ ၁၈ ဂိုး သွင်းယူထားကြောင်းသိရ။

– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို အသင်းမှာ ဆက်လက်ရှိနေနိုင်အောင် နည်းလမ်းရှာဖွေဖို့ အာဆင်နယ်ဘုတ်အဖွဲ့ဆီ တောင်းဆိုလိုက်ပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့တော့ အပြီးသတ် ရောင်းချဖို့ သဘောမတူရင်တောင် နောက်ထပ် တစ်ရာသီ ထပ်မံအငှားချပေးနိုင်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအတွက် ထပ်မံကစားပေးလိုသေးကြောင်း ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီက ပြောကြားလိုက်ပြီး သူဟာ ၂၀၂၂ အထိ မြောက်လန်ဒန်မှာ စာချုပ်ရှိနေသေးတာကြောင့် ဒီအသင်းရဲ့ ကစားသမားတစ်ဦးအဖြစ်ပဲ မှတ်ယူထားသလို အနာဂတ်အတွက်ကိုတော့ သေသေချာချာ အချိန်ယူဆွေးနွေးမယ်လို့ သတင်းပါးသွား။

– မြောက်လန်ဒန်ဒါဘီမှာ စပါးစ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲကစားမယ့် လူစာရင်းမှာ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီ ပါဝင်မလာခြင်းဟာ နည်းစနစ်ပိုင်းဆိုင်ရာ ရွေးချယ်မှုကြောင့်သာဖြစ်ပြီး ဘရာဇီးလ်သားအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေသလို အသင်းရဲ့ အနာဂတ်အဖြစ် ရှုမြင်ခံထားရမှုကနေ တစ်ပြားသားမှ လျော့ကျသွားခြင်းမရှိဘူးလို့ ဒေးဗစ် အွန်းစတိန်းပြောကြား။

– တော့တင်ဟမ်ဟော့စပါးစ်နဲ့ပွဲစဉ်မှာ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာနဲ့ နီကိုလာ ပေပေကို ဒုတိယပိုင်းအစမှာ လဲလှယ်ခဲ့မှုဟာ နည်းစနစ်ပိုင်းအရလို့ ပရိသတ်တွေက ထင်ခဲ့ကြပေမယ့် အင်္ဂလန်လူငယ်ရဲ့ ပေါင်နောက်ကြောမှာ မသက်မသာ ခံစားခဲ့ရလို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လဲလှယ်ခဲ့တာလို့ သိရ။

– အာဆင်နယ်အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင် ဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက သူ့ရဲ့အသင်းဟောင်းအနေနဲ့ နည်းပြ အာတီတာရဲ့ လက်အောက်မှာ ဘယ်အသင်းကိုမဆို အနိုင်ရနိုင်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားပေမယ့် ဒါကို တစ်သမတ်တည်း ထိန်းသိမ်းနိုင်စွမ်းကတော့ သံသယဖြစ်စရာလို့ သုံးသပ်လိုက်သလို ပိုမိုတည်ငြိမ်အောင် ကြိုးစားဖို့ တိုက်တွန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းအေနနဲ႔ အသင္းနဲ႔ ပူးေပါင္းဖို႔ ေနာက္က်မႈေၾကာင့္ ပြဲထြက္လူစာရင္းမွာ ထည့္သုံးမခံခဲ့ရတာလို႔ သိရၿပီး ဒီကိစၥအတြက္ ထပ္မံ အက်ယ္ခ်ဲ႕ဖို႔ မရွိေတာ့ေပမယ့္ ပြဲအၿပီး ေသြးေအးေလ့က်င့္ခန္း ျပဳလုပ္မႈကို ပ်က္ကြက္ခဲ့တာအတြက္ေတာ့ ဒဏ္ေငြႀကီးႀကီးမားမား ခ်မွတ္ခံရဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္း ေရးပါလာက အသင္းထက္ ႀကီးမားတဲ့သူ ဘယ္သူမွ မရွိဘူးလို႔ အူဘာမီယန္းအေပၚ နည္းျပ အာတီတာရဲ႕ ကိုင္တြယ္ပုံကို ေထာက္ခံလိုက္ၿပီး အဝတ္လဲခန္းထဲမွာ ၾသဇာေညာင္းတဲ့ ကစားသမားေတြကလည္း ေထာက္ခံမႈ ျပသထား။

– လာမယ့္ေႏြရာသီမွာ အသင္းရဲ႕ ေနာက္ခံညာအတြင္းလူေနရာကို အင္အားျဖည့္တင္းသြားဖို႔ ဘြန္ဒက္စ္လီဂါလပ္ အိုင့္ထရက္ ဖရန႔္ဖတ္အသင္းက ေနာက္ခံလူ အီဗန္ အန္ဒစ္ကာကို အာဆင္နယ္တို႔ အလိုရွိေနၿပီး ေပါင္ ၁၉ သန္းတန္ ေနာက္ခံလူရဲ႕ ေအးဂ်င့္ဆီ ခ်ိတ္ဆက္ စုံစမ္းမႈေတြ ျပဳလုပ္ေန။

– အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းအေနနဲ႔ အသင္းမွာ သူ႔ရဲ႕ ႏိုင္ငံလက္ေ႐ြးစင္အသင္းေဖာ္ အာ႐ြန္ ဘူပင္ဇာကို ေတြ႕ျမင္ခ်င္ေနၿပီး ဂါဘြန္သားအေနနဲ႔ တူရကီဆူပါလိဂ္မွာ ဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေနခဲ့တဲ့ တန္းတက္ကလပ္ ဟာေတစေပၚအသင္းအတြက္ ၂၆ ပြဲမွာ ၁၈ ဂိုး သြင္းယူထားေၾကာင္းသိရ။

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို အသင္းမွာ ဆက္လက္ရွိေနႏိုင္ေအာင္ နည္းလမ္းရွာေဖြဖို႔ အာဆင္နယ္ဘုတ္အဖြဲ႕ဆီ ေတာင္းဆိုလိုက္ၿပီး ရီးရဲလ္မက္ဒရစ္အေနနဲ႔ေတာ့ အၿပီးသတ္ ေရာင္းခ်ဖို႔ သေဘာမတူရင္ေတာင္ ေနာက္ထပ္ တစ္ရာသီ ထပ္မံအငွားခ်ေပးႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအတြက္ ထပ္မံကစားေပးလိုေသးေၾကာင္း ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီက ေျပာၾကားလိုက္ၿပီး သူဟာ ၂၀၂၂ အထိ ေျမာက္လန္ဒန္မွာ စာခ်ဳပ္ရွိေနေသးတာေၾကာင့္ ဒီအသင္းရဲ႕ ကစားသမားတစ္ဦးအျဖစ္ပဲ မွတ္ယူထားသလို အနာဂတ္အတြက္ကိုေတာ့ ေသေသခ်ာခ်ာ အခ်ိန္ယူေဆြးေႏြးမယ္လို႔ သတင္းပါးသြား။

– ေျမာက္လန္ဒန္ဒါဘီမွာ စပါးစ္အသင္းကို အႏိုင္ရခဲ့တဲ့ ပြဲကစားမယ့္ လူစာရင္းမွာ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီ ပါဝင္မလာျခင္းဟာ နည္းစနစ္ပိုင္းဆိုင္ရာ ေ႐ြးခ်ယ္မႈေၾကာင့္သာျဖစ္ၿပီး ဘရာဇီးလ္သားအေနနဲ႔ ႀကံ့ခိုင္မႈ ျပည့္ဝေနသလို အသင္းရဲ႕ အနာဂတ္အျဖစ္ ရႈျမင္ခံထားရမႈကေန တစ္ျပားသားမွ ေလ်ာ့က်သြားျခင္းမရွိဘူးလို႔ ေဒးဗစ္ အြန္းစတိန္းေျပာၾကား။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ပြဲစဥ္မွာ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာနဲ႔ နီကိုလာ ေပေပကို ဒုတိယပိုင္းအစမွာ လဲလွယ္ခဲ့မႈဟာ နည္းစနစ္ပိုင္းအရလို႔ ပရိသတ္ေတြက ထင္ခဲ့ၾကေပမယ့္ အဂၤလန္လူငယ္ရဲ႕ ေပါင္ေနာက္ေၾကာမွာ မသက္မသာ ခံစားခဲ့ရလို႔ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ လဲလွယ္ခဲ့တာလို႔ သိရ။

– အာဆင္နယ္အသင္းရဲ႕ ထာဝရဂိုးသြင္းဘုရင္ ဂႏၴဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ နည္းျပ အာတီတာရဲ႕ လက္ေအာက္မွာ ဘယ္အသင္းကိုမဆို အႏိုင္ရႏိုင္တဲ့ ေျခစြမ္းကို ပိုင္ဆိုင္ထားေပမယ့္ ဒါကို တစ္သမတ္တည္း ထိန္းသိမ္းႏိုင္စြမ္းကေတာ့ သံသယျဖစ္စရာလို႔ သုံးသပ္လိုက္သလို ပိုမိုတည္ၿငိမ္ေအာင္ ႀကိဳးစားဖို႔ တိုက္တြန္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.