Match Report Premier League

အဝေးကွင်းမှာဆို စိတ်ချရပြီး အမှတ်တွေ ရှာဖွေနိုင်တဲ့ လီဗာပူးလ်ရဲ့ အဖိုးတန်နိုင်ပွဲ

လီဗာပူးလ်အသင်းအနေနဲ့ ဖိလစ်နဲ့ ကာဘက်ခ်တို့ကို ခံစစ်ဗဟိုမှာ သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဝါရင့်တွေကို ထုတ်သုံးလာခဲ့သလို တိုက်စစ်မှာတော့ ဆာလားနဲ့ မာနေးကို ဝုလ်ဗ်စ်ကစားသမားဟောင်း ဂျိုတာနဲ့ တွဲဖက်ပေးခဲ့ပြီး အသင်းဟောင်းကို ရင်ဆိုင်စေခဲ့ပါတယ်။

ပွဲချိန် ၂ မိနစ်မှာ အယ်လစ်ဆန် ဘောလုံးလွတ်ကျပြီး ပျာယာခတ်ခဲ့သလို တိုက်စစ်ကို လိုက်ပါလာတဲ့ နယ်လ်ဆန် ဆီမီဒိုကို ဘောလုံးမပါဘဲ တိုက်ချမိခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ မပေးခဲ့လို့ အိမ်ရှင်ဝုလ်ဗ်စ်တို့ နစ်နာခဲ့ရပြီး လီဗာပူးလ်တို့ကို ကံကောင်းသွားစေခဲ့တဲ့ ပွဲရဲ့ အလှည့်အပြောင်းလည်းဖြစ်ခဲ့ပါတယ်။

အဒါမာ ထရာအိုရေးရဲ့ ရုန်းအားနဲ့ ဝုလ်ဗ်စ်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဝီလီယန် ဂျိုဆေးနဲ့ ဆီမီဒိုတို့က ရာအူးလ် ဟီမီနက်ဇ်နဲ့ ဒိုဟာတီတို့ မဟုတ်တာကြောင့် ဒါတွေကို ထိရောက်အောင် အသုံးမချနိုင်ခဲ့ဘဲ အယ်လစ်ဆန်နဲ့ လီဗာပူးလ်နောက်တန်းတို့က ဖျက်ထုတ်သွားနိုင်ခဲ့ကြပါတယ်။

မာနေးကတော့ ဆာလားကို ဘောလုံးပေးနိုင်တဲ့ အခွင့်အရေးတွေကို ငြင်းပယ်သွားခဲ့ပြီး အကျပ်တွေနဲ့ မဖြစ်နိုင်တဲ့ ပိတ်ဆို့မှုတွေကြားကနေ ကန်ဖို့ပဲ ကြိုးစားနေတာကတော့ လီဗာပူးလ်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ၃၇ မိနစ်မှာ အာနိုးလ်ရဲ့ အနီးကပ်ဖြတ်တင်ဘောကို သူ့ရဲ့ ခေါင်းတိုက်ချက်က ဘေးထွက်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။

ပထမပိုင်းပြီးဖို့ နောက်ဆုံးအချိန်ဖြစ်တဲ့ နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ကွင်းလယ်ကနေ မထင်မှတ်ဘဲ အလျင်အမြန် တိုက်စစ်ဆင်ခဲ့တဲ့ ဆာလားနဲ့ မာနေးတို့ချင်း ရှားရှားပါးပါးချိတ်ဆက်မှုကနေ ဘယ်ခြမ်းက လိုက်လာတဲ့ ဂျိုတာကို ပေးခဲ့ရာမှာ သူက အသင်းဟောင်းကို ထောင့်ကျဉ်းကန်ချက်နဲ့ အနိုင်ယူပြီး လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

လီဗာပူးလ်တို့ ပထမပိုင်းကို ဦးဆောင်ခဲ့အပြီး ဒုတိယပိုင်းအစမှာ ဝုလ်ဗ်စ်တို့ ထောင့်ကန်ဘောကနေ ဂိုးရဖို့ အဆင့်ဆင့်တိုက်စစ်ဆင်မှုက မအောင်မြင်ခဲ့သလို ထရာအိုရေးရဲ့ ဖြတ်တင်ဘောတွေကိုလည်း ဘယ်သူတွေကမှ အသုံးချမယ့်သူ မရှိတာကြောင့် ဧည့်သည်အနေနဲ့ စိုးရိမ်စရာ မလိုဘဲ ကစားနိုင်ခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်စ်ရဲ့ တစ်ကိုယ်တော် ထရာအိုရေးရဲ့ ကန်ချက်ကို အယ်လီဆန် ကာကွယ်သွားခဲ့သလို လီဗာပူးလ်ရဲ့ ဆာလား၊ မာနေး၊ ဂျိုတာတို့ရဲ့ ကန်ချက်တွေကိုလည်း ပက်ထရီစီယို ကာကွယ်သွားခဲ့ပြီး ၈၅ မိနစ်မှာတော့ ဆာလားရဲ့ လူကျွံအနေအထားက ထိုးဖောက်မှုကို ကာကွယ်ရင်း ပေါ်တူဂီဂိုးသမားအနေနဲ့ ဒဏ်ရာရသွားခဲ့ပြီး ကုသလို့ ပြန်မကောင်းခဲ့တာနဲ့ လူစားလဲခဲ့ရသလို နာကျင်အချိန်ပို ၁၈ မိနစ်အထိ ကစားခဲ့ရပါတယ်။

ပွဲချိန် ၁၀၁ မိနစ်မှာမှ ပွဲပြန်စနိုင်ခဲ့တဲ့ လက်ကျန်အချိန်တွေမှာ နှစ်ဖက်အသင်းတွေအနေနဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တော့ဘဲ ဖြုန်းတီးခဲ့ကြတာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး မိုလီနူးမှာ လီဗာပူးလ်တို့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့အနေနဲ့ ဝက်စ်ဟမ်းရဲ့နောက်က အဆင့် ၆ ဆီ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ် ပြောနေတဲ့ ပြိုင်ပွဲအရပ်ရပ်နဲ့ ပရီးမီးယားလိဂ်မှာ တတ်နိုင်သလောက် ကောင်းမွန်တဲ့ ရလဒ်တွေကို ယူဆောင်နိုင်မယ့် လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဖိလစ္နဲ႔ ကာဘက္ခ္တို႔ကို ခံစစ္ဗဟိုမွာ သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဝါရင့္ေတြကို ထုတ္သုံးလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာလားနဲ႔ မာေနးကို ဝုလ္ဗ္စ္ကစားသမားေဟာင္း ဂ်ိဳတာနဲ႔ တြဲဖက္ေပးခဲ့ၿပီး အသင္းေဟာင္းကို ရင္ဆိုင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာ အယ္လစ္ဆန္ ေဘာလုံးလြတ္က်ၿပီး ပ်ာယာခတ္ခဲ့သလို တိုက္စစ္ကို လိုက္ပါလာတဲ့ နယ္လ္ဆန္ ဆီမီဒိုကို ေဘာလုံးမပါဘဲ တိုက္ခ်မိခဲ့ေပမယ့္ ဒိုင္လူႀကီးက ပင္နယ္တီ မေပးခဲ့လို႔ အိမ္ရွင္ဝုလ္ဗ္စ္တို႔ နစ္နာခဲ့ရၿပီး လီဗာပူးလ္တို႔ကို ကံေကာင္းသြားေစခဲ့တဲ့ ပြဲရဲ႕ အလွည့္အေျပာင္းလည္းျဖစ္ခဲ့ပါတယ္။

အဒါမာ ထရာအိုေရးရဲ႕ ႐ုန္းအားနဲ႔ ဝုလ္ဗ္စ္တို႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္ ဝီလီယန္ ဂ်ိဳေဆးနဲ႔ ဆီမီဒိုတို႔က ရာအူးလ္ ဟီမီနက္ဇ္နဲ႔ ဒိုဟာတီတို႔ မဟုတ္တာေၾကာင့္ ဒါေတြကို ထိေရာက္ေအာင္ အသုံးမခ်ႏိုင္ခဲ့ဘဲ အယ္လစ္ဆန္နဲ႔ လီဗာပူးလ္ေနာက္တန္းတို႔က ဖ်က္ထုတ္သြားႏိုင္ခဲ့ၾကပါတယ္။

မာေနးကေတာ့ ဆာလားကို ေဘာလုံးေပးႏိုင္တဲ့ အခြင့္အေရးေတြကို ျငင္းပယ္သြားခဲ့ၿပီး အက်ပ္ေတြနဲ႔ မျဖစ္ႏိုင္တဲ့ ပိတ္ဆို႔မႈေတြၾကားကေန ကန္ဖို႔ပဲ ႀကိဳးစားေနတာကေတာ့ လီဗာပူးလ္ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ၃၇ မိနစ္မွာ အာႏိုးလ္ရဲ႕ အနီးကပ္ျဖတ္တင္ေဘာကို သူ႔ရဲ႕ ေခါင္းတိုက္ခ်က္က ေဘးထြက္သြားခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ပထမပိုင္းၿပီးဖို႔ ေနာက္ဆုံးအခ်ိန္ျဖစ္တဲ့ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ကြင္းလယ္ကေန မထင္မွတ္ဘဲ အလ်င္အျမန္ တိုက္စစ္ဆင္ခဲ့တဲ့ ဆာလားနဲ႔ မာေနးတို႔ခ်င္း ရွားရွားပါးပါးခ်ိတ္ဆက္မႈကေန ဘယ္ျခမ္းက လိုက္လာတဲ့ ဂ်ိဳတာကို ေပးခဲ့ရာမွာ သူက အသင္းေဟာင္းကို ေထာင့္က်ဥ္းကန္ခ်က္နဲ႔ အႏိုင္ယူၿပီး လီဗာပူးလ္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

လီဗာပူးလ္တို႔ ပထမပိုင္းကို ဦးေဆာင္ခဲ့အၿပီး ဒုတိယပိုင္းအစမွာ ဝုလ္ဗ္စ္တို႔ ေထာင့္ကန္ေဘာကေန ဂိုးရဖို႔ အဆင့္ဆင့္တိုက္စစ္ဆင္မႈက မေအာင္ျမင္ခဲ့သလို ထရာအိုေရးရဲ႕ ျဖတ္တင္ေဘာေတြကိုလည္း ဘယ္သူေတြကမွ အသုံးခ်မယ့္သူ မရွိတာေၾကာင့္ ဧည့္သည္အေနနဲ႔ စိုးရိမ္စရာ မလိုဘဲ ကစားႏိုင္ခဲ့ၾကပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဝုလ္ဗ္စ္ရဲ႕ တစ္ကိုယ္ေတာ္ ထရာအိုေရးရဲ႕ ကန္ခ်က္ကို အယ္လီဆန္ ကာကြယ္သြားခဲ့သလို လီဗာပူးလ္ရဲ႕ ဆာလား၊ မာေနး၊ ဂ်ိဳတာတို႔ရဲ႕ ကန္ခ်က္ေတြကိုလည္း ပက္ထရီစီယို ကာကြယ္သြားခဲ့ၿပီး ၈၅ မိနစ္မွာေတာ့ ဆာလားရဲ႕ လူကြၽံအေနအထားက ထိုးေဖာက္မႈကို ကာကြယ္ရင္း ေပၚတူဂီဂိုးသမားအေနနဲ႔ ဒဏ္ရာရသြားခဲ့ၿပီး ကုသလို႔ ျပန္မေကာင္းခဲ့တာနဲ႔ လူစားလဲခဲ့ရသလို နာက်င္အခ်ိန္ပို ၁၈ မိနစ္အထိ ကစားခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၀၁ မိနစ္မွာမွ ပြဲျပန္စႏိုင္ခဲ့တဲ့ လက္က်န္အခ်ိန္ေတြမွာ ႏွစ္ဖက္အသင္းေတြအေနနဲ႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ေတာ့ဘဲ ျဖဳန္းတီးခဲ့ၾကတာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး မိုလီႏူးမွာ လီဗာပူးလ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ဝက္စ္ဟမ္းရဲ႕ေနာက္က အဆင့္ ၆ ဆီ ျပန္လည္ တက္လွမ္းလာႏိုင္ခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ ေျပာေနတဲ့ ၿပိဳင္ပြဲအရပ္ရပ္နဲ႔ ပရီးမီးယားလိဂ္မွာ တတ္ႏိုင္သေလာက္ ေကာင္းမြန္တဲ့ ရလဒ္ေတြကို ယူေဆာင္ႏိုင္မယ့္ လမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရွိလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.